Anicad Studio

Anicad Studio

Share

12/06/2026

သင်တန်းမှာ အလုပ်ထဲအတွက် လိုအပ်၊ အသုံးဝင်တဲ့ Ready to use Excel File တွေ ပေးပါတယ်။ Noon report, ROB. Tank Condition.... စတဲ့ paper works တွေအတွက် အလုပ်ထဲက update ဖြစ်တဲ့ ပုံစံ၊ format မျိုးစုံကို ပြပြီး သင်ပေးပါတယ်။

OJT သင်တန်းသားတ‌စ်ယောက်ရဲ့ Feedback ဖြစ်ပါတယ်။
😍😍

04/06/2026

ဘော်.... အကြောင်းပြောရင် မျက်ရည်မဝဲရအောင်....

ဘော်....

စာရေးဆရာအကြည်တော်ရဲ့ ဝတ္ထုတစ်ပုဒ်ထဲမှာပါတဲ့ ဟာသလေးတစ်ခုပါ... လူခေါ်/အသံပေး (လျှပ်စစ်ခေါ်လောင်း) bell တွေတပ်ထားကြတဲ့ အိမ်တွေရဲ့ ခြံစည်းရိုးအဝင်ဝတံခါးတိုင်တွေမှာ နှိပ်ပါ..ဆိုပြီး စာကပ်ထားတတ်ကြတယ်။ အဲ့ဒါကို သူ့ဇာတ်ကောင်အတွက်ကျတော့ ဆရာအကြည်တော်က မှုတ်ပါ..လို့ စာရေးထားပြီးတော့ ဘုရားပွဲဈေးတွေမှာ ရောင်းတဲ့ ကလေးဆော့စရာ.. ပိုက်တိုလေးရဲ့ထိပ်မှာ တပ်ထားတဲ့ ဗူစီဘောင်းထဲကို လေမှုတ်သွင်းလိုက်ပြီး ပြန်လွှတ်လိုက်ရင်း ဘွား....ခနဲ ‌အသံရှည်ကြီးမြည်တဲ့ ကလေးကစားစရာကို ထားထားပေးတယ်... ရည်စားအိမ်ကို လာလည်တာ ဒါကြီးကို ဘွား... ခနဲ မြည်အောင် မှုတ်ရမယ်ဆိုတာက အတော်ရှိုးပျက်တဲ့ ကိစ္စပါ...ကြံကြံဖန်ဖန်ကို တွေးတတ် ရေးတတ်တာပါ။😆😆

အကြည်တော်ဝတ္ထုထဲပါတဲ့ မှုတ်စရာ ဒီဟာလေးကို ခပ်လွယ်လွယ် ဘယ်လိုခေါ်လဲတော့ မသိတော့ပါဘူး။ လေမှုတ်သွင်းချိန်မှာ အသံမမြည်ဘဲ ဗူစီဘောင်းထဲကလေတွေ ပြန်ထွက်လာမှ တ ဘွား...ဘွား အသံမြည်တဲ့ ဒီလေမှုတ်ကိရိယာလေးဟာ ကလေးဘဝက အတော်စိတ်ဝင်စားစရာ ဖြစ်ခဲ့ရပါတယ်။ နှဲ တွေမှာပါတဲ့ လျှာခင်လေးကို လေပိုက်လေးရဲ့ထိပ်မှာ လေမှုတ်သွင်းတဲ့ direction နဲ့ ပြောင်းပြန်တပ်ထားတယ်။ ပြီးမှ အပေါ်ကနေ ဗူစီပေါင်းကို အပေါက်ဝတေ့ပြီး သရေကွင်းနဲ့ ချည်ထားတယ်။ ဒီတော့ ဗူပေါင်းထဲကလေ ပြန်ထွက်မှ ဘွား...ခနဲ မြည်တော့တာပေါ့။ လျှာခင်လေးက အဲ့ဒီတော့မှ air flow ကြောင့် တုန်ခါသွားတာကိုး..တုန်ခါနေတဲ့ မျက်နှာပြင်တွေ၊ အရာဝတ္ထုတွေကနေ အသံဖြစ်‌ပေါ်လာတယ်လို့ သိပ္ပံမှာ သင်ရတယ်လေ..😁😁

ဒါမျိုး နောက်တခု ရှိ‌ပါသေးတယ်။ ‌စောနက လေမှုတ်ပိုက်အရွယ်လောက်ရဲ့ထိပ်မှာ သူ့ထက်နဲနဲပိုကြီးတဲ့ ငါးမူးလုံးအရွယ်လောက်ရှိမယ့် ကော်ပိုက်ဖြတ်စတိုလေးကို ပူးချည်ထားပြီး အရွယ်မတူတဲ့ အဲ့ဒီပိုက်နှစ်ခုလုံးရဲ့ အဝထိပ်မှာ ဗူစီဘောင်းစကို ခပ်တင်းတင်းလေး အုပ်ချည်ထားတယ်။ လေမှုတ်ပိုက် ရှည်ရှည်လေးကနေ လေနဲ့မှုတ်လိုက်တဲ့အခါ ပိုက်ထဲတိုးဝင်လာတဲ့လေက တင်းနေတဲ့ ဗူစီဘောင်းစ diaphragm လေး ကို တွန်းထိုးပြီး အပေါ်က ငါးမူးလုံးပိုက်ကနေ ပြန်ထွက်သွားတယ်။ သူကတော့ ဘွား....လို့ အသံရှည် မမြည်ဘူး။ ကားဟွန်းသံလိုလို တိုတိုပြတ်ပြတ်ပဲ ပွမ်....လို့မြည်တယ်။

လေနဲ့မှုတ်လိုက်ရင်... ဘော်....လို့ အသံရှည်ကြီး...ပြီးတော့ အကျယ်ကြီး မြည်တဲ့ဟာကြီးတစ်ခု သင်္ဘောမှာ ရှိပါတယ်။ အဲယားဟွန်း...ဆိုလားပဲ..ခေါ်တယ်..😁😁 သူက အပေါ်မှာပြောခဲ့တဲ့ ကစားစရာတွေနဲ့ working principle (generally ပေါ့လေ..) အတူတူပါပဲ။ diaphragm ပေါ်ကို aif flow သက်ရောက်တဲ့အခါ ဘော်.....ဆိုပြီး မြည်ပါတယ်။ ဥဩဆွဲတယ်လို့လည်း တောသားတွေ ပြောကြတာပေါ့လေ....😁😁

ဘော်...နှစ်ချက်လောက် မြည်ပြီး...သင်္ဘောက ကမ်းကခွါမယ်ပြင်တဲ့အခါ...

စိုး သင်္ဘောပေါ်တက်ခဲ့မယ်....

မတက်ခဲ့နဲ့ စိုး... မတက်ခဲ့နဲ့.....

ဆိုပြီး ကိုသိန်းတန်ကြီးတ‌စ်ယောက် လွမ်းဆွတ်ကြေကွဲခဲ့ရ၊ မျက်ရည်လည်ခဲ့ရတဲ့ ဇာတ်လမ်းလေးတွေ ရှိခဲ့ဖူးပါတယ်...😁😁

ဘော်...မြည်သံနဲ့ ကိုသိန်းတန်ကြီး ကြေကွဲခဲ့၊ မျက်ရည်ဝဲရပေမယ့် ဘော်...အကြောင်း မေးလာတဲ့အခါ မျက်ရည်မဝဲရအောင် ပုံလေးတစ်ပုံ ဆွဲထားပါတယ်...။ ကလေးကစားစရာတွေလောက်တော့ မရိုးစင်းဘူးပေါ့လေ... သူ့ထဲမှာ ဘာတွေပါလဲ၊ ဘယ်လို အလုပ်လုပ်လဲ၊ ဘာ function တွေရှိလဲ.. C3 အတန်းမှာ ဒီရက်ပိုင်း ရှင်းပြ၊ သင်ပြပြီးရင် Anicad MEK Myanmar Group ထဲမှာလည်း ပုံနဲ့တကွ ပြည့်ပြည့်စုံစုံ တင်ထားပါမယ်။

ဘော်....ကြောင့် မျက်ရည်ဝဲရ လမ်းခွဲရတဲ့ အဖြစ်တွေ ကင်းဝေးကြပါစေ...😁😁

Want your business to be the top-listed Equipment Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon