Hornbill Training Center

Hornbill Training Center

Share

21/06/2025

မြန်မာနိုင်ငံသားများလျှောက်နိုင်သော Scholarship Programs များ

ကိုယ်က နိုင်ငံခြားကျောင်းတက်ချင်တယ်၊ ဒါပေမဲ့ ကိုယ်ပိုင်ပိုက်ဆံနဲ့ မတတ်နိုင်ဘူးဆိုရင် အမြဲဆာလောင်တဲ့စိတ်နဲ့ scholarship programs တွေကို လိုက်ရှာ၊ လေ့လာပြီး လျှောက်နေရမှာပါ။

မြန်မာနိုင်ငံကို ပေးတဲ့ scholarship programs ကို တွေ့ပြီဆိုရင် ဒီအချက်(၄)ချက်ကိုလုပ်ပါ။

1. ဒီ scholarship အကြောင်းကို အသေးစိတ်လေ့လာပါ။

Google Website ထဲဝင်ပြီး ဒီ scholarship အကြောင်းကို အသေးစိတ် အချိန်ယူပြီး လေ့လာရမှာပါ။ ဥပမာ ဒီ scholarship က ဘယ်လိုမျိုးကျောင်းသားတွေကို ပေးတာလဲ? ကိုယ်တက်ချင်တဲ့ ဘာသာရပ်ကို ပေးရဲ့လား? သူတို့သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေနဲ့ ကိုယ်က ကိုက်ညီရဲ့လား? GED or Grade 12 ပြီးထားရင် လျှောက်လို့ရလား? ဒီလို အသေးစိတ် ရက်အပတ်နဲ့ချီ အချိန်ယူပြီး အရင်လေ့လာရမှာပါ။ တစ်ကယ်လို့ ဒီ scholarship program က ကိုယ်နဲ့ အရမ်းကိုက်နေပြီဆိုရင် preparation အဆင့်ကို သွားပါ။ မကိုက်ဘူးဆိုရင် နောက် program တွေကို ဆက်ရှာပါ။

2. ဒီ scholarship ရဖူးသူတွေကို ရှာပါ။

ဒီ scholarship program အကြောင်းကို အသေးစိတ်လေ့လာပြီး ကိုယ်နဲ့ အရမ်းကိုက်နေပြီဆိုရင် အရင်က ဒီ scholarship ရဖူးသူတွေကို ရှာရပါမယ်။ Facebook၊ YouTube တွေမှာ ဒီ scholarship နဲ့ပတ်သက်ပြီး share ထားတာတွေ ရှာပါ။ တစ်ကယ်လို့ sharing လုပ်ထားတဲ့သူက ဒီ scholarship ရထားတဲ့လူ ကိုယ်တိုင်ဆိုရင် သူ့ကို သိချင်သမျှ အကုန်မေးပါ။ ဥပမာ ဒီ scholarship ရဲ့ essay questions တွေ၊ ဘယ်လို unique ဖြစ်အောင် ရေးရမဲ့အကြောင်းတွေ၊ မေးစရာတွေ အများကြီးပါပဲ။

3. Essay တွေ စ ပြီးရေးပါ။

Scholarship program အားလုံးနီးပါးက essay question တွေကို နှစ်တိုင်း မပြောင်းပါဘူး။ ဒါကြောင့် နောက်နှစ် လျှောက်မယ်ဆိုရင်တောင် အခုကတည်းက စ ရေးနေလို့ရပါပြီ။ ပညာသင်ဆုရဖို့ essay က အဓိက အသက်သွေးကြောပါပဲ။ ကိုယ့်ရဲ့ essay ဖတ်မဲ့သူတွေရဲ့ နှလုံးသားကို ထိအောင် ရေးရမှာ ဖြစ်တဲ့အတွက် essay တစ်ခုချင်းစီကို အချိန်ယူပြီး သေသေချာချာ ရေးရမှာပါ။ ကိုယ့်ရဲ့ life story၊ အလုပ်အတွေ့အကြုံ၊ အနာဂတ်အစီအစဥ် စသဖြင့် အရာတွေနဲ့ essay ကို ကိုယ့်အကြောင်း ပေါ်လွင်အောင် ရေးရမယ်။ ကိုယ်က ကိုယ်ရေးထားတဲ့ essay တွေကို ကိုယ်တိုင် စိတ်ကျေနပ်၊ အားရနေမှ ဖတ်တဲ့သူရဲ့ heart ကို ထိမှာပါ။

4. အင်္ဂလိပ်စာကို အမြဲတမ်း လေ့လာနေပါ။

အင်္ဂလိပ် အမြဲလေ့လာနေပါလို့ ပြောတဲ့နေရာမှာ target ရှိရပါမယ်။ ဒီ scholarship က တောင်းတဲ့ အင်္ဂလိပ် test score IELTS လား၊ TOEFL လား၊ Duolingo လေး ရလား၊ ဒီလို test score တွေကို သူတို့သတ်မှတ်ထားတဲ့ ရမှတ်ရ နိုင်တဲ့အထိ ကြိုးစားနေရမှာပါ။ အင်္ဂလိပ်စာမှာ တော်လေ၊ အမှတ်များလေ အခွင့်အရေးပိုရလေပါပဲ။ Scholarship application ထွက်လာမှ အင်္ဂလိပ်စာပြင်ဆင်တာတွေကို ရှောင်ရပါမယ်။ Scholarship ရဖို့ အင်္ဂလိပ်စာကောင်းနေဖို့ လိုတယ်နော်။ ပထမအဆင့် အောင်ရင်တောင် Interview အဆင့်မှာ တက်တက်ကျွကျွ အင်္ဂလိပ်လို မပြောနိုင်ရင်တော့ ရွေးခံရမာ မဟုတ်ဘူး။

မကြိုးစားပဲနဲ့ ပညာသင်ဆု ရမယ်လို့ မမျှော်လင့်ပါနဲ့။�မပျင်းနဲဲ့၊ တဖြည်းဖြည်းနဲ့စလိုက်ပါ။�လေ့လာမှုတွေကို စနစ်တကျလုပ်ပါ။
�တစ်နေ့မှာတော့ မင်းဟာလည်း “Scholarship ရသူ” တစ်ယောက်ဖြစ်လာနိုင်မှာပါ။

Crd to Learn with Sut

Photos from Hornbill Training Center's post 24/07/2022

Singapore jobs အတွက် မိမိကိုယ်တိုင် မြန်မာပြည်ကနေ လှမ်းလျှောက်ကြည့်လို့ ရနိုင်မည့် အလုပ်ခေါ်စာတွေ ကြည့်နိုင်မည့် link လေးပါရှင်။

Agent တွေနဲ့ လျှောက်မယ်ဆိုရင် Agent Fee အရမ်းများပါတယ်။
ကြာလဲကြာတတ်ပါတယ်။

မှတ်ချက်။
Hormbill Training Center မှတ် ကျောင်း၊ အလုပ် လျှောက်ပေးခြင်း မလုပ်ပါ။
လမ်းညွှန်ပေးခြင်းသာဖြစ်ပါတယ်။

💪 https://www.stclassifieds.sg/ 💪

Photos from Hornbill Training Center's post 22/06/2022

ဩစတေးလျအစိုးရပေးအပ်တဲ့ ပညာသင်ဆု (Australia Awards Scholarship-AAS) ကိုမြန်မာနိုင်ငံကျောင်းသားတွေလည်း လျှောက်လို့ရပါပြီ။
စိတ်ဝင်စားသူများအတွက် လိုအပ်တဲ့အချက်အလက်တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

◼️လိုအပ်တဲ့စာရွက်စာတမ်းများ
◼️အရည်အချင်းသတ်မှတ်ချက်များ
◼️Australia Awards Scholarship (AAS) ရဲ့ထူးခြားချက်, အားသာချက်များ
◼️ပညာသင်ဆုရဖို့ လူတွေထင်ယောင်ထင်မှားတတ်တဲ့အချက်များ
◼️ဘယ်လိုလူမျိုးတွေ Scholarship ရလေ့ရှိသလဲ

◼️သင်ကြားနိုင်တဲ့ဘာသာရပ်များ
AAS ကနှစ်စဉ်နှစ်တိုင်း ပေးအပ်တဲ့ Full Scholarship ဖြစ်ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဧပြီလကုန်ထိ လျှောက်လို့ရမှာဖြစ်ပါတယ်။ ဘွဲ့လွန် မာစတာတန်းနဲ့ ပါရဂူဘွဲ့ တွက်ချီးမြှင့်ပေးအပ်တာပါ။ သို့သော် မြန်မာကျောင်းသားတွေတွက် တော့ Master တန်းဘဲလျှောက်ထားလို့ရပါတယ်။

◼️ဘယ်သူတွေလျှောက်လို့ရလဲ
-ဘွဲ့ရပြီးသားဖြစ်ရမည်
-အသက် ၂၅ နှစ်ပြည့်ပြီးသူများဖြစ်ရမည်
-လုပ်ငန်းအတွေ့အကြုံအနည်းဆုံး (၂) နှစ်ရှိရမည်။
-အဂလိပ်စာအရည်အချင်းကောင်းမွန် (အတင့်အသင့်) ရှိရမည် (သို့မဟုတ်) အနိမ့်ဆုံး IELTS 6.5 ရရှိသူဖြစ်ရမည်။ အမှတ်မရှိသေးပါက IELTS 6.5 ရရှိနိုင်မည့်သူများဖြစ်ရမည်။ (English လို Essay လေးစောင်ရေးရမှာဆိုတော့ အထိုက်အလျောက်သိဖို့တော့လိုမယ်. Grammar တွေ မှားနည်းဖို့လို၊ sentence structure တွေ ကောင်းဖို့တော့လို)

