Myanmar News Complement
20/11/2023
#အဆုတ်ကင်ဆာကဘယ်လိုလက္ခဏာတွေပြတတ်သလဲ ?
#ဘယ်လိုတွေခံစားရလို့ဆရာဝန်ဆီပြဖြစ်တာလဲ ?
သိချင်တဲ့သူတချို့က မေးကြတယ် ။
" စ သတိထားမိတာက "
ဘယ်ဘက်ရင်ဘတ် ( နှလုံးနေရာ နားက )
အပ်နဲ့ထိုးသလို စူးစူး လေး အောင့်တာပါ ။
မခံမရပ်နိုင်အောင် အောင့်တာမျိုးလည်း မဟုတ်ဘူး။
လေး ငါး ချက်လောက် အောင့်လိုက်
လေတက်ရင် ပျောက်သွားလိုက်နဲ့ ဆိုတော့
လေထိုးတာ လို့ ထင်မိတယ် ။
၃ / ၄ လကြာတဲ့ နောက်တော့
နာတဲ့ အကြိမ်ရေက ပို စိပ်လာတယ် ။
တလမှာ သုံး လေးကြိမ်လောက်ပဲ ဖြစ်ရာကနေ
တရက်မှာ လေး ငါး ကြိမ်ထိ ဖြစ်လာတော့
( နှလုံး နေရာနားက အောင့်တာမို့ )
နှလုံးသွေးကြော ပိတ်လို့ အောင့်တာထင်ပြီး
နှလုံး အထူးကုဆီ သွားပြတယ် ။
နှလုံးအထူးကုက ရင်ဘတ်ဓါတ်မှန် ရိုက်ခိုင်းတော့
အဆုတ်ထဲက အကျိတ်ကို တွေ့တော့တာပါပဲ။
#( တကယ်တော့ အဲဒါမတိုင်ခင် ၆ လ လောက်ကတည်းက မနက်စောစော အိပ်ယာ နိုးစမှာ ဘယ်ဘက်ကိုစောင်းလိုက်ရင် နောက်ကျောကအောင့်တယ် ၊ အပေါ့အပါး ထသွားလို့ ပြန်အိပ်ရင်လည်း ဘာမှ မဖြစ်တော့ဘူး )
☆ နောက်ကျောအောင့်တာက
အဆုတ်ကင်ဆာရဲ့ အဓိက လက္ခဏာ တခုဖြစ်ပါတယ် ၊ ဒါကို ဖြစ်ပြီးမှ သိလာခဲ့တာပါ ။
နောက်ထပ်သိသာတဲ့ လက္ခဏာ တခုဖြစ်တဲ့
ခြောင်းဆိုးတာဆို လုံးဝ မဖြစ်ခဲ့ဘူး ။
ရက်ရှည် မပြောနဲ့ တရက်တလေတောင်မဆိုးဖူးဘူး ။
ဆိုတော့ ကျွန်တော့မှာ
ရောဂါလက္ခဏာ ကြီးကြီးမားမား မပြခဲ့ပါဘူး။
ဒါကြောင့်လည်း ကင်ဆာမှန်းနောက်ကျမှ
သိခဲ့ရတာပါ ။
ဒီ Post ကို ဖတ်မိသူတိုင်းလည်း
သတိထားနိုင်ကြပါစေ။
19/11/2023
သားဦးရတနာလေး ခွဲစိတ်မွေးဖွားခဲ့တဲ့
သရုပ်ဆောင် ပိုးကြာဖြူခင်
19/11/2023
အဲဗာတန်အသင်းဟာ ယခင်လျော့ချထားတဲ့ ရမှတ်
၁၀ မှတ်အပါအဝင် နောက်ထပ်ရမှတ် ၉ ကိုပါ လျော့ချခံရဖွယ် ရှိနေပါတယ်။ အကြောင်းကတော့ အဲဗာတန်အသင်းဟာ လက်စတာ လိဒ် ဘန်လေ စတဲ့ အသင်းတွေနဲ့ ကစားသမား အပြောင်းအရွှေ့တွေပြုလုပ်ရာမှာ ပေါင်သန်း ၃၀၀ ပေးချေရန် ပျက်ကွက်တာတွေ တွေ့ရှိခဲ့ရကြောင်း သိရပါတယ်။
19/11/2023
အင်းစိန် သံမဏိစက်ရုံအနောက်ဘက် ကမ်းကပ်ထားသော သင်္ဘော မီးလောင်
၁၉.၁၁.၂၀၂၃
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ သံမဏိစက်ရုံအနောက်ဘက်တွင် ကမ်းကပ်ထားသော သင်္ဘောမီးလောင်မှု ယနေ့မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်က ဖြစ်ပွားခဲ့သည်။
သင်္ဘောမှာ ၃ ထပ်သင်္ဘောဖြစ်ပြီး ကုန်းပတ်ပေါ်တွင် မီးလောင်နေခြင်းဖြစ်ကြောင်း အဆိုပါ မီးလောင်မှုမှာ မွန်းလွဲ ၁၂ နာရီ ၃၀ တွင် မီးငြိမ်းသွားကြောင်း ကနဦး သိရသည်။
သင်္ဘောမီးလောင်မှုကို အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ၊ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်ခဲ့ကြသည်။
#သင်္ဘော #မီးလောင် #အင်းစိန် #သံမဏိစက်ရုံ
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon