Van Dar Collection

Van Dar Collection

Share

14/10/2025

𝐀𝐥𝐠𝐨𝐫𝐢𝐭𝐡𝐦 တို့ရဲ့ ကဗျာ၊ နှလုံးသားရဲ့ ပန်းချီ (𝐓𝐡𝐞 𝐏𝐨𝐞𝐦 𝐨𝐟 𝐀𝐥𝐠𝐨𝐫𝐢𝐭𝐡𝐦𝐬, 𝐓𝐡𝐞 𝐏𝐚𝐢𝐧𝐭𝐢𝐧𝐠 𝐨𝐟 𝐭𝐡𝐞 𝐇𝐞𝐚𝐫𝐭) 7.2

🎭 နဖားကြိုးကို ဘယ်သူကိုင်မလဲ?

အရင်တစ်ခေါက်က AI ဆိုတဲ့ နွားရိုင်းကို "သုံးလွန်းတင်ကျစ်ကြိုး" နဲ့ နဖားကြိုးထိုးဖို့ အခန့်သားပြောခဲ့တာတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ အဲ့ဒီ AI ဆိုတဲ့ နွားရိုင်းက ကမ္ဘာပတ်ပြီး သောင်းကျန်းနေတာ၊ ဘယ်ဒေါင့်ကနေ ကပ်ပြီး ကြိုးတပ်ရမှန်းတောင် မသိဘူး ဖြစ်နေတယ်။ 🌍

ကဲ, စဉ်းစားကြည့်။ ကိုယ့်လက်ဖက်ရည်ဆိုင်က စားပွဲထိုးလေးရဲ့ software ကို online မှာ တင်ရောင်းလိုက်တယ်။ အဲ့ဒါကို ဂျာမနီက ဘဲကြီးတစ်ယောက်က ဝယ်သုံးပြီး သူ့ server ကိုတော့ အမေရိကန်က ‘အန်ကယ်ဆမ်’ ဆီမှာ သွားထားတယ်။ တစ်နေ့ကျ software က ကွန်ဖူးစတိုင်နဲ့ လက်ဖက်ရည် လိုက်ချရင်း ဂျာမဏီကဘဲကြီးကို ခွက်နဲ့ကောက်ပေါက်လိုက်တယ် ဆိုပါတော့။ 💥

ကဲ... ဘယ်နိုင်ငံက ဥပဒေနဲ့ သူ့ကို ဖမ်းမလဲ? 🤔
ဒါဟာ အင်တာနက်ပေါ်မှာ ပတ်စ်ပို့မလိုဘဲ ဖြစ်ပေါ်လာတဲ့ "ပထဝီမရှိတဲ့ အမှုအခင်း" တွေရဲ့ နိဒါန်းပဲဗျို့။
________________________________________

🇪🇺 ဥရောပ vs. အမေရိကန် 🇺🇸

ဥပဒေနဲ့ပတ်သက်ရင် ဒီနှစ်ဖွဲ့က အမြင်မတူပါဘူး။
• အမေရိကန်: "လူမှုကွန်ယက်ပေါ်က data တွေလား? အားလုံးစားလို့ရတဲ့ ဘူဖေးပဲ၊ ယူသုံး၊ AI ကိုခွံ့" ဆိုတဲ့ပုံစံ။ 🍽️
• ဥရောပ: "သူများပန်းကန်ထဲ လက်မနှိုက်နဲ့လေ၊ အရင်ခွင့်တောင်းရတယ်" ဆိုတဲ့ပုံစံ။ polite 🙏
ဒီတော့ ဥရောပနိုင်ငံတချို့က Grok AI လိုမျိုးကို အကျယ်ချုပ်ချ (ban) လိုက်ကြရော။ (ဒါတောင် ဥရောပက ဂျန်းတဲမန်းကြီးတွေက VPN နဲ့ ခိုးသုံးတဲ့ ကျင့်ဝတ်နဲ့ ဥပဒေပိုင်း ထပ်ရှုပ်တာတွေ ထည့်မတွက်သေးဘူး။ 🤫)
ဒါ့အပြင် 'Data Sovereignty' (ဒေတာ အချုပ်အခြာအာဏာ) ဆိုတာကလည်း တစ်မျိုး။ "မင်းရဲ့ Data မှာလည်း မှတ်ပုံတင် ရှိတယ်" လို့ ဆိုလိုတာပဲ။ ကိုယ့်နိုင်ငံသားရဲ့ ‌ဒေတာကို တခြားနိုင်ငံမှာ သွားမသိမ်းရ ဆိုတဲ့ ဥပဒေမျိုး။ ဒါကြောင့် AI ကုမ္ပဏီတွေအတွက် ကမ္ဘာလုံးဆိုင်ရာ ဝန်ဆောင်မှုပေးရတာဟာ ကြိုးတန်းပေါ်မှာ စက်ဘီးစီးရသလို ဖြစ်နေရော။
________________________________________

⏳ နှစ် ၃၀၀ စောင့်ရမှာလား?
အရင်တုန်းက စာပေနဲ့ အနုပညာ မူပိုင်ခွင့်တွေအတွက် နိုင်ငံတကာ သဘောတူညီချက်တစ်ခုရဖို့ **နှစ် ၃၀၀ ကျော်** ကြာခဲ့တယ်ဗျ။ 🤯 Intel CPU က တစ်နှစ်ကို မျိုးဆက်နှစ်ခု သုံးခုပြောင်းနေတဲ့ခေတ်မှာ AI ဥပဒေအတွက် နှစ် ၃၀၀ စောင့်နေလို့ကတော့... အဲ့ဒီအချိန်ကျ ကျွန်တော်တို့ မြေးတွေက စက်ရုပ်ဖြစ်နေလောက်ပြီ။
________________________________________

🎯 ဒါ ငါတို့နဲ့ ဆိုင်သလား?
"ငါတို့နိုင်ငံက အပ်တိုတစ်ချောင်းတောင် ကိုယ်တိုင်မလုပ်နိုင်တာ၊ ငါတို့နဲ့ မဆိုင်ပါဘူး" လို့ ဖေ့ဘုတ်လေးပွတ်ရင်း ပြောမလို့လား? မှားသွားမယ်။
လုပ်တာ မလုပ်တာ အသာထား၊ ခင်ဗျားရော ကျွန်တော်တို့ပါရော အခုချိန်မှာ AI ဆိုတဲ့ ပင့်ကူအိမ်ထဲမှာ မိနေကြပြီ။ ဖုန်းလေးတစ်ချက် အင်တာနက်ဖွင့်လိုက်တာနဲ့ ခင်ဗျားဟာ AI ရဲ့ ဝန်ထမ်းတစ်ယောက် (ဒေတာထောက်ပံ့ရေးဌာနက) ဖြစ်သွားပြီ။
သတိထားပါ။ online စလော့ဂိမ်းမှာ ဘဝပျက်ကြတာ နည်းပညာသမားတွေလား? မဟုတ်ဘူး။ ဘာမှ ဂဃနဏ မသိတဲ့ အောက်ခြေလူတန်းစားတွေက ပိုများတယ်။ AI မှာလည်း ဒီအတိုင်းပဲ။ မတတ်လည်း၊ မသိလည်း ငတ်သွားနိုင်တယ်၊ ထောင်ကျသွားနိုင်တယ်၊ ဘဝပါ ပျက်သွားနိုင်တယ်။
________________________________________

အစိုးရတွေက AI ဆိုတဲ့ 'အပြင်ဘက်ကမ္ဘာ' ကို ဥပဒေတွေနဲ့ ဘောင်ခတ်ဖို့ ကြိုးစားနေချိန်မှာပဲ၊ နောက်ထပ်တော်လှန်ရေးတစ်ခုက ပိုပြီးတိတ်ဆိတ်ပြီး ပိုပြီးနက်ရှိုင်းတဲ့နေရာမှာ စတင်နေပါပြီ။ အဲ့ဒါကတော့ ကျွန်တော်တို့ရဲ့ 'အတွင်းဘက်ကမ္ဘာ' ဖြစ်တဲ့ လူ့ခန္ဓာကိုယ်နဲ့ ဦးနှောက်ပါပဲ။
AI ကို 'ကိရိယာ' အဖြစ်သုံးတာကနေ၊ 'ကိုယ်ခန္ဓာရဲ့ အစိတ်အပိုင်း' အဖြစ် ပေါင်းစပ်ဖို့၊ လူနဲ့စက်ကြားက နောက်ဆုံးနယ်နိမိတ်ကိုပါ ဖျက်ဆီးဖို့ ကြိုးစားလာတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ?
ဒါက ကျွန်တော်တို့ကို နောက်တစ်ခန်းဖြစ်တဲ့ 'လူသားလွန် (Transhumanism): နောက်ဆုံး နယ်နိမိတ်' ဆိုတဲ့ သိပ္ပံစိတ်ကူးယဉ်လို ဖြစ်ရပ်မှန်တွေဆီကို ခေါ်ဆောင်သွားမှာပါပဲ။

#ဥပဒေ #နည်းပညာ ို့ရဲ့ကဗျာ

** 𝐀𝐥𝐠𝐨𝐫𝐢𝐭𝐡𝐦 တို့ရဲ့ ကဗျာ၊ နှလုံးသားရဲ့ ပန်းချီ - **
1.0 မျိုးဆက်သုံးခုပုံပြင် https://www.facebook.com/share/p/172zA96teM/
2.0 AI ဆိုတာ မှတ်ဉာဏ်ကောင်းတဲ့စားပွဲထိုးလေး https://www.facebook.com/share/p/1EEq45GZf8/
2.1 Algorithm ဆိုတာ လက်ဖက်ရည်ဖျော်နည်းပါပဲ https://www.facebook.com/share/p/1DgnaTyWT1/
3.0,3.1,3.2,3.3 အယ်လ်ဘမ်ထဲက AI သမိုင်း: PC မပေါ်ခင်ကတည်းက ရှိခဲ့တဲ့ ဟင်းချက်နည်း https://www.facebook.com/share/p/18u1PCQrvG/
4.0 ဒေါ်လာလေးသိန်းကျော်တန်မေးခွန်း???? https://www.facebook.com/share/p/1K617rzAaT/
4.1 ပထမဆုံးမဟုတ်ခဲ့တဲ့ ပထမဆုံး https://www.facebook.com/share/p/19fTaRAJE7/
4.2 လက်ကောင်းဖို့ထက် ပါးစပ်ကောင်းဖို့လိုလား? https://www.facebook.com/share/p/17LEDiku3B/
4.3 လျှို့ဝှက် လက်ဖက်ရည်ဖျော်နည်းကို ဘယ်သူပိုင်သလဲ https://www.facebook.com/share/p/1CTNJ85ZbA/
4.4 ဂုဏ်ပြုခြင်းလော၊ ခိုးချခြင်းလော
https://www.facebook.com/share/p/16vqLtWqd8/
4.5 ငှက်ပျောသီးနဲ့ ပေတံ
https://www.facebook.com/share/p/16z1cuEi76/
4.6 ပန်းချီဆရာရဲ့ လက်ထောက်အသစ်
https://www.facebook.com/share/p/14JuLiZXqzc/
5.0 စက်ရုပ်တွေက လူဖြစ်လာမလား၊ လူတွေက စက်ရုပ်ဖြစ်သွားမလား? https://www.facebook.com/share/p/1FSM7LdKat/
5.1 ကဗျာရနံ့မပါတဲ့ ဒီဂျစ်တယ်ပန်းမာလာ
https://www.facebook.com/share/p/1DWiPEpLXd/
5.2 ဒီဂျစ်တယ်ဆေးဝါးလား၊ ဒီဂျစ်တယ်မူးယစ်ဆေးလား?
https://www.facebook.com/share/p/1791ZFCXsn/
6.0 သမင်လိုလို ဆင်လိုလို update ဖြစ်မှ ရှင်သန်မယ်
https://www.facebook.com/share/p/1AM664xxLt/
7.0 ပြုစားတာက စုန်းမလား တံမြက်စည်းလား?
https://www.facebook.com/share/p/19uybchtqT/
7.1 ကြိုးသုံးချောင်းနဲ့ ကျစ်ထားတဲ့ အနာဂတ်
https://www.facebook.com/share/p/16PbzRPGtp/

Want your business to be the top-listed Interior Service in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon