My Backpack Diaries
19/01/2026
ဟနွိုင်းမြို့ (Hanoi) ကို ရောက်ရင် သွားလည်သင့်တဲ့ နေရာများစွာရှိပါတယ်။ ဗီယက်နမ်ရဲ့ သမိုင်းဝင်၊ ယဉ်ကျေးမှုနဲ့ သဘာဝအလှတရားတွေကို ခံစားနိုင်မယ့် နေရာအချို့ကို ဖော်ပြပေးလိုက်ပါတယ် 🇻🇳
၁။ ဟိုချီမင်းရဲ့ အလောင်းတော်ပြတိုက် (Ho Chi Minh Mausoleum)
𖠁 ဗီယက်နမ်နိုင်ငံရဲ့ လွတ်လပ်ရေးခေါင်းဆောင် ဟိုချီမင်း ရဲ့ အလောင်းကို ဌာပနာထားတဲ့နေရာဖြစ်ပြီး နိုင်ငံ့သမိုင်းကို လေ့လာဖို့ အကောင်းဆုံးနေရာတစ်ခုပါ။
𖠁 အနီးမှာပဲ ဟိုချီမင်းနေအိမ် (Ho Chi Minh’s Stilt House) နဲ့ ဟိုချီမင်းပြတိုက် တို့ကိုလည်း လည်ပတ်နိုင်ပါတယ်။
၂။ Hoan Kiem Lake
𖠁 ဟနွိုင်းမြို့လယ်ခေါင်မှာရှိတဲ့ ရေကန်လှလှပပ တစ်ခုဖြစ်ပြီး မနက်စောစော ဒါမှမဟုတ် ညနေခင်းတွေမှာ လမ်းလျှောက်ရင်း ဒေသခံတွေရဲ့ နေထိုင်မှုပုံစံကို ကြည့်ရှုနိုင်ပါတယ်။
𖠁 ကန်အလယ်က Ngoc Son Temple ကိုလည်း သွားရောက်လည်ပတ်နိုင်ပါတယ်။
၃။ Hanoi Old Quarter
𖠁 ၃၆ လမ်း လို့လည်းလူသိများတဲ့ ဒီနေရာမှာ လမ်းတစ်ခုချင်းစီမှာ အထည်အလိပ်၊ လက်မှုပစ္စည်း၊ အစားအသောက်စတဲ့ လုပ်ငန်းတွေ ရှိပါတယ်။
𖠁 ညနေပိုင်းမှာ Bia Hoi လို့ခေါ်တဲ့ ဒေသခံဘီယာတွေသောက်ပြီး လူမှုရေးလုပ်တဲ့နေရာအဖြစ် လူကြိုက်များပါတယ်။
၄။ Vietnam National Museum of History
𖠁 ဗီယက်နမ်ရဲ့ ရှေးဟောင်းယဉ်ကျေးမှု၊ ကိုလိုနီခေတ်နဲ့ လွတ်လပ်ရေးတိုက်ပွဲတွေအကြောင်း ပြသထားတဲ့ ပြတိုက်ကြီးဖြစ်ပါတယ်။
၅။ ဟနွိုင်းကက်သလစ်ဘုရားကျောင်း (St. Joseph’s Cathedral)
𖠁 ပြင်သစ်ကိုလိုနီခေတ်က တည်ဆောက်ခဲ့တဲ့ ဂိုဏ်းချုပ်ဘုရားကျောင်းဖြစ်ပြီး ဥရောပတိုက်က ဗိသုကာလက်ရာကို ခံစားနိုင်မယ့်နေရာပါ။
၆။ Train Street
𖠁 ရထားလမ်းဘေးက အိမ်ငယ်လေးတွေကြားမှာ ရထားဖြတ်သန်းသွားတဲ့ ထူးခြားတဲ့နေရာဖြစ်ပြီး ဓာတ်ပုံရိုက်ဖို့ ကောင်းပါတယ်။
၇။ Temple of Literature – (Van Mieu Quoc Tu Giam)
𖠁 ၁၁ ရာစုက တည်ဆောက်ခဲ့တဲ့ ဗီယက်နမ်ရဲ့ ပထမဆုံးတက္ကသိုလ်ဖြစ်ပြီး ကွန်ဖြူးရှပ်ဝါဒနဲ့ ပညာရေးသမိုင်းကို လေ့လာနိုင်ပါတယ်။
၈။ ဟနွိုင်းရဲ့ ဒေသအစားအစာများ
𖠁 Pho (ဖာ်) – ဗီယက်နမ်ရိုးရာဟင်းလျာ
𖠁 Bun Cha (ဘန်ချာ) – ဝက်သားကင်နဲ့ ဆနွင်းမှုန့်ခတ်ထားတဲ့ ခေါက်ဆွဲ
𖠁 Banh Mi (ဘန်းမီ) – အသီးအရွက် ဝက်ခေါက်တွေကို အသားအနှစ်သုတ်ထားတဲ့ ပြင်သစ်ပေါင်မုန့်ကြမ်းကို နှစ်ခုကြားညှပ်ပြီးစားလေ့ရှိတဲ့ ဗီယက်နမ်အစားအစာ
𖠁 Egg Coffee (Ca Phe Trung) – ကြက်ဥအနှစ်နဲ့ လုပ်ထားတဲ့ ဟနွိုင်းရဲ့ထူးခြားတဲ့ကော်ဖီ
၉။ သွားရောက်လည်ပတ်နိုင်တဲ့ အနီးအနား ခရီးစဉ်များ
🌊 ဟားလောင်းပင်လယ်အော် (Halong Bay) – ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ကျောက်ဆောင်တွေနဲ့ လှပတဲ့ ပင်လယ်အော် (ဟနွိုင်းကနေ ၃-၄ နာရီကြာ)
🛶 နင်ဘင်ကျေးရွာ (Ninh Binh) – "ခြောက်သွေ့တဲ့ ဟားလောင်းပင်လယ်အော်" လို့တင်စားခေါ်ဝေါ်တဲ့ သဘာဝအလှတရားများ
🛵 ဟနွိုင်းမှာ ဆိုင်ကယ်ငှားပြီး လည်ပတ်တာ ဒါမှမဟုတ် ခြေကျင်လျှောက်ပြီး လည်ပတ်တာက အကောင်းဆုံးဖြစ်ပါတယ်။
ဗီယက်နမ်ခရီးစဉ်အတွက် ပျော်ရွှင်စရာကောင်းတဲ့အမှတ်တရတွေနဲ့ အဆင်ပြေကြပါစေ! ✈️🇻🇳
15/01/2026
𝐕𝐢𝐞𝐭𝐧𝐚𝐦 𝐄-𝐕𝐢𝐬𝐚 ကိုယ်တိုင် ဘယ်လိုလျှောက်ကြမလဲ?
🇻🇳 𝐕𝐢𝐞𝐭𝐧𝐚𝐦 နိုင်ငံက မြန်မာနိုင်ငံသားတွေအတွက် ရက် ၃၀ 𝐕𝐢𝐬𝐚 ကင်းလွှတ်ခွင့်ပေးပါတယ်။ ရက် ၃၀ နဲ့အထက် ခရီးသွားဖို့ လိုလာပြီဆိုရင်တော့ 𝐄-𝐕𝐢𝐬𝐚 (𝐄𝐥𝐞𝐜𝐭𝐫𝐨𝐧𝐢𝐜 𝐕𝐢𝐬𝐚) ကို တရားဝင် 𝐕𝐢𝐞𝐭𝐧𝐚𝐦 𝐄-𝐕𝐢𝐬𝐚 𝐖𝐞𝐛𝐬𝐢𝐭𝐞 ကနေ အလွယ်တကူလျှောက်ထားနိုင်ပါတယ်။
🛂 𝐄-𝐕𝐢𝐬𝐚 က ရက် 90 (၃ လ) အထိ နေထိုင်ခွင့်ပေးပြီး 𝐒𝐢𝐧𝐠𝐥𝐞 𝐄𝐧𝐭𝐫𝐲 (တစ်ကြိမ်သာ ဝင်ခွင့်) သို့မဟုတ် 𝐌𝐮𝐥𝐭𝐢𝐩𝐥𝐞 𝐄𝐧𝐭𝐫𝐲 (အကြိမ်ကြိမ်ဝင်ခွင့်) ကို ကိုယ့်လိုအပ်ချက်ပေါ်မူတည်ပြီး ရွေးချယ်နိုင်ပါတယ်။
Vietnam E-Visa ကို ကိုယ်တိုင်လျှောက်ထားချင်တဲ့သူတွေအတွက် Step-by-Step လျှောက်ထားနည်းနဲ့ အရေးကြီးသောအချက်များကို ရှင်းပြပေးမှာဖြစ်ပါတယ်။
စာအရှည်ကြီး ဖတ်ရမှာပျင်းရင် အောက်က ပုံနဲ့ စာတွဲထားတာလေးကို ကြည့်နိုင်ပါတယ်✌️
☑️ 𝐕𝐢𝐞𝐭𝐧𝐚𝐦 𝐄-𝐕𝐢𝐬𝐚 𝐑𝐞𝐪𝐮𝐢𝐫𝐞𝐦𝐞𝐧𝐭𝐬
𝟏. 𝐏𝐚𝐬𝐬𝐩𝐨𝐫𝐭 – သက်တမ်း ၆ လ ကျန်ရှိသော passport
𝟐. 𝐏𝐚𝐬𝐬𝐩𝐨𝐫𝐭-𝐒𝐢𝐳𝐞 𝐏𝐡𝐨𝐭𝐨 – နောက်ခံအဖြူ၊ မျက်နှာအပြည့်ပါသော Passport ပုံ (4x6 cm, JPEG/PNG)
𝟑. 𝐂𝐫𝐞𝐝𝐢𝐭/𝐕𝐢𝐬𝐚 𝐂𝐚𝐫𝐝 – E-Visa Fee ပေးချေရန် (Visa, Mastercard, JCB)
𝟒. 𝐄𝐧𝐭𝐫𝐲 & 𝐄𝐱𝐢𝐭 𝐃𝐚𝐭𝐞𝐬 – Vietnam ဝင်မည့်ရက်နှင့် ထွက်မည့်ရက်
☑️ 𝐕𝐢𝐞𝐭𝐧𝐚𝐦 𝐄-𝐕𝐢𝐬𝐚 လျှောက်နည်း (𝐒𝐭𝐞𝐩-𝐛𝐲-𝐒𝐭𝐞𝐩 𝐆𝐮𝐢𝐝𝐞)
1️⃣ Vietnam E-Visa Website ကိုဝင်ပါ (Check the link in Comment section)
2️⃣ "Apply Now" ကိုနှိပ်ပါ
➜ Nationality (နိုင်ငံသား) → Myanmar ရွေးပါ
➜ Entry Purpose (ခရီးသွားရခြင်းရည်ရွယ်ချက်) → Tourism/Business
3️⃣ Passport နှင့် ဓာတ်ပုံ Upload လုပ်ပါ
➤ Passport Bio Page (Scan/ဓာတ်ပုံရိုက်)
➤ Passport Photo (4x6 cm, နောက်ခံအဖြူ)
4️⃣ Personal Information မှာ ကိုယ်ရေးအချက်အလက်ဖြည့်ပါ
5️⃣ Requested Information မှာ Single-entry or Multiple-entry နဲ့ ကိုယ်ရဲ့ Arrival & Departure Dates (Vietnam ဝင်မဲ့ ထွက်မဲ့ရက်)ကို ရက် ၉၀ တွက်ပြီး ထည့်ပါ
6️⃣ Passport Information မှာ Passport number, Place/Date of issue, Ordinary Passport, Expiry Date ဖြည့်ပါ
7️⃣ Contact Information မှာ ကိုယ်အမြဲနေတဲ့လိပ်စာ၊ ဆက်သွယ်ရမဲ့လိပ်စာ နဲ့ ဖုန်းနံပါတ်အပြင် Emergency contact person တစ်ယောက်ရဲ့ နာမည်၊ လိပ်စာ၊ ဖုန်းနံပါတ်၊ ဘယ်လိုတော်စပ်လဲဆိုတာကို ဖြည့်ပေးရပါမယ်
8️⃣ Occupation က ဖြည့်စရာမလိုပါ
9️⃣ Information About the Trip မှာ Purpose of entry ကို Tourist/Businessman ရွေးပေးပြီး ဘယ်လောက်ကြာ်ကြာနေမယ်ဆိုတာရယ် ဗီယက်နမ်ဝင်မဲ့ရက်ရယ် ဗီယက်နမ်ဖုန်းနံပါတ်၊ ဗီယက်နမ်လိပ်စာ အတိအကျနဲ့ ဘယ်လမ်းကြောင်းကဝင်မလဲဆိုတာ Entry Port မှာ
✈︎ Airport (e.g., Hanoi, Ho Chi Minh, Da Nang)
✈︎ Land Border (e.g., Lao Bao, Moc Bai)
✈︎ Seaport (သင်္ဘောဆိပ်ကမ်း) ရွေးပေးရပါမယ်
🔟 ရှေ့မှာ ဗီယက်နမ်ကို တစ်နှစ်အတွင်း အဝင်အထွက်လုပ်ထားတာရှိရင် ဝင်ခဲ့တဲ့ရက်စွဲနဲ့ ဘာအတွက်လဲဆိုတာ ထည့်ပေးရပါမယ်။ မရှိရင် ထည့်စရာမလိုပါ။
✅ Next ကိုနှိပ်၍ Application ကိုစစ်ဆေးပြီး Submit လုပ်ပါ
✅ ဖောင်အားလုံးဖြည့်ပြီးရင် Submit နှိပ်ပါ
✅ ပေါ်လာတဲ့ Application Code ကို သိမ်းထားပြီး Confirm နှိပ်ပါ (Status စစ်ရန်လိုအပ်မည်)
✅ ငွေပေးချေပါ
Credit/Debit Card (Visa, Mastercard, Amex, JCB) ဖြင့်ပေးချေပါ
➤ Single Entry - 25 USD
➤ Multiple Entry - 50 USD
✅ ပြီးရင်တော့ E-Visa Approval ကို စောင့်ရုံပါ (3-5 Working Days)
ကြာချိန်က ၃ ရက်ကနေ ၅ ရက်ပါ ကိုယ့်ရဲ့ Info မှားတာ ပုံက ဝါးတာ နဲ့ ရုပ်မတူနေတာမျိုးဆို အချိန်က ၅ ရက်ထက်လည်း ပိုကြာကောင်း ကြာနိုင်ပါတယ်။ ဖြစ်ခဲပါတယ်။ ပုံမှန်တော့ ၃ ရက် ၄ ရက်နဲ့ ရတတ်ပါတယ်။
✅ Approved ဖြစ်ရင် PDF E-Visa ကို Email ပို့ပေးပါတယ်
✅ Print ထုတ်ယူပြီး Vietnam ရောက်ရင် Immigration ကိုပြရပါမယ်
❎ ရန်ကုန်ဘက်မှာ လုံးဝထုတ်ပြစရာမလိုပါ
☑️ 𝐈𝐦𝐩𝐨𝐫𝐭𝐚𝐧𝐭 𝐍𝐨𝐭𝐞𝐬
➤ E-Visa သက်တမ်း ➜ 90 Days (3လ)
➤ Entry Type ➜ Single/Multiple Entry (ရွေးချယ်နိုင်)
➤ Processing Time ➜ 3-5 Working Days (အမြန်ဆုံး 24-48 နာရီ)
➤ E-Visa Fee ➜ USD 25, USD 50 (Non-refundable)
➤ Validity ➜ သတ်မှတ်ထားသော Entry Date မှစ၍ ဗီယက်နမ်ကို ဝင်နိုင်ပါတယ်
☑️ 𝐂𝐡𝐞𝐜𝐤 𝐄-𝐕𝐢𝐬𝐚 𝐒𝐭𝐚𝐭𝐮𝐬 (Vietnam E-Visa စစ်ဆေးနည်း)
1. Comment မှာ ကြည့်ရမဲ့ Link ပေးထားပါတယ်
2. Application Code, Email, Birthday ဖြည့်ပါ
3. Search နှိပ်ပြီး Status ကိုကြည့်ပါ
⚠️ ကိုယ်က Visa သက်တမ်းတိုးနေချင်တယ်ဆိုရင်တော့ ကိုယ်နေတဲ့မြို့နဲ့ နီးမဲ့ Border ကနေ Lao, Cambodia ကို အဝင် အထွက်လုပ်ပြီး E-visa ထက်လျှောက်လို့ရပါတယ်
ဒီမှာတော့ နေ့ချင်းရမဲ့ E-Visa ကို လျှောက်ရမှာဖြစ်လို့ ကိုယ်တိုင်လျှောက်လို့မရပါဘူး‼️
ဒီလောက်ဆို Vietnam E-Visa ကို ကိုယ်တိုင် လျှောက်ထားဖို့ အဆင်ပြေပြီထင်ပါတယ်။ တခြားမေးချင်တာလေးတွေရှိရင်လည်း Comment မှာမေးနိုင်ပါတယ် 💕
𝐖𝐢𝐬𝐡 𝐲𝐨𝐮 𝐚𝐥𝐥 𝐚 𝐡𝐚𝐩𝐩𝐲 𝐭𝐫𝐢𝐩 𝐭𝐨 𝐯𝐢𝐞𝐭𝐧𝐚𝐦! ✈️
Mì Xá Xíu Noodle 🍲
One of my favorite dishes in Vietnam 🇻🇳
ဗီယက်နမ်မှာက ထမင်းထက် ခေါက်ဆွဲကို အရည်နဲ့ စားတာမျိုးကို ပိုစားကြတယ်
ဗီယက်နမ်ရဲ့ ရိုးရာအစားစာဖြစ်တဲ့ နာမည်ကြီး Phở ကတော့ မြန်မာပါးစပ်နဲ့ အရမ်းကြီး အဆင်မပြေလှဘူး သူရဲ့ ခေါက်ဆွဲက ကွေ့တီယိုခေါက်ဆွဲလို့ ဖြစ်နေတော့ စားရတာ အရည်နဲ့ အဖက်သက်သက်လို ခံစားရတယ် အရသာကလည်း ပေါ့တယ် Admin ကိုယ်တိုင်က အငံ အစပ်ကြိုက်ပြီး အသီးအရွက်မစားတာလည်း ပါတော့ ပိုဆိုးတယ် ဗီယက်နမ်မှာက ဘာစားစားအရွက်က ပါကို ပါတာ
Mì Xá Xíu ကတော့ မြန်မာပါးစပ်နဲ့ အကိုက်ဆုံးလို့ပြောရမဲ့ ဗီယက်နမ်-တရုတ်ရိုးရာခေါက်ဆွဲလေးပါ။ ကင်ထားတဲ့ ဝက်သားပြားလေးတွေရယ် မုန့်ညင်းရွက်လေးတွေရယ် ဝက်ခေါက်ကြော်လေးရယ်နဲ့ ခေါက်ဆွဲသားက ကြက်ဥခေါက်ဆွဲသားသုံးတာဖြစ်လို့ အရမ်းနူးညံ့ပြီး အကုန် အစပ်အဟပ်တည့်နေရော 🇻🇳
ဝက်သာပြားကင်ပါတဲ့အတွက် Mì Xá Xíu လို့ခေါ်တာပါ အဲ့လို Mì Xá Xíu ရတဲ့ဆိုင်တွေမှာက ဝက်သားကင်နဲ့မဟုတ်ပဲ တခြား ဖက်ထုတ်၊ ဝက်အူစုံသဲစုံ၊ ဘဲပေါင်၊ ပင်လယ်စာအကုန်ရပေမဲ့ ဝက်သားပြားကင်နဲ့ ကအလိုက်ဆုံးပါ ကျန်တာတွေက နည်းနည်းအီတယ် 🥓
အရသာကတော့ အကုန်အတူတူပဲ အရမ်းလည်း မပေါ့ အရမ်းလည်း မချိုပဲ အနေတော်လေးကို ငရုတ်သီးအနှစ်လေးပါ တချို့ဆိုင်တွေက ချပေးတတ်တော့ အဲ့အနှစ်ရယ် ပဲငံပြာရည်လေးရယ် ထည့်စားလိုက်ရင် အရမ်းကောင်း တစ်ခါတစ်လေ ထမင်းချက်ရမှာ ပျင်းတဲ့နေ့တွေဆို မနက်စာရော နေ့လည်စားရော Mì Xá Xíu နဲ့ ပြီးသွားရော 🍜
တစ်ခါတစ်လေတော့ ဖက်ထုတ်တစ်ဝက် ဝက်သာပြာကင်တစ်ဝက်နဲ့ စားလေ့ရှိတယ်။ သူ့နာမည်အခေါ်လေးတော့ မေ့နေတယ်။ အဲ့လိုစားတာလည်း ကောင်းတယ် 🥟
ကဲ ဗီယက်နမ်ရောက်လို့ ဘာစားရမှန်းမသိရင် Mì Xá Xíu လေးလည်း စားကြည့်ကြနော် Video ထဲက Admin Mì Xá Xíu စားနေကြ ဆိုင်လေးပါ 💕
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
Yangon