JIT Myanmar
21/10/2025
#ဦးညိုကွန်ဒို
☘️ကိုယ်ပိုင်ခြံဝန်းထဲမှာရှိတဲ့ ရှားပါးထွက်တဲ့
☘️ဦးညိုကွန်ဒိုလေးအရောင်းတစ်ခန်းထွက်ပါတယ် ..
☘️ကျယ်ကျယ်ဝန်းဝန်းနဲ့ စိတ်ကြိုက်ပြင်ဆင်ထားတဲ့
☘️ဇဝနရပ်ကွက်အတွင်း
✅ILBC ကျောင်းအနီး
✅Brainworks ကျောင်းအနီး
☘️ကွန်ဒိုအခန်းလေးရောင်းဖို့ရှိပါမယ်
✅ပုံမှန် ( 1425 )sqftပဲ ရှိတာကိုမှ မီးဖိုချောင်အပြင်ထုတ်ထားတာကြောင့် 1450sqft ဖြစ်သွားပါမယ်
✅2Masterbedrooms
✅1 single room
✅ဧည့်ခန်းကျယ်
✅ထမင်းစားခန်းကျယ်
👍ပုံမှာပြထားတဲ့အတိုင်း အကုန်ရပါမယ်
☘️( အထုတ်ဆွဲပြီးတက်နေယုံပါပဲ)
✅✅✅ Furniture........
✅ကုတင်
☘️ရေခဲသေတ္တာ၂လုံး
✅အဝတ်လျှော်စက်
✅TV with soundbar
✅Aircon ၃လုံး(2hp,1.5hp,1hp)
✅ဘုရားစင် မှန်တင်ခုံ
✅ Sofa အကုန်ပါတဲ့ Fully Furnished
✅၂၄နာရီအသုံးပြုလို့ရတဲ့ Battery 320Ah Growatt 6kw inverter ( အိမ်ရှိပစ္စည်းများအားလုံးအသစ်တွေပါ)
🚘ကားတစ်စီးစာပါကင်
✅ 24hr Lift ရ
👍အငှားတင်မယ်ဆိုရင်တောင် တစ်လကို 20 သိန်းလောက်ရပါတယ်....
👍ရင်းနှီးမြုပ်နှံချင်တဲ့ စီးပွားရေးသမားတွေအတွက် နေရာကောင်းလေးပါ
💰ဈေးနှုန်းလေးက 6500 သိန်း
✅ ညှိနှိုင်းနဲ့ရောင်းချပေးပါမယ်
✅🏫🏫 Bankloanလဲ ရပါတယ် ...
☎️ 09 757621092
ပုံစံ ၁၀၅ နှင့် ၁၀၆ မြေရာဇဝင်၏ အဓိပ္ပါယ်၊ အသုံးပြုပုံနှင့် ဥပဒေဆိုင်ရာ အရေးပါမှု့
မြန်မာနိုင်ငံတွင် အိမ်ခြံမြေလုပ်ငန်းနှင့် ပတ်သက်လာလျှင် “ပုံစံ ၁၀၅” နှင့် “ပုံစံ ၁၀၆” ဆိုသည့် စာရွက်စာတမ်းများသည် အလွန်အရေးပါပါသည်။
၎င်းတို့ကို “မြေပုံ” နှင့် “မြေရာဇဝင်” ဟုလည်း လူသိများပြီး မြေယာပိုင်ဆိုင်မှု၊ လွှဲပြောင်းမှု၊ သို့မဟုတ် အသုံးပြုမှုဆိုင်ရာ လုပ်ငန်းစဉ်များတွင် မရှိမဖြစ်လိုအပ်သော အထောက်အထားများဖြစ်သည်။
ပုံစံ ၁၀၅
ပုံစံ ၁၀၅ သည် မြေပုံ ဖြစ်ပြီး မြေစာရင်းဦးစီးဌာနမှ ထုတ်ပေးသော စာရွက်စာတမ်းတစ်ခုဖြစ်သည်။ ၎င်းတွင် မြေကွက်တစ်ခု၏ အသေးစိတ်အချက်အလက်များ ပါဝင်ပြီး အောက်ပါအချက်များကို ဖော်ပြထားသည်-
မြေကွက်တည်နေရာ👉 တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု၊ ကွင်းအမှတ်၊ ဦးပိုင်အမှတ်၊ မြေကွက်အမှတ်စသည်။
မြေအမျိုးအစား👉 လယ်ယာမြေ၊ ရွာမြေ၊ ဥယျာဉ်ခြံမြေ၊ ဂရန်မြေ စသည်ဖြင့်။
အကျယ်အဝန်း👉 မြေကွက်၏ ဧရိယာ (ဧက သို့မဟုတ် စတုရန်းပေ)။
ပိုင်ရှင်အမည်👉 မြေကွက်ပိုင်ဆိုင်သူ၏ အမည်နှင့် ပိုင်ဆိုင်မှုအခြေအနေ။
ရေးကူးပေးရသည့်အကြောင်းအရာ👉 ပုံစံ ၁၀၅ ကို မည်သည့်ရည်ရွယ်ချက်အတွက် ထုတ်ပေးထားသည်ကို ဖော်ပြထားသည် (ဥပမာ- ဂရန်လျှောက်ထားရန်၊ အိမ်ဆောက်လုပ်ခွင့်လျှောက်ထားရန် စသည်)။
သို့သော် ပုံစံ ၁၀၅ သည် မြေပိုင်ဆိုင်မှုကို အာမခံသည့် စာရွက်စာတမ်းမဟုတ်ပါ။ ၎င်းသည် မြေကွက်၏ တည်နေရာ၊ အမျိုးအစားနှင့် အကျယ်အဝန်းကို ဖော်ပြရန်သာ ရည်ရွယ်သည်။ ထို့ကြောင့် ပုံစံ ၁၀၅ တစ်ခုတည်းဖြင့် မြေပိုင်ဆိုင်မှုကို အပြည့်အဝသက်သေပြနိုင်မည်မဟုတ်ပါ။
ပုံစံ ၁၀၆
ပုံစံ ၁၀၆ သည် မြေရာဇဝင်မှတ်တမ်း ဖြစ်ပြီး မြေကွက်တစ်ခု၏ ပိုင်ဆိုင်မှုနှင့် ဆက်စပ်သော သမိုင်းအချက်အလက်များကို မှတ်တမ်းတင်ထားသည်။ ၎င်းတွင် အောက်ပါအချက်များ ပါဝင်သည်-
ပိုင်ဆိုင်မှုသမိုင်း👉 မြေကွက်ကို မည်သူမည်ဝါများက မည်သည့်အချိန်တွင် ပိုင်ဆိုင်ခဲ့သည်ကို ဖော်ပြသည်။
လွှဲပြောင်းမှုမှတ်တမ်း👉 မြေကွက်ကို ရောင်းချခြင်း၊ လွှဲပြောင်းခြင်း သို့မဟုတ် အမွေဆက်ခံခြင်းများ၏ အသေးစိတ်မှတ်တမ်း။
ပိုင်ဆိုင်မှုအခြေအနေ👉 မြေကွက်သည် ဂရန်မြေ၊ လယ်ယာမြေ၊ သို့မဟုတ် အခြားအမျိုးအစားဖြစ်ကြောင်း ဖော်ပြသည်။
အခြားအချက်အလက်များ👉 မြေကွက်ပေါ်တွင် အငှားချထားမှု သို့မဟုတ် အခြားဥပဒေဆိုင်ရာ ကန့်သတ်ချက်များရှိမရှိ ဖော်ပြထားသည်။
ပုံစံ ၁၀၆ သည် မြေကွက်၏ ပိုင်ဆိုင်မှုဆိုင်ရာ မှတ်တမ်းအထောက်အထား ဖြစ်ပြီး မြေရောင်းဝယ်လွှဲပြောင်းမှုများတွင် မဖြစ်မနေ လိုအပ်ပါသည်။ စာချုပ်စာတမ်းမှတ်ပုံတင်အက်ဥပဒေ ပုဒ်မ ၂၁ အရ မြေရာဇဝင်မရှိပါက မြေလွှဲပြောင်းမှုကို တရားဝင်လက်ခံချုပ်ဆိုခွင့်မရှိပါ။
၁၀၅ နှင့် ၁၀၆ ၏ အဓိကအသုံးပြုပုံများ
ပုံစံ ၁၀၅ နှင့် ၁၀၆ ကို အောက်ပါရည်ရွယ်ချက်များအတွက် အဓိကအသုံးပြုသည်-
မြေရောင်းဝယ်လွှဲပြောင်းမှု👉 မြေကွက်တစ်ခုဝယ်ယူရောင်းချရာတွင် ပုံစံ ၁၀၅ နှင့် ၁၀၆ ကို စစ်ဆေးပြီး မြေပိုင်ဆိုင်မှုနှင့် တည်နေရာကို အတည်ပြုရန်။
ဂရန်လျှောက်ထားခြင်း👉 မြို့မြေတွင် ဂရန်လျှောက်ထားရာတွင် မြေကွက်၏ တည်နေရာနှင့် ပိုင်ဆိုင်မှုကို သက်သေပြရန်။
အိမ်ဆောက်လုပ်ခွင့်လျှောက်ထားခြင်း👉 မြေကွက်ပေါ်တွင် အိမ်ဆောက်လုပ်ရန် ခွင့်ပြုချက်လျှောက်ထားရာတွင် မြေပုံ (၁၀၅) ကို တင်ပြရန်။
အဆောက်အဦပြင်ဆင်ခြင်း👉 အဆောက်အဦကြီးများ ပြင်ဆင်ရန် သို့မဟုတ် ခြံစည်းရိုးကာရံရန် ခွင့်ပြုချက်လျှောက်ထားရာတွင်။
ဥပဒေဆိုင်ရာ အရေးပါမှု
မြန်မာနိုင်ငံ၏ အိမ်ခြံမြေဥပဒေများအရ ပုံစံ ၁၀၅ နှင့် ၁၀၆ သည် မြေယာဆိုင်ရာ လုပ်ငန်းစဉ်များတွင် အခြေခံအကျဆုံး စာရွက်စာတမ်းများဖြစ်သည်။ စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေ (The Registration of Deeds Law, 2018) အရ မြေရောင်းဝယ်လွှဲပြောင်းမှုများသည် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးရုံးတွင် မှတ်ပုံတင်ရန်လိုအပ်ပြီး ၎င်းအတွက် ပုံစံ ၁၀၅ နှင့် ၁၀၆ မှတ်တမ်းများသည် မရှိမဖြစ်လိုအပ်သည်။
ထို့ပြင်၊ ပုံစံ ၁၀၅ နှင့် ၁၀၆ ကို မမှန်ကန်စွာ အသုံးပြုခြင်း သို့မဟုတ် ၎င်းတို့တွင် ဖော်ပြထားသော အချက်အလက်များကို မစစ်ဆေးဘဲ မြေဝယ်ယူခြင်းသည် ဥပဒေဆိုင်ရာ ပြဿနာများဖြစ်ပေါ်စေနိုင်သည်။ ဥပမာ- ပုံစံ ၁၀၅ တစ်ခုတည်းကို အားကိုးပြီး မြေဝယ်ယူပါက၊ နောက်ပိုင်းတွင် ပိုင်ဆိုင်မှုအငြင်းပွားမှုများ ဖြစ်ပေါ်နိုင်သည်။
ပုံစံ ၁၀၅ နှင့် ၁၀၆ လျှောက်ထားရန် လိုအပ်ချက်များ
ပုံစံ ၁၀၅ နှင့် ၁၀၆ ကို သက်ဆိုင်ရာ မြို့နယ်မြေစာရင်းဦးစီးဌာန၊ အိုးအိမ်ဦးစီးဌာန သို့မဟုတ် မြို့တော်စည်ပင်သာယာရေးဌာနများတွင် လျှောက်ထားနိုင်သည်။ လျှောက်ထားရာတွင် အောက်ပါစာရွက်စာတမ်းများ လိုအပ်သည်-
👉 မြေကွက်ပိုင်ရှင်အမှန်ဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်။
👉 မြေကွက်သည် အရှုပ်အရှင်းကင်းရှင်းကြောင်း အနီးပတ်ဝန်းကျင်မှ ထောက်ခံချက်။
👉 မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူ။
👉 ပုံစံ ၁၀၅/၁၀၆ ရေးကူးခွင့်လျှောက်လွှာ (သက်ဆိုင်ရာဌာနတွင် ဖြည့်သွင်းရန်)။
ပုံစံ ၁၀၅ နှင့် ၁၀၆ ရရှိရုံဖြင့် မြေပိုင်ဆိုင်မှုလုပ်ငန်းစဉ်ပြီးစီးသည်ဟု မဆိုလိုပါ။ ၎င်းတို့သည် လုပ်ငန်းစဉ်တစ်ခု၏ အစပိုင်းသာဖြစ်သည်။
Crd:
02/03/2024
📣၂၀၂၃-၂၀၂၄ နှစ်အတွက် အခွန်တင်ရန် လျောက်လွှာများအား
၁၅.၃.၂၀၂၄ ရက်နေ့နောက်ဆုံးထား တင်ပြရန်
photo
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |
| Saturday | 09:00 - 18:00 |
| Sunday | 06:00 - 18:00 |