Amara English Language School
19/01/2023
အားလုံးပဲမင်္ဂလာပါ👋👋
🔺၁၀၀% အခမဲ့ပညာဒါန🔺
Amara English Language School မှသင်တန်းသား/သူတို့အတွက် English စာနဲ့ပတ်သက်ပြီးထိတွေ့မှုပိုမိုရရှိရန်အတွက် ပညာဒါန သင်တန်းကို ဖွင့်လှစ်လိုက်ရခြင်းအကြောင်းကို ကြေငြာလိုက်ပါတယ်။🎉🎉
ပညာဒါနသင်တန်းဆိုပေမယ့် သင်တန်းသား/သူတို့အတွက် စနစ်တကျမွမ်းမံပြင်ဆင်ထားတဲ့Topic များနဲ့ မျှဝေသွားမှာ ဖြစ်ပြီးတော့ သင်ကြားပေးမယ့်ဆရာမကတော့ သင်တန်းသားတွေကို စေတနာအပြည့်အဝထားပြီး ဂရုတစိုက် သင်ကြားပေးလို့ Positive Feedback တွေ အများကြီးရရှိထားတဲ့ Teacher Amara ဖြစ်ပါတယ်။
🤔Duration က ဘယ်လောက်ကြာမလဲ?
Duration ကတော့ (၁)ပတ်ကိုနှစ်ရက်ဖြစ်ပြီးတော့။ မတူညီတဲ့ Topics တွေနဲ့ သင်တန်းသားတွေအတွက် ထိရောက်မှုအရှိဆုံးနဲ့ လက်တွေ့အသုံးဝင်မယ့်အကြောင်းအရာများကိုသင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
📝ဘာအကြောင်းအရာတွေ သင်မှာလဲ?
💠Sentence structures
💠Phrases
💠Clauses
💠Present Participle
💠Past Participle
💠Tenses
💠Pronoun usages
💠Idioms
💠Phrasal Verbs
💠Collocations
💠Common Mistakes
💠Common Phrases
💠IELTS (Knowledge Sharing Sessions)
💠English Grammar
အကြောင်းအရာများကို အပတ်စဉ်တိုင်း ပညာဒါနသင်တန်းတွင် သင်ကြားပေးသွားမှာဖြစ်ပါတယ်။ ယခုလာမည့်စနေနေ့ပညာဒါနသင်တန်းတွင်တော့ "Addiction"အကြောင်းပဲဖြစ်ပါတယ်။
🔷သင်တန်းက ဘယ်အချိန်တွေသင်ကြားမှာလဲ?
ယခုပညာဒါနအတန်းကိုတော့ လာမည့်စနေနေ့ တွင်သင်ကြားမည်ဖြစ်ပြီး သင်တန်းအမျိုးစားကတော့ Regular Class ပုံစံမျိုးမဟုတ်ပဲ Weekdays မှာ (၁)ရက် & Weekendsတွင်(၁)ရက် ဆိုပြီးတစ်ပတ်ကို (၂)ချိန် စီစဥ်ပေးထားပြီးသင်တန်းသား/သူတို့အတွက် အဆင်ပြေမယ့် အချိန်ကို ဖွင့်လှစ်ပေးထားပါတယ်။တစ်ရက်နဲ့တစ်ရက် focus လုပ်မယ့် topicကတူညီမှာမဟုတ်တဲ့အတွက် အားတဲ့ရက်ကို လာရောက်သင်ကြားနိုင်မှာဖြစ်ပါတယ်။
🔷ဘယ်သူတွေ တက်ရောက်လို့ရသလဲ?
အတန်းချိန်တွေကို ပုံမှန်တက်နိုင်ပြီးတော့ အင်္ဂလိပ်ဘာသာစကားကို စိတ်ပါဝင်စားတဲ့ မည်သူမဆို တက်ရောက်လို့ရပါတယ်။ 100% Zoom Platform နဲ့ သင်ကြားပေးမှာ ဖြစ်ပါတယ်။
🔊🔊သင်တန်းတက်လိုပါက
Amara English Language School Page ကို Like & Follow လုပ်ပေးပါ။
Post ကို Public share လုပ်ပေးပါ။
ပြီးရင် Like and share လုပ်ပြီးကြောင်း screenshot လေးကို Comment မှာ ဖြစ်စေ၊
ဒီ Page ရဲ့ Messenger ကို ဖြစ်စေ ပို့ပေးပါခင်ဗျာ။ zoom link ကိုMessenger မှတစ်ဆင့်ပြန်လည်ပို့ပေးပါမည်။
13/01/2023
အားလုံးပဲမင်္ဂလာပါ
🚨🚨ကျနော်တို့ pageရဲ့ main teacher ဖြစ်သော Tr.Amaraရဲ့အရေးကြီးသောကိုယ်ရေးကိုယ်တာကိစ္စရှိနေပါသဖြင့် လာမည့်စနေနေ့တွင် ဖွင့်လှစ်မည်ဖြစ်သော ပညာဒါနသင်တန်းအားဖွင့်လှစ်နိုင်တော့မည်မဟုတ်ကြောင်း နှင့် လာမည့်အင်္ဂါနေ့ပညာဒါနသင်တန်းတွင်သာ ပြန်လည်ဆုံတွေ့ကြမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားပါတယ်ခင်ဗျ။
See you guys on Tuesday!
Click here to claim your Sponsored Listing.
Category
Website
Address
Yangon