Nagar Arts Class

Nagar Arts Class

Share

01/02/2024

(စာ- ၃၉) ကလေးများ ပုံဆွဲခြင်းနှင့် သဘာ၀များ (အပိုင်း ၁)
----------------------------------------------
ပုံဆွဲခြင်းဟာ ကလေးတိုင်းအတွက် သဘာဝဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ နို့စို့အရွယ်မှစပြီး ကလေးများဟာ ပုံဆွဲကိရိယာများနဲ့ စက္ကူပေါ်မှာ ရေးခြစ်ခြင်းတွေကို စမ်းသပ်ခြင်းဖြင့် စတင်ကြပါတယ်။ ဒီလိုနဲ့ ကြီးပြင်းလာနဲ့ အမျှ အဆိုပါ ရေးခြစ်ခြင်းဟာ အဓိပ္ပါယ်ပိုရှိလာပါတယ်။ ပုံဆွဲခြင်းဟာ ကလေးများအတွက် လောကအကြောင်း နားလည်မှုနဲ့ သူတို့အတွက် အရေးကြီးသော အရာအားလုံးကို ဖော်ပြတဲ့ နည်းလမ်းလည်း ဖြစ်လာပါတယ်။

ကလေးတွေ ပုံဆွဲတတ်ပုံနဲ့ အဲဒါဟာ ဘာကြောင့် အရေးကြီးတဲ့ လုပ်ဆောင်မှု ဖြစ်တယ်ဆိုတာကို သတိထားကြည့်ရင် အသက်အရွယ် အမျိုးမျိုးမှာ ပုံဆွဲခြင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အဆင့်ဆင့်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။ ကလေးကို ပုံဆွဲတတ်အောင် ပျိုးထောင်ပါ။ ဒီနေရာမှာ သူဆွဲတဲ့ပုံကို ဘယ်လိုပုံဖြစ်ရမယ် ဘယ်လိုဆွဲရမယ်ဆိုတာတွေ သင်တာ မဟုတ်ဘဲ သူရေးခြစ်ချင်ရာ ရေးခြစ်နိုင်အောင် ဆောင်ရွက်ပါစေ။ ဒီလိုရေးဆွဲတဲ့အခါ စိတ်လွတ်လပ်စွာ ဖန်တီးမှုကို အာရုံစိုက်ရန် အရေးကြီးလှပါတယ်။

ကလေးတွေကို ပုံဆွဲတတ်အောင် သင်ပေးစရာမလိုဘူး။ သူတို့ကို သင်ကြားရန် အကောင်းဆုံးနည်းလမ်းကတော့ မိမိကလေးအား ပုံဆွဲကိရိယာများ ပုံဆွဲစာအုပ်များနှင့် ထိတွေ့ခွင့်ပေးပြီး ၎င်းတို့ကို လွတ်လပ်စွာ ရေးဆွဲခွင့်ပြုပါ။ သူတို့ ကြီးပြင်းလာတာနဲ့အမျှ သူတို့ရဲ့ ပုံတွေဟာ ပိုအသေးစိတ်ဖြစ်လာပြီး သူတို့ ဖြတ်သန်းနေရတဲ့ ပတ်ဝန်းကျင်ကို ထင်ဟပ်လာပါ လိမ့်မယ်။

ဒီနေရာမှာ အထူးမှာချင်တာကတော့ ရန်ကုန်က ကလေးရှိတဲ့ တိုက်ခန်းတွေ ရောက်တဲ့ အခါ နံရံတွေမှာ ရှုပ်ပွစွာ ရေးခြစ်ထားတာမျိုးတွေ တွေ့ရပါလိမ့်မယ်။ မိမိကလေးအား ပုံဆွဲခြင်းအတွက် စာအုပ်များ ခဲတံနှင့် အရောင်ခြယ် ကရိယာများ ဝယ်ပေးကာ စာအုပ်ထဲမှာသာ ဆွဲပါစေ။ နံရံမှာမဆွဲစေပဲ စာအုပ်ထဲမှာ လွတ်လပ်စွာ ရေးဆွဲစေခြင်းဖြင့် မိမိအိမ်နံရံများ သန့်ရှင်းမှုကိုလဲ ရရှိစေမှာ။ ပုံဆွဲကိရိယာတွေ စာအုပ်တွေကိုပေးတဲ့နေရာမှာ ကြုံတွေ့ရတာ တစ်ခုရှိပါတယ်။ ကိုယ့်ကလေးက တွေ့သမျှနေရာမှာ ဘာတွေမှန်းမသိ လျောက်ဆွဲတယ်။ အလကားဖြုန်းတီးတယ် ဆိုပြီး မိဘတွေက မြင်တတ်ကြပါတယ်။ ဒီတော့ မိဘတွေအနေနဲ့ စာအုပ်တွေ ထပ်မဝယ်ပေးပဲ ပိုက်ဆံနှမြောကာ ပေကပ်နေတတ်ကြပါသေးတယ်။

မိဘတွေ အနေနဲ့ ဆေးရောင်ခြယ် စာအုပ်တွေကို အတန်အသင့်သာ ဝယ်ပေးသင့်ပါတယ်။ ဆေး​ရောင်ခြယ်စာအုပ်​တွေဟာ ပျော်ရွှင်စရာကောင်းပြီး အဆင်ပြေတယ်ထင်ရပေမယ့် စာရွက်အလွတ်မှာ သူ့စိတ်ကူးပေါ်ရာ ရေးခြစ်ချင်ရာ ရေးစေခြင်းလောက် အဆင်မပြေပါဘူး။ ဘာလို့လဲဆိုတော့ ဆေးရောင်ခြယ်ခြင်းပဲ လုပ်နေရတဲ့ ကလေးဟာ ဖန်တီးနိုင်မှုကို အကန့်အသတ်နဲ့ ထိန်းချုပ်ခံထားရသလို ဖြစ်နေတာကြောင့်ပါ။ ဒါကြောင့် စာရွက်အလွတ်နဲ့ ပုံဆွဲစေခြင်းကိုသာ အဓိက လုပ်ဆောင်စေပါ။

လမ်းလျှောက်တတ်ခါစနှင့် မူကြိုအရွယ်များမှာ ပုံဆွဲခြင်းရဲ့ အကျိုးကျေးဇူးများ စွာရှိတွေ့ရှိရပါတယ်။

(၁) ပုံဆွဲခြင်းဟာ ကလေးရဲ့ ကောင်းမွန်တဲ့ ကိုယ်လက်လှုပ်ရှားမှု စွမ်းရည်တွေကို တည်ဆောက်ပေးတယ် ။
(၂) လက်နဲ့ မျက်လုံးတို့ရဲ့ ချိန်သားကိုက်မှုကို တိုးတက် စေတယ် ။
(၃) စိတ်လွတ်လပ်စွာ ပုံဆွဲခြင်းဖြင့် ဖန်တီးမှုဆိုင်ရာ ဖော်ထုတ်ပြောဆိုမှုကို တိုးတက်စေတယ် ။
(၄) ပုံဆွဲခြင်းဟာ ကြိုတင်ရေးသားခြင်းစွမ်းရည်ရဲ့ အခြေခံအုတ်မြစ်ဖြစ်တယ် ။
(၅) ကလေးတွေရဲ့ အာရုံစူးစိုက်မှုကို တည်ဆောက်ပေးတယ် ။
(၆) သဘောတရားများကို သိမြင်နားလည်မှုကို တိုးတက်စေတယ် ။

ပုံဆွဲတဲ့အခါ ကလေးတစ်ဦးကို သွန်သင်ခြင်းဟာ တီထွင်ဖန်တီးနိုင်စွမ်းကို ဖွံ့ဖြိုးတိုးတက်ရန် သဘာဝနှင့် အသက်အရွယ်အလိုက် သင့်လျော်သော နည်းလမ်းတော့ မဟုတ်ပါ။ လွတ်လပ်စွာ ဖန်တီးစေခြင်းကို ဦးစားပေးပြီး သွန်သင်ခြင်းကို လျော့ပါ။

ဆက်လက် ဖတ်ရှုရေးသားပါဦးမည်......နဂါး ၂၀၂၄

Photos from Design Nagar's post 25/11/2023
14/11/2023

(စာ -၃၆)ဆံထုံးအတွေး
--------------------
ဆင်ယင်ထုံးဖွဲ့မှုမှာ ပုဂံခေတ် ဆံထုံး ၅၅မျိုးဆိုပြီး တွေ့ရတယ်။ ရတနာပုံခေတ် ရွှေနန်းလက်သုံးပုံ ပုရပိုက်မှာ ဒီပုံတွေရှိတယ်။ စာ​တွေပေတွေအရ ဆံထုံးအကြောင်း အကြမ်းဖျဥ်းပြောရရင်
🍎 ပုဂံ ၅၅မျိုး
🍎အင်းဝ ၃၇မျိုး
🍎ကုန်းဘောင်မှာ ၇မျိုး
🍎ရတနာပုံမှာ ဆံထုံးပျောက်ပြီး ဘီးပုံ(ဘီးဆံထုံး) ဆိုပြီးတွေ့ရတယ်။

ပြောချင်တာက ပုဂံခေတ် hair styleပါပဲ။ အားလုံးသိကြတယ်။ နောက်ဖက်ချပြီး အလိပ်ကြီးနဲ့။ ​ခေါင်းပေါ် ချွန်ချွန်တက်တက် ဆိုလို့ခေါင်းဆောင်းပဲ တွေ့ရတယ်။ ပုဂံခေတ် ဆံထုံး ၅၅မျိုး ပုံစံမျိုး ထုံးထားတာ နံရံပန်းချီတွေမှာ မတွေ့ရဘူး။ အင်းဝခေတ်ကို ပြန်ကြည့် ပုဂံခေတ် ဆံထုံး ၅၅မျိုးဆိုတဲ့ ပုရပိုက်ထဲက စတိုင်မျိုးတွေ နီးစပ်တာ တူတာတွေ အများအပြားတွေ့ရလိမ့်မယ်။

ပုဂံခေတ် ဆံထုံး ၅၅မျိုးပါလို့ ဘယ်သူ စပြောလဲ ဆိုတော့ ညောင်ရမ်းခေတ်အစ အနောက်ဖက်လွန် မင်းတရားကြီး လက်ထက် ရဝေရှင်ထွေး ရေးတဲ့ အန်ချင်းကဗျာပဲ။ ဒီတော့ ပုဂံပျက်တာ နရသီဟပတေ့ လောက်က စပြီး ပျက်နေပေမယ့် စောမွန်နစ်က စပြီးရေတွက်ရင် နှစ် ၃၀၀လောက်အကြာမှာ အန်ချင်းရေးတာ။ သရုပ်ဖော်ပုံကို ပုဂံအပျက်ကစပြီး ရေတွက်ရင် နှစ်ပေါင်း ၅၆၀အကြာ ရဝေရှင်ထွေးရေးတာကို ရတနာပုံခေတ် သရုပ်ဖော်ပုံ နှစ်ခုကြားထဲ ရေရင် နှစ်ပေါင်း၂၈၀အကြာ တွေ့ရတယ်။ ဒီတော့ စဥ်းစားစရာ အတွေးတစ်ခု ဝင်လာတယ်။

ရဝေရှင်ထွေးရေးလို့ ပုဂံခေတ် ဆံထုံးတွေကို မှတ်တမ်းအရစသိတယ်ဆိုရင်တောင်
🍋ပုဂံခေတ် ဆံထုံး ၅၅မျိုးရှိတယ်လို့ သူပြောတာ ဘယ်လောက်မှန်မလဲ။
🍋သူမသိပဲ အင်းဝခေတ်ကို ​ပုဂံခေတ်လို့ ရေးမိတာလား
🍋ရတနာပုံခေတ်က ပုံနဲ့ ညောင်ရမ်းခေတ်က စာနဲ့ ဘယ်လောက် အတွဲအစပ်မိပြီး ပုဂံခေတ် ဆံထုံးကို သရုပ်ဖော် မှန်ကန်နိုင်မလဲပေါ့။

နောက်သက်သေတစ်ခုက နံရံဆေးရေးတွေပဲ။ ပုဂံပဲ ဖြစ်ဖြစ် အင်းဝပဲ ဖြစ်ဖြစ် သူ့ခေတ် Hair styleနဲ့သူရေးဆွဲ သရုပ်ဖော်ကြတာပဲ။ ဒီတော့ ပုဂံခေတ်နံရံ ဆေးရေးတွေနဲ့ ပုဂံခေတ် ဆံပင်ပုံ ဘာလို့ မတူရတာလဲ။ အင်းဝခေတ်နဲ့ လာတူနေတာ တွေးစရာ မကောင်းဘူးလား။ စာတွေ ပုံတွေထက် သူ့ခေတ်သူရေးခဲ့တဲ့ နံရံဆေးရေးတွေက ပိုမမှန်နိုင်ဘူးလား။

ဒီတော့ ပုဂံခေတ် ဆံထုံး ၅၅မျိုးဆိုတာ အင်းဝခေတ် ဆံထုံး ၅၅မျိုး ပိုပြီးမဖြစ်နိုင်ဘူးလား။ ဝိုင်းစဥ်းစားကြပါဦး။ အခြား ဆံပင်ပုံစံနဲ့ပတ်သတ်ပြီး ရေးစရာ ရှိပေမယ့် ရှုပ်ကုန်မှာ စိုးလို့ ထည့်မရေးတော့တာ။ ......နဂါး

Want your business to be the top-listed Advertising & Marketing Company in Yangon?
Click here to claim your Sponsored Listing.

Website

Address


Hlaing
Yangon
လှိုင်