KO NAING-dts- Driving Training Service

KO NAING-dts- Driving Training Service

Share

15/09/2024

မြောက်ဥက္ကလာပမြို့နယ်က သင်တန်းသားလေးပါ ဦးထောင်ပိုအဝိုင်းပတ် မောင်းနှင်မှု့လေးပါ🚗🚗

15/11/2023

#95 or 92 RON

95 အစား 92 ပြောင်းသုံးလိုက်ရင် ဘာတွေဖြစ်နိုင်မလဲ

ဓာတ်ဆီစျေးတွေ တက်နေလို့ပဲဖြစ်ဖြစ်၊ 95 မရလို့ 92 သုံးလိုက်ရလို့ပဲဖြစ်ဖြစ်အကြောင်းအမျိုးမျိုးကြောင့် 95 နဲ့ 92 ရောသုံးလိုက်ရင် ရေရှည်မှာ အင်ဂျင်ကို ထိခိုက်စေနိုင်လား? ရေတိုမှာကော ဘယ်လောက်အတိုင်းအတာလောက်ထိ ကားကို သက်ရောက်စေနိုင်လဲ? ဒါလေးဆွေးနွေး မျှဝေပေးသွားပါ့မယ်။

ဓာတ်ဆီဟာ မော်တော်ယာဉ်များရဲ့ အဓိကလောင်စာဆီဖြစ်ကာ ဓာတ်ဆီ၏ အရည်အသွေးကို အောက်တိန်းနံပါတ်ဖြင့် ခွဲခြားနိုင်ပါတယ်။ အောက်တိန်းနံပါတ် မြင့်သော ဓာတ်ဆီများဟာ လောင်ကျွမ်းမှု အားကောင်းပြီး မီးခေါက်သံ (Knocking) မဖြစ်ပေါ်စေနိုင်ပါ။ ဒါကြောင့် Octane Number ရဲ့ အဓိပ္ပာယ်မှာ လောင်စာတစ်ခု၏ မီးခေါက်သံဖြစ်ပေါ်မှုကို ခုခံတားဆီးပေးနိုင်သော အညွှန်းကိန်းကို ဖော်ပြရာတွင် သုံးစွဲသော တန်ဖိုးတစ်ခုပဲ ဖြစ်ပါတယ်။

Octane Rating ကို တစ်ကမ္ဘာလုံး ဘုံသတ်မှတ်ထားသော ယူနစ်မှာ RON (Research Octane Number) ဖြစ်ပါတယ်။ ပုံမှန်ဓာတ်ဆီတွင် ပါဝင်သော RON ပမာဏမှာ (၈၇) မှ (၉၀) အတွင်းရှိပြီး၊အလယ်အလတ် Mid-Grade အောက်တိန်းဆီမှာ (92 RON) ဖြစ်ကာ Premium Grade မှာ (95 RON) ရှိပါတယ်။ Super Plug Grade ကတော့ (98 RON) မှ (100 RON) အထိ ရှိပါတယ်။ မြန်မာနိုင်ငံတွင် အသုံးများသော အောက်တိန်းဆီမှာ (92 RON)နှင့် (95 RON) ပါ။

RON မြင့်တဲ့ ဆီတွေဟာ ကွန်ပရက်မြင့်တဲ့ အနေထားတစ်ခုမှာ လျှင်မြန်စွာမီးလောင်မပေါက်ကွဲနိုင်ဘဲ သက်မှတ်ထားတဲ့ အပူချိန်နဲ့ဖိအားရောက်မှသာ မီးလောင်ပေါက်ကွဲရမှာဖြစ်ပါတယ်။ ဒါကို detonating လို့ခေါ်ပါတယ်။ 95 ဟာ 92 ထက် detonating နည်းတယ်လို့ စာမှာဖော်ပြထားပါတယ်။ တကယ်ကော လက်တွေ့ actuating မှာ မှန်ကန်ရဲ့လားဆိုတော့ မှန်သင့်သလောက်မှန်ပါတယ်။

