5 Star Engineering & Computer Training Center

5 Star Engineering & Computer Training Center

Share

Photos from 5 Star Engineering & Computer Training Center's post 09/07/2022

𝗖𝗼𝗺𝗽𝘂𝘁𝗲𝗿 သုံးမပြုတတ်သေးတဲ့ သူတွေအတွက်အခြေခံကနေ လေ့လာလို့ရအောင် တင်ပေးလိုက်ပါတယ်💻💻💻 Computerသင်တန်းများကိုone by oneစနစ်ဖြင့် တက်ရောက်နိုင်ပါပြီ reviewကြည့်ပြီးမှတက်ချင်သူတွေအတွက်REVIEWလေးတွေတွဲတင်ပေးလိုက်ပါတယ်💻💻💻
သင်တန်းစုံစမ်းရန် ☎-09986793850/09420271404
=====================================

Computer အသုံးအနှုန်း။

Monitor ကို >> (Desktop,Logo,Home page) လို့ခေါ်
မြှားလေးကို >> Pointer လို့ခေါ်
Computer မှာ အသုံးပြုနေတဲ့ Software Application တွေကို Shortcut icon လို့ခေါ်
OS = Operating System (စနစ်တစ်ခုလုံးကို လည်ပတ်စေတဲ့ System)

Computer မှာ Partation (2) ပိုင်းရှိသည်။

(1)Local Disk: (C)
(2)Local Disk: (D) ဆိုပြီး အပိုင်း (2) ရှိသည်။
Local Disk: (C)က Window တင်ကတည်းက ပါလာသောအပိုင်း
ထို့ကြောင့် မိမိရဲ့ အရေးကြီးသော Data များကို Local Disk: (D) ထဲမှာ သိမ်းရန်
Local Disk: (C)ထဲမှာထားမိပါက Window ကျသည်နှင့်တပြိုင်နက် Data အားလုံးပျက်သွားမည်။
Phone တစ်လုံးပြင်မယ်ဆိုရင် Computer မှာ System 32 bit
နဲ့ Window က Window 7 နဲ့မှ ပိုအဆင်ပြေမည်။
Computer ရဲ့ System Type ကို ကြည့်ချင်ရင် My Computer >> R-Click >> Properties ကို နှိပ် Box တတ်လာရင် System Type မှာ System 32 bit (or) 64 bit ကြည်နိူင်။
( Shortcut က < Alt + Enter > )

Mouse အသုံးပြုနည်း

Mouse တစ်ခုတွင် Button Key နှစ်ခု Wheel တစ်ခုပါသည်။
ဘယ်ဘက်က Key ကို Left Click လို့ခေါ်
ညာဘက်က Key ကို Right Click လို့ခေါ်
အလယ်က ဘီးလေးကို Wheel လို့ခေါ်

ဘယ်ဘယ် ခလုတ် နှိပ်ခြင်းကို Single Click (or) Click လို့ခေါ် (Click 1 ချက်)
ညာဘယ် ခလုတ် နှိပ်ခြင်းကို Right Click လို့ခေါ်(Click 1 ချက်)
Click နှစ်ချက် ဆက်တိုက်နှိပ်ခြင်းကို Double Click လို့ခေါ်(Click 2 ချက်)

Select မှတ်ချင်ရင် Single Click (or) Click (Click တစ်ချက်)
Software application တစ်ခုခုကို ဖွင့်ချင်လျှင်/၀င်ချင်လျှင် Double Click (Click နှစ်ချက်)

New Folder ဆောက်နည်း။

My Computer ရဲ့ လွတ်တဲ့နေရာမှာ Right Click >> New >> Folder (or) New Document (or) New World Document , etc….

Software application တစ်ခုခုကို (Rename) နာမည်ပြောင်းနည်း။

မိမိပြောင်းချင်သော Software application လေးကို Select မှတ် ပြီးရင် R-Click >> Rename ကိုနှိပ်ပြီး Name ပြောင်းနိုင်သည်

File / Folder တစ်ခုခုကို ဖျက်နည်း။

မိမိ ဖျက်ချင်သော File / Folder ကို Select မှတ် R-Click >> Delete နဲ့ဖျက်

Computer မှာ Stick (or) Memory Card (or) SD Card ကိုဖြုတ်နည်း။

My Computer ကိုဖွင့် Stick (or) SD Card ကို Select မှတ် >> R-Click >> Eject ကိုနှိပ်ပြီးဖြုတ်နိုင်။

Computer မှာ Have Disk တတ်ထားပြီး ဖြုတ်နည်း။

Computer အောက်ခြေတွင် ရှိသော TaskBar ပေါ်ရှိ Up arrow icon ကို တစ်ချက်နှိပ် ပြီးရင် USB ခေါင်းပုံစံ ကို Click တစ်ချက်နှိပ် Eject နဲ့ဖြုတ်။

Copy / Paste လုပ်နည်း (4) နည်းရှိသည်။

(1)Simple Copy ကူးနည်း။

မိမိ Copy ကူးချင်သော Photo , Video , Music , Application ,etc…. ကို Select မှတ် >> R-Click >> Copy ကိုနှိပ်။
ပြီးရင် မိမိထားချင်သောနေရာ (e.g Desktop,Lacal Disk:D,Stick,SD Card,Have Disk) တွင် R-Click >> Paste ကိုနှိပ်။

(2) ဖိဆွဲပြီး Copy ကူးနည်း။

မိမိ Copy ကူးချင်သော Photo , Video , Music , Application ,etc…. ကို Select မှတ်
မိမိထားချင်သောနေရာ (e.g Desktop,Lacal Disk:D,Stick,SD Card,Have Disk) Drag and Drop ဖိဆွဲပါ။
Partation မတူရင် Copy ဖြစ်
Partation တူရင် Cut ဖြစ်သွားသည်။

(3) Shortcut သုံးပြီး Copy ကူးနည်း။

မိမိ Copy ကူးချင်သော Photo,Video,Music,File,Folder,etc…… ကို Select မှတ် ပြီးရင် Ctrl + C ကိုနှိပ်။
ပြီးရင် မိမိ ထားချင်သော (e.g Desktop,Local Disk: D,Have Disk,etc…… နေရာတွင် Ctrl + V နှိပ်။
Cut နဲ့ ကူးချင်ရင် Ctrl + X
Paste လုပ်ချင်ရင် Ctrl + V

(4) Send To နဲ့ Copy ကူးနည်း။

မိမိ Copy ကူးချင်သော Photo,Video,Music,File,Folder,etc……
ကို Select မှတ် R-Click >> Send to နဲ့ မိမိ ပို့ချင်သော partation ကို ရွေးပြီးပို့။

Cut နဲ့ ကူးနည်း။

မိမိ Copy ကူးချင်သော Photo,Video,Music,File,Folder,etc….. ကို Select မှတ် R-Click >> Cut
မိမိ ထားချင်သော နေရာ (e.g Desktop,Local Disk:D,Have Disk,etc……) တွင် R-Click >> Paste

Copy = ပွားယူခြင်း။
Cut = အပြီးကူးခြင်း/အပြီးရွေ့ခြင်း။

ကျော်မှတ်ချင်ရင် Ctrl Key ကိုဖိနှိပ်။
တစ်ဆက်ထဲမှတ်ချင်ရင် Shift Key ကိုဖိနှိပ်။

File / Folder ခွဲနည်း။

File Name ပါပြီး File Extension မပါတာကို Folder လို့သတ်မှတ်။
File Name ပါပြီး File Extension ပါတာကို File လို့သတ်မှတ်။
File Name ရဲ့ နောက်မှာ (.zip,.rar) နဲ့ ဆုံးရင် zip file (or) rar file လို့ သတ်မှတ်။
zip File / rar File မှန်ရင် zip/rar ဖြည်ရမည်။

File extension ဖော်နည်း။

Organize >> Folder and Search Options >> View Tab >> Hide extension for known file type ကို အမှန်ခြစ်ဖြုတ် Apply >> Ok
Shortcut < Alt + T + O >

Zip file / Rar file ဖြည်နည်း။


Zip file / Rar file ဖြည်နည်း (4) နည်းရှိသည်။

Extract files
Extract Here
Extract to
Extract each

Extract File (Location တောင်းဖြည်ခြင်း။)

မိမိ ဖြည်ချင်သော Zip file / Rar file ကို Select မှတ်။
R- Click >> Extract file ကိုနှိပ်။
Box တတ်လာရင် မိမိ ထားချင်သော နေရာ (e.g Desktop,Local Disk D,Have Disk,etc…..) ရွေး ပြီးရင် Ok ကိုနှိပ်။

Extract file ရဲ့ အကျိုးသက်ရောက်မှုက Zip ချုပ်ထားတဲ့ အတိုင်း ဖြည်ပေးသည်။

Extract Here ( ဒီနေရာမှာပဲဖြည်ပေးသည်။)

မိမိ ဖြည်ချင်သော Zip file / Rar file ကို Select မှတ်။
R- Click >> Extract Here ကိုနှိပ်။
Extract Here ရဲ့ အကျိုးသက်ရောက်မှုက Extract file လိုပဲ Zip ချုပ်ထားတဲ့ အတိုင်းဖြည်ပေးသည်

Extract To ( ဒီနေရာမှာပဲ Folder လိုက်ဖြည်ခြင်း။)

မိမိ ဖြည်ချင်သော Zip file / Rar file ကို Select မှတ်။
R- Click >> Extract to ကိုနှိပ်။

Extract to ရဲ့ အကျိုးသက်ရောက်မှု က Zip ဖြည်ရင် Folder လိုက်ပဲဖြည်သည်။

Extract each ( ဒီနေရာမှာပဲ Folder လိုက်ဖြည်ခြင်း။) (တစ်ခုထက် ပိုပြီး ဖြည်ချင်ရင် သုံး။)

မိမိ ဖြည်ချင်သော Zip file / Rar file ကို Select မှတ်။
R- Click >> Extract each ကို နှိပ်။

(တစ်ခုထက်ပိုပြီး ဖြည်ချင်မှသုံးသည်)

Zip file / Rar file ချုပ်နည်း။

Zip file / Rar file ချုပ်နည်း (2) နည်းရှိသည်။

(1) Add to archive နဲ့ချုပ်နည်း။

မိမိ ချုပ်ချင်သော File / Folder ကို Select မှတ်။
R-Click >> Add to archive ကိုနှိပ်။
Box တတ်လာရင် Zip/Rar စိတ်ကြိုက်ရွေးချုပ်နိုင်သည်။
ပြီးရင် OK ကိုနှိပ်။

(2) Add to Name .rar နဲ့ချုပ်နည်း။

မိမိ ချုပ်ချင်သော File/Folder ကို Select မှတ်။
R-Click >> Add to Name .rar နဲ့ချုပ်။

Computer မှာ Software များ Install / Uninstall လုပ်နည်း။

Install လုပ်နည်း။

မိမိ Install လုပ်ချင်သော Software ကို Select မှတ် Double Click ခေါက်ပြီး Run ပါ။
( Computer မှာ (Yes) (or) (No) Box ) တတ်လာရင် (Yes) ကိုနှိပ် ( Computer မှာ (OK) (or) (Cencle) Box တတ်လာရင် (OK) ကိုနှိပ်
ပြီးရင် Next နဲ့ဆက်သွား ပြီးရင် Finish ကိုနှိပ်။ ( ချွင်းချက်။ ။ Software တစ်ခုနှင့်တစ်ခု မတူ)

Uninstall လုပ်နည်း။

My Computer ကိုဖွင့် Uninstall (or) Change a program ကိုနှိပ်။ ပြီးရင် မိမိ Uninstall လုပ်ချင်သော Software ကို Select မှတ် Uninstall ကိုနှိပ်
( Software ကို Double Click ခေါက်လဲရ)

Shortcut

My Computer = Window + E
New Window = Ctrl + N
Close Window = Ctrl + W
Close Window = Alt + F4 (or) Alt + Space + C
Window Minimize = Window + Down arrow
Window Maximize = Window + Up arrow
Window Left = Window + Left arrow
Window Right = Window + Right arrow
Window Hide = Window + D
Window Hide = Window + M
Lock = Window + L
Window Style (3D) = Window + Tab
Window Style (Simple) = Alt + Tab
Properties = Alt + Enter
Back = Backspace
Copy = Ctrl + C
Cut = Ctrl + X
Paste = Ctrl + V
Select All = Ctrl + A
Print = Ctrl + P
File Open = Ctrl + O
Save = Ctrl + S
ကျော်မှတ်ချင်ရင် = Ctrl Key ဖိ
တစ်ဆက်တည်းမှတ်ချင်ရင် = Shift Key ဖိ
Select မှတ်ချင်ရင် = Spacebar
နေရာရွေးချင်ရင် = Tab Key
၀င်ချင်ရင်/ဖွင့်ချင်ရင် = Enter Key
ဖျက်ချင်ရင် = Shift + Delete (or) Delete
Stop = Esc

New Tab = Ctrl + T
Close Tab = Ctrl + W
New Window = Ctrl + N
Close Window = Alt + F4
ရှေ့သို့ ရွေ့ချင်ရင် = Ctrl + Tab
နောက်သို့ ပြန်ရွေ့ချင်ရင် = Ctrl + Shift + Tab
www. …… .com = Ctrl + Enter
www. …… .net = Shift + Enter
www. …… .org = Ctrl + Shift + Enter

Computer Shutdown = Alt + F4 + Enter
Computer Shutdown = Window + Right arrow + Enter

Computer မှာ Software တစ်ခုခု error တတ်ရင်
Computer ရဲ့ အောက် bar မှာ R-Click >> Start Task Manager ကို နှိပ် Box တတ်လာရင် Application နဲ့ Processes မှာ End Task (or) End Process လုပ်ပေး။

Unit

1024Byte = 1Kilobyte (1KB)
1024KB = 1Megabyte (1MB)
1024MB = 1 Gagabyte (1GB)
1024GB = 1 Terabyte (1TB)

အမြဲတမ်း 1000 နဲ့ပဲတွက်
e.g >> 1000MB = 1GB
1000GB = 1TB

27/06/2022

User အများစုသတိမထားမိကြတဲ့
Laptop များရဲ့အားသာချက်တချို့
========================
Desktop နဲ့ Laptop ရဲ့ ကွာခြားမှုအများစုကို အသုံးပြုသူအများစုသတိထားမိကြမှာပါ။ ၂ မျိုးစလုံးမှာ အသုံးဝင်ပုံနဲ့ ဖွဲ့စည်းတည်ဆောက်ပုံအရ အားနည်းချက် အားသာချက်ကိုယ်စီရှိကြပါတယ်။ ဒါပေမယ့် Computer အသုံးပြုသူတွေ သတိမပြုမိကြတဲ့ Laptop တွေရဲ့ အားသာမှုတချို့ ရှိပါတယ်။ အများအားဖြင့် Desktop အသုံးပြုသူတွေအနေနဲ့ မသိကြတာများပါတယ်။ အဲဒါတွေကိုစုစည်းဖော်ပြလိုက်ပါတယ်။
ပုံစာနဲ့လည်း ပူးတွဲဖော်ပြထားပါတယ်။
(၁) Wi-Fi / Bluetooth
Laptop တွေဟာ Mobile Used သွားလာသယ်ဆောင်အသုံးပြုရတဲ့ ပစ္စည်းတစ်ခုဖြစ်တာကြောင့် Wifi / Bluetooth အစရှိတဲ့ ကြိုးမဲ့ကွန်ယက်ကို အသုံးပြုလို့ရအောင် စံနှုန်းအနေနဲ့ ထည့်သွင်း‌ထားပါတယ်။ Desktop System Unit အားလုံးနီးပါးမှာ Wifi Network Chip နဲ့ Bluetooth Chip တွေ မပါဝင်တဲ့အတွက် Wifi / Bluetooth ချိတ်ဆက်မှု တွေကို လုံးဝ ပြုလုပ်နိုင်မှာမဟုတ်ပါဘူး။ User အများစုက Desktop ကို Wifi စနစ်ပါတယ်ထင်ပြီး Wifi ချိတ်ဆက်ဖို့ ခဏခဏကြိုးစားကြပါတယ်။ အဲဒီလိုချိတ်ဆက်နိုင်ဖို့အတွက် USB Wifi / Bluetooth Adapter လေးတွေ ဝယ်ယူတပ်ဆင်ပြီးအသုံးပြုရပါမယ်။

(၂) We**am
Laptop အများစုမှာ we**am တပါတည်း ပါဝင်‌လေ့ရှိပါတယ်။ Desktop တွေအားလုံးမှာတော့ We**am ပါဝင်မှုမရှိပါဘူး အဲဒါကြောင့် USB We**am ကို ထပ်မံတပ်ဆင်အသုံးပြုရပါမယ်။

(၃) Sound Speaker
Mobile ထုတ်ကုန် ဖြစ်တဲ့ Laptop တွေမှာ အသံထွက်စနစ်အတွက် Speaker တစ်စုံကိုပါ တစ်ပါတည်းတပ်ဆင်ထားပါတယ်။ Desktop တွေမှာက Buzzer လို့ခေါ်တဲ့ Error Message ပေးတဲ့ Speaker သေးသေးလေးကိုသာ Motherboard မှာတပ်ဆင်ထားတာကလွဲပြီး တခြားအသံစနစ်အတွက် Speaker တွေတပ်ဆင်ထားတာမရှိပါ။ (တချို့ Branded PC တွေနဲ့ AIO PC တွေမှာတော့ Monitor မှာ တပါတည်းတပ်ဆင်ပေးထားပါတယ်) အဲဒါကြောင့် သီချင်းသံ အစရှိတဲ့ အသံတွေနားထောင်ချင်ရင် Desktop Computer System Unit ရဲ့ Audio Out အပေါက်ကနေတစ်ဆင့် အသံချဲ့စနစ်ပါတဲ့ Active Computer Speaker ကိုသီးသန့် တပ်ဆင်ရပါတယ်။

(၄) Hibernation Power Option
Laptop တွေမှာ Battery ပါဝင်တဲ့အတွက် အသုံးပြုနေတဲ့ System ကို မပိတ်ပဲ Hibernate Option ကို အသုံးပြုနိုင်ပါတယ်။ Hibernate ဟာ ရောက်လက်စ သုံးလက်စနေရာကို မှတ်ထားပြီး Battery ရှိနေသမျှ ကြိုက်တဲ့အချိန် အသင့်ပြန်ဝင်သုံးနိုင်ပါတယ်။ အဲဒီ Option ကို On Windows ထဲမှာ ထားရင် Shut Down ခလုပ်နှိပ်တဲ့အခါ Hibernate ခလုတ်လေးပိုလာပါမယ်။ Desktop တွေမှာက Battery မပါတာကြောင့် Hibernation ဟာ အပိုဖြစ်နေပါတယ်။

(၅) Fn Key
Fn Key ဟာ Laptop တွေမှာ စံနှုန်းတစ်ခုတွေနဲ့ ပါဝင်ပါတယ်။ Fn Key ကို တခြား Key တွေနဲ့ တွဲနှိပ်မယ်ဆိုရင် Laptop တလုံးရဲ့ အရေးပါတဲ့ အလင်းအမှောင်ချိန်ညှိတာတွေ/ အသံအတိုးအကျယ်တွေ/Wireless စနစ် အဖွင့်အပိတ်တွေ
/ ပြင်ပ Monitor သို့မဟုတ် TV နဲ့ချိတ်ဆက်မှု Screen Sharing အစရှိတဲ့ လုပ်ဆောင်ချက်တွေကို ပြုလုပ်နိုင်သလို Laptop Model အပေါ်မူတည်ပြီး Fn ခလုတ်ရဲ့ အသုံးဝင်ပုံချင်း ကွာခြားပါတယ်။

(၆) Screen Sharing
Laptop တွေဟာ ၎င်းမှာပါဝင်တဲ့ HDMI/VGA Port ကနေတစ်ဆင့် External Monitor သို့မဟုတ် TV တွေကို ကြိုးနဲ့ချိတ်ဆက်ပြီး Screen Sharing ပြုလုပ်နိုင်သလို Wifi ကို အသုံးပြုပြီး Screen Cast စနစ်နဲ့ Smart TV တွေနဲ့ ကြိုးမဲ့ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ Desktop တွေမှာက Monitor သီးသန့် ပါဝင်ပြီးသားဖြစ်တဲ့အတွက် Graphic Card အပေါ်မူတည်ပြီး နောက်ထပ် Monitor/TV တစ်လုံးနဲ့ချိတ်ဆက်ဖို့ အကန့်အသတ်ရှိပါတယ်။

(၇) Card Reader
Laptop အများစုမှာ Card Reader တပါတည်း ပါဝင်ပါတယ်။ ပုံမှန်အနေနဲ့ SD Card ထည့်သွင်းအသုံးပြု ရသလို မော်ဒယ်မြင့်ပါးလွှာတဲ့ Laptop တွေမှာဆိုရင် Micro SD Card ပေါက်ပါဝင်ပါတယ်။ အဲဒါကြောင့် Memory Card များကို တိုက်ရိုက်ထည့်သွင်းအသုံးပြုနိုင်ကြပါတယ်။
ဒါတွေဟာ User အများစု သတိမထားမိတဲ့ Laptop တွေရဲ့ အားသာချက်တချို့ ဖြစ်ပါတယ်။

လေးစားစွာဖြင့်မူရင်းရေးသားသူအား credit ပေးပါသည်။

23/05/2021

Laptop ဝယ်တော့မယ်ဆိုရင်
ဒါလေးကိုအရင်ဖတ်ကြည့်လိုက်ပါ။
=====================
Laptop တစ်လုံးဝယ်မယ်ဆိုရင်
i3 လား i5 လား၊ generation ဘယ်လောက်လဲ၊ ram ဘယ်လောက်လဲ၊ graphic ကရောဘယ်လောက်ပါလဲ၊ HDD ရောဘယ်လောက်လဲ စသည်ဖြင့် ယေဘူယျမေးမြန်းတတ်ကြပါတယ်။ ဟုတ်ပြီ။ ကိုယ်တိုင်လဲ စစ်ဆေးကြည့်လို့ရပါတယ်။

စစ်ဆေးကြည့်ဖို့ဆိုရင် -

window key + pause break key နှိပ်ပါ။
(ပုံ ၁ အတိုင်းပေါ်လာပါမည်။)

processor မှာ i3-3110M လို့ ပြပါတယ်။ i3 ကတော့ ရှင်းပါတယ်။ Brand Modifier ပါ။ 3110 ရဲ့ အစစာလုံးက generation ပါ။ 3 ဆိုတော့ third generation ပေါ့။

Installed memory(RAM) ကေတာ့ ram 4GB ပါ။

graphic ဘယ်လောက်ပါလဲ ကြည့်မယ်ဆိုရင် -

window key + r(R) key ကို နှိပ်ပါ။ Run dialog box ကျလာပါလိမ့်မယ်။ အဲ့မှာ dxdiag လို့ရိုက်ပြီး enter ခေါက်ပါ။ Display ထဲ ဆက်ဝင်ပါ။(ပုံ ၂ အတိုင်းပေါ်လာပါမည်။)

Total Memory 1766MB ပါ။ (1024MB = 1GB)

HDD ကကြည့်ရလွယ်ပါတယ်။
window key + e(E) key နှိပ်ပြီး C နဲ့ D ပေါင်းကြည့်လိုက်ပါ။ HDD 500 GB ပါရင် သုံးလို့ အဆင်ပြေပြေရှိတယ်ပေါ့။ အဲထက်နည်းရင်တော့ data သိမ်းတာ ချွေတာရေးတွေ လုပ်ဆောင်ရပါလိမ့်မယ်။

500GB++ ပါရင် ok စိုပြေပဲ။ ဗဟုသုတပြောပြရရင် SSD ဆိုတာ ရှိပါသေးတယ်။ HDD ထက် 30% ပိုမြန်တယ်လို့ဆိုပါတယ်။

ယခု အချက်အလက်တွေအပေါ်
ချင့်ချိန်ပြီး laptop တစ်လုံးဝယ်ဖို့ ဆုံးဖြတ်သင့်ပြီလားဆိုတော့ မပြည့်စုံသေးဘူးလို့ပြောရပါမယ်။

CPU ရဲ့ performance ကလည်း အရေးကြီးပါတယ်။ ပထမဆုံး ကိုယ်က ဘာအတွက်သုံးချင်တာလဲ သိရပါမယ်။

ပုံမှန် software လေးတွေသုံးချင်တာလား၊ ပုံမှန် game လေးတွေပဲ ဆော့ချင်တာလား။ ဒါမှမဟုတ် photoshop တို့လို၊ video editingတို့လိုပြီးတော့အတန်အသင့်မြင့်တဲ့
ဂိမ်းမျိုးတွေဆော့ချင်တာလားဆုံးဖြတ်ရပါမယ်။(ဟဲဗီးသုံးချင်သူတွေအတွက်ကတော့ ရှင်းပါတယ် gaming laptop မှတပါး အခြားမရှိပါဘူး။)

CPU မှာ B, U, M, H, HQ, K စသည်ဖြင့် series တွေ ရှိပါတယ်။(ဘယ်လိုကြည့်ရလဲဆိုတော့ 7500U ဆို U series ပါ။ 3110M ဆို M series ပါ။)

B, U က low performance ပါ။
ဒါပေမယ့် သူ့ရဲ့အားသာချက်က ဘက်ထရီကြာကြာခံပါတယ်။
ပုံမှန် software တွေကို ဇိမ်လေးနဲ့သုံးချင်တယ်ဆို ရွေးချယ်သင့်တဲ့ အမျိုးအစားပါ။

ကွန်ပျူတာ အပူချိန်တက်တာ သက်သာတဲ့ အားသာချက်လဲ ရှိပါတယ်။ ကွန်ပျူတာအမျိုး အစားအပေါ်မူတည်ပြီး display ပိုင်း အားသာချက်တွေလည်းရှိပါတယ်။

B, U series က low performance ဆိုပေမယ့်လည်း photoshop, video editing(not professional) နဲ့ ပုံမှန်ဂိမ်းတွေ ကောင်းကောင်းဆော့လို့ရပါတယ်။

H, HQ, K ကတော့ high performance ပါ။ ကွန်ပျူတာအပူချိန်မြင့်ခြင်း၊ ဘတ်ထရီစားခြင်း စတဲ့ အားနည်းချက်တွေ ရှိပါတယ်။ စျေးမြင့်တဲ့ gaming laptop တွေမှာ အသုံးပြုလေ့ရှိတာကြောင့် cooling စနစ်ကောင်းကောင်းနဲ့ cover ပြန်လုပ်ထားတော့ OK တာပေါ့။

M ကတော့ B, U ထက်စာရင် CPU performance ကောင်းပါတယ်။ထို နည်းတူပဲ အပူချိန်မြင့်၊ ဘတ်ထရီစားစတဲ့ အားနည်းချက်တွေရှိပါတယ်။ တခြား U series စျေးမြင့်တာနဲ့ ယှဉ်ရင်လည်း အားနည်းချက်တွေ ရှိနိုင်ပါတယ်။

ဒါနဲ့ ကျန်ခဲ့တာလေး ပြောပြပါဦးမယ်။ i3-3110M နောက်က 2.40GHz က clock speed ပါ။

(ပုံ ၁) ရိုးရိုးလေးတွေးလိုက်တဲ့အတိုင်း clock speed များရင် ပိုကောင်းပါတယ်။ ပိုသိချင်ရင်တော့ What is ဆိုပြီး google ခေါက်လိုက်တာ ပိုအဆင်ပြေပါတယ်။

အဓိက ရွေးချယ်ဖြစ်တဲ့ အကြောင်းရင်းက စျေးသက်သာတဲ့ အချက်ပါ။
U series အသစ်တွေနဲ့ ယှဉ်ရင် စျေးတော်တော်လေးသက်သာပြီး တော်တော်လေးယှဉ်သုံးနိုင်ပါတယ်။



#ဆူးဂီးနိုင်း(ဇလပ်မြေ)

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


7/2. Lower Mingalardon Road. Insein Township. Yangon. Near Yangon Golf Club. Phone 09798242304. 09798242305
Yangon
11012

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00