The Lab

The Lab

Share

05/03/2026

Call for Application for SN@IL Program 🗞

WTM က SN@IL Program လို့ လူသိများတဲ့ “Enhance Self-Dependency and Self-Resilience of Peri-Urban Communities through SN@IL Method Program" Batch 3 ကို လာမယ့် ဧပရယ်လမှာ ပြန်စပါတော့မယ်။

SN@IL ပရိုဂရမ်က ရွှေပြည်သာ၊ လှိုင်သာယာ၊ တောင်ဒဂုံနဲ့ ဒဂုံဆိပ်ကမ်းမှာလုပ်ကိုင်နေတဲ့ အသေးစား၊ အလတ်စား လုပ်ငန်းတွေအတွက် ရေရှည်တည်တံ့မှုနဲ့ ကြံ့ကြံ့ခံနိုင်ဖို့အပြင် လုပ်ငန်းပိုမိုတိုးတက်လာရေးအတွက် ရည်ရွယ်ထားတဲ့စွမ်းရည်မြင့်တင်ရေး ပရိုဂရမ်တစ်ခုဖြစ်ပါတယ်။

ဒီပရိုဂရမ်ရဲ့ ရည်ရွယ်ချက်က အသေးစား၊ အလတ်စားလုပ်ငန်းတွေကို စွမ်းရည်မြင့်တင်ပေးခြင်းဖြင့် ရည်ရှည်တည်တံမှုနဲ့ ကြံကြံခံနိုင်မှု မြင့်တက်လာပြီးတော့ ဝင်ငွေတိုးလာစေရန်၊ လုပ်ငန်းတစ်ခုရဲ့ ဝင်ငွေထွက်ငွေနဲ့ ငွေကြေးဆိုင်ရာနဲ့ စီမံခန့်ခွဲမှုတွေကို ပိုမိုတိကျစေရန် ရည်ရွယ်ပါတယ်။

ပါဝင်လျှောက်ထားရန်လိုအပ်ချက်တွေက



🔰ရွှေပြည်သာ၊ လှိုင်သာယာ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း စတဲ့ peri-urban ဧရိယာ မှာလုပ်ကိုင်နေတဲ့ SMEs, MSMEs လုပ်ငန်းတွေကို ဦးစားပေးခေါ်ယူပါမယ်။ရန်ကုန် urban ဧရိယာ မှာရှိတဲ့ SMEs, MSMEs လုပ်ငန်းတွေလည်း ဝင်ရောက် လျှောက်ထားနိုင်ပါတယ်။

🔰အမျိုးသမီး ဦးဆောင်သော လုပ်ငန်းဖြစ်စေ၊လုပ်ငန်းထဲမှာ အနည်းဆုံး ဝန်ထမ်း (3) ယောက် အမျိုးသမီး ဝန်ထမ်း ၅၀% ထက်ပိုတဲ့ လုပ်ငန်းဖြစ်ရပါမယ်။



🔰လျှောက်ထားသူသည် လုပ်ငန်းပိုင်ရှင်/ CEO (သိုမဟုတ်)Sales & Marketing အပိုင်း စီမံခန့်ခွဲရေးတွင်တာ၀န်ယူနေသူဖြစ်ရမယ်။

🔰လုပ်ငန်းသက်တမ်း တစ်နှစ် လုပ်ကိုင်ထားပြီးလုပ်ငန်းလိုင်စင်ရှိသူ သို့မဟုတ် ကုမ္ပဏီ မှတ်ပုံတင်ထားသူဖြစ်ရပါမယ်။

ပရိုဂရမ်ကို ပါဝင်လျှောက်ထားတဲ့ သူတွေထဲကနေ လုပ်ငန်း (၃၀) ကို ရွေးချယ်သွားမှာဖြစ်ပါတယ်။

လူတွေ့သင်တန်းကို (ဧပရယ်) လတတိယပတ်မှာ စတင်သွားမှာဖြစ်ပြီးတော့ လျှောက်လွှာကို နောက်ဆုံးပေးနိုင်မယ့်ရက်ကတော့ မတ်လ (၂၂) ရက်နေ့ ဖြစ်ပါတယ်။

ပရိုဂရမ်မှာ ပါဝင်ခွင့်ရသွားတဲ့ သူတွေကို ဧပရယ်လ အစမှာ ရွေးချယ်ပြီး အကြောင်းပြန်ပေးသွားပါမယ်။

လျှောက်လွှာတင်ရန်လင့်ခ် - https://forms.gle/e1b23FnVjV9T4zAw8


#2026

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Address


No1 Yangon City Villas, Pyay Road, 8 Mile, Mayangone Township
Yangon

Opening Hours

Monday 08:30 - 16:30
Tuesday 08:30 - 16:30
Wednesday 08:30 - 16:30
Thursday 08:30 - 16:30
Friday 08:30 - 16:30