Carry Plus
တည်ငြိမ်တဲ့အရွယ်ရောက်ပီမို့
အစားသောက်ဘဲ စိတ်ဝင်စားတော့တယ်
အရာရာစွန့်လွှတ်လိုက်ပီမို့
မနာကြီးတော့ဘူး…
27/03/2025
အိပ်ချင်နေတာ အိပ်ခွင့်ပေးလိုက်ပါ ကိုငြိမ်းမောင်ရယ်
25/06/2022
လူတော်တော်များများက စီးပွားရေးနယ်ပယ်တွေမှာ အောင်မြင်ရေးအတွက်ပဲဖြစ်ဖြစ်၊ တိုးတက်ရေးအတွက်ပဲဖြစ်ဖြစ် ဖြတ်လမ်းနည်းကို အရမ်းလိုချင်ကြတယ်။
စာအုပ်ဖတ်လိုက်ရင်တော့ အောင်မြင်သွားမယ်၊ တိုးတက်သွားမယ်လို့ ယုံထားကြတယ်။ သင်တန်းလေးတစ်ခု တက်လိုက်ရင်တော့ဖြင့် အောင်မြင်နိုင်တယ်၊ တိုးတက်နိုင်တယ်လို့ လွယ်လွယ်လေး တွေးထားကြတယ်။ အဲ့လိုမျိုး တွေးတဲ့လူတွေထဲမှာ မိတ်ဆွေကိုယ်တိုင်လည်း ပါနေရင်တော့ မိတ်ဆွေရဲ့ အတွေးတွေကို ပြောင်းလဲပစ်လိုက်ပါ။ အောင်မြင်တဲ့လူတိုင်းကို ကြည့်လိုက်ရင် သူတို့အောင်မြင်ဖို့အတွက် အချိန်တစ်ခုအထိကို ပေးဆပ်ရင်းနှီးခဲ့ကြတယ်။ အဲ့လိုမျိုး အချိန်မပေးဘဲ အောင်မြင်လာတဲ့သူဆိုရင် အဲ့ဒီအောင်မြင်မှုက ရေရှည်ခံမှာ မဟုတ်ပါဘူး။ သူတို့က စာအုပ်ပေါင်းများစွာ လေ့လာတယ်။ အဲ့ဒီစာတွေကိုလည်း ပြန်ပြီး လက်တွေ့ကျင့်သုံးဖို့အတွက် သီးသန့် အချိန်ပေးကြတယ်။ စာအုပ်ဖတ်တိုင်းလည်း အောင်မြင်ကြတာ မဟုတ်ပါဘူး။ ဖတ်ထားသမျှကို သိရှိရုံလေးတင်၊ နားလည်သဘောပေါက်ရုံလေးတင်မဟုတ်ဘဲ လက်တွေ့ ကျင့်သုံးမှသာ အကျိုးရှိမှာ ဖြစ်တယ်။ အဲ့လိုအသုံးချမှသာ အမှန်ဆိုတာကိုလည်း သိနိုင်သလို အမှားဆိုတာတွေကို ရင်ဆိုင်ရတဲ့အခါမှာ လက်ခံနိုင်သွားတယ်။ ဒါမျိုးတွေ သင်ခန်းစာယူနိုင်ဖို့ အချိန်များစွာ ပေးရတယ်။ ဘာမှမလုပ်ရင် ဘာမှ မရဘူးလို့ ကျွန်တော်ပြောဖူးပါတယ်။ နည်းလမ်းတိုင်းဟာ ကိုယ့်အတွက် ကိုက်ညီချင်မှ ကိုက်ညီမယ်။ စာအုပ်ဖတ်တဲ့အချိန်၊ လက်တွေ့ကျင့်သုံးတဲ့အချိန်၊ အမှားကို သင်ခန်းစာယူတဲ့အချိန်တွေ များစွာရင်းနှီးပြီးတော့မှ အောင်မြင်မှုကို တက်လှမ်းနိုင်မှာ ဖြစ်တယ်။
အချိန်ပေးပါ။ စာအုပ်ဖတ်လို့လည်း မအောင်မြင်နိုင်သလို၊ သင်တန်းတက်လို့လည်း အောင်မြင်သွားမှာမဟုတ်ဘူး။ ဒါပေမယ့် စာအုပ်ကပေးတဲ့၊ သင်တန်းက ပေးတဲ့ messages တွေကို သိထားရုံနဲ့ မပြီးဘဲ လက်တွေ့ ကျင့်သုံးကြည့်ပြီး သင်ခန်းစာယူနိုင်တဲ့ အမှားတွေကို ပြုပြင်ပြောင်းလဲနိုင်မှသာ အောင်မြင်ပန်းတိုင်ကို ဆွတ်ခူးနိုင်မှာဖြစ်တယ်ဆိုတာကို မိတ်ဆွေ မှတ်ထားစေချင်ပါတယ်။ ဒါမျိုး လုပ်နိုင်ဖို့အတွက်လည်း အချိန်ယူရပါတယ်။ ဒီနေ့အတွေးလေးတစ်ခုက မိတ်ဆွေကို လွှမ်းမိုးသွားစေမယ့် အတွေးလေးတစ်ခုလို့ ယူဆပါတယ်။
ီ_ဘာ_ဘာ
Click here to claim your Sponsored Listing.
Category
Website
Address
Dagon
Yangon
11191