Khet Khet Moe

Khet Khet Moe

Share

14/02/2026

ငွေမချေးသင့်တဲ့သူ (၅၀)

ငွေချေးတယ်ဆိုတာ သူငယ်ချင်းကောင်း တစ်ယောက်ကို ဆုံးရှုံးဖို့ အမြန်ဆုံး နည်းလမ်းပါပဲ။ ခင်လို့ပဲဖြစ်ဖြစ်၊ သနားလို့ပဲဖြစ်ဖြစ် ငွေမချေးခင် ဒီ လူတွေကိုတော့ အထူးသတိထား ရှောင်သင့်ပါတယ်။

၁။ လောင်းကစားသမား။
၂။ အလုပ်မရှိ အကိုင်မရှိဘဲ ဖြုန်းနေသူ။
၃။ အကြွေးဟောင်း မကျေသေးဘဲ အသစ်ထပ်ချေးသူ။
၄။ အကြွေးပြန်တောင်းရင် စိတ်ဆိုးတတ်သူ။
၅။ ဖုန်းဆက်ရင် မကိုင်၊ အဆက်အသွယ် ဖြတ်တတ်သူ။
၆။ လိမ်ညာတတ်တဲ့ ရာဇဝင်ရှိသူ။
၇။ အာမခံချက် (Collateral) ဘာမှမပေးနိုင်သူ။
၈။ အကြွေးကို အကြွေးနဲ့ဆပ်ဖို့ ကြိုးစားနေသူ။
၉။ ဇိမ်ခံပစ္စည်းဝယ်ဖို့ ချေးသူ။
၁၀။ ကိုယ့်ထက် အင်အားကြီးပြီး ပြန်တောင်းဖို့ ခက်သူ။
၁၁။ ကတိမတည်တတ်သူ။
၁၂။ ဘယ်တော့ပြန်ဆပ်မယ်ဆိုတာ တိတိကျကျ မပြောသူ။
၁၃။ အမြဲတမ်း ဒုက္ခရောက်နေပါတယ်ဆိုပြီး မျက်ရည်ချတတ်သူ။
၁၄။ သူတစ်ပါးကို အပုပ်ချပြီး ကိုယ့်ဆီက ငွေညှစ်ချင်သူ။
၁၅။ လူဂုဏ်ထံ ပုံစံဖမ်းနေပေမယ့် လက်ထဲမှာ တစ်ပြားမှမရှိသူ။
၁၆။ အပျော်အပါး အလွန်မက်သူ။
၁၇။ ငွေတန်ဖိုးကို နားမလည်သူ။
၁၈။ တစ်ခါချေးပြီးရင် ထပ်ခါထပ်ခါ လာချေးမယ့်သူ။
၁၉။ ကျေးဇူးတရားကို မသိတတ်သူ။
၂၀။ "ရမှာပါ" လို့ပဲ ခပ်ပေါ့ပေါ့ ပြောတတ်သူ။
၂၁။ လူမှုရေးကို အကြောင်းပြပြီး အတင်းအကျပ် ချေးသူ။
၂၂။ အလွယ်လမ်းနဲ့ ချမ်းသာချင်နေသူ။
၂၃။ မူးယစ်ဆေးဝါး သုံးစွဲသူ။
၂၄။ တာဝန်ယူမှု၊ တာဝန်ခံမှု လုံးဝမရှိသူ။
