Ko Htut OS

Ko Htut OS

Share

ရာမာယဏ ထွေလာ 03/06/2023

Adipurush (2023)
မြန်မာစာတန်းထိုး ထွေလာ

ဘာဟူဘလီ မင်းသားရိုက်တဲ့
ရာမ လက္ခဏ ကျောရိုး ဇာတ်ကား Adipurush မြန်မာလို ထွေလာလေးပါ...

အားပေးကြပါဦး...

https://youtu.be/WPrp9brjHlI

အပန်းမကြီးရင် Youtube Channel လေးကို Like and Subscribe လေး လုပ်ပေးပါဦး....

ရာမာယဏ ထွေလာ

Photos from Ko Htut OS's post 07/12/2022

Ram Setu (2022)

https://fb.watch/hgws9L2rA7/

https://t.me/blmdk/7855

ဒီနေ့ကတော့ မင်းသားကြီးတွေရဲ့ကား
ထွက်တဲ့နေ့ပါပဲ အခုလည်း အာရှေးကူမာရဲ့
ဘာသာရေး သမိုင်းနဲ့ ယုံကြည်ကိုးကွယ်မှုဆိုင်ရာ
ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်

အာရန် (အာရှေးကူမာ) က ဘာသာတရားနဲ့ ဘုရားကို
အယုံအကြည်မရှိတဲ့
ရှေးဟောင်းသုတေသနပညာရှင် တစ်ယောက်ပေါ့
သူက အချက်အလက်ရှိပြီး သက်သေပြနိုင်တဲ့
အရာကိုပဲ ယုံကြည်တဲ့သူဖြစ်ပါတယ်

အိန္ဒိယလူမျိုးတွေဟာ အရှင်ရာမကို
အလေးအနက်ယုံကြည်ကြတဲ့သူတွေဖြစ်ပြီး
ရမ်ဆက်တူဆိုတဲ့ တံတားကိုလည်း
အရှင်ရာမတည်ထောင်ခဲ့တာလို့ ယုံကြည်ထားကြပါတယ်

အဲဒီတံတားကို အစိုးရအဖွဲ့အစည်းက
ကုန်သွယ်ရေးကိစ္စတစ်ခုနဲ့ ဖြိုချဖို့ လုပ်လာတဲ့အခါ
ပြည်သူတွေက ဆူပူအုံကြွလာကြပါတော့တယ်

ဒါကို အဲဒီရမ်ဆက်တူဆိုတာဟာ
လူဖန်တီးထားတာမဟုတ်၊ သဘာဝအလျောက် ဖြစ်တည်နေတာဖြစ်ကြောင်းကို
အစိုးရအဖွဲ့အစည်းက အာရန်ကို သက်သေထူခိုင်းပါတယ်

ဒါပေမယ့် အများနဲ့တစ်ယောက်ဖြစ်နေသလိုပဲ
ပြည်သူလူထုက လူအင်အားများပြီး
အစိုးရအဖွဲ့အစည်းက လူအင်အားနည်းနေတဲ့အခါ

အိန္ဒိယပြည်သူတွေရဲ့ ယုံကြည်မှုနဲ့
နိုင်ငံတော်အစိုးရအဖွဲ့အစည်းရဲ့ စီးပွားရေးကြိုးပမ်းမှုနဲ့ အာရန်ရဲ့ သက်သေပြမှုတွေကြားက
တိုက်ပွဲကို ခင်းကျင်းပြသထားတဲ့ ဒီကားဟာ
နိုင်ငံရေးရော ဘာသာရေးရော ပါဝင်တဲ့
ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်

Credit မူရင်းအားလုံး

17/10/2022

Laal Singh Chaddha (2022)

https://t.me/blmdk/7714

အညွှန်းက ပြောစရာမလိုတော့ဘူး မို့...
ကြည့်ဖို့ပဲ တိုက်တွန်းတယ်...

20/08/2022

Yaanai (2022)
==========

bit.ly/yaa2022blmdk
IMDb 6.7
Oh My Dog ဇာတ်ကားနဲ့ပရိတ်သတ်ကိုဆွဲဆောင်ခဲ့တဲ့ မင်းသားကြီး Arun Vijay ရဲ့
ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ ဇာတ်ကားလေးထွက်ရှိလို့လာပါပြီ
ဗီလိန်ပိုင်းမှာလဲ KGFထဲက ဗီလိန်ကြီးပါဝင်သရုပ်ဆောင်ထားလို့ အတော်ကြမ်းတဲ့ဇာတ်လမ်းတပုဒ်ပါ

လွန်ခဲ့တဲ့၇နှစ်က ဖြစ်ခဲ့တဲ့အမှုမှာ သားဖြစ်သူတွေကိုဆုံးရှုံးလိုက်ရတဲ့ Samudharamမိသားစု နဲ့
သားသေဆုံးမှုမှာတာဝန်ရှိ‌နေတဲ့ PRVမိသားစု ဆိုပြီး ရွာနှစ်ခြမ်းကွဲသွားခဲ့ပါတယ်
မိသားစုနှစ်ဖက်လုံးကလည်း ကျိကျိတက်နဲ့ နာမည်ကြီးကြတဲ့လူတွေချည်းပါပဲ

မင်းသားကြီး Arun Vijay ကတော့ PRV ဘက်ပါ ဖအေတူမအေကွဲဖြစ်နေတာကြောင့်
ဖအေ့ဘက်ကပါလာတဲ့အစ်ကိုတွေနဲ့ ဆန့်ကျင်ဘက်ပါပဲ ကြင်ကြင်နာနာနဲ့ လူတိုင်းချစ်ခင်ကြပြီး
တစ်ဖက်မိသားစုရဲ့သားသေဆုံးမှုကိုတာဝန်ရှိတယ်လို့ခံယူထားတဲ့တစ်ဦးတည်းသောလူပေါ့
အငယ်ဆုံးဖြစ်ပေမယ့် တစ်အိမ်လုံးကို ဆင်တစ်ကောင်လိုထမ်းပိုးပြီး ကာကွယ်လိမ့်မယ်ဆိုတဲ့
ဇာတာအရ ဖခင်ဖြစ်သူက အားကိုးနေရတဲ့ရာဗီးတစ်ယောက် နှစ်ဖက်မိသားစုရဲ့ ပဋိပက္ခတွေကြားက
မိသားစုကိုဘယ်လိုကယ်တင်မလဲ

ကြမ်းရမ်းနေလို့လည်းမပြီးသေးတာကြောင့်ကြားထဲမှာ ရိုမန့်လေးတွေနဲ့
ဘယ်လိုရိုကြမလဲ ခံစားမှုအစုံရစေမယ့် ဇာတ်ကားကောင်းလေးဖြစ်တာကြောင့်
စီးမျောသွားစေရန်တင်ဆက်ပေးလိုက်ရပါတယ်

Credit Original

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Yangon