Zin-Legal Notes
သတင်းစာထဲတွင် သား/သမီးအဖြစ် အမွေပြတ်စွန့်လွှတ်ခြင်းဟာ တရားဝင်ပါသလား??
သားသမီးများ တော်တော်ဆိုးသွမ်းရုံနဲ့အမွေမပြတ်ပါ။
သို့ပေမယ့် ယုတ်မာ ရိုင်းစိုင်းသော သွာနုတ္တရမည်သည့် ခွေးနှင့်အလားသဏ္ဍာန်တူသည့် သားသမီးများကိုမူ တရားဥပဒေက သားသမီးအဖြစ်မှ ရာသက်ပန် စွန့်လွှတ်ဖို့ခွင့်ပြုထားခဲ့ပါသည်။ မည်ကဲ့သို့သော သားသမီးများကိုသွာနုတ္တရ သားသမီးအဖြစ် သတ်မှတ်ခဲ့ကြသနည်းဆိုတာ ကိုတော့ နားလည်ထားသင့်ပါသည်။
🚨မိဘအား ဆဲဆိုသော သားသမီး၊ မိဘအား သွေးထွက်သံယိုဖြစ်အောင် ရိုက်နှက်သော သားသမီး နှင့် မိဘအသက်အား ရန်ရှာကာ ရန်သူသဖွယ် ပြုမှုဆက်ဆံသော သားသမီးတို့ကိုသွာနုတ္တရ (ခွေးနဲ့တူသော သား/သမီး)ဟုခေါ်သည်။
🚨သို့ပေမယ့် ယခုခေတ်တွင် ပြင်ပလောကတွင် သော်လည်းကောင်း၊ ရုပ်ရှင် ဗွီဒီယိုများထဲ၌သော်လည်းကောင်း မိဘများမှ မိမိတို့၏ စကားနားမထောင်ပဲ အိမ်ပေါ်မှ ဆင်သွားသော သားသမီးများနှင့် မိမိတို့ သဘောမတူ မကြည်သူနှင့် အိမ်ထောင်ပြု သွားသော သားသမီး များကို အများအားဖြင့် သားဆိုးသမီးဆိုးဟု သတ်မှတ်ကာ နိုင်ငံပိုင်သတင်းစာများထဲတွင် သားသမီးအဖြစ်မှ စွန့်လွှတ်ကြောင်း အများသိစေရန် ကြေငြာထည့်သွင်းခဲ့ကြသည်။
✍️ထိုသို့ကြေငြာထည့်သွင်းထားလျှင် မိဘနှင့် သားသမီးအဖြစ်မှ ရပ်စဲသွားသည်ဟုလည်း မှတ်ယူနေလျှက်ရှိကြပါသည်။ ✍️
✍️အမှန်တွင်တော့ အထက်တွင်ဖော်ပြထားသကဲ့သို့ မိမိတို့၏ သားသမီးမှာအမှန်တကယ်သွာနုတ္တရသားသမီးဖြစ်မဖြစ်သေချာစွာလေ့လာ၍ ဖြစ်ခဲ့သည်ဆိုပါက မိမိတို့နေထိုင်ရာမြို့နယ်ရှိ တရားရုံးတော်သို့ သွားရောက်၍ မိမိတို့၏ သားသမီး ဖြစ်သူမှာ အမှန်တကယ်ယုတ်မာရိုင်းစိုင်း၍ သွာနုတ္တရ မည်သော ခွေးနှင့် အလားသဏ္ဍာန်တူသော သားသမီး အဖြစ်သတ်မှတ်၍ ရာသတ်ပန်သားသမီးအဖြစ် မှ စွန့်လွှတ်ခွင့်ပြုပါရန် စာနှင့်ရေးသားလျှောက်ထားရပါမည်။
✍️တရားလို အနေနှင့် မိဘများက ဆောင်ရွက်ရပြီး တရားပြိုင်နေရာ၌ မိမိတို့စွန့်လွှတ်လိုသော သား ( သို့မဟုတ် ) သမီးကိုထည့်ရပါမည်။ ရုံးတော်မှ တရားလိုဖြစ်သူ (မိဘ) နှင့် တရားပြိုင်ဖြစ်သူ ( သား / သမီး ) အား ကျမ်းကျိန်စစ်ဆေးစေ၍ လျှောက်ထားသည့်အတိုင်း မှန်ကန်ပါက ၎င်းသားသမီးများအားသွာနုတ္တရသားသမီးအဖြစ် သတ်မှတ်ပေးမည်ဖြစ်သည်။သို့သော် တရားရုံး၌ သားသမီးတစ်ဦးသည် မိဘအားရန်သူသဖွယ်ပြုမူ ကြောင်း ထင်ရှားစွာပြသရမည်ဟု ဦးဖိုးဦးနှင့် မောင်အေးမောင်၊ ၁၁ ရန် ကုန်စီရင်ထုံး စာမျက်နှာ - ၃၉ မှာဖော်ပြဆုံးဖြတ်ထားတာကို တွေ့ရတယ်''
သွာနုတ္တရ အဖြစ် အသတ်မှတ်ခံရသော သားသမီးများသည် မိဘများထံမှ အမွေဆက်ခံခွင့်ကို ဆုံးရှုံးမည်ဖြစ်ပါသည်။ သို့သော် အဆိုပါသားသမီးမှ မွေးထားသည့် မြေများသည် အမွေမပြတ်ပါ။ သားသမီးသည် မွေးစားသားသမီးဖြစ်လျှင် မြေများလည်း အမွေပျက်ပါသည်။
✅ထို့ကြောင့် သတင်းစာထဲတွင် သားသမီးအဖြစ်မှ အမွေပြတ်စွန့်လွှတ်ကြောင်း ကြော်ငြာထည့်သွင်းရုံနှင့် စွန့်လွှတ်ခြင်း အထမမြောက်ကြောင်းနှင့် အမွေဆက်ခံခွင့် ဆုံးရှုံးမည်မဟုတ်ကြောင်း၊ တရားရုံးက အမွေပြတ်အမိန့်ချမှတ်ကြော်ငြာမှသာ အမွေပြတ်သည်။ ထိုသို့အမိန့်ချမှတ်ပြီးမှသာ သတင်းစာကြော်ငြာခြင်းသည် တရားဝင်သည်။ တရားရုံးအမိန့်ချမှတ်ထားခြင်းမရှိဘဲ အမွေပြတ်ကြောင်း သတင်းစာကြော်ငြာခြင်းသည် ဥပဒေနှင့်အညီဘဲ မိဘသဘောဆန္ဒသာဖြစ်ပါသည်ဟုဗဟုသုတ အနေနှင့် တင်ပြလိုက်ရပါသည်။
crd.
#ဥပဒေရေးရာ
Click here to claim your Sponsored Listing.
Category
Website
Address
Yangon