Royal Rose English Language Center

Royal Rose English Language Center

Share

06/01/2026

ကိုယ့်ရဲ့အကြောင်းကို ကိုယ်အလုပ်မှ အနားယူသွားတဲ့အခါ လုပ်ဖော်ကိုင်ဖက်ဟောင်းများက ပြန်ပြောကြလိမ့်မယ်။
အလားတူပဲ ဆရာတစ်ယောက်ရဲ့ အကြောင်းကို သူနဲ့သင်ကြားဖူးခဲ့သူများက ပြန်ပြောကြလိမ့်မယ်။
စိတ်ကောင်းစေတနာကောင်းနဲ့ ဖော်ဆောင်ထားတဲ့ ကိုယ့်ရဲ့သမိုင်းကောင်းကိုပဲ ချန်ထားခဲ့ဖို့ အားထုတ်ပါ။

When you retire, former colleagues will talk about you.
Likewise, a teacher's former students will talk about them.
Strive to leave behind a good legacy built on kind intentions and goodwill.

08/08/2025

ဒီ​နေ့ နံက်ခင်းကတော့ ပုံမှန်ပါပဲ။ ဒါပေမယ့် ဒုတိယ စာသင်ချိန်မှာ ဖုန်းဝင်လာပါတယ်။

ဆရာမ တစ်ယောက်ရဲ့ လေသံက တည်ငြိမ်သော်လည်း အနည်းငယ် တင်းမာနေတယ်လို့ ထင်ရပါတယ်။

“ရုံးခန်း ကို ခဏလာပေးလို့ရမလားဆရာကြီး.. ရှစ်တန်းကျောင်းသားတစ်ယောက်က သူ့ဦးထုပ်ကို မချွတ်ဘူးလို့ ခေါင်းမာနေလို့...''

ကျွန်တော့်ရုံးခန်းကို ရောက်တဲ့အခါ ဂျေဒင် - Jaden ဆိုတဲ့ ကောင်လေးကို တွေ့လိုက်ရတယ်။

သူက ပုံမှန်အားဖြင့် စကားနည်းပြီး ယဉ်ကျေးပါတယ်။ ဒါပေမဲ့ ဒီနေ့မှာတော....စိတ်ရှုပ်နေပုံ ပေါက်ပါတယ်... ဦးထုပ်ကို မျက်နှာဖုံးလုနီးပါး ဆောင်းထားပါတယ်။

သူ ခပ်တိုးတိုး ပြောပါတယ်။
ကျွန်တော် သေချာနားထောင်မှ ကြားလိုက်ရတာက..

“သူတို့ ကျွန်တော့်ကို လှောင်ကြတယ် ဆရာကြီး..''

သူ့ကို မြင်တဲ့ ကလေးတွေက သူ့ဆံပင်ပုံကို ကြည့်ပြီး လှောင်ကြကြောင်း ပြောပြတယ်။

ထို့နောက် ....သူ ဦးထုပ်ကို ဖြည်းဖြည်းချင်း ချွတ်လိုက်တယ်။

ဦးထုပ်အောက်က ပေါ်ထွက်လာတဲ့ သူ့ဆံပင်က ညှပ်ထားတာ မညီမညာ၊ တချို့နေရာတွေမှာ ပြောင်းသလင်းနေသည်။

ဒီပုံစံမျိုးကျောင်းစည်းကမ်းအရ လက်မခံ။ ကျွန်တော် သူ့ကို စာရင်းသွင်း အရေးယူလို့ ရပါတယ်။

ဒါပေမဲ့ ကလေးတွေအတွက် စည်းကမ်းဆိုတာ အမြဲတမ်း လိုအပ်တာမျိုး မဟုတ်ပါဘူး။

ကျွန်တော် ထရပ်ပြီး ကျွန်တော့်ရဲ့ဗီရိုဆီကို လျှောက်သွားလိုက်ပါတယ်။

ဗီရိုထဲက​နေ ကျွန်တော့်ရဲ့ ကလပ်ပါ (ဆံပင်ညှပ်) ကိရိယာအဟောင်းလေးကို ထုတ်လိုက်တယ်။

ကျောင်းအုပ်မဖြစ်ခင်တုန်းက ကောလိပ်စရိတ်အတွက် အပိုဝင်ငွေလေးရအောင် ဆံပင်ညှပ်ရင်းဝင်ငွေရှာခဲ့ပါတယ်။

“ဆရာ မင်းဆံပင်ကို ပြန်ညှပ်ပေးရမလား.” လို့ ကျွန်တော် မေးလိုက်ပါတယ်။

သူ ခေါင်းညိတ်တယ်။
သူ့ပုခုံးပေါ်ကို ပုဝါတစ်ဝါ တင်ပြီး သူ့ရဲ့ဆံပင်ကို ​ပြန်ညှပ်ပေးဖို့ စလိုက်တယ်။

သပ်သပ်ရပ်ပုံလေး ပေါ်လာတဲ့အခါ သူ သက်ပြင်းချလိုက်တယ်။ သူ့ကို နောက်တစ်ကြိမ် အသက်ရှူခွင့်ရသလိုမျိုးပဲ။

ပြီးတော့ သူ စပြီးပြောပြတယ်။ သူ့အိမ်အနားက ကောင်လေးတွေ လိုက်ပြီး လှောင်ပြောင်တာ ခံရတာက ဘယ်လောက် အရှက်ရကြောင်းပါ။

နောက်ဆုံး အနေနဲ့ ပုံအနေအထားကို ထပ်ညှိလိုက်တဲ့အခါ ကျွန်တော် သတိထားမိတာ တစ်ခုရှိပါတယ်။

အမာရွတ်တွေ... သူ့ဦးခေါင်းနောက်ဘက်မှာ သေးငယ်တဲ့ အမာရွတ်လေးတွေ ရှိနေပါတယ်။ ထိခိုက် ဒဏ်ရာ ရထားတဲ့ အနေအထားမျိုးတွေ။

ကျွန်တော် ရပ်တန့်လိုက်ပါတယ်။

“ဒါဒဏ်ရာက… မကြာသေးခင်က ဖြစ်တာလား” လို့ ကျွန်တော် မေးလိုက်တယ်။

သူ ချက်ချင်း မဖြေဘူး။
ပြီးတော့ သူ ခပ်တိုးတိုးပြောပါတယ်။

“သူ ကျွန်တော့်ကို ရိုက်တဲ့နေရာတွေပါ။ မနှစ်က ကျွန်တော်တို့ အိမ်ဟောင်းမှာ နေတုန်းကပေါ့။”

ကျွန်တော် ဆံပင်ညှပ်တဲ့ ကလစ်ကို ပိတ်လိုက်ပါတယ်။

“ဘယ်သူလဲ” လို့ ကျွန်တော် မေးလိုက်တယ်။

သူ ကျွန်တော့်ကို မကြည့်ဘူး။
ပြီးတော့ သူပြောတဲ့အဖြေက ကျွန်တော့်ရင်ကို နာကျင်စေပါတယ်။

“ကျွန်တော့်အမေရဲ့ ရည်းစားဟောင်းပါ”
သူ့အသံက တိုးနေတာကြောင့် သူ့အနီးသို့ ကိုယ်ကို ကိုင်းပြီး အာရုဏ်စိုက် နားထောင်ရပါတယ်။

“သူက… သူ ခဏ ခဏ ဒေါသထွက်တယ်။ အမေ့ကိုလည်း ဒေါသထွက်တယ်။ ကျွန်တော့်ကိုလည်း ဒေါသထွက်တယ်။ သူ ပစ္စည်းတွေနဲ့ ပစ်တယ်။ နောက်ဆုံးတစ်ခါဆို ကော်ဖီခွက်နဲ့ ပစ်တာ။”

ကျွန်တော့်လက်ထဲမှာရှိတဲ့ ကလစ်ပါက( ဆံပင်ညှပ်ကရိယာ) လေး လံလာတယ်။

အချိုးမကျညှပ်ထားတဲ့ဆံပင်တွေ၊ ဦးထုပ်ဆောင်းထားတာ၊ အရွယ်မရောက်သေးတဲ့ လူငယ်တစ်ယောက်ရဲ့ ကြောက်ရွံ့မှု—ဒါက ရှက်စရာတစ်ခုတည်းမဟုတ်တော့ပါဘူး။ ဒါက ပုန်းအောင်းနေတဲ့ ရှင်သန်ဖို့အတွက်ပါ။

“ ဂျေဒင်..''

ကျွန်တော့်အသံက ဒေါသတွေ ထွက်နေသော်လည်း တည်ငြိမ်နေတယ်။

“သူ အခုလည်း ရှိသေးလား။ မင်းအမေရော အဆင်ပြေရဲ့လား”

နောက်ဆုံးတော့ သူ ကျွန်တော့်ကို မှန်ထဲကနေ ကြည့်လိုက်တယ်။ သူ့မျက်လုံးတွေက အနည်းငယ်ကျယ် ​ပြီး ထိတ်လန့်နေတယ်။

“ကျွန်တော်တို့ ထွက်လာခဲ့တယ်။ လွန်ခဲ့တဲ့ လအနည်းငယ်ကပါ။ အခု ကျွန်တော်တို့ အခန်းအသစ်ရပြီ။ ပိုကောင်းလာလိမ့်မယ် ထင်ခဲ့တာ။”

သူ ခဏရပ်ပြီး....
“ဒါပေမဲ့ သူ ကျွန်တော်တို့ကို ရှာတွေ့သွားတယ်။”

ကျွန်တော့် ရင်ထဲနင့်ကနဲ့ ဖြစ်သွားသည်။တည်ငြိမ်အောင် မနည်း ကြိုးစားနေရသည်။

“ဘယ်တုန်းကလဲ ဂျေဒင် ”

"မနေ့ညက ''

သူ့ပါးပေါ်မှာ ကပ်တွယ်နေသည့် ဆံပင်စတွေကြားက မျက်ရည်တစ်စက်ကျလာတယ်။

"သူအပြင်မှာစောင့်နေတယ်။ အမေကိုသူတောင်းပန်တယ်။ သူပြောင်းလဲသွားပြီလို့ပြောတယ်။ ... အမေက သူ့ကိုအိမ်ထဲဝင်ခွင့်ပေးလိုက်တယ်"

ဆံပင်ညှပ်တာ။ သူ့ဝမ်းကွဲညီမဟုတ်ဘူး။သူ့အမေရဲ့ရီးစားဟောင်း။ ဒါက ကြမ်းတဲ့တောင်းပန်မှု၊ ဒါမှမဟုတ် သူလုပ်ချင်တိုင်း လုပ်လို့ရတယ်ဆိုတဲ့ ပုံစံ။

ကျွန်တော်ဆံပင်ညှပ်စက်ကိုချလိုက်တယ်။ ဆံပင်ညှပ်တာပြီးသွားပြီ။ ကျွန်တော့်ရဲ့တကယ့်အလုပ်က အခုမှစရမယ်။

ကျွန်တော်သူ့ပခုံးကိုကိုင်ပြီး ကျွန်တော့်ဆီမျက်နှာမူခိုင်းတယ်။

"အခုဆရာပြောတာတွေ မင်းသေသေခြာခြာ နားထောင်... မင်းအိမ်မပြန်နဲ့တော့.. မင်းဒီမှာဆရာနဲ့နေ။ ငါတို့မင်းအမေကိုဖုန်းဆက်မယ်၊ ဒီလိုလူမျိုးတွေပြေးသွားပြီးမပြန်လာတော့အောင် ကူညီပေးနိုင်တဲ့သူတွေကိုဖုန်းထပ်ဆက်မယ်။ နားလည်ပြီလား"

သူ ခေါင်းညိတ်ပြီး သက်ပြင်းချတယ်။ အနည်းငယ် စိတ်သက်သာရာ ရသွားပုံရှိ၏။

နောက်ထပ် နှစ်နာရီအတွင်း ကျွန်တော့်ရုံးခန်းက ကွန်မန့်စင်တာဖြစ်သွားပါတယ်။

ကျွန်တော် ကလေးကာကွယ်စောင့်ရှောက်ရေးဌာနကို ဖုန်းခေါ်တယ်။ ရဲကို ဖုန်းခေါ်တယ်။ ကျွန်တော် ဂျေဒင် ရဲ့ အမေနဲ့ စကားပြောတယ်။ သူမက ဖုန်းပေါ်မှာ ရှိုက်ကြီးတငင်ငင် ငိုနေတယ်။ သူမ ကြောက်နေကြောင်း၊ ဒါပေမဲ့ ဘာလုပ်ရမှန်း မသိကြောင်း ဝန်ခံတယ်။

သူမ ကျောင်းကို ရောက်လာတဲ့အခါ သူမ တစ်ယောက်တည်း မဟုတ်ဘူး။ ရဲအရာရှိတစ်ဦးနဲ့ လူမှုဝန်ထမ်းတစ်ဦး ပါလာတယ်။

သူတို့မှာ အစီအစဉ်ရှိတယ်။ အရေးပေါ် အကာအကွယ်ပေးရေး အမိန့်တစ်ခု။ သူတို့ သွားဖို့ နေရာအသစ်၊ လုံခြုံရေးရှိတဲ့ ခိုလှုံရာတစ်ခု၊ သူ့အမေရဲ့ ရီးစားဟောင်း နောက်ထပ် မနောက်ယှက်နိူင်တော့တဲ့ နေရာပေါ့။

ဂျေဒင် က သူ့အမေနဲ့အတူ ထွက်သွားဖို့ ပြင်ဆင်နေတုန်းမှာ ကျွန်တော့်ရုံးခန်းတံခါးမှာ ရပ်လိုက်တယ်။

သူ့ဆံပင်က အခုတော့ သပ်သပ်ရပ်ရပ်လေ။ ဒါ့အပြင် သူ့မျက်လုံးတွေက ကြည်လင်နေတယ်။

ကြောက်ရွံ့မှုကတော့ ရှိနေတုန်းပါပဲ၊ ဒါပေမဲ့ အခုတော့ ယခင်လို ပုန်းအောင်နေစရာ မလိုတော့မှန်း သူသိနေသည်။

“ကျေးဇူးတင်ပါတယ်” လို့ ခပ်တိုးတိုးလေး ပြောသည်။

“မင်းက ကကလေးတစ်ယောက်ပါ ဂျေဒင် ”
ကျွန်တော့်အသံက နွေးထွေးနေမယ်ထင်ပါတယ်။

“မင်းဟာ လုံခြုံတယ်လို့ ခံစားရဖို့ ထိုက်တန်ပါတယ်။”

သူက သူ့ခေါင်းနောက်ဘက်ကို လက်နဲ့ ထိထားရင်း ပြုံးလျက်...
“ ဆရာကြီးက ဆံပင်ညှပ်သမား ကောင်းတစ်ယောက်ပဲခင်ဗျာ...'' ပြောသည်။

ကျွန်တော် ပြုံးပြလိုက်တယ်။

“ငါက ပိုကောင်းတဲ့ ကျောင်းအုပ်တစ်ယောက်ပါကွာ...''

အဲ့ဒီနေ့က ကျွန်တော် ကျောင်းစည်းကမ်းတစ်ခုကို ချိုးဖောက်ခဲ့ပါတယ်။

ဒါပေမဲ့ ပိုအရေးကြီးတဲ့ စည်းကမ်းတစ်ခုကိုတော့ ကျွန်တော် လိုက်နာခဲ့တယ်။ ကျွန်တော် နားထောင်ခဲ့တယ်။

ကျွန်တော် ကလေးတစ်ယောက်ကို အခန်းထဲ ဦးထုပ်ဆောင်းထားတဲ့အတွက် ကျောင်းစည်းကမ်းအတိုင်း အပြစ်ပေးမယ့်အစား ဘာကြောင့် သူ လိုအပ်နေတာလဲဆိုတာကို မေးခဲ့တယ်။

တစ်ခါတစ်ရံမှာ ကလေးတစ်ယောက်အတွက် လိုအပ်တာက သင်ခန်းစာ မဟုတ်ပါဘူး။ လုံခြုံတဲ့ နေရာ တစ်ခုပါ။

Saya U Khin Zaw ( ဘာသာပြန် )

05/08/2025

ကိုယ်ကောင်းခဲ့တာကို
သူတို့သိတယ်
ဒါပေမယ့် လူတိုင်းက
ကိုယ့်ကောင်းကြောင်းကို
မပြောချင်ကြဘူး
မကောင်းကြောင်းကိုပြောဖို့
ကိုယ်မှားမယ့် တကြိမ်ကို
သူတို့ စောင့်နေကြတယ်....

ကိုယ်အကြိမ်ကြိမ်ကူညီပေးခဲ့တာကို
သူတို့သိတယ်
ဒါပေမယ့် လူတိုင်းက
ကိုယ့်ရဲ့ပေးဆပ်မှုကို
မှတ်သားမထားကြဘူး
ကိုယ့်ကို အပြစ်တင်ဖို့
ကိုယ်မကူညီနိုင်မယ့် တစ်ကြိမ်ကို
သူတို့ စောင့်နေကြတယ်....

ကိုယ်တော်တယ်ဆိုတာကို
သူတို့သိတယ်
ဒါပေမယ့်လူတိုင်းက ကိုယ့်ကို
ဂုဏ်ပြုမချီးမွမ်းချင်ကြဘူး
ကိုယ့်ကို ကဲ့ရဲ့မေးငေါ့ကြဖို့
ကိုယ်ခြေချော်ပြီး ပြန်မထနိုင်တဲ့နေ့ကို
သူတို့ စောင့်နေကြတယ်

မနာလိုသူတွေပြောတဲ့
သူတပါးရဲ့ အတင်းအဖျင်းတွေကို
မိုက်မဲတဲ့သူတွေက အချိန်ကုန်ခံ
ဖြန့်ဝေကြမယ်
ဥာဏ်နည်းတဲ့သူတွေက
ယုံကြည်ကြလိမ့်မယ်.....

တကယ်တော့
ဒါတွေဟာ ကိုယ့်ဘဝအတွက်
တကယ့်ကို ဂရုမစိုက်ရမယ့်
အမှိုက်သရိုက်တွေပါဘဲ.....

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon
11136