Jackson - Tarot

Jackson - Tarot

Share

Photos from RebalZing&Jackson - Tarot's post 04/12/2025

အားလုံးပဲ မဂ်လာရှိတဲ့နေ့ရက်လေးဖြစ်ပါစေ🙏🏻

ကျွန်တော် Y.A.S - Tarot ဆိုတဲ့ pageလေးကို 2022ကနေစပြီးတော့ personal ကိစ္စလေးတွေကြောင့် ရပ်ထားရတာဆိုရင်ဖြင့် ခု2025ကုန်လို့2026အစ ၃နှစ်ကျော်၄နှစ်နီးပါးရှိသွားခဲ့ပါပြီ😔

အခုကျွန်တော့်မှာ မမျှော်လင့်ပဲရလာတဲ့ ညီကိုအရင်းလိုခင်ရတဲ့ သူငယ်ချင်းတယောက်ကြောင့် ဒီpageလေးကိုပြန်စဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်🤗

ကျွန်တော့်သူငယ်ချင်းနဲ့ စကားပြောရင်းနဲ့ပဲ သူလဲ tarot reader တယောက်ဆိုတာသိလိုက်ရပြီး ကျွန်တော်ကို သူနဲ့တူတူ readingလေးတွေ လုပ်ဖို့အကြံပေးတာကြောင့် Y.A.S - Tarot ဆိုတဲ့နာမည်လေးကနေ RebalZing&Jackson ဆိုတဲ့ နာမည်အသစ်လေးနဲ့ အာလုံးသိချင်တာလေးတွေကို ဆက်လက်တင်ဆက်ပေးသွားပါမယ်🙇🏻

03/01/2022

🟣 သုံးဂဏန်း

မည်သည့် အင်္ဂလိပ်လမဆို ၃၊၁၂၊၂၁၊၃၀ ရက်များတွင်မွေးဖွားသောသူများသည် သုံးဂဏန်းသမားများဖြစ်သည်။သုံးဂဏန်းသည် ကြာသပတေးဂြိုလ် စိုးမိုးသော ဂဏန်းလည်း ဖြစ်သည်။စိတ်ကူးဥာဏ်ကောင်းခြင်း ၊တီထွင်တက်ခြင်း၊ဘွဲ့ထူးဂုဏ်ထူးရခြင်း၊စိတ်နှလုံးကောင်းခြင်း ၊ ဖြောင့်မှန်ခြင်း များရှိသည်။သူတို့သည် စည်းမျဉ်း ဥပဒေများကို ရိုသေမြတ်နိုးကြသူများဖြစ်ကြ၍ သုံးဂဏန်းသမားတို့သည် ထင်ပါ်ကျော်ကြားသော ပုဂ္ဂိုလ်ကြီးများဖြစ်တတ်ကြသည်။အထူးသဖြင့် တစ်ခြားသူတို့က ယုံကြည်စွာ လွှဲအပ်သောလုပ်ငန်းများနှင့် တာဝန်ခံ လုပ်ငန်းများတွင်တွေ့ နိုင်ပေသည်။သုံးဂဏန်းသမားတို့သည် များသောအားဖြင့် ဘဝအစပိုင်း၌နိမ့်ကျဆင်းရဲတတ်သော်လဲနောက်ဆုံး၌ အောင်မြင်သောအခြေအနေသို့ ရောက်ရှိကြသည်သာ များ၏။သာမန်ထင်းခုတ်သမားဘဝမှ ကြီးမြင့်ကာ သမ္မတကြီးအဖြစ်သို့ရောက်လာသော Lincoln သည်ထင်ရှားသော သာဓက ပင် ဖြစ်ပေသည်။ထို့အတူ နန်းရင်းဝန် Winston Churchill သည်လည်း November,30 ရက်နေ့တွင် မွေးသော သုံးဂဏန်းပိုင်ရှင် တစ်ဦး ဖြစ်ပေသည်။

သုံးဂဏန်းသမားတို့ အတွက် လာဘ်ကောင်းသော ဂဏန်းမှာ သုံးဂဏန်းသာလျှင် ဖြစ်သည်။လာဘ်ကောင်းစေသော ရက်မှာလဲ ၃၊၁၂၊၂၁၊၃၀ ရက်များပင်ဖြစ်၍ လာဘ်ကောင်းသော အရောင်မှာ မရမ်းရောင် ၊ပန်းရောင်၊ အပြာရောင်၊အနီရောင်များဖြစ်သည်။ လာဘ်ကောင်းသောရတနာမှာ မူ ပတ္တမြား၊ ကျောက်နီတို့ဖြစ်သည်။

28/12/2021

1️⃣ ဂဏန်းသမားများအကြောင်း…

မည်သည့်အင်္ဂလိပ်လမဆို 1,10,19,28 ရက်တို့တွင်မွေးဖွားသူတို့ကို တစ်ဂဏန်းသမားများဟု ခေါ်ဆိုသည်။တစ်ဂဏန်းသည် တနင်္ဂနွေဂြိုလ်ကြီးစိုးသည့်ဂဏန်း ဖြစ်သည်။ထိုဂဏန်းပိုင်ရှင်တို့သည် တီထွင်ခြင်း၊ကိုယ်ထူးကိုယ်ချွန် လုပ်ကိုင်တတ်ခြင်း၊ထက်မြက်ခြင်း၊ ခေါင်းမာခြင်း၊ဇွဲကြီးခြင်း စသည့်ဗီဇလက္ခဏာများရှိသည်။ရည်မှန်းချက်မြင့်မားပြီး မာနကြီးသည့် လူစားမျိုးလည်းဖြစ်သည်။မည်သည့်လုပ်ငန်းမဆို ပြီးပြတ်အောင်လုပ်ကိုင်တတ်သည်။ခန့်ညားသောအသွင်အပြင်ရှိ၍ စိတ်ဆိုးလွယ်သည်။နောက်လိုက်အဖြစ် မနေတတ်ဘဲ မိမိကပင် ဦးစီးဦးဆောင်လုပ်ချင်သည့် စိတ်မျိုးရှိသည်။စကားပြောလျှင် ပြတ်ပြတ် ပြောဆိုတတ်သည်။ တစ်ဂဏန်းသမားတို့ကို လောကတွင် ထင်ပေါ်သူ၊ ကျော်ကြားသူများ အဖြစ် တွေ့ရှိနိုင်ပေသည်။

တစ်ဂဏန်းသမားတို့ အတွက် 1,10,19,28 ရက်တို့မှာ လာဘ်ကောင်းသောရက်များ ဖြစ်၍ လာဘ်ကောင်းသောနေ့မှာ တနင်္ဂနွေနေ့ ၊ တနင်္လာနေ့ ဖြစ်သည်။လာဘ်ကောင်းသော ရတနာမှာ ရွှေ၊ပယင်း၊စိန် တို့ဖြစ်ပြီး လာဘ်ကောင်း
သောအရောင်မှာ အဝါရောင်၊ရွှေရောင်၊လိမ္မော်ရောင်တို့ ဖြစ်သည်။

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Website

Address


Pyaw Bwal Street
Yangon