၂၅။ ကိုယ့်ကို ခင်မင်တာထက် ကိုယ့်ပိုက်ဆံကိုပဲ ခင်နေသူ။
၂၆။ အကြွေးတောင်းရင် လူသနားအောင် လုပ်တတ်သူ။
၂၇။ အိမ်လိပ်စာ အတိအကျ မရှိသူ (လိပ်စာမမြဲသူ)။
၂၈။ အပြောပဲကောင်းပြီး လက်တွေ့အလုပ်မရှိသူ။
၂၉။ ကိုယ့်ရဲ့ အားနာတတ်တဲ့စိတ်ကို အခွင့်ကောင်းယူသူ။
၃၀။ ပိုက်ဆံရရင် မျက်နှာပြောင်တိုက်သွားမယ့်သူ။
၃၁။ စီးပွားရေး အစီအစဉ် မရှိဘဲ ရင်းနှီးမြှုပ်နှံချင်သူ။
၃၂။ ကိုယ့်မိသားစုကိုတောင် လိမ်နေတဲ့သူ။
၃၃။ အကြွေးပတ်လည် ဝိုင်းနေသူ။
၃၄။ ကြားက အာမခံပေးမယ့်သူ မရှိသူ။
၃၅။ လောဘကြီးပြီး အန္တရာယ်များတဲ့ အလုပ်တွေ လုပ်သူ။
၃၆။ ပိုက်ဆံရှိရင် ချက်ချင်းဖြုန်းတတ်သူ။
၃၇။ အကြွေးကို ဝတ္တရားတစ်ခုလို့ မသတ်မှတ်သူ။
၃၈။ ကိုယ်ချင်းစာတရား မရှိသူ။
၃၉။ "ပိုက်ဆံရှိတာပဲ ချေးလိုက်ပါ" လို့ လွယ်လွယ်တွေးသူ။
၄၀။ တောင်းရခက်အောင် ပုံစံအမျိုးမျိုး ပြောင်းတတ်သူ။
၄၁။ စိတ်မခိုင်သူ (ငွေမြင်ရင် လက်ဖွာသူ)။
၄၂။ အကြွေးကို အမွေလို သဘောထားသူ။
၄၃။ ပြန်ဆပ်ဖို့ ခိုင်မာတဲ့ ဝင်ငွေလမ်းကြောင်း မရှိသူ။
၄၄။ ကပ်ပါးရပ်ပါး နေတတ်သူ။
၄၅။ တစ်ဖက်သားရဲ့ ဒုက္ခကို ထည့်မတွက်သူ။
၄၆။ အယုံသွင်းပြီးမှ လိမ်တတ်သူ။
၄၇။ ပိုက်ဆံချေးပြီးရင် ဘုရားထူးခံချင်သူ။
၄၈။ ဥပဒေကို ဂရုမစိုက်သူ။
၄၉။ အသိုင်းအဝိုင်းထဲမှာ နာမည်ပျက်ရှိသူ။
၅၀။ ကိုယ့်ရင်ထဲမှာ "မချေးသင့်ဘူး" လို့ တစ်ထိတ်ထိတ် ဖြစ်နေစေတဲ့သူ။
Crd
MTZ Company Registration Consultancy
ကိုယ်ပိုင်လုပ်ငန်းတရားဝင်စတင်ဖို့တစ်ရက်ပဲလိုတယ်

14/01/2026

#သဘာဝသူ​ယောင်ကျောက်အစစ်
# ၁ဆက် 295000
09261063881
#ယိုးဒယားငွေထည်ရွှေရည်စိမ်
# တွင်းထွက်ကျောက်အစစ် ဖြစ်ကြောင့်
စစ်ချက်ထုတ်လို့ရပါတယ်ရှင်

11/12/2025

၄၅၀၀၀
သဘာဝကျောက်အစစ်နားကပ်

25/02/2025

#ဆေးသောက်လျှင်
#သတိထားရမည့်အရာများ
~~~~~~~~~~~~~~~~~

ပါမောက္ခဒေါ်ခင်ဖြူ ( မြင်းခြံ )

* ဆေးသောက်လျှင်
ရေနဲ့ သောက်ရမည်ကို
မသိသူမရွိ သို့သော်
လွယ်ကူ၍အရေးကြီးသော
ကွင်းဆက်ကို မေ့လျော့သည့်အတွက် ဆေးအာနိသင် ရသင့်သလောက်
မရသည့်အပြင် အစာမျိုပြွန်ကို
ထိခိုက်နိုင်သည်။

* ဆေးပြားသည် သာမာန်
အားဖြင့် အဓိက ဆေးမူန့်နဲ့
ပုံသွင်းမူန့် ( ကော်မူန့်/ သကြား)
စသည်တို့ကို ဖိ၍ ပုံသွင်းထားခြင်း
ဖြစ်သည်။

ဆေးအာနိသင် မြန် နှေး ပြင်း ပျော့သည် အဓိက ဆေးမူန့်၏ အစာအိမ် အူလမ်းကြောင်း တလျောက် စုပ်ယူခံရမူ အမြန်နူန်းပေါ်တွင် မူတည်သည်။

ဆေးပြားသည် သွေးအတွင်းသို့ စုပ်ယူမခံရမီ အစာအိမ်နဲ့ အူလမ်းကြောင်းတွင် သေးငယ်သော ထောင်သောင်း မကေသာ အမူန်ငယ်များအဖြစ် ကွဲကြေသွားပြီး အရည်ထဲ ပျော်ဝင်နေမှ သွေးထဲ စုပ်ယူခံနိုင်မည်။

ဆေးသောက်ပြီးရေများများသောက်မှ သွေးထဲသို့ စုပ်ယူခံရမူ ပိုမိုမြန်ဆန်မည်။
ထို့ကြောင့် ဆေးမသောက်မီ ရေနွေးနွေးတစ်ခွက်သောက်ခြင်းဖြင့် အစာလမ်းကြောင်းကို စိုစွတ်စေနိုင်သည်။ ပြီးမှ ဆေးကို ရေများများနဲ့ သောက်ခြင်းဖြင့် အာနိသင် မြန်ဆန်
ထက်မြက်စေနိုင်မည်။

ရေသောက်နည်းလျှင် ဆေးပြားဆေးတောင့်တို့သည် အစာမျိုပြွန် အစာအိမ်နံရံတွင်ကပ်နေနိုင်ပြီး ထိခိုက်ဒါဏ်ရာ ရစေနိုင်သည်။
ဥပမာ - အက်စ်ပရင်./ ပရိုဖင် /အကိုက်အခဲပျောက်ဆေးမျိုးစုံ ပရီနိုစလုံးဆေး. ကင်ဆာရောဂါကု ရူဘီဒိုမိုက်စင် စသည်တို့ဖြစ်သည်။

၁။ လှဲလျှက်ဆေးမသောက်ရ
ဆေးသောက်သည့်အခါ မတ်တပ်ရပ်လျှက် သို့မဟုတ် ထိုင်လျက် ဆေးသောက်ရမည်။ လှဲလျှက်ဆေးမသောက်ရ - ဆေးသောက်ပြီး ချက်ခြင်းမလှဲရ အနည်းဆုံး ၃ မိနစ် ၅ မိနစ် ဆက်လက် ထိုင်နေသင့်သည်။

နာတာရှည်ရောဂါသည်နှင့်အစာမျို ခက်ခဲသူများသည် ဆေးအရည်ကို သောက်သင့်သည်။

၂။ အိပ်ခါနီးဆေးသောက်ချိန်

အိပ်ခါနီး ဆေးသောက်ရန် လိုအပ်လျှင် ဆေးသောက်ပြီး နှစ်မိနစ် သုံးမိနစ်ခန့် သြားလာ လူပ်ရှားပြီးမှ အိပ်သင့်သည်။

၃။ ဆေးနဲ့ တြဲ၍ မသောက်သင့်သည့် အရာမ်ား

၁) ဆေးကို နွားနို့နဲ့ မသောက်သင့်ပါ. နွားနို့တွင် ပရိုတင်းဓာတ်နဲ့ ဖက်တီးအက်ဆစ်ပါသည့်အတွက် ဆေးမူန့်လေးများ၏ ပတ်ပတ်လည်တွင် အမြေးပါး တထပ်နဲ့ အပေါ်ကို
အုပ်ဆောင်းထားတတ်သည်။

ထို့ပြင် နွားနို့တွင် ကြွယ်ဝစွာ ပါဝင်သော ကယ်လ်စီယမ်ဓာတ် မီးစုန်းဓာတ်. သံဓာတ်တို့သည်လည်း အချို့ဆေးဝါး ပစ္စည်းများနဲ့ ဓာတ်ပြုနိုင်ပြီး ပျော်ဝင်ရန် ခက်ခဲသောဆားများ
အဖြစ်သို့ ဓာတ်ပြောင်းလဲ သွားနိုင်ပါသည်။

၂ ) ဟင်းရည် လက်ဖက်ရည်. ကော်ဖီ. ရေနွေးကြမ်း အချိုရည် ဘိလပ်ရည်တို့နှင့် ဆေးကို မသောက်ရ ရေနွေးနွေးနင့်သာ သောက်သင့်ပါသည်။

ဆာလ္ဖာ ဆေးဝါးသောက်လျှင် ကြောကျတညျုခွငျးမှ ကာကွယ်ရန် အထူးသဖြင့် ရေများများ ပိုသောက်ရမည်။အနည်းဆုံး ရေတစ်ပုလင်းခွဲခန့် - (၁၅၀၀မီလီမီတာ )- ထိုနေ့တွင် သောက်ရမည်။ သို့မှသာ သွေးကျဲ ဆီးရွှင် ကျောက်ကပ်ကို ကာကွယ်ရာ
ရောက်မည်။

၃ ) အကိုက်အခဲပျောက်ဆေး. အဖျားကျဆေးများ သောက်လျင်လည်း ရေများများ သောက်ရန် လိုအပ်သည်။ ကိုယ်ပူကျပြီး ချွေးများများ ထွက်သောအခါ ရှော့ခ် ဖြစ်ခြင်း
မွ ကာကွယ်နိုင်မည်။

၄ ) မည်သည့်ဆေးကို သောက်သည်ဖြစ်စေ ရေများများ သောက်ရမည်ဟူ၍ မဟုတ်ပါ။ အချို့ ချောင်းဆိုး ပျောက်ဆေးသည် သောက်ပြီး ၅ မိနစ်ကြာမှ ရေသောက်ရသည်။

ထို့ကြောင့် ဆေးအာနိသင် ကောင်းစေရန် ဆေးပေးသူကို ဆေးသောက်ရမည့် အချိန် နည်းလမ်းတို့ကို သေချာ မေးမြန်းပြီး မွတ္သား လိုက်နာရမည် ဖြစ်ပါသည်။

/////////////////////////////////////////////

ဒီအစားအသောက်တွေကို ဆေးနဲ့တွဲပြီး မစားသင့်

စောနွဲ့နေဆိုင် ( ပူတာအို )

ဖျားနာလို့ ပဋိဇီဝဆေးလို့ခေါ်တဲ့ အင်္ဂလိပ်ဆေးများကို သောက်တော့မယ်ဆိုရင် အောက်ပါ အစားအစာများနဲ့ တွဲပြီး မသောက်မိစေရန် ရေးသားမျှဝေလိုက်ပါတယ်။..

၁ ) လိမေ္မာ်ရည် , ခရမ်းချဉ် ဖျော်ရည် , စပ်စ္သီး , စပ်စ္သီး ဖျော်ရည် အချဉ် ဓာတ်ပါဝင်တဲ့ အသီးအရွက် တို့က ပဋိဇီဝဆေးများနဲ့ မသောက်သင့်ပါ။
ဆေးအာနိသင်ကို ချေဖျက် နှောက်ယှက်စေပါတယ်။

၂) သွေးနဲ့ပတ်သက်သည့် ဆေးများကို သောက်သုံးသူများ အနေနဲ့ ဆေးသောက်နေစဉ် အစိမ်းရောင် ဟင်းသီးဟင်းရွက်များဖြစ်တဲ့ ပန်းဂေါ်ဖီ၊ ဟင်းနုနွယ်၊ ကညွတ်၊ နွားနို့ နို့ထွက်ပစ္စည်း စတာတွေကို ခဏ ရှောင်သင့်ပါတယ်။

၃ ) အမျှင် ဓာတ်ပါတဲ့ fibers မ်ားကို ဆေးနဲ့အတူ မစားသင့်ပါ။

၄ ) ကဖင်း ဓာတ်ပါဝင်တဲ့ လက်ဘက်ရည်၊ ကော်ဖီ၊ ကိုလာတို့နဲ့ တွဲမသောက်သင့်ပါ။ ၄င်းတို့က လူကို နိုးကြားစေတဲ့ အတွက် ဆေးနဲ့ ဆန့်ကျင့်ဖက် ဖြစ်စေပါတယ်။

၅ ) အရက်၊ ဘီယာ၊ ဝိုင်၊ ကော့တေး စသည့် အယ်ကိုဟောလ် ပါဝင်သည့်အရည်များနှင့် လုံးဝ တွဲမသောက်သင့်ပါ။

အခန့်မသင့်လျှင် ပြန်အန်ထွက်တတ်သလို အရေးပေါ် ဌာနသို့ မရောက်နိုင်ပါက အသက်ပင် ပါသွားတတ်တဲ့ သာဓကများရှိပါတယ်။

အကောင်းဆုံးက မပူလွန်း မအေးလွန်းသည့် ရိုးရိုးရေ တစ်ခွက်နဲ့သာ သောက်တာ အကောင်းဆုံး ဖြစ်ပါတယ်။

အထက္က ဖော်ပြထားတဲ့ အစားအသောက်များကိုလည်း ဆေးသောက်ပြီး သို့မဟုတ် မသောက်မီ နာရီဝက် တနာရီခန့် အတွင်းမှာ မစားသောက်မိကြဖို့ သတိပေးတဲ့ အနေနဲ့ ရေးသားမျှဝေပေးလိုက်ပါတယ်။

Creadit

Want your business to be the top-listed Jewelery/watch Store in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon