Intension Accountancy Service

Intension Accountancy Service

Share

03/07/2026

INTENSION ACCOUNTANCY SERVICE LIMITED
YOUR TRUSTED ACCOUNTANCY PARTNER IN YANGON

18/06/2026

📌 "လုပ်ငန်းတစ်ခုမှာ အမြတ် (Profit)ကရှိတယ်... ဒါပေမဲ့ လက်ထဲမှာ ပိုက်ဆံ (Cash) ကမရှိနေဘူး"

စီးပွားရေးလုပ်နေတဲ့သူတွေ၊ အခုမှ လုပ်ငန်းစမယ့်သူတွေ မှားယွင်းစွာမှတ်ယူထားကြတဲ့အယူအဆတစ်ခု ရှိပါတယ်။ အဲဒါကတော့ "ငါ့လုပ်ငန်းက အမြတ်တွေအများကြီးပြနေတာပဲ၊ ငါ့မှာ ပိုက်ဆံတွေ အများကြီးရှိနေပြီ" လို့ ထင်နေတတ်ကြတာပါ။

တကယ်တော့ Profit ဆိုတာ Cash မဟုတ်ပါဘူး။

ဒါကို နားလည်လွယ်အောင် ဥပမာလေးတစ်ခုနဲ့ ရှင်းပြပေးပါရစေ။

🛍️ ကိုလူအေးရဲ့ အထည်ဆိုင် ဥပမာ
ကိုလူအေးက အထည်ဆိုင်တစ်ဆိုင် ဖွင့်ထားပါတယ်။
ဒီနေ့မှာပဲ ဖောက်သည်တစ်ယောက်က ကျပ် 10 သိန်းဖိုး လာဝယ်ပါတယ်။ အဲဒီအထည်တွေရဲ့ အရင်းက ကျပ် 6 သိန်းပါ။

စာရင်းအရ တွက်ချက်မှု: 10 သိန်း (ရောင်းရငွေ) - 6 သိန်း (အရင်း) = 4 သိန်း (အမြတ်)

ဒါဆို ကိုလူအေးမှာ 4 သိန်း မြတ်သွားပါပြီ။ စာရင်းအရ အမြတ်ပြနေပြီပေါ့။

ဒါပေမဲ့... အဲဒီဖောက်သည်က "အစ်ကို... လကုန်မှ ပိုက်ဆံလာရှင်းမယ်နော်၊ အကြွေးမှတ်ထားလိုက်ပါ" လို့ ပြောပြီး အထည်တွေ ယူသွားပါတယ်။
ဒီနေရာမှာ ကွာခြားချက် စတာပါပဲ။

# Profit (အမြတ်): ကိုလူအေးမှာ 4 သိန်း အမြတ်ရှိပါတယ်။ (စာရင်းထဲမှာ မှတ်ထားလို့ရတယ်)

# Cash (လက်ကျန်ငွေ): ကိုလူအေး လက်ထဲမှာ ပိုက်ဆံ 0 ကျပ် ပဲ ရှိပါတယ်။

⚠️ ပိုက်ဆံ (Cash) မရှိရင် ဘာဖြစ်မလဲ။

နောက်ရက်မှာ ကိုလူအေးရဲ့ ဆိုင်လခ ပေးရတော့မယ်၊ ဝန်ထမ်းလစာ ပေးရတော့မယ်၊ ဒါမှမဟုတ် ကုန်ပစ္စည်းအသစ် ထပ်ဝယ်ရမယ်။ အဲဒီအချိန်မှာ ဆိုင်ရှင်နဲ့ ဝန်ထမ်းတွေကို "ကျွန်တော့်မှာ စာရင်းအရ 4 သိန်း မြတ်ထားတာ ရှိတယ်ဗျ၊ အကြွေးစာအုပ် လာကြည့်ပါ" လို့ သွားပြောလို့ မရပါဘူး။ သူတို့က လက်ငင်း ပိုက်ဆံ (Cash) ပဲ တောင်းမှာပါ။

ဒီလိုနဲ့ စာရင်းထဲမှာ အမြတ်တွေ တသီတတန်းကြီး ပြနေပြီး လက်ထဲမှာ ပိုက်ဆံအကြပ်အတည်းဖြစ်လို့ ပိတ်လိုက်ရတဲ့ လုပ်ငန်းတွေ အများကြီးရှိပါတယ်။ ဒါကို "Profit Rich, Cash Poor" လို့ ခေါ်ပါတယ်။

💡 မှတ်ထားရမယ့် အနှစ်ချုပ်
# Profit: The numerical difference between total sales and costs, indicating the business's long-term viability.
# Cash: The tangible funds available immediately for spending, serving as the essential lifeline of the business operations.

07/06/2026

University of London
B.Sc (Hons) Professional Accountancy
Knowledge Sharing Part Four

၄) ကြာမြင့်မည့်အချိန်နှင့် သင်ကြားမှုပုံစံ (Duration & Teaching)
ကြာမြင့်မည့်အချိန်: အမြန်ဆုံး ၁ နှစ် (1 Year) အတွင်း အပြီးတက်နိုင်ပါတယ်။ အလုပ်လုပ်ရင်း စာမလုပ်နိုင် လို့ အေးဆေးတက်ချင်ရင်တော့ အများဆုံး ၃ နှစ် (3 Years) အထိ ခွဲပြီး တက်ရောက်နိုင်တဲ့ Flexibility ရှိပါ တယ်။ Module ၁ခုကို ၆လ နှုန်းနဲ့ ၁ နှစ် ၆ လအတွင်း ပြီးစီးအောင်လေ့လာခြင်းကတော့ အကောင်းဆုံး အနေထားပါ။
သင်ကြားမှုပုံစံ:
1) Online Offering: University of London ရဲ့ VLE Web Portal ကနေတစ်ဆင့် တစ်ကမ္ဘာလုံး ဘယ်နေရာကမဆို Online ကနေ လေ့လာတက်ရောက်နိုင်ပါတယ်။ VLE Web Portal ကနေ ဘယ်လိုလေ့လာရမလဲဆိုတာ အသေးစိတ်နောက်မှ ထပ်မံရှင်းပြပေးပါမယ်။
2) Recognised Teaching Centres: အချို့သော နိုင်ငံတွေမှာတော့ တက္ကသိုလ်က အသိအမှတ်ပြုထားတဲ့ local စာသင်ကျောင်းတွေမှာ အပြင်အတန်း (Face-to-face) တက်လို့ရပါတယ်။ မြန်မာနိုင်ငံအတွက်ကတော့ Online စနစ်က အဓိက ဖြစ်ပါတယ်။

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Room (17), Building (2), Nar Nat Taw Road, (8) Block, Kamayut
Yangon
11041

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00