အရည်အချင်းပြည့်မှီ/မမှီအဲ့မှာ စစ်ကြည့်လို့ရပါတယ်https://www.australiaawardsmyanmar.org/wp-content/uploads/2022/01/Eligibility_Checklist_Myanmar_2023.pdf

◼️တစ်ခြားပညာသင်ဆုများထက် အားသာချက်များ
အခြားပညာသင်ဆုများနှင့်မတူတဲ့အချက်များထဲက တစ်ခုကတော့ ပညာသင်ဆုလျှောက်တဲ့အချိန်မှာ IELTS အမှတ်မလိုသေးပါဘူး၊ ပဏာမရွေးချယ်ခြင်းခံပါက သင်တန်းတက်ဖို့ နှင့် စာမေးပွဲအတွက် ထောက်ပံ့ကြေးပါ ပေးပါတယ်။ မြန်မာကျောင်းသားတွေကိုပေးတဲ့ပညာသင်ဆုထဲမှာ သင်တန်းကြေးအတွက်ပေးတာ ဒီတစ်ခုပဲရှိပါတယ်။ တစ်ခြားပညာသင်ဆုတွေက ပေးရင် IELTS ဖြေဖို့ စာမေးပွဲကြေးပဲပေးလေ့ရှိပါတယ်။ (New Zealand scholarship လဲ IELTS ဖြေဖို့ထောက်ပံံ့ပေးတယ်လို့သိရ)

◼️နောက်ထူးခြားချက်ကတော့ စာသင်ရင်း အချိန် ပိုင်းအလုပ်လုပ်နိုင်ခြင်းပဲဖြစ်ပါတယ်။ စာမနိုင်ဘဲနှင့် အလုပ်လုပ်ခြင်းအားမပေးပေမဲ့ နိုင်ငံခြားအတွေ့အကြုံရယူလိုသူများအတွက် ခွင့်ပြုပေးတာဖြစ်တဲ့အတွက် အရမ်းကောင်းပါတယ်။

◼️နောက်ဆုံးအချက်ကတော့ တစ်နှစ်မှာ လူအများကြီးခေါ်ပါတယ်။ နှစ်တိုင်းမသိပေမယ့် ၂၀၂၀ ပညာသင်နှစ်မှာဆိုရင် သုံးဆယ်ကျော် (၄၀)နီးပါးခေါ်ပါတယ်။ ဒါကလည်း ဘယ် ပညာသင်ဆုကမှ မြန်မာနိုင်ငံကကျောင်းသားတွေကို တစ်နှစ်တည်းနဲ့ အဲ့‌ေလောက်တောင်မခေါ်ပါဘူး။ များလေကိုယ့်အတွက်အလားအလာရှိလေပါပဲ။ လျှောက်တဲ့သူလည်းတစ်အားများပါတယ် အနည်းဆုံး ၁၀၀၀ ကျော်ဆိုတော့ ရာခိုင်နှုန်းအားဖြင့်ကြည့်ရင် ရွေးချယ်တဲ့ပမာဏကနည်းပါတယ်။

◼️လိုအပ်တဲ့စာရွက်စာတမ်းများ
-ထောက်ခံစာ နှစ်စောင်(သူတို့ template အတိုင်းရေးရပါတယ် (အရင် ကျောင်းတက်ခဲ့တဲ့တက္ကသိုလ်ကဆရာ၊ ပါမောက္ခများဆီကတစ်စောင် (သူတို့ဆီကနေ နှစ်ဆောင်ယူလဲရတယ်) နှင့် လက်ရှိလုပ်ငန်းခွင်က အကြီးအကဲ (သို့) ကြီးကြပ်သူများ (Supervisors)ဆီကတစ်စောင်)
Referee Report Template https://www.dfat.gov.au/sites/default/files/referee.pdf

