Zwap Ent - Ghost Stories

Zwap Ent - Ghost Stories

Share

Photos from Zwap Ent - Ghost Stories's post 05/04/2025

9 ရက်နေ့ အင်းလေးကို သွားလှူပါမည်ခင်ဗျာ
🙏🙏🙏🙏🙏
ငလျှင်ဘေးအန္တာရယ်ကျရောက်နေသည့်ဒေသမှ ဒုက္ခသည်များနှင့် ပြန်လည်ထူထောင်ရေးအတွက် တတ်အားသရွေ့ ပါဝင်လှူဒါန်းမှာဖြစ်တဲ့အတွက် Zwap Ent YouTube Channel ပရိတ်သတ်ကြီးအနေဖြင့်လည်း သဒ္ဒါတတ်အားနည်းများမဆို ပါဝင်လှူဒါန်း ကုသိုလ်ပြုနိုင်ကြပါရန် နှိုးဆော်တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။

အလှူငွေများအတွက်
KBZ Pay Account - Mg Set Phone Naing
KBZ Pay No. - 09969317868

သို့ငွေလွှဲပါဝင်နိုင်ပြီး ငွေလွှဲထားတဲ့ Screenshot အား
Zwap Ent page ဖြစ်တဲ့ 👉https://www.facebook.com/zwapghoststories
တွင်လာရောက်ပို့ပေးစေလိုပါတယ်ခင်ဗျာ

အလှူရှင်စာရင်းများကို သေချာပြုစုပြီး ပြန်လည်ထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။

အားလုံးပဲ ဘေးရန်ကင်းကြပါစေလို့ Zwap Ent YouTube Channel မှ မေတ္တာပို့သ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

#ငလျှင်

ရွာလမ်း (ခက်ဇော်) အစ-ဆုံး စုစည်းမှု Live | Zwap Ent 04/04/2025

ရွာလမ်း အစအဆုံး Live 👇

ရွာလမ်း (ခက်ဇော်) အစ-ဆုံး စုစည်းမှု Live | Zwap Ent ရွာလမ်း (ခက်ဇော်) အစ-ဆုံး စုစည်းမှု Live | Zwap EntZwap Ent ရဲ့ Official page လေးကိုလည်း Like & Follow လေးလုပ်ပေးသွားခဲ့ပါဦးဗျာLink : https://www.fa...

26/01/2025

မှော်ဆရာတစ်ယောက်၏အမှား
-----------------------------------------
ဒီဇာတ်လမ်းလေးကတော့
ကျွန်တော်တို့ ငယ်ငယ်က
ကြားဖူးနေကြဇာတ်လမ်းလေးတစ်ပုဒ်ပါ....
မှော်ဆရာဆိုတာထက်
မျက်လှည့်ဆရာတစ်ယောက်ရဲ့
ထူးဆန်းတဲ့အဖြစ်အပျက်ဆိုရင်လဲ
မမှားပါဘူးခင်ဗျ.........
ထိုခေါတ်ထိုကာလက
မျက်လှည့်ပညာတွေမှာ
စုန်း ကဝေ အောက်လမ်း နည်းတွေနဲ့ပါသုံးပြီး
ပြသလေ့ရှိပါတယ်...........
ထိုအထဲကမှ
လူတစ်ယောက်ခေါင်းကိုဖြတ်ပြီး
ပြန်ဆက်ပြတဲ့
ပြကွက်မျိုးဟာလဲ
လူအများစိတ်ဝင်စားကြတဲ့
ပြကွက်တစ်ခုပါ............
အခုဇာတ်လမ်းလေးထဲမှာပါတဲ့
မျက်လှည့်ဆရာကတော့
ထိုပြကွက်ကိုပြသရင်း
အမှားတစ်ခုလုပ်မိသွားတဲ့
အကြောင်းကို စာရေးသူ ကိုဖြိုး(ကျိုက်လတ်)မှ
ဇာတ်လမ်းအဖြစ်ပြန်လည်
အသက်သွင်းရေးသားထားတဲ့
ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျ...
ကဲ..နားဆင်ကြည့်ကြပါဦး.....................
အပြည့်အစုံကို Comment မှာ
Link ချ ပေးထားပါတယ်ခင်ဗျာ

14/01/2025

နွားပျောက်တဲ့ည........................
ငတောက်တို့သူငယ်ချင်းငါးယောက်အဖွဲ့ဟာ
တောထဲမှာ နွားကျောင်းရင်း ဖွတ်ပစ်ရင်းနဲ့
မထင်မှတ်ပဲ ပေါက်ကွဲစေနိုင်တဲ့
လက်နက်ကြီးခဲယမ်းတစ်ချို့ကို
တွေ့ရှိလိုက်ရပါတယ်.....................
ထိုပစ္စည်းတွေကို
လူကြီးတွေစီအပ်လိုက်ရင်လဲ
သူတို့ကိုမယုံသင်္ကာဖြစ်မှာစိုးရိမ်တာကြောင့်
တောထဲမှာပဲမီးရှို့ဖျက်စီးပစ်ဖို့
ဆုံးဖြတ်လိုက်ကြတယ်......................
သူတို့အဲ့လိုလုပ်လိုက်တဲ့အခါ
ထွက်ပေါ်လာတဲ့
ပေါက်ကွဲသံ တောဟိန်းသံ တွေကြောင့်
သူတို့ကျောင်းနေတဲ့နွားများဟာလဲ
ခြေဦးတည့်ရာကို ထွက်ပြေးသွားကြတော့တယ်...............................
သူတို့ငါးယောက် တတ်နိုင်သမျှရှာကြည့်ပေမယ့်
မတွေ့တော့တဲ့အဆုံး ရွာကိုပြန်ပြီး
နွားရှာအဖွဲ့တွေကိုအကူညီတောင်းကာ
နီးစပ်ရာ ရွာတွေစီ ရှာဖွေဖို့လွှတ်လိုက်ကြတယ်
ကိုယ့်အတတ်ကိုယ်ဆူးတဲ့
သူတို့ငါးယောက်အဖွဲ့ကတော့
ပျောက်သွားတဲ့တောကြီးထဲမှာပဲ
နွားပျောက်ရှာဖို့တာဝန်ယူလိုက်ကြရတယ်...
အဲ့ဒီလိုပျောက်သွားတဲ့နွားတွေကို
ရှာရင်းရှာရင်း...တဖြည်းဖြည်း
အမှောင်ထုက ကြီးစိုးလို့လာပြီး
တောအုပ်ကြီးတစ်ခုလုံး
အမှောင်အတိကျသွားတဲ့အခါမှာတော့............................................
နွားပျောက်တဲ့ည..............
အပြည့်အစုံကို Comment မှာ Link ချပေးထားပါတယ်ခင်ဗျာ...

Want your establishment to be the top-listed Arts & Entertainment in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon