Creative Movie Store

Creative Movie Store

Share

29/11/2022

( )
ချစ်ကြိုက်ကွဲညားမကြည့်ချင်ဘူး😉ဇာတ်ကားကောင်းကောင်းလေး ရှာနေတယ်ဆိုရင်တော့ ဒီရုပ်ရှင်ကို recommend လုပ်ပါတယ်😘

ဒီရုပ်ရှင်က Tom Hank ရဲ့ ရုပ်ရှင်ကားကောင်းတွေထဲက တစ်ကားအပါအဝင်ဖြစ်လာမယ်လို့ ထင်မိပါတယ်။ " ရုပ်ရှင်က သာမန်ပါပဲ၊ အရင်ကလဲ ဒီလို ဇာတ်အိမ်မျိုးနဲ့တူတဲ့ ရုပ်ရှင်တွေ ရှိတာပါပဲ" ဆိုရင်တောင် ဒီရုပ်ရှင်က စိတ်ပျက်စေရမှာတော့မဟုတ်ဘူးလို့ ထင်ပါတယ်။ ဒါကတော့ admin တစ်ယောက်ထဲရဲ့အမြင်ပါ။

Wall- E ရုပ်ရှင်ရဲ့ပုံစံနဲ့ နည်းနည်းဆင်တဲ့အတွက် Wall-E ရဲ့အငွေ့အသက်လေးတွေနဲ့ ကြည့်ရမှာပါ။ သက်ရှိတွေနဲ့ သက်မဲ့တွေကြားက လှပတဲ့ သံယောဇဥ်တွေ၊ သူတို့ကြားက ဆက်ဆံရေးတွေ ဒါတွေကို ဒီရုပ်ရှင်ထဲမှာ အများကြီးမြင်ရမှာပါ။

ဇာတ်လမ်းအကြောင်းနည်းနည်းပြောရမယ်ဆိုရင် ဒီရုပ်ရှင်ထဲမှာက အိုဇုန်းလွှာမရှိတော့တဲ့အတွက်ကြောင့် ကမ္ဘာကြီးကပျက်စီးနေပြီး သက်ရှိတွေနဲ့ လူတော်တော်များများက သေကြေပျက်စီးသွားကြပါပြီ။ Tom Hank ကတော့ အသက်ရှင်ကျန်ခဲ့တဲ့သူတွေထဲကတစ်ယောက်ပါ၊ သူ့မှာ ခွေးလေးတစ်ကောင်ရှိပြီး သူမရှိတော့ရင် သူ့ခွေးလေးကို စောင့်ရှောက်ဖို့အတွက် Robot တစ်ရုပ်ကို ဖန်တီးလိုက်ပါတယ်။

Sci-fic/ Drama အမျိုးအစားဖြစ်ပြီး ကြာမြင့်ချိန် ၂ နာရီနီးပါးရှိပါတယ်။ PG-13 သတ်မှတ်ထားတဲ့ ရုပ်ရှင်ပါ။ November 5, 2021 ကထွက်ရှိထားပြီး Rotten Tomatoes : 73% , IMDB : 7/10 ရရှိထားပါတယ်။

ချစ်ကြိုက်ကွဲညား မကြည့်ချင်ဘူး၊ ရုပ်ရှင် ကောင်းကောင်းလေး ရှာနေတယ်ဆိုရင်တော့ ဒီရုပ်ရှင်ကို recommend လုပ်ပါတယ်။
ရုပ်ရှင်ကြည့်စရာရှိတာလဲကြည့်ပြီး နေ့စဥ်လုပ်ရမဲ့ တာဝန်တွေရှိတာကိုလဲ မမေ့ကြပါနဲ့ခင်ဗျာ😍😘

08/11/2022

𝐇𝐞𝐲 𝐑𝐚𝐦 [𝟐𝟎𝟎𝟎] မြန်မာစာတန်းထိုး
*********************************
IMDb: 7.9/10

မင်းသားကြီး ကမလ် ဟာဆန် နဲ့ ရှာရွတ်ခန်း ရဲ့ နာမည်ကြီး ကား Hey Ram စာတန်းထိုး HD ရပါပြီ။ ဒီကားက မဟတ္တမ ဂန္ဒီ ကို သတ်ချင်တဲ့ သူ တစ်ယောက် အကြောင်းပါ။ သူ ဘာလို့ မဟတ္တမ ဂန္ဒီ ကို သတ်ချင်တာလဲ/ နောက်ဆုံး ဘယ်သူ သတ်သွားလဲ ဆိုတာကို ရှုစားကြပါ။

