START Education Center
29/11/2025
လူတိုင်း သိထားရင်ကောင်းမယ့် လူမှုကျင့်ဝတ်များ (၂)
၅။ ကိုယ်ရေးကိုယ်တာတိုင်းကို လေးစားပါ။
လူတွေနဲ့ အရမ်းအနီးကပ်မနေသင့်ပါ။ တစ်စုံတစ်ယောက်ကို မထိခင်မှာ အမြဲခွင့်တောင်းပါ။ ပတ်ဝန်းကျင်ကို သတိလေးထားပါ။ သူများရဲ့ ကိုယ်ရေးကိုယ်တာကို လေးစားပါ။
၆။ ဝတ်စားဆင်ယင်မှုကို ဂရုစိုက်ပါ။
အချိန်အခါနှင့် နေရာပေါ်လိုက်ပြီး ဝတ်စားဆင်ယင်ပါ။ Dress code မသေချာလျှင် အနည်းငယ်မှန်းခြေပြီး ဝတ်နေကျပုံစံထက် သားသားနားနားလေး ဝတ်စားသွားတာက ပိုကောင်းပါတယ်။ ဒါ့အပြင် တစ်ကိုယ်ရည် သန့်ရှင်းရေးတွေဖြစ်တဲ့ ရေပုံမှန်ချိုးခြင်း၊ သွားတိုက်ခြင်း၊ သန့်ရှင်းသော အဝတ်အစားများ ဝတ်ဆင်ခြင်းတို့ကို ဂရုစိုက်ပါ။
၇။ နားထောင်တတ်သူဖြစ်ပါစေ။
တစ်ပါးသူက စကားပြောတဲ့အခါ ဂရုတစိုက်နဲ့ စိတ်ဝင်တစားနားထောင်ပါ။ သူတို့ရဲ့ ထင်မြင်ချက်တွေကို စိတ်ပါဝင်စားပေးပါ။ ဖြတ်ပြောတာတို့၊ ကိုယ်ချည်းပဲ ဦးဆောင်ပြောနေတာတို့ မလုပ်သင့်ပါ။ သူများရဲ့ အမြင်ကို လေးစားပါ။
၈။ ဖုန်းကို အဝေးမှာထားပါ။
တခြားသူတစ်ယောက်ယောက်နဲ့ ရှိနေစဥ် အီလက်ထရောနစ်ပစ္စည်း၊ ဖုန်းစတာတွေကို သုံးနေတာတွေကို ရှောင်ကြဥ်ပါ။ အထူးသဖြင့် စကားပြောနေစဥ်နဲ့ အစည်းအဝေးလုပ်နေချိန်တွေမှာဆိုရင်ပေါ့။
၉။ ဆက်ဆံရေးကောင်းအောင် လေ့ကျင့်ပါ။
သူတစ်ပါးနဲ့ ဆက်ဆံတဲ့အခါ ရှင်းလင်းတိကျစွာ ပြောဆိုဆက်ဆံပါ။ တစ်ဖက်သားနားမလည်တဲ့ စကားလုံးတွေ သုံးတာကို တတ်နိုင်သမျှ ရှောင်ကြဥ်ပါ။ စကားလုံးတွေမှ မဟုတ်ပဲ Body Language တွေကိုလည်း သတိထားသင့်ပါတယ်။ Body Language တွေက ကိုယ့်ရဲ့ အာရုံနဲ့ စိတ်ခံစားချက်တွေကို အများကြီး ဖော်ပြပေးနိုင်ပါတယ်။
၁၀။ အချိန်တိကျပါစေ
အစည်းအဝေးတွေ၊ တွေ့ဆုံပွဲတွေမှာ အချိန်တိကျအောင် အမြဲလုပ်ခြင်းဖြင့် သူတစ်ပါးရဲ့ အချိန်ကို လေးစားကြောင်း ပြသပါ။ အကယ်၍ ကိုယ်က နောက်ကျမည်ဆိုပါက တစ်ဖက်သူကို တတ်နိုင်သလောက် စောစော အသိပေးပါ။
နိဂုံးချုပ်ရမယ်ဆိုရင်တော့ ဒီလူမှုကျင့်ဝတ်လေးတွေ သိထားမယ်ဆိုရင် တစ်ပါးသူတွေကို လေးစားရာကျပြီး စိတ်ကျေနပ်စေပါတယ်။ ဒါကြောင့် ဘယ်အခြေအနေမဆို ယဉ်ကျေးပြီး သူတစ်ပါးအတွက်တွေးပေးနိုင်အောင် ကြိုးစားပါ။
Source from "The British School of Excellence"
အပိုင်း (၁) ကို Comment မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
19/09/2025
ပို့စ်တွေ မတင်ဖြစ်တာကြာပြီဖြစ်တဲ့ SEC ပြန်လာပါပြီ...😎
အရင်လို လေ့လာသူတွေအတွက် အကျိုးရှိစေမယ့် ပို့စ်လေးတွေ တင်ပေးသွားပါမယ်ခင်ဗျာ...
အင်္ဂလိပ်စာလေ့လာရေးမှာ အဆင်ပြေစေဖို့အတွက် SEC မှ ကူညီဖို့အသင့်ရှိနေပါတယ်။
Blamer တွေအတွက် English လို အခြေခံ Blame နိုင်တဲ့စကားလုံးများ
Expressions of Blaming Someone:
✅It’s your fault.
ဒါက မင်းအပြစ်ပဲ။
✅It’s your mistake.
ဒါမင်းမှားတာပဲ။
✅I can’t believe that you did it.
မင်းလုပ်ခဲ့တာကို မယုံနိုင်ဘူး။
✅How could you do such a thing?
မင်းဘာကြောင့် ဒီလိုအလုပ်မျိုးလုပ်နိုင်တာလဲ?
✅Are you out of your mind?
မင်း ရူးများနေလား?
✅What on earth were you thinking?
မင်းဘာတွေ တွေးနေတာလဲ? (သောက်တလွဲလုပ်လို့ ပြောတာဖြစ်ပါတယ်။)
✅I think you are the one to blame.
ငါအထင် မင်းကိုပဲ အပြစ်တင်ရမှာပဲ။
✅I think you are the one who could have done it.
ငါထင်တာက ဒါကို မင်းပဲလုပ်ခဲ့တာဖြစ်နိုင်တယ်။
START EDUCATION CENTER
29/06/2025
ဟိုတယ်သုံး အင်္ဂလိပ်စကားပြောများ
1. The Guest (ဧည့်သည်)
🔸Have you got a single room for tonight?
ဒီည တစ်ယောက်ခန်းလေးရနိုင်မလားခင်ဗျာ။
🔸I'd like to stay in a double room.
နှစ်ယောက်ခန်းမှာ နေချင်လို့ပါခင်ဗျာ။
🔸Do all the rooms have air-conditioning?
အခန်းအားလုံးမှာ အဲကွန်းပါလားခင်ဗျာ။
🔸Is breakfast included?
နံနက်စာ ပါသလားခင်ဗျာ။
🔸When do you serve breakfast?
နံနက်စာ ဘယ်အချိန်မှာ တည်ခင်းတာလဲခင်ဗျာ။
🔸Could you give me a call at 7 tomorrow morning, please?
မနက်ဖြန်မနက် ၇ နာရီမှာ ဖုန်းခေါ်ပေးလို့ရမလားခင်ဗျာ။
🔸I'd like to pay in cash/by credit card/by traveller's cheque.
ကျွန်တော် ငွေသား / ခရက်ဒစ်ကဒ် / ခရီးသွားချက်လက်မှတ်နဲ့ပေးချင်ပါတယ်။
2. The Receptionist (ဧည့်ကြိုဝန်ထမ်း)
🔸Hello, can I help you?
မင်္ဂလာပါ။ ဘာကူညီပေးရမလဲခင်ဗျာ။
🔸Would you like a room with a bath or a shower?
ရေချိုးကန်နဲ့အခန်း သို့မဟုတ် ရေချိုးစက်နဲ့အခန်း ဘယ်အခန်းလိုချင်ပါသလဲခင်ဗျာ။
🔸How long would you like to stay at our hotel?
ဟိုတယ်မှာ ဘယ်လောက်ကြာကြာ တည်းမှာပါသလဲ?
🔸How would you like to pay?
ငွေဘယ်လို ပေးချေချင်သလဲ?
🔸Your room is on the second floor on the right.
လူကြီးမင်းအခန်းက ဒုတိယထပ်၊ ညာဘက်မှာရှိတယ်။
🔸Sorry, we're fully booked for tonight.
တောင်းပန်ပါတယ်၊ ဒီညအတွက် အခန်းအားလုံးကြိုယူပြီးသားဖြစ်ပါတယ်။
🔸Sorry, we are full up.
တောင်းပန်ပါတယ်၊ အခန်းမရှိတော့ပါဘူး။
🔸Is there anything else I can do for you?
ကျွန်တော် တခြား ဘာများလုပ်ပေးရဦးမလဲခင်ဗျာ။
> SEC Telegram Channel Join ရန်
https://t.me/+T-ICe_dnGBg2YWNl
With love,
START Education Center
ပီဇာတစ်ခုတန်ဖိုး😁
> SEC Telegram Channel Join ရန်
https://t.me/+T-ICe_dnGBg2YWNl
With love,
START Education Center
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Address
Yangon