ZaiBot Technology

ZaiBot Technology

Share

Photos from ZaiBot Technology's post 15/01/2021

အမျိုးအစားများနဲ့ Data store လုပ်ပုံများအကြောင်း
--------------------------------------
Database ဆိုတာကတော့ အစုအဖွဲ့အလိုက်သိမ်းဆည်းထားတဲ့ data တွေကို computer system ကနေတဆင့် စီမံကိုင်တွယ်နိုင်တဲ့အရာတစ်ခုဖြစ်ပါတယ်။ Database တွေကျယ်ပြန့်ကြီးမားလာတာနဲ့အမျှ ကိုင်တွယ်ရတဲ့နည်းစနစ်တွေကလည်းမတူညီပါဘူး။ Database အမျိုးအစားမှာဆိုရင် Relational Database နဲ့ Non-Relational Database ဆိုပြီး (၂) မျိုးရှိပါတယ်။

𝐑𝐞𝐥𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐃𝐚𝐭𝐚𝐛𝐚𝐬𝐞/ 𝐒𝐐𝐋 (𝐒𝐭𝐫𝐮𝐜𝐭𝐮𝐫𝐞𝐝 𝐐𝐮𝐞𝐫𝐲 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞) ဟာ structure ကျတဲ့ data တွေကို စီမံခန့်ခွဲနိုင်ဖို့ပံ့ပိုးပေးပြီး သူ့မှာ data တွေကို category အမျိုးအစားခွဲခြားသိမ်းဆည်းပေးတဲ့ tables (rows, columns) တွေပါ၀င်ပါတယ်။
Oracle, MySQL, Microsoft SQL Server, PostgreSQL, DB2 အစရှိတာတွေကတော့ နာမည်ကြီး Relational Database တွေပါ။

𝐍𝐨𝐧-𝐑𝐞𝐥𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐃𝐚𝐭𝐚𝐛𝐚𝐬𝐞/ 𝐍𝐨𝐒𝐐𝐋 ဟာ Relational Database နဲ့ပြောင်းပြန်ပါ။ Relational Database မှာ data တွေ store လုပ်ဖို့ structure ကျနေဖို့လိုအပ်ပေမယ့် Non-Relational Database မှာ structure မကျတဲ့ data တွေကို store လုပ်ပြီး စီမံခန့်ခွဲနိုင်ပါတယ်။
Elasticsearch, Splunk, Solr အစရှိတာတွေကတော့ unstructured data တွေ store လုပ်ရာမှာအသုံးပြုနိုင်တဲ့ Non-Relational Database တွေဖြစ်ပါတယ်။

Database အမျိုးအစားကွဲပြားသလို data store လုပ်တဲ့ပုံစံတွေကလည်း မတူညီကြပါဘူး။ Data store လုပ်ရာမှာ Centralized, Distributed နဲ့ Cloud ဆိုပြီး ယေဘုယျအားဖြင့် အမျိုးအစား (၃) မျိုးခွဲခြားနိုင်ပါတယ်။

✅Centralized Database type
Data တွေကို သတ်မှတ်ထားတဲ့နေရာတစ်ခုတည်းမှာ သိုလှောင်ထားပြီး မတူညီတဲ့တည်နေရာက users တွေ computer network မှတဆင့် Data တွေကို access လုပ်အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးတာ Centralized အမျိုးအစားဖြစ်ပါတယ်။ Centralized Database type ကို business company အဖွဲ့အစည်းတွေ၊ university တွေမှာအများအားဖြင့်အသုံးပြုလေ့ရှိပါတယ်။

✅Distributed Database type
Distributed Database type က Centralized Database type ရဲ့ဆန့်ကျင်ဖက်ဖြစ်ပါတယ်။ Distributed database ဟာ data တွေကို မတူညီတဲ့တည်နေရာ၊ data သိုလှောင်တဲ့ တည်နေရာတစ်ခုတည်းဖြစ်နေရင်တောင် မတူညီတဲ့ computers တွေဆီမှာ data တွေထားရှိတဲ့ database type ပါ။
Data သိုလှောင်တဲ့နေရာမတူညီပေမယ့် တည်နေရာအချင်းချင်း ချိတ်ဆက်ထားတာကြောင့် data store လုပ်ထားတဲ့ တည်နေရာမတူညီရင်တောင် data တွေအားလုံးကို အလွယ်တကူ access လုပ်ဆောင်နိုင်ပါတယ်။
Distributed database type မှာ Homogenous နဲ့ Heterogenous ဆိုပြီး terms (၂) မျိုးရှိပါတယ်။ တူညီတဲ့ Hardware, Operating System, Application procedures တွေမှာ run နေတဲ့ database ကို Homogenous လို့ခေါ်ဆိုနိုင်ပြီး မတူညီတဲ့ hardware, operating System, application procedures တွေမှာ run နေတဲ့ database ကိုတော့ Heterogenous လို့ခေါ်ဆိုနိုင်ပါတယ်။

✅Cloud Database type
အခုနောက်ပိုင်းမှာဆိုရင် virtual environment ဖြစ်တဲ့ Clouds တွေပေါ်မှာ data တွေထားရှိမှုဟာ တစ်ဖြည်းဖြည်းများပြားလာပြီဖြစ်ပါတယ်။ Cloud database အမျိုးအစားဆိုတာ အဲ့လို virtual environment clouds ပေါ် data တွေထားရှိရာမှာ ပိုမိုအဆင်ပြေစေဖို့တည်ဆောက်ထားတဲ့ database အမျိုးအစားဖြစ်ပါတယ်။

Crd MIA

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00