Knowledge Sharing
16/09/2020
ပျားရည်နှင့်မတည့်သော အစားအစာများ
(အားလုံးသတိထားကြပါနော်)
✿▬❧▬✿▬❧▬✿▬❧▬✿▬❧▬✿
ပျားရည်ဟာ ဆေးဖက်၀င်ပစ္စည်းတစ်မျိုး ဆိုတာကတော့ မှန်ပါတယ်။ သုံးတတ်ရင် ဆေးဖက်၀င်ပေမယ့် သူနဲ့မတည့်သည့် အရာတွေကလည်း အနည်းငယ် ရှိနေပါတယ်။
အဲဒါတွေနဲ့ တွဲစားမိရင် အခန့်မသင့်ရင် အော့အန်တာ၊ ခေါင်းမူးတာတွေကို
ဖြစ်စေတတ်ပါတယ်။
သတိထားနိုင်ကြစေရန် စေတနာဖြင့် မျှဝေပေးလိုက်ပါတယ်။
(၁) လက်ဖက်
(၂) အုန်းနို့
(၃) သြဇာသီး
(၄) ပိန္နဲသီး
(၅) ဥသျှစ်သီး
(၆) မယ်ဇလီရွက်
(၇) တမာရွက်
(၈) ဆူးပန်းရွက်
(၉) ပိတ်ချင်းရွက်
(၁၀) ကြာစေ့
အရာရာတိုင်းမှာ သတိလေးကိုဆောင်ပြီး အန္တရာယ်များကို ရှောင်နိုင်ကြပါစေ။
Credit-၀ရဇိန်မင်း
19/06/2020
ကလေးတွေလည်း အရိုးပြုတ်ရည် သောက်သင့်တဲ့ အကြောင်းအရင်းများ🍖🍗🍖
ကြက်ရိုးပြုတ်၊ ဝက်ရိုးပြုတ်၊ ဆိတ်ရိုးပြုတ်စတဲ့ အရိုးပြုတ်ရည်တွေမှာ သတ္ထုဓာတ်တွေ ၊ ဗိုက်တာမင်တွေ နှင့် အမိုင်နိုအက်ဆစ်တွေ ပါဝင်ပါတယ်။ အရိုးပြုတ်မှာ ကယ်ဆီယမ်ပါဝင်ပြီး နို့မတည့်တဲ့သူတွေ အရိုးသန်မာအောင်သောက်လို့ရပါတယ်။
အရိုးပြုတ်ရည်မှာပါတဲ့ ကယ်ဆီယမ် နှင့် အခြားသော သတ္ထုဓာတ်တွေက သွား နှင့် အရိုးကို သန်မာစေပါတယ်။ နှလုံး နှင့် ကြွက်သားကျန်းမာစေတယ်။အာရုံကြောကောင်းစေတယ်။ ဟိုမုန်းမျှတစေတယ်။ အရိုးပြုတ်ရည်မှာ glycine နှင့် proline လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်တွေပါတယ်။ ဒီအမိုင်နိုအက်ဆစ်တွေက ကျန်းမာရေးအတွက် အတော်ကောင်းပါတယ်။
Collagen ( ကော်လဂျင်) ဆိုတာ တည်ဆောက်ရန်အသုံးပြုတဲ့ ပရိုတိန်း ( structural protein ) ဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ သုံးပုံတစ်ပုံသော ပရိုတိန်းတွေက ကော်လဂျင် တွေဖြစ်ပါတယ်။ အရိုး၊အရေပြား၊ကြွက်သား၊သွေးကြော နှင့် အစာခြေအဖွဲ့အစည်းတွေမှာတွေ့နိုင်ပါတယ်။ ကော်လဂျင် ချို့တဲ့ခြင်းကြောင့် လမ်းလျှောက်တဲ့အခါ အဆစ်အမြစ် နာကျင်နိုင်ပါတယ်။ အရိုးပြုတ်တွေမှာ Type 2 ကော်လဂျင်ပါဝင်ပြီး အရိုးပြုတ် သောက်ပေးခြင်းဖြင့် ကော်လဂျင် ချို့တဲ့ခြင်းကြောင့် ဖြစ်လာတဲ့ အဆစ်အမြစ် နာကျင်ခြင်းတွေကို သက်သာနိုင်ပါတယ်။ ကော်လဂျင်က အရိုးပွခြင်းကို သက်သာစေတယ်။ ဇီဝဖြစ်စဉ်မြှင့်တင်ပေးပြီး ကြွက်သားကြီးထွားစေပါတယ်။ အရိုးပြုတ်မှာ ပါဝင်တဲ့ ကော်လဂျင်က အရိုးအဆစ်ကျန်းမာရေး နှင့် အစာလမ်းကြောင်းကျန်းမာရေးကို အကျိုးပြုပါတယ်။
ခုခံအားစနစ်ရဲ့ ရာနှုန်းတော်တော်များများကို အူလမ်းကြောင်းရဲ့GALT လို့ခေါ်တဲ့ gut associated lymphoid tissue က ထောက်ပံ့ပေးထားတာပါ။ ဒါပြင် Leaky gut နှင့် အော်တိုအင်မြူးရောဂါများက ဆက်စပ်နေပါတယ်။ အရိုးပြုတ်ရည်မှာပါတဲ့ အမိုင်နိုအက်ဆစ်က လျင်မြန်စွာစုပ်ယူနိုင်တဲ့အပြင် အူနံရံပြုပြင်ပေးပြီး leaky gut သက်သာစေပါတယ်။ ဒါကြောင့်သဘာဝ ကုထုံးပညာရှင်တွေက အော်တိုအင်မြူးရောဂါသည်များကို အရိုးပြုတ်ရည်သောက်ဖို့ ညွှန်ကြားလေ့ရှိပါတယ်။
အရိုးပြုတ်ရည်မှာ အမိုင်နိုအက်ဆစ် glycine အများကြီးပါဝင်တာကြောင့် ကိုယ်ခန္ဓာစွမ်းအားကို ထိန်းညှိပြီး ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။ အမိုင်နိုအက်ဆစ် glycine က ဓာတ်တိုးဆန့်ကျင် ပစ္စည်းတစ်ခုဖြစ်တဲ့ glutathione ထုတ်လုပ်မှုကို အားပေးပြီး oxidative stress ကို သက်သာပါစေပါတယ်။ ဒါကြောင့် အရိုးပြုတ်သောက်ပေးခြင်းဖြင့် ရောဂါဖြစ်ခြင်းမှ လျင်မြန်စွာ သက်သာစေပါတယ်။
အမိုင်နိုအက်ဆစ် glycine က သည်းခြေအရည် နှင့် အစာခြေ အရည် ထုတ်လုပ်မှုကို ကူညီပေးတာကြောင့် အူလမ်းကြောင်းကျန်းမာရေးအတွက်ကောင်းပါတယ်။ အရိုးပြုတ်ရည်သောက်သုံးခြင်းသည် ရေဓာတ်ပြည်လည်ဖြည့်တင်းပေးတာကြောင့် အစာခြေ စနစ် နှင့် ကျောက်ကပ်ကို အကျိုးပြုပါတယ်။ အမိုင်နိုအက်ဆစ် glycine က ကောင်းကောင်းအိပ်ပျော်စေပါတယ်။ စိတ်တက်ကြွစေပြီး မှတ်ဉာဏ်ကောင်းစေတယ်။
Crd Dr.Phyo Maung
Click here to claim your Sponsored Listing.
Category
Website
Address
Yangon