Study With Wint Htet

Study With Wint Htet

Share

24/03/2022

What To Say " When You Leave Home Or Come Home " In Japan 🏡🇯🇵

အိမ်ကနေအပြင်သွားတဲ့အခါ နဲ့ အိမ်သို့ပြန်လာတဲ့အခါ ပြောတဲ့ဂျပန်လိုအပြန်အလှန်နှုတ်ဆက်ပြောစကားများ

1. いってきます - သွားလိုက်ပါအုန်းမယ်။

2. いってらっしゃい - ကောင်းကောင်းသွားပါ။

3. ただいま - ပြန်ရောက်ပါပြီ။

4. おかえりなさい - ကြိုဆိုပါတယ်။

🔸 တစ်ယောက်ယောက်အိမ်အလည်သွားသောအခါ

1. おじゃまします - ကျေးဇူးပြု၍ ဝင်ခွင့်ပြုပါ။

2. おじゃましました - အနှောင့်အယှက်ပေးမိပြီ။

Photos from Study With Wint Htet's post 17/03/2022

皆さん、こんにちは ⛩️📚
お元気ですか !!!

ဒီနေ့မှာတောဘ N5 Grammar မှာပါတဲ့ Grammar Notes တွေကိုထပ်မံ Sharing လုပ်ပေးမှာပါ။

ဒီနေ့ပြောပြပေးမယ့် Grammar Notes ကတော့ N5 Minna no nihongo ဖတ်စာအုပ်ထဲက Lesson - 4 မှာပါတဲ့ Grammar ပဲဖြစ်ပါတယ်။

ဒီနေ့ပြောပြပေးမယ့် Grammar ကိုအလွတ်ဒီလိုလေးကျက်ရအောင်.....
ます - သည်
ません - ဘူး
ました - ခဲ့သည်
ませんでした - ခဲ့ဘူး

အခုလိုကျက်ပြီးပြီဆိုရင် သူ့ကိုအသုံးပြုပုံလေးကြည့်ရအောင်....

〜ます ( သည် )

〜ます ကိုဖြုတ် 〜ません ပေါင်း ( ဘူး ) အငြင်း

〜ます ကိုဖြုတ် 〜ました ပေါင်း ( ခဲ့သည် ) အတိတ်

〜ます ကိုဖြုတ် 〜ませんでした ပေါင်း ( ခဲ့ဘူး ) အတိတ်အငြင်း

🔹 မေးခွန်းမှာအတိတ်နဲ့မေးလို့ ကိုယ်ကငြင်းမယ်ဆိုရင် 〜ません ( ဘူး ) ဆိုတဲ့ရိုးရိုးအငြင်းနဲ့မငြင်းဘဲ 〜ませんでした ( အတိတ်အငြင်း ) နဲ့ငြင်းရမယ်။

🔹~ます/~ません အသုံးပြုပုံ

れい⇒あした はたらきますか。
မနက်ဖြန် အလုပ်လုပ်မှာလား။

はい、はたらきます。
ဟုတ်ကဲ့ အလုပ်လုပ်မယ်။

いいえ、はたらきません。
ဟင့်အင်း အလုပ်မလုပ်ဘူး။

🔹~ました/~ませんでした အသုံးပြုပုံ

れい⇒きのう はたらきましたか。
မနေ့ကအလုပ်လုပ်ခဲ့လား။

はい、はたらきました。
ဟုတ်ကဲ့ အလုပ်လုပ်ခဲ့တယ်။

いいえ、はたらきませんでした。
ဟင့်အင်း အလုပ်မလုပ်ခဲ့ဘူး။

ဒီနေ့ Sharing လုပ်ပေးတဲ့ Grammar ကအားလုံးအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။

🔸 これ、それ、あれ အကြောင်း
https://www.facebook.com/107780734941482/posts/142910074761881/

🔸 あげます、もらいます အကြောင်း
https://www.facebook.com/107780734941482/posts/143956434657245/

🔸 もう + Verb ました အကြောင်း
https://www.facebook.com/107780734941482/posts/149022270817328/

12/03/2022

N4 -kanji ၂၀၀ တစ်ရက်တည်းနဲ့ မှတ်မိဖို့

ဒီပိုစ့်လေးက်ို အခေါက်ခေါက် အခါခါ ဖတ်ကြစို့...( မူရင်းရေးသားသူ Akio ကို Crd ပေးပါတယ် )

N4-kanjiအကုန်🈷️⛩️

မင်း住-(sumu)နေထိုင်တဲ့所(tokoro)"နေရာ"ကိုသာပြောလိုက်ပါ 東京都(とうきょうと)တိုကျို မကလို့ 大阪府(おおさかふ) အိုဆာကာ ဖြစ်နေပါစေ မီးတောင်ကိုကျော်၍ သွေးumiကိုဖြတ်ပြီးကျော်ခဲ့ပါ့မယ့် 県 ခရိုင် တွေ市မြို့တွေ 区ရပ်ကွက်တွေ 町 မြို့တွေ材ရွာတွေပဲဖြစ်ဖြစ်明"လင်းလဲ့"နေတဲ့ မင်းရဲ့ အပြုံးမျက်နှာလေးကို တစ်ရွာထင်ပြီး ဒို့လာခဲ့မှာပါ ဒို့ နှသားလုံးကို暗(အမှောင်)ဖုံးအုပ်သွားအောင်တော့မလုပ်လိုက်ပါနဲ့နော် အနေ 遠 "ဝေး"ရင် သွေးအေးသွားမယ်မဟုတ်လား လာချင်ရင်所 "နီးနီး"လေးပါဆိုတဲ့ 強 "ပြင်းပြ"တဲ့ စိတ်လေးသာရှိမယ်ဆိုရင်ပေါ့လေ 弱"ပျော့ညံ့"တဲ့ စိတ်တွေကြောင့် 重 "လေးလံ"ခဲ့တဲ့ခြေထောက်တွေတောင် တွေ့ချင်တဲ့ စိတ်အစဉ်ကြောင့်軽"သွက်လက်ပေါ့ပါး"သွားပြီး 太 "ဝ"ရင်မကြိုက်ဘူးဆိုလို့ ဝိတ်ချလိုက်တာ 細"သေးသွယ်ပြီး"မော်ဒယ်စတိုင်ဖြစ်နေတာကို မင်းမြင်စေချင်နေပါပြီ特 အထူးသဖြင့် 別 "ခွဲခြား"မှုတွေ有ရှိခဲ့တယ်ဆိုတာ မဟုတ်ဘူးလို့ 便စာလေးပို့လိုက်တဲ့利အကျိုးရလာဒ်ကြောင့် 不မဟုတ်တာတွေ မဖြစ်နိုင်တာတွေကို တွေးနေတဲ့ စိုးရိမ်စိတ်ကို 切 လှီးဖြတ်ကာ 元 အရင်းတုန်းကအတိုင်း ပြန် 好ချစ်သွားဖို့ ပြောချင်တာကြောင့် 急အလျှင်အမြန် ဂျပန်နိုင်ငံကြီးကိုလာချင်နေပါပြီ 低 အရပ်လေးနိမ့်ကာ広 နဖူးလေးကျယ်ပြီး短ဆံပင်တိုတိုလေးနဲ့ 良ကောင်းပါတယ် မင်းဘယ်လောက် 悪 ဆိုးဆိုး မင်း正 မှန်တယ် ညီမလေး 変ပြောင်းလဲသွားတာကတော့ မျက်နှာ 赤 နီနီလေးနဲ့ 青 အပြာရောင်ဆံပင်黒အနက်ရောင် အိကျီးလေးနဲ့ မင်းကိုတွေ့လိုက်ရတာ映 画 ရုပ်ရှင်ကြည့်လိုက်ရသလိုပါပဲ 音 楽 တေးဂီတသံတွေ歌သီချင်းတွေ နားထောင်ရင်း ဟိုအရင်က 写ဓာတ်ပုံလေးကိုပြန်ကြည့်ပြီး လွမ်းနေတာ 真အမှန်တရားပါ မင်းနဲ့အတူတူ 旅ခရီထွက်ပြီး 世 界ကမ္ဘာကြီးကိုပတ်ကာ
仕 事 အလုပ်လုပ်ပြီး 銀 ငွေတွေစုကာ 員အဖွဲ့ တစ်ဖွဲ့ထဲ အလုပ်လုပ်ချင်နေတဲ့ စိတ်တွေကြောင့် 医 者 ဆရာဝန်ထံမှာ ဆေးပြနေရပေမယ့် 働အလုပ်မနားပါဘူး 屋အခန်း ကျဉ်းကျဉ်းလေးထဲမှာ 産 ထုတ်ကုန်တွေ業လုပ်ငန်းဆောင်တာတွေကို ကြိုးစားခဲ့သူပါ林 သစ်ပင်လေးတွေ森သစ်တောကြီးတွေအတွက် 地မြေကြီး ဟာ မရှိမဖြစ်လိုအပ်သလို ညီမဟာ ဒို့အတွက် မရှိမဖြစ်ပါ 池ရေကန်တွေ 海ပင်လယ်တွေပေါင်းရင် 洋သမုဒ္ဒရာကြီးဖြစ်သလို အချစ်တွေ မေတ္တာတွေ သံယောဇဉ်တွေပေါင်းစပ်ပြီး သာယာလှပတဲ့ မိသားစုဘဝလေးတည်ထောင်ကြရအောင်လား 雪 နှင်းစက်ဖြူဖြူလေးတွေဟာ光လင်းလဲ့နေသလို ဖြူဖွေးနေတဲ့ ညီမရဲ့ ပါးပြင်လေးဟာ ကိုယ့်နှလုံးသားကို လင်းလဲ့စေပါတယ် 台 風တိုင်ဖုန်းမုန်တိုင်းဝင်ဖျက်လို့ ပြိုကျပျက်စီးသွားမှာကိုတော့ ကြောက်မိသားပဲ季 節ရာသီတွေအလီလီပြောင်း 春နွေးဦးကုန်လို့ 夏နွေရာသီ 秋 ဆောင်းဦး ကုန်လို့ဆောင်း冬 ဆောင်း မမဆောင်းလို ခု暑 ပူတယ်ပြော ခု寒 ချမ်းတယ်ပြောတော့မလုပ်နဲ့နော် ညီမရဲ့ 暖နွေးထွေးတဲ့ ရင်ခွင်နဲ့တွေ့မှသာ 涼အေးမြနိုင်မည့် ဒို့ကမ္ဘာလေးမို့ပါ体ခန္ဓာကိုယ်လေးဟာ ဘော်ဘီဆာဆာလို 頭 ဦးခေါင်း顔 မျက်နှာ မအေးသောင်ပမာ 首သမင် လည်ပြန် အိချောပိုဟန် 心 နှလုံးသားထဲက声 အသံတွေပေါ်ထွက်နေလို့病ဆေးရုံကိုသွားကို 薬 ဆေးသောက်ပေမယ့် 科 ကိုယ့်အချစ်မေတ္တာဘာသာရပ်ရဲ့内အတွင်း問 題ပြဿနာ ဆရာဝန်တွေ မသိရှာဘူး 朝 မနက်ခင်းရဲ့ အလင်းဟာ ညီမရှိမှ သာယာနိုင်သလို昼 နေ့လည်နားချိန်မှာလဲ ညီမရဲ့ အပြုံးလေးကိုပဲမြင်ချင်တယ် 夜 ညရောက်ရင် ဖုန်းဆက်ပါလို့夕ညနေကပြောခဲ့ပေမယ့် ဘေးချေး 方 ရမည့် နည်းလမ်းတွေကို ကြိုးစားရင်း ဖုန်းဆက်မလာတာကြောင့်晩 ညရောက်တဲ့အထိ 時計နာရီလေးကို ကြည့်ကာ လွမ်းနေရတာ 曜နေ့ရက်တိုင်းပါ 以来 မင်းဖုန်းမဆက်ကတည်းက今度နောက်တစ်ခါ မျှော်လင့်နေတဲ့စိတ်ကို
止 ရပ်လိုက်ပြီ 歩လမ်းလျှောက်ရင်း လမ်းပျောက် လိုက်လေ 走ပြေးလေ မနက်စောစော起အိပ်ယာထတာနဲ့ သူမကို 持ပိုင်ဆိုင်ချင်စိတ်တွေ ထပ်ပေါ်လာတာကြောင့် အောင့်အီးသည်းခံ 待 စောင့်ရပြန်တယ် 借ချေးယူထားသမျှ အချစ်ကြွေးတွေ貸ပြန်ပေးလိုက်ရင် ကောင်းမယ်လို့ 始စတင်တွေးရင်း သူမနဲ့ 終ပြီးဆုံးသွားခဲ့ပါပြီ။家族မိသားစုထဲမှာ 私ကျွန်တော်ဟာ 自မိမိကိုယ်မိမိ အချောလို့ ထင်ထားတာကို 親両 မိဘ၂ပါးလုံးက ထောက်ခံကြပြန်တယ်兄အကိုဖြစ်တဲ့ ကျွန်တော်ကချောပြီး 弟ညီလေးကမချောတာကိုတော့ 姉 အမကော妹 ညီမလေးကော သိကြပါတယ်။活ဖြတ်လတ်လန်းဆန်းဖို့အတွက် လေ့ကျင့်ခန်းလုပ်ခါ 回 လှည့်လည်ပြီး品ကုန်ပစ္စည်း売ရောင်းတဲ့ ဘဝသမားလေးပါ ဝယ်ကြအုံးမလား သင့်ဘဝအတွက်主ခင်ပွန်းလောင်းလေး 🤣 服အလှပတဲ့အဝတ်လေးကို着るဝတ်ကာ色အရောင်形 ပုံစံလေးက ဘာ民လူမျိုး လိုလိုပေါ့ 漢 字kanjiတွေကို 習လေ့လာသင်ယူရင်း 教သင်ကြားပေးမည့် ဆရာမချောချောလေးလိုအပ်လာတာကို 注သူငယ်ချင်းတစ်ယောက်က သတိပေးလာတယ် ဟုတ်တော့လဲဟုတ်သားပဲ အဲတာမှ勉ကြိုးစားချင်မယ်လို့ 研 究သုတေသနပြုချက်အရသိရပါတယ် 質အရည်အသွေးတွေတက်လာသလို試 験စာမေးပွဲတွေလည်းအောင်လောက်မယ်လို့答ဖြေကြားတဲ့သူတွေရှိသောကြောင့် ဆရာမလေး လာပြီး 説ရှင်းပြပေးရင် ကောင်းမှာပဲလို့考စဉ်းစားရင်း思တွေးတောမိတယ် 合အကြိုက်ချင်း ကိုက်ညီဖို့အတွက်犬ခွေးချစ်တာလေးတော့同တူညီရမယ်နော်
米ဆန်တွေ 料ကုန်ကြမ်းတွေဟာ တကယ့် 理 ပင်မအကြောင်းအရာဖြစ်ပေမယ့် 鳥肉ကြက်သားနဲ့ 野 菜 အသီးအရွက်လေးတွေမပါလို့မဖြစ်ပါဘူး茶လဖက်ရည်သောက်ရင်း 飯ထမင်းစားရတဲ့ 味အရသာဟာ ဆရာမလေးရဲ့ အလှအပနဲ့ 代အစားမထိုးနိုင်ပါဘူး 信ယုံတယ်မလား 使 အချစ်တွေကို အသုံးပြုကား作ပြုလုပ် 化 ပြောင်းလဲချင်တာကတော့ ရည်းစားစာ紙စာရွက် ရောင်းချင်တာပဲသိတယ် အဲတာဆိုရင် 進ရှေ့းတိုးတက်ပါ့မလားမသိ 場နေရာ ကိုသာပြောလိုက် 送အရောက်ပို့ပေးမယ် 建物အဆောက်ဦး 院 ဟောခန်းကြီး館ခန်းမကြီး 堂 ခန်းမဆောင်室 အခန်း ကြိုက်တဲ့နေရာပြော 工場စက်ရုံတွေထိပို့ပေးတယ်図 မြေပုံနံ ဖုန်း号နံပါတ်လေးသာချန်ခဲ့ ဆိုပြီး စျေးရောင်းရင်း 発စတင်乗စီးနင်းလိုက်ပါရင်း通ဖြတ်ကျော်သွားတော့မှ 降ဆင်းမယ်လုပ်တော့ 動လုပ်ရှားမှုမရှိပဲ ခြေကျင်နေတဲ့ ခြေအစုံကြောင့် 帰အိမ်အပြန်လမ်းမှာ転တလိမ့်ခေါက်ခွေးလဲကျခဲ့တဲ့သူမကိုကြည့်ရင် 洗လျှော်ဖွတ်ထားတဲ့ လက်ကိုင်ပုဝါလေးကို引ဆွဲထုတ်ခါ用လက်တွေ့အသုံးပြုနိုင်ရန် ပေးခဲ့တာဟာ運ကံကြမ္မာရဲ့ဆုံဆည်းပေးရာလားပေါ့返ပြန်ပေးဖို့မလိုဘူးလို့ 意စိတ်ဆန္ဒထဲမှာပြောရင်း 英အင်္ဂလန်က မော်ဒယ်လေးနဲ့တူတဲ့去ထွက်ခွာသွားတဲ့ သူမကိုကြည့်ရင်း文ရင်ဘတ်ထဲမှာ မညီညာတဲ့ဇာတ်လမ်း စာကြောင်းတွေကိုစာစီနေမှိပြန်တယ်開နှလုံးသားတံခါးကိုဖွင့်ချင်ပေမယ့် 死မသေခြာ မရေရာ သေနေရှာတဲ့ ကိုယ့်ဘဝကို知သိကာ ပြန့်လွင့်နေတဲ့ စိတ်ကို集 ပြန်စုဝေးပြီး နှလုံးသားတံခါးကို閉ပိတ်လိုက်သည်။

credit Akio

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon