MANNA Magazine
11/11/2023
ကျွန်တော်တို့ရဲ့ မဂ္ဂဇင်းလေးမှာ
အစေခံ ပါဝင် ရေးသားထားတဲ့
ကလောင်ရှင် "ဒွန်း" ရဲ့
----------------ဆုတောင်း-------------
ကဗျာလေးကို အသံအားဖြင့်လည်း
နားဆင်နိုင်ပြီဖြစ်ပါတယ်
ဤကဗျာလေးကို "Cer" မှ ရွတ်ဖတ်ပေးထားပါတယ်
ဆုတောင်း - ဒွန်း | ရွတ်ဖတ်သူ - Cer | Myanmar Christian Audio Book | ဆုတောင်းပန်းကလေးတစ်ပွင့် ပွင့်စေချင်တယ်အသွေးအသားနဲ့ ချွေးစက်တို့ကိုပေးပါ့ရစေပန်းကလေးတစ်ပွင့် ပွင့်စေချ...
29/10/2023
မင်္ဂလာပါ ချစ်ရတဲ့ စာဖတ်ပရိတ်သတ်ကြီးများရှင့် ။
ကျွန်မတို့ Manna Magazine မှာ အသိပေးကြေငြာပေးထားပြီးဖြစ်တဲ့ “မေတ္တာမှုန်း၍ ဆေးခြယ်မည်၊ တို့မိသားစုပန်းချီ ” mini magazine လေးဟာ မကြာခင်မှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ စာအုပ်ကလေးနဲ့ပက်သက်ပြီးစာအုပ်အမှာလေး ကြိုတင်စာရင်းပေးထားလို့ ရပြီဖြစ်ကြောင်း သတင်းကောင်းလေး ထပ်မံပါးချင်ပါတယ်။
၁) ဘာဖြစ်လို့ စာအုပ်ကို ဝယ်ဖတ်သင့်သလဲ ?
သိပ်မကြာခင်ကာလအတွင်းမှာ ခရစ်ယာန်အိမ်ထောင် ရက်သတ္တပတ် နေ့ ရောက်လာတော့မှာဖြစ်တဲ့အတွက်ကြောင့် ခရစ်ယာန်မိသားစုများကို ဂုဏ်ပြုသောအနေဖြင့် ရည်ရွယ်ပြီး ထုတ်ထားတဲ့အတွက်ကြောင့်
စာအုပ်ကလေးကို ဝယ်ဖတ်သင့်ပါတယ်ရှင့်။
နောက်ပြီးတော့ ကျွန်မတို့ ဒီနေ့ခေတ်မှာ ခရစ်ယာန်အိမ်ထောင်မိသားစုနဲ့ပက်သက်ပြီးတော့ ထုတ်တဲ့စာအုပ်တွေက ဘာသာပြန်တွေကအများစုပဲဖြစ်နေတာဖြစ်ပါတယ်။
ဒီစာအုပ်လေးမှာတော့ စာပေအတွေ့အကြုံရင့်ကျက်ပြီး စာအုပ်များကို ရေးသားထုတ်ဝေနေတဲ့ ကလောင်ရှင်ဆရာကြီးများရဲ့ စာပေလက်ရာမွန်များနဲ့အတူ မျက်မှောက်ခေတ်စနစ်ကိုနားလည်ပြီး ထူးခြားတဲ့အမြင်သစ်များနဲ့ ကညစ်ဖြင့် ရေးမှတ်ထားတဲ့ ကလောင်လက်ရာသစ်များလည်းပါဝင်ကာ ခရစ်ယာန်မိသားစုအကြောင်းကိုသာ သီးသီးသန့်သန့်ရေးသားထားသောကြောင့် ဝယ်ဖတ်သင့်ပါတယ်။
၂) စာအုပ်ဖတ်ခြင်းအားဖြင့် ရရှိလာမယ့်အကျိုးကျေးဇူး
ခုခေတ်မှာ မိသားစုနဲ့ပက်သက်ပြီး လျစ်လျူထားသော၊ မေ့လျော့ထားကြသောအကြောင်းအရာများကိုလည်း ပြန်လည်ဆင်ခြင်တွေ့မြင်မိစေရန် ရေးသားထားသော စာပေလက်ရာမွန်များလည်း ပါဝင်တာကြောင့် ထိုက်သင့်သောအခကို ပေးကာဝယ်ယူ ဖတ်ရှုသင့်ပါတယ်။
ထိုထိုအကြောင်းအရာများကို မဂ္ဂဇင်းတစ်ခုရဲ့ အင်္ဂါရပ်များနဲ့အညီ ကဗျာ၊ ကာတွန်း၊ ဆောင်းပါး၊ ဝတ္ထု အမျိုးအစားစုံလင်စွာဖြင့် ရသအစုံဝေဝေဆာဆာ ရေးသားဖော်ပြပေးထားသောကြောင့် ဝယ်ယူဖတ်ရှုသင့်ပါတယ်။
ဝယ်ယူဖတ်ရှုသူတိုင်း အကျိုုးတစ်စုံတစ်ရာကို ရရှိသွားမယ်ဆိုတာ ယုံကြည်ပါတယ်။
၃) ရည်ရွယ်ချက်
Manna Magazine အဖွဲ့သူ/အဖွဲ့သားများနဲ့ ကလောင်ရှင်အသီးသီး၏ ရည်ရွယ်ချက်မှာ
အမေ့လျော့ခံဖြစ်နေတဲ့ မိမိတို့ရဲ့ ခရစ်ယာန်အိမ်ထောင်ရေးအခြေအနေကို ပြန်လည်သုံးသပ်မိလာစေဖို့ရန်အတွက် သက်သာသောနှုန်းထား ( 5000) ကျပ်ဖြင့် ဤ စာအုပ်ကို ရေးသားထုတ်ဝေလိုက်ရခြင်းဖြစ်ပါတယ်။
ကြိုတင်မှာယူလိုပါက - Page Messenger တွင်လည်းကောင်း၊ Comment Box တွင်လည်းကောင်း
အောက်ပါ အချက် (၄) ချက်ကို ပြည့်စုံစွာဖြည့်စွက်ပြီး မှာယူနိုင်သကဲ့သို့၊ (+959256954355) - နော်ချူးလက်(စ်) Manna Magazine ၌လည်း ဆက်သွယ်မှာယူနိုင်ပါကြောင်း
သတင်းကောင်းပါးအပ် ပါတယ်။
1) Pre – (Quantity - မှာယူလိုသောစာအုပ်အရေအတွက်)၊
👉တစ်အုပ်မှာယူလိုလျှင် - Pre – (1)
👉 နှစ်အုပ်မှာယူလိုလျှင် - Pre – (2)
2) မှာယူသူအမည် -
3) ဖုန်းနံပါတ် -
4) လိပ်စာ -
အထူးအစီအစဥ် အနေနဲ့
📌📌📌📌📌📌📌📌
စာအုပ် ဖတ်ပြီး စာအုပ် review လေး ရေးပေးသူ ၅ယောက် အထဲမှာမှ မဲနှိုက်ပြီး လက်ဆောင်ထပ်မံ ပေးဦးမှာ ဖြစ်ပါတယ်။
review လေးကို hashtag အနေနဲ့ #မေတ္တာမှုန်းရ်ျဆေးခြယ်မည်တို့မိသားစုပန်းချီ
တို့ဖြင့် တွဲတင်ပေးရမှာဖြစ်ပါတယ်နော် ။
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Yangon