-Essay လေးစောင်ရေးရပါတယ်၊ ပထမတစ်စောင်က ဘာကြောင့် ဒီတက္ကသိုလ်မှာ ဒီဘာသာရပ်ကိုသင်ချင်တာလဲ။ ဒီပညာသင်ဆုက သင့်အနာဂတ်အတွက် ဘယ်လိုအထောက်အကူပြုမလဲ။ မိမိအစွမ်းအစ (ညဏ်ပညာ နှင့် ကွန်ရက်ကျယ်ပြန့်မှုကြောင့်) နဲ့ရင်ဆိုင်ဖြေရှင်းခဲ့တဲ့ပြဿနာကို ရေးသားပါ။ ပြန်လာရင်ဘာလုပ်မှာလဲ။ တစ်စောင်ကို အများဆုံး ၄၀၀ words ထိရေးလို့ရပါတယ်။ (Update ဖြစ်ရင်တော့မသိ ၂၀၁၉ တုန်းကအတွေ့အကြံုပါ)
-အမှတ်စာရင်း
-ဘွဲ့လက်မှတ်
-ပတ်စ်ပိုစ့်
-CV/ Resume တစ်စောင် (သူတို့မှာ template ရှိပါတယ်) ရယူရန်
https://www.australiaawardsmyanmar.org/how-to-apply-2023/
-ကျောင်းဝင်ခွင့်အတွက် ထောက်ခံစာနှစ်စောင် နှင့် (Statement of Purpose) personal Statement (လိုအပ်ရင်ပြောတာပါ တစ်တချို့ကျောင်းတွေကမလိုပါ)
-Research သမားများအတွက် research proposal

◼️သက်ကြားနိုင်တဲ့ဘာသာရပ်များအများကြီးပါ အောက်မှာကြည့်လို့ရပါတယ်။ https://www.australiaawardsmyanmar.org/wp-content/uploads/2022/01/Myanmar_Fields-of-study_Intake-2023-1.pdf

အပေါ်ကရေးတဲ့အချက်အလက်များပြည့်စုံအောင်ကြိုးစားပါ။ ကိုက်ညီမှုရှိပါက အခုပဲလျှောက်ပါ။ ပဏာမရွေးချယ်ထားခြင်းခံရပါက အခြားသော ဘာသာရပ်ရွေးချယ်မှု၊ တက္ကသိိုလ်ရွေးချယ်မှုများကို အသေးစိတ်လေ့လာလို့ရပါတယ် လောလောဆယ်တော့ လိုအပ်တဲ့စာရွက်စာတမ်းများကြိုတင်စုဆောင်းလို့ရအောင်ရေးသားရခြင်းဖြစ်ပါတယ်။

◼️ဘယ်သူတွေရတတ်လဲ?
-အပေါ်ကအချက်အလက်များပြည့်စုံတဲ့အပြင် မိမိလေ့လာချင်တဲ့ဘာသာရပ်ကို သေသေချာချာဖော်ပြနိုင်သူ (ဘာသာရပ်ဆိုင်ရာဇေဘုယျဗဟုသုတရှိသူ)
-Essay များကို ရိုးရိုးသားသားဖြေဆိုသူများ (အကုန်လုံးတတ်သလိုရေးမိရင် ဘာကြောင့် ကျောင်းတက်ဖို့လိသေးလဲ ဆိုပြီးတွေးမိလိမ့်မယ်)
-လုပ်ငန်းအတွေ့အကြုံနှင့် ဆက်စပ်ပြီး လေ့လာသင်ယူချင်သူများ (ဥပမာ- တက္ကသိုလ်ဆရာ/မ များက Master of Educational leadership, Curriculum Development , Teaching, လူ့အခွင့်အရေးလှုပ်ရှားသူများက Master of Human Rights Studies စသဖြင့်ပေါ့)
-နောက်ဆုံး Essay တွင် ပြန်လာရင် ဘာလုပ်မယ်ဆိုပြီး လက်တွေ့ကျကျရေးသားဖော်နိုင်သူများ

◼️လူတွေထင်မှားတဲ့အတွေးများ
အောက်မှာဖော်ပြတဲ့အချက်တွေကတော့ လူတွေထင်ယောင်ထင်မှားတတ်တဲ့အချက်တွေပါ။ အောက်ကအချက်တွေနဲ့ပြည့်စုံတဲ့သူမှ ရတယ်လို့ထင်ကြလို့ပါ။
-Bachelor GPA အမှတ်ကောင်းတဲ့သူများ
-ကုမ္ပဏီကြီး၊ NGO အဖွဲ့အစည်းကြီးတွင်လုပ်ကိုင်သူများ, UN ,ဝန်ထမ်းများ
-English စာတော်တဲ့သူများ
-စာတော်တဲ့သူများ
-အတွေ့အကြုံအများကြီးရှိတဲ့သူ (များဖို့မလို သူတို့ သတ်မှတ်တဲ့ နှစ်နှစ် ရှိဖို့ပဲလို)
-NGO ဝန်ထမ်းဖြစ်မှ ( သူတို့က NGO, Private Sector, Government) စုံအောင် ခေါ်ပါတယ်)

လျှောက်လိုပါက https://www.australiaawardsmyanmar.org/how-to-apply-2023/

Crd - Thang Deih Tuang

Want your university to be the top-listed University in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon