PC Knowledge Sharing by PTK

PC Knowledge Sharing by PTK

Share

Photos from PC Knowledge Sharing by PTK's post 31/01/2022

Computer မှာပါတဲ့ port လေးတွေအကြောင်း ရှာဖွေတင်ပြပေး ထားပါတယ်

13/01/2022

PC ဝယ်ဖို့ စဥ်းစားနေတဲ့သူတွေအတွက် laptop type PC ရဲ့ အားသာချက် အားနည်းချက် လေးတွေကို ရှာဖွေတင်ပြပေးထားပါတယ်

for desktop type PC https://www.facebook.com/108012951748631/posts/113576761192250/

အားသာချက် များ
1️⃣ Laptop က all-in-one computer system ဖြစ်ပါတယ်
keyboard, mouse, speaker, mice, etc... စတဲ့အစိတ်အပိုင်းတွေ ထပ်ဝယ်စရာ မလိုပါဘူး
2️⃣ Laptop portable type ဖြစ်တဲ့အတွက် သေးငယ်ပေါ့ပါးပြီး သယ်ဆောင်ရတာအရမ်းလွယ်ပါတယ် အဲ့ဒါကြောင့် wifi ရတဲ့ restaurant တခုခုမှာ coffee လေးသောက်ရင်း smart ကျကျ အလုပ်လုပ်လို့ရပါတယ်
3️⃣ Laptop တစ်လုံးအတွက် နေရာသပ်သပ်ပေးစရာမလိုပါဘူး လိုအပ်တဲ့အခါ စားပွဲတခုခုပေါ်မှာ အလွယ်တကူ တင်ပြီး အသုံးပြုနိုင်ပြီးတော့ မလိုအပ်ရင်လဲ လွယ်လွယ်ကူကူ သိမ်းလို့ရပါတယ်
4️⃣ Laptop မှာ battery ပါတဲ့အတွက် လျှပ်စစ်မီးပျက်သွားတဲ့ အခါမှာလဲ အလုပ်ဆက်လုပ်လို့ရပါတယ်
original laptop battery တစ်လုံးဟာ ပုံမှန်အားဖြင့် ၃နာရီခန့် အသုံးခံပါတယ်

အားနည်းချက် များ
1️⃣ Laptop PC တစ်လုံးဟာ specifications (CPU, RAM, GPU, etc..) တူတဲ့ desktop PC တစ်လုံးထပ် သိသိသာသာ စျေးပိုကြီးပါတယ်
Performance လဲသိသိသာသာ နိမ့်ပါတယ် (gaming laptop ကတော့ performance တော်တော်လေး ကောင်းပါတယ် )
2️⃣ Laptop မှာ screen size က build-in ဖြစ်ပါတယ်၊ resolution ကလဲ 1366x768 လောက်ပဲ ရနိုင်ပါတယ်
Screen size ကြီးကြီး၊ resolution ကောင်းကောင်း နဲ့ သုံးချင်တဲ့သူတွေအတွက် အဆင်မပြေပါဘူး (monitor ထပ်ဝယ်ရပါလိမ့်မယ်)
3️⃣ ပြင်ဆင်စားရိတ်စျေးကြီးပြီး အပိုပစ္စည်း လဲရှာရခက်ပါတယ် ပုံစံတူထုတ်ထားတဲ့ China made အပိုပစ္စည်း တွေကလဲ quality သိပ်မကောင်းပါဘူး
4️⃣ Laptop မှာ internal drives(HDD, SSD, DVD, etc...)တွေအများကြီးထည့်မရပါဘူး (normally 2units)
5️⃣ Laptop မှာပါတဲ့ ports(USB port, HDMI port, Ethernat port, etc...)
အရေအတွက်က desktop PC နဲ့ယှဥ်ရင် နဲပါတယ် အဲ့ဒါကြောင့် laptop မှာ USB port တစ်ခုတလေ ပျက်သွားရင်တောင် တော်တော်လေး ပြသနာတက်ပါတယ်

🙏🙏🙏 ရွှင်လန်း ချမ်းမြေ့ပါစေ 🙏🙏🙏

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon