ASK - Corporate Training Services

ASK - Corporate Training Services

Share

Photos from ASK - Corporate Training Services's post 11/05/2026

Kakehashi, KLA နဲ့ Skinefits လုပ်ငန်းတွေအတွက် ဒုတိယအကြိမ် Corporate Training သင်ကြားပြီးစီး
--------------------
Sister-organization တွေဖြစ်တဲ့ Kakehashi, KLA နဲ့ Skinefits လုပ်ငန်းတွေရဲ့ ဝန်ထမ်းတွေအတွက် Excellent Teambuilding Training ကို ငွေဆောင်ကမ်းခြေမှာ မေလ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ASK က စီစဉ်ပြုလုပ်ပေးခဲ့ပါတယ်။.
ဒီသင်တန်းကို ASK သင်တန်းကျောင်းရဲ့ Founder ဦးအေးချမ်းကိုကိုနဲ့ ASK ဖွဲ့သားများက ကမ်းခြေနဲ့ လိုက်လျောညီထွေဖြစ်မယ့် Activity တွေကို ရွေးချယ်စီစဉ်ပေးခဲ့ပြီး ဝန်ထမ်းတွေလည်း တက်တက်ကြွကြွ ပူးပေါင်းပါဝင်ခဲ့လို့ Training ဟာ ထိရောက်အကျိုးရှိခဲ့ပါတယ်။
ယခု Training ဟာ ASK အနေနဲ့ ဒီကုမ္ပဏီအုပ်စုအတွက် ဒုတိယအကြိမ်မြောက် စီစဉ်ပေးဖြစ်တာလည်းဖြစ်ပါတယ်။ အခုလို ယုံယုံကြည်ကြည်နဲ့ ထပ်မံလက်တွဲလို့ ကျေးဇူးအထူးတင်ပါတယ်။

17/04/2026

မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့်တကွ ကမ္ဘာသူ ကမ္ဘာသားအားလုံး ​နှစ်သစ်မှစ၍ ဘေးအန္တရာယ်အ​ပေါင်းမှ ကင်း​ဝေးပြီး ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာကြပါ​စေ​ကြောင်း ASK မိသားစုမှ နှစ်သစ်ဆုမွန်​ကောင်း ​တောင်းအပ်ပါသည် ...
🙏🙏🙏

Photos from ASK - Corporate Training Services's post 02/01/2026

မင်္ဂလာနှစ်သစ် (၂၀၂၆) ရဲ့ အစမှာ မနှစ်က (၂၀၂၅) အတွင်း ASK Corporate Training Services ရဲ့ စွမ်းဆောင်ရည်လေးတွေကို ပြန်လည်အကျဉ်းချုန်း မျှဝေလိုက်ပါတယ်။
ASK အနေနဲ့ (၂၀၂၄) မှာ Corporate Training (၃၅) ကြိမ်သင်ခဲ့ရပြီး ဒီနှစ်မှာတော့ (၄၇) ကြိမ်အထိ တိုးလာခဲ့ပါတယ်။ (၂၀၂၄) မှာ ကုမ္ပဏီ (၁၄) ခုကိုပဲ သင်ကြားခဲ့ပေမယ့် ဒီနှစ်မှာတော့ (၂၉) ခုထိ (၂) ဆကျော် တိုးတက်လာခဲ့ပါတယ်။ ဒီ (၂၉) ခုမှာလည်း ကုမ္ပဏီအသစ် (၁၆) ခုတောင်ပါလာခဲ့ပြီး Corporate လုပ်ငန်းကြီးတွေဖြစ်တဲ့ CP Group, KBZ Bank ၊ ကျင်းလုံမြန်မာ၊ Grand Cherry Oo Group ၊ Network International School တို့လို မသိသူမရှိတဲ့ လုပ်ငန်းကြီးတွေ ပါဝင်လက်တွဲလာတာဖြစ်လို့ ဂုဏ်ယူဝမ်းမြောက်ရပါတယ်။
လုပ်ငန်းသစ်တွေ ချိတ်ဆက်လာကြချိန်မှာပဲ လက်တွဲလက်စ လုပ်ငန်းကြီးတွေနဲ့လည်း ယုံကြည်မှုမပျက် ဆက်လက်လက်တွဲရင်း (၂၀၂၅) ခုနှစ်အတွင်းမှာ A Bank ကို (၇) ကြိမ်၊ PEP နို့မှုန့်ကို (၄) ကြိမ်၊ Grand Royal Group ကို (၄) ကြိမ် စသည်ဖြင့် ထပ်မံသင်ကြားနိုင်ခဲ့ပြန်ပါတယ်။
သင်ကြားမှုအကြိမ်ရေအပြင် ထိရောက်မှုနဲ့ လေ့လာသူတွေ လက်ခံကြရဲ့လားဆိုတာကို တိတိကျကျတိုင်းတာတဲ့ Evaluation တွေမှာလည်း စစ်တမ်းပေါင်း (၁၆၀၀) ကျော်က ASK ရဲ့သင်ကြားမှုကို ပျှမ်းမျှ 9.4 out of 10 အထိ Rating ပေးခဲ့ကြပါတယ်။ ဒါဟာလည်း မနှစ်ကထက် သာလွန်ကောင်းမွန်လာတဲ့ ညွှန်းကိန်းတစ်ခုဖြစ်ပါတယ်။
Corporate Training ပေါင်း (၄၇) ခုမှာ ဝန်ထမ်းပေါင်း (၁၆၄၁) ဦးကို မျှဝေနိုင်ခဲ့တာဖြစ်ပြီး ပျှမ်းမျှ Learner vs Trainer Ratio ကို 35:1 အထိ ထိန်းထားနိုင်ဆဲဖြစ်လို့ တစ်တန်းစီကို အနီးကပ် Focus လုပ်နိုင်ခဲ့တယ်ဆိုတာလည်း ထင်ရှားလှပါတယ်။ ဒါဟာ ASK လို Skill သင်ကြားသူတွေအတွက် အင်မတန်မှ အရေးကြီးတဲ့ Ratio တစ်ခုလည်းဖြစ်ပါတယ်။ တက်ရောက်လေ့လာခဲ့သူတွေထဲမှာ သန့်ရှင်းရေး၊ လုံခြုံရေး၊ ယာဉ်မောင်းမှသည် MD, CEO, Owner များနဲ့ နိုင်ငံခြားသား Expert များအထိ အဆင်ပြေအောင် မျှဝေနိုင်ခဲ့ပါတယ်။ ပူးတွဲမျှဝေမှုတွေမှာလည်း ဆရာကြီး ဒေါက်တာအောင်ထွန်းသက်လို ဆရာကြီးများနဲ့ လက်တွဲပို့ချဖို့ ဖိတ်ခေါ်ခံရတာဟာလည်း ဂုဏ်ယူစရာ ဖြစ်ရပ်တွေထဲက တစ်ခုပါ။
အထက်ပါ ကိန်းဂဏန်းတွေဟာ (၂၀၂၅) ဟာ (၂၀၂၄) ထက် ပိုခက်ခဲတဲ့ကာလ ဖြစ်ခဲ့သည့်တိုင် ပြတ်ပြတ်သားသား သာလွန်ကောင်းမွန်အောင် လုပ်ဆောင်နိုင်ခဲ့တာကို သေသေချာချာ သက်သေခံနေပါတယ်။ အရမ်းပင်ပန်းခဲ့ပေမယ့် ခုလိုလေးပြန်သုံးသပ်မိတော့လည်း အမောပြေရပြန်ပါတယ်။ ယုံကြည်စွာနဲ့ အကြိမ်ကြိမ်လက်တွဲလာကြတဲ့ လုပ်ငန်းကြီးတွေကို အထူးပဲ ကျေးဇူးတင်ပါတယ်။
(၂၀၂၆) မှာ လူတိုင်း၊ လုပ်ငန်းတိုင်း ကိုယ်ဦးတည်ရာဆီ ဆိုက်ရောက်အောင်မြင်ကြတဲ့ နှစ်သစ်ဖြစ်ကြပါစေ 🙏🏼

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


Room 807, Yuzana Tower, Shwegonedine Junction, Bahan
Yangon

Opening Hours

Tuesday 09:30 - 17:00
Wednesday 09:30 - 17:00
Thursday 09:30 - 17:00
Friday 09:30 - 17:00
Saturday 09:30 - 17:00
Sunday 09:30 - 17:00