Too Perfect

Too Perfect

Share

ဆရာဝန်တောင် မယုံနိုင် တဲ့ သွေးကြောများ အ တွင်း ပိတ် ဆို့နေသောအဆီများ ကို ရှင်း ထုတ်ပေးနိုင 08/04/2020

ဆရာဝန်တောင် မယုံနိုင် တဲ့ သွေးကြောများ အ တွင်း ပိတ် ဆို့နေသောအဆီများ ကို ရှင်း ထုတ်ပေးနိုင ကျော်မသွား နဲ့ ဖတ်ပါ…မိမိ friends များအတွက်ရှယ်ပေးပါ.. အရင်အပတ်က နှလုံးသွေးကြော ပိတ်ဆို့ရတဲ့အကြောင်းရင်းတွေကို ....

08/04/2020

မေးတတ်တဲ့မေးခွန်းတွေထဲကမှ အဆင်ပြေတာလေးကို ဗဟုသုတ တင်ပေးလိုက်ပါတယ်
ကျန်းမာရေး အမြင်နှင့် ဖတ်ရှုပါ ☘️☘️☘️

𝙌𝙪𝙚𝙨𝙩𝙞𝙤𝙣 - မင်္ဂလာပါ ကျွန်မက ကလေးနှစ်ယောက်အမေပါ လွန်ခဲ့တဲ့ နှစ်ပါတ်လောက်ကမှ ကိုယ်ဝန်ရှိနေတာကို သိခဲ့ပါတယ် တစ်လ တားဆေးကတ်လဲ မှန်မှန် သောက်ရက်နဲ့ ဖြစ်တာပါ အဲ့တာကြောင့် ကလေး ယူလို့ လုံးဝအဆင်မပြေတဲ့ အခြေအနေမို့ အသိတစ်ယောက် အကူအညီနဲ့ ဆေးသောက်ပီး ကိုယ်ဝန်ကို ဖျက် ခဲ့ပါတယ် ဆေး သုံးပီးတော့ ကျသွားပါတယ် လူလဲ အကောင်းပဲ ပေါ့ပေါ့ပါးပါးပဲ ဖြစ်သွားပါတယ် သွေးလဲ ပုံမှန်ရာသီလာသလိုပဲ ၇ရက်လောက် ဆက်တိုက်လာပါတယ် အခုသွေးက မလာသလောက်ကို နဲနဲစီပဲဆင်းတော့လို့ ဆီးစစ်ကြည့်တဲ့ အခါ နှစ်ကြောင်းပေါ်နေတုန်းပါပဲ အဲ့တာကြောင့် မပျက်လို့လား ကျန်ခဲ့တာများလား စိတ်ပူလို့ပါ မကျော်သွားဘဲ ဖြေပေးပါနော်ဘာဆက်လုပ်ရမလဲ မသိလို့ပါ 😢

👨🏻‍⚕️👨🏻‍⚕️👨🏻‍⚕️👨🏻‍⚕️👨🏻‍⚕️👨🏻‍⚕️👨🏻‍⚕️

𝘼𝙣𝙨𝙬𝙚𝙧 - ဆီးစစ်တယ်ဆိုတာ ဆီးထဲမှာ Human chorionic gonadotropin (hCG) ခေါ်တဲ့ အချင်းနဲ့ ပတ်သက်တဲ့ ဟော်မုန်းကို စမ်းတာ ဖြစ်တယ်။

ကိုယ်ဝန်ပျက်သွားသည့် သူတစ်ယောက်ဟာ ကိုယ်ဝန်ပျက်ပီး သည့်တိုင်အောင် အချင်းဟာ ဆီးတွေ သွေးတွေထဲမှာ ပျော်ဝင်နေရင် ဆီးစစ်တံမှာ နှစ်ကြောင်းပေါတတ်ပါတယ်

စစ်မယ်ဆိုရင်လဲ သွေးဆင်းတာလုံးဝရပ်ပီးလို့ လေးငါးရက်နေမှ စစ်ကြည့်သင့်ပါတယ် နှစ်ကြောင်းပေါ်တိုင်းတော့ မပျက်သေးတာ ကျန်ခဲ့သေးတာမျိုး မဟုတ်ပါဘူး တချို့ဆို ကိုယ်ဝန် ပျက်ပီးသည့်တိုင်အောင် ၆ပါတ်လောက်ထိ သွေးဆင်းတာတွေ နှစ်ကြောင်းပေါ်တာတွေ ဖြစ်တတ်ပါတယ်

သွေးလုံးဝကုန်ပီး လေးငါးရက်လောက်စောင့်ပီးမှ စစ်ကြည့် ပါ အဲ့ဒီအချိန် နှစ်ကြောင်းပေါ်နေတဲ့ အခြေအနေမျိုးမှာတော့ သေချာချင်ရင် နားလည်တတ်ကျွမ်းသူ ဆရာဝန်များရဲ့ စမ်းသပ်မှုကိုခံယူတာ / Ultrasound ရိုက်တာ သွေးစစ်တာ စတဲ့ စစ်ဆေးမှုမျိုးကို လုပ်ခြင်းဖြင့် တကယ်တိကျတဲ့ အဖြေကို ရမှာ ဖြစ်ပါတယ်

အားလုံး မလိုချင်တာမရသောသူ လိုချင်တာ ပြည့်စုံသောသူများဖြစ်ကြပါစေ 🙏🙏🙏

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon