Diamond Digital Tech

Diamond Digital Tech

Share

15/11/2024

🪔 မြိုင်မြိုင်ဆိုင်ဆိုင် လတန်​ဆောင်တိုင် 🪔

တန်​ဆောင်မုန်းလပြည့်​နေ့ အချိန်အခါ

သမယလေးမှာမိဘပြည်သူများအားလုံး

မိတ်ဟောင်း မိတ်သစ် Customers များအားလုံး

ကိုယ်စိတ်နှစ်ဖြာကျန်းမာ ရွှင်လန်းပြီး

စီးပွါးလာဘ်လာဘများတိုးပွါးကြပါစေ

စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း ​ကောင်းကျိုးလိုအင်ဆန္ဒများပြည့်စုံကြပါ​စေ​ကြောင်း

Diamond Digital Tech မိသားစုမှ ဆု​တောင်း​မေတ္တာပို့သ လိုက်ပါတယ်ခင်ဗျာ🙏

30/09/2024

" #ကိုယ့်မကောင်းကြောင်း ပြောသံကြားရတဲ့အခါ"

🌹🌿🌿🌿🌿🌿🌿🌿🌿🙏

မိမိစိတ်သန္တာန်ကို
တည်ငြိမ်အောင် လေ့ကျင့်နေထိုင်ခြင်းသည်
တရားကျင့်တယ်လို့သတ်မှတ်နိုင်တယ်။

မြတ်စွာဘုရားက လောကမှာ
လူတွေဟာ အချင်းချင်းဆက်ဆံနေကြရတဲ့အခါ
‘ကိုယ့်အကြောင်း’ ကို
-မပြောသင့်တဲ့အချိန်မှာ ပြောတာလည်း
ဖြစ်ချင်ဖြစ်မယ်။

-မဟုတ်မမှန်တွေပြောတာလည်း
ဖြစ်ချင်ဖြစ်မယ်။

-ရိုင်းရိုင်းပျပျ ပြောတာတွေလည်း
ကြုံနိုင်တယ်။

-ကျိုးကြောင်းဆီလျော်မှုမရှိဘဲ
ပြောတာတွေလည်း ကြုံတွေ့နိုင်တယ်။

အဲဒီလိုကြုံလာခဲ့လို့ရှိရင် မြတ်စွာဘုရားက
အဲဒီ ‘စကားမုန်တိုင်း’ တွေကို-ဘာနဲ့ခံယူမလဲ? တဲ့။

အဲဒီနေရာမှာ ‘မေတ္တာနှလုံး အစဉ်သုံး'
လို့ပြောတာနော်။

မြတ်စွာဘုရားက ကျင့်စဉ်လေးပေးထားတယ်။
ဘာပေးထားတုန်းဆိုရင်
“န စဝေ မေ စိတ်တံ ဝိပရိဏတံ ဘဝိဿတိ”
အဲဒီလိုစကားမျိုးတွေကြားလာခဲ့ရင်!1

-ငါ့စိတ်က
‘အပြောင်းအလဲ’ မဖြစ်စေရဘူးလို့
အဲဒီလို စိတ်မဆိုးနဲ့တဲ့။
အဲဒီလိုပြောတာနော်။

-ပင်ကိုယ်စိတ်ကလေးက
★ ရုပ်ပျက်ဆင်းပျက် ဖြစ်မသွားစေနဲ့။
★ ဒေါသစိတ်မဖြစ်ပေါ်နဲ့။
★ စိတ်ဓာတ်မပြောင်းလဲသွားစေနဲ့တဲ့။
★ အပြောမခံရခင်က စိတ်က တစ်မျိုး၊
ကိုယ့်ကို လာပြောတဲ့အခါမှာ
★ အပြောခံလိုက်ရတဲ့ စိတ်က တစ်မျိုး၊
အဲဒီလို မပြောင်းလဲသွားစေနဲ့တဲ့။

အပြောမခံလိုက်ရခင်က
စိတ်မျိုးကို ထိန်းထားပါတဲ့။
မျက်နှာကြောတင်းသွားတာတို့၊
ဒေါသနဲ့ပြန်ပြောမိတာတို့ဖြစ်တတ်ပါတယ်။
အဲဒီလို စိတ်ကလေးပြောင်းလဲမသွားအောင်
မြတ်စွာဘုရားက ထိန်းပါလို့ပြောတာနော်။

တရားကျင့်တယ်ဆိုတာ ဒါပါပဲ။
တရားကျင့်တယ်ဆိုတာ အများက
“တင်ပလ္လင်ခွေထိုင်ပြီး မျက်စိကို
စုံမှိတ်ထားတာ။အဲဒီလိုမျိုး ထိုင်တာကိုမှ
တရားကျင့်တယ်” လို့
တရားအားထုတ်တယ်လို့ထင်တယ်။
အဲဒီလိုကျင့်တာက တစ်မျိုး။
သမာဓိရအောင် ကျင့်တာခေါ်တယ်။

★ ကိုယ့်မူရင်းစိတ်ကောင်းကလေးကို
ပြောင်းလဲသွားတာမျိုးမဖြစ်အောင်
ထိန်းနိုင်တာကိုလည်း တရားကျင့်တယ်လို့
သတ်မှတ်နိုင်တယ်။ ★

#ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး🌼🙏🙏🙏

Credit Original Uploader.

ကျန်းမာ​ပျော်ရွှင် ချမ်း​မြေ့ကြပါ​စေ။

အလုပ်အကိုင် လုပ်ငန်းများ ​အောင်မြင်တိုးတက်ကြပါ​စေ။
☆♤♡◇♧¤♧◇♡♤☆

Want your business to be the top-listed Advertising & Marketing Company in Yangon?
Click here to claim your Sponsored Listing.

Website

Address


No. 859, Ayar 16th Street, Nya Ward, North Okkalapa Township
Yangon