ဒီကားက Hindi-Tamil ဘာသာစကား နှစ်မျိုးနဲ့ တပြိုင်နက် ရိုက်ခဲ့တဲ့ကားပါ။ ဒီကားက ဟိန္ဒီ သရုပ်ဆောင်တွေ ဖြစ်တဲ့ ရှာရွတ်ခန်း/ ရာနီး မူခါဂျီး နဲ့ တခြား ဟိန္ဒီ သရုပ်ဆောင်တွေကို တကယ်ချီးကျူးတယ်။ ဘာလို့တုန်း ဆို သူတို့ ဒီကားမှာ သူတို့ မတတ်တဲ့ တမီးလ်စကားကို ပြောခဲ့တယ်။ ဒီကားက တယောက်ယောက်ကို အသံသွင်းခိုင်းတဲ့ Dubbing မလုပ်ခဲ့ဘူး။ ရှုတင် မှာ ရှာရွတ်ပြောတဲ့ ရှာရွတ်လေသံ နဲ့ တမီးလ်စကား ကိုဘဲ သုံးခဲ့တယ်။

ခုကျနော် တင်ထားတာတော့ Hindi Version ပါ။ သရုပ်ဆောင်တိုင်း ပါးစပ်လှုပ်တာလဲ Hindi ပြောတာလဲ Hindi။
ဘာလို့ဆို ရှာရွတ် ဖန်တွေ တောင်းဆိုတဲ့ကားမို့ Hindi လိုဘဲ တင်ပေးလိုက်တာပါ။

ရှာရွတ်က မင်းသားကြီး ကမလ် ဟာဆန် ဖန်မို့ ဒီကားမှာ ငွေတစ်ပြားမှ မယူခဲ့ဘူးး

07/11/2022

The OctoGames (2022) မြန်မာစာတမ်းထိုး
ရဘေ၀ဲ လူ tတ်ဂိမ်းကားသစ်ကြီး😱
================================
IMDB: 4.5/10
နာမည်ကျော်ကြားမှုနဲ့ ပိုက်ဆံအတွက် သူတပါးဘ၀ကိုချနင်းရက်တဲ့သူတွေဘယ်လောက်များရှိနိုင်မလဲ။

ဒီဇာတ်လမ်းထဲက လူ ၈ ယောက်ကတော့
အဲဒီလိုချနင်းရမယ်မှန်းမသိဘဲ ဂိမ်းတစ်ခုထဲ ဘုမသိဘမသိပါလာကြပါတယ်။
သူတို့ပါ၀င်ခဲ့ရတဲ့ဂိမ်းက OctoGames။

ရေဘဝဲဂိမ်းလို့ပဲအလွယ်ခေါ်ကြပါစို့။ ရေဘဝဲရဲ့ခြေတံလက်တံ ၈ ခုကို ကိုယ်စား ပြုပြီး ဂိမ်း ၈ မျိုး၊ လူ ၈ ယောက် ကစားတာကြောင့်ပါ။ ဂိမ်းအားလုံးက ကလေး
ကစားတဲ့ဂိမ်းတွေဖြစ်ပေမဲ့ ရှုံးနိမ့်သူတွေအတွက် ပေးဆပ်လိုက်ရတာက တကယ့်အTက်နဲ့ဘ၀ပါ။ အဲဒီလူtတ်ကစားပွဲကြီးကိုဖန်တီးသူကတော့ follower သန်း
ပေါင်းရာချီတဲ့ နာမည်ကျော် YouTuber ဂျက်စ်ပရို ဆိုသူ ဖြစ်ပါတယ်။ကယ်ရီ၊ မက်ဆင်း၊ အေဂျေ၊ စကွစ်ရှ်၊ ရုသ်၊ ဝေါလ်တာတို့က မျက်စိလည်လမ်းမှားပြီး
လူtတ်ဂိမ်းကြီးထဲ ပါ၀င်မိကြသူတွေပေါ့။

ဂိမ်းရဲ့သရုပ်မှန်ကိုသိသွားချိန်မှာတော့
နောက်ပြန်ဆုတ်လို့မရတော့ဘဲ ကိုယ့်အtက်ရှင်သန်ရေးအတွက် ရုန်းကန်ကြရပါတော့တယ်။ အဲဒီလိုနဲ့ ဘယ်သူကရှင်သန်ပြီး ဘယ်သူတွေရှုံးနိမ့်သွားကြမလဲဆိုတာကို
ကြည့်ရှုခံစားရင်း အခက်အခဲကြုံချိန်မှာ တွေ့ရတဲ့သံယောဇဉ်၊ ကိုယ်ချင်းစာတရား၊ကောက်ကျစ်စဉ်းလဲမှု၊ တစ်ကိုယ်ကောင်းဆန်မှု၊ လူတွေရဲ့ရူးသွပ်မိုက်မဲမှုတွေကို
အထင်းသားတွေ့ကြရမှာပါ။
ပရိသတ်ကြီးစိတ်၀င်တစားကြည့်ရလောက်အောင် လှုပ်လှုပ်ရှားရှားဖြစ်တဲ့ Horror ဆန်ဆန် ပဟေဠိဆန်ဆန် ဇာတ်လမ်းမျိုးမို့ ကြည့်ကြဖို့ ညွှန်းပေးလိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Cmon ဖြစ်ပါတယ်)

Want your establishment to be the top-listed Cinema in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


YANSHIN Road
Yangon