95 သုံးနေကျ ကားတစ်စီးမှာ 92 ကို ရုတ်တရက် ပြောင်းသုံးလိုက်ရင် မီးသံထွက်တာတွေ ကြုံရမှာပါ။ တချို့ကားတွေမှာ မခေါက်ဘူး၊ အရုန်းအဆွဲတော့ နည်းနည်းပြောင်းတယ်။ ဓာတ်ဆီမန်နူရယ်ကားတွေဆို ပိုသိသာပါတယ်။ အော်တိုကားတွေမှာလည်း သတိထားကြည့်ရင် အရုန်းအဆွဲပိုင်း အနည်းငယ်ပြောင်းလဲမှုရှိတယ်ဆိုတာ သိနိုင်ပါတယ်။ detonating ဖြစ်တယ်ဆိုတာနဲ့ Knock ဆင်ဆာက သိပြီ အဲ့ဒီနောက် ECU ကို ဆီပိုကျွေးဖို့ signal ပို့ပေးတယ်။ ECU က ဆီပိုချပေးတယ်။ လိုအပ်တာထက် ဆီပိုချပေးလို့ တခါတရံမှာ ကိစ္စမရှိပေမဲ့ အမြဲတစေ အထက်ပါ အပြုအမူမျိုး လုပ်နေရရင် အရင်ဆုံး ထိမှာက plug တွေပဲ ဖြစ်ပါတယ်။

အရည်အသွေးနိမ့်တဲ့ ပလပ်တွေက ကြုံခိုင်မှုအားလျော့နည်းတယ်။ ရေရှည်အသုံးမခံဘူး။ abnormal combustion ကို မခံနိုင်ဘူး။ ဆီပိုကျွေးရလို့ ပလပ်ထိပ်တွေ ဆီစိုတယ်။ ဆီပိုကျွေးရလွန်းလို့ မီးသံ မခေါက်ဘူးမထင်ပါနဲ့။ မီးသံမခေါက်ဘဲ pre-ignition ဘက်ကို ကူးသွားတာကြောင့် carbon formation ပိုဖြစ်တယ်။ ဆက်စပ်ပြီး ဗားတွေ ပျက်စီးနိုင်တယ်။ ပစ္စတင်တွေ ရေရှည်မှာပျက်စီးနိုင်ပါတယ်။

ဒါ့ကြောင့် ရေတိုမှာ ပလပ်တွေ ထိမယ်၊ အင်ဂျက်တာတွေ ဆီပို ဆီလျံမယ် spary pattern မှားကုန်တယ်၊ ကျောက်ဇကာသက်တမ်းတိုပါမယ်။ ရေရှည်မှာတော့ ကာဗွန်ဂျိုးတက်မယ်၊ ဗားတွေထိမယ်၊ ကွန်ပရက်ရှင်းချိန်ဘာတွေ ပျက်စီးကုန်မယ်။ ဒါက 92 နဲ့ 95 ရဲ့ အရည်အသွေးကို အတိအကျဖော်ပြထားတဲ့ ကိန်းဂဏန်းအရ ဖြစ်လာနိုင်တဲ့ ပြစ်ချက်တွေဖြစ်ပါတယ်။

ဒီမှာတော့ 95 ဆိုတာကလည်း 92 နဲ့ သိပ်မကွာလှဘူး။ ဆီအရည်အသွေးက တူတူလောက်ပဲဖြစ်နေတယ်ဆိုရင် အထက်က ပြစ်ချက်တွေ အဖြစ်နည်းမယ်ပေါ့ဗျာ။ ဒါလည်း ငြင်းခုန်နေတာတော့ မဟုတ်ဘူး။ 95/92 rating စမ်းတဲ့ စက်ကို ဘယ်ကားအုံနာမှာ ဆီမထည့်ခင် ပြည့်မပြည့် အရင်စမ်းပြီးမှ ထည့်တာမျိုးမကြားဖူးသေးဘူး။ 95 ဘယ်လောက်ထည့်ကွာ ဆိုတာမျိုးနဲ့သွားကြတာပါ။

နောက်တချက်က ကားပေါ်လည်းမူတည်ပါသေးတယ်။ ကိုယ့်ကားက ကာဗရိုက်တာရိုးရိုး အိုးမော်ဒယ်ဆိုရင် ဘာမှမဖြစ်ပါဘူး။ အင်ဂျင်ပါဝါကြီးတဲ့ ကားတွေဖြစ်နေရင်လည်း ဒီဖြစ်ရပ်က သိပ်မသိသာလှဘူး။ ကားက အသစ်၊ ပလပ်တွေ ရှယ်သုံးထားတယ်ဆိုရင်လည်း ချက်ချင်းတော့ သိသာသေးမှာမဟုတ်ပါဘူး။

Credit to original writer

KO NAING-dts- Driving Training Service

Photo from google

Want your business to be the top-listed Autos & Automotive Service in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon
11421,11422