TK
Making Video of " တမြေပြင် အမေရေယဉ်ကတော်ကြီး "
National Costume ဖန်တီးမှုမစတင်ခင်မှာ ဖန်တီးမည့် အကြောင်းရာကို သေချာပိုင်နိုင်စွာ သိရှိရေးအတွက် သက်ဆိုင်ရာမြို့ထိသွားရောက်လေ့လာလိုသော်လည်း လက်ရှိအနေထားအရ သွားလာရေးအခက်ခဲများရှိသောကြောင့် နောက်ဆုံးတွင် သမိုင်းကြောင်းအရ ပစ်ပယ်ထားမရအောင် ဆက်စပ်နေသော ပုဂံပြည်အထိ သွားရောက်လေ့လာခဲ့ကြပါတယ်။
ထိုမှတဆင့် Design ဖန်တီးရန် dataအချက် လက်များစုဆောင်းခဲ့ပြီးနောက် အဆင်တန်ဆာများကို လေ့လာစုဆောင်းခဲ့သော လည်ချာနှစ် တစ်ဆက်တည်းသော လည်ဆွဲဟန် ၊ ပုဂံခေတ် အခတ်အလတ် တွေကို ခေတ်ဟန်များနှင့်ပေါင်းစပ် ဖန်တီးထားပါတယ်။
" အရိုးရှင်ဆုံးသည် အဆန်းဆုံးမဟုတ်ပါလား" ဒါကြောင့် ရိုးရှင်းစွာမြင်တွေ့ရသည့် အင်္ကျီတွင်လည်း ခေတ်ဟန်ပန်ပါပေါင်းစပ်လိုသောကြောင့် မှုလခါးထောင်ပုံစံဟန်ကိုမယူထားဘဲ ခါးဘေးသို့ ကားထွက်နေတဲ့ဟန် ပြင်ဆင်ဖန်တီးထားခဲ့ကြပါတယ်။ ထဘီတွင် customized အပ်၍ဖန်တီးထားသော မှန်
ချပ်များစွာပါဝင်ပြီး ထို မှန်စီရွှေချ နှင့် ကနုတ် လက်ရာများကိုတော့ ရန်ကုန် ကန်တော်ကြီး ကရိတ်ရေပေါ်စားသောက်ဆိုင်က မြန်မာမှုလက်ရာ ပွတ်လုံးများ၏ အောက်ခြေ မှန်ဟီရွှေချ လက်ရာများကိုမှီငြမ်းပုံဖော်ထားခဲ့ခြင်းပဲဖြစ်ပါတယ်။ ဓားရေးအကပြသည့်အခါ အားမာန်အပြည့်အဝပါဝင်စေရန် ထဘီတွင် " ရေသီနား" မထည်ဘဲ ဖန်တီးပုံဖော်ထားပါတယ်။
အမေရေယဉ်ကတော်ကြီးသည် ဆင်၊ ကျား၊ မြွေတို့ကို အောင်နိုင်ခဲ့သည့် ဒဏ္ဍာရီများသည် ပုဂံခေတ်ကပင် စတင်ခဲ့သော သမိုင်းဝင်ဇာတ်လမ်းအပေါ် အခြေခံ၍ National Costume ၏ လက် တစ်ဖက်တစ်ချက်စီတွင် " ကျားနှင့်ဆင် " ကိုအဆင်တန်ဆာဟန် ဖန်တီးကာ " မြွေ " အား silicon မျက်နှာအပွားများနှင့် တွဲစပ်ပြီး ခေါင်းဝတ်အဆင်တန်ဆာအဖြစ် ပုံဖော်ဖန်တီးထားပါတယ်။ ဒီဖန်တီးမှုများနှင့် ရိုးရာပွဲပေးမှုများကို တတ်သိနားလည်သော ဆရာသမားများနှင့် စနစ်တကျမေးမြန်းပြီး ဖန်တီးပုံဖော်ထားပါတယ်။
ကျွန်တော်တို့ရဲ့ Miss Cosmo Myanmar 2025 ၏ National costume ပြကွက်အနေနှင့် အမေရေယာဉ်(ခ) အနောက်မယ်တော်ကြီး၏ ညီမများအားရည်ညွှန်း၍ SFX makeup artist ကိုဇော်ဇော်နှင့်ပူးပေါင်းပြီး Moe ရဲ့ မျက်နှာကို Silicon မိုဖမ်းပြီး မျက်နှာပုံစံတူ ၃ခု ပွားထားကာ SoRA မှ မျက်နှာတစ်ခုစီတွင် Makeup creations ပြုလုပ်ထားကာ ထို Silicon မျက်နှာများကို တစ်ခုချင်းစီ ခွာချသွားပြီးနောက် ဓားရေးအကကိုပြနိုက်ရန် အရာအားလုံး အရှင်ပြုလုပ်ထားသော ဖန်တီးထားသော အနုပညာလက်ရာတစ်ခုပင်ဖြစ်ပါတယ်။
National Costume လေးဖြစ်မြောက်ဖို့အတွက်လည်း လူအင်အားများစွာဖြင့် ဖန်တီးခဲ့ကြရပြီး ပူးပေါင်းပါဝင်ဖန်တီးခဲ့ကြသော အသိပညာရှင်၊အတတ်ပညာရှင် များကိုလည်း TK Team မှအထူးပင်ကျေးဇူးတင်ရှိပါတယ်။
Miss Cosmo Myanmar 2025
Myint Myat Moe
𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐬𝐭𝐮𝐦𝐞 𝐛𝐲 TK Team
Designer TK ( Team Leader )
Designer Than Htaik
Designer Khin Yadana Lin Lae
Designer Hnin Lwin Htay
Designer Pan Myat Chel
Designer Ei Ei Aung
Designer Sagar Pwint
SFX Silicon Face Designer - Zaw Zaw
Special thanks to Sayar Han Thura Hein & Ko Htut ( Myanmar traditional)
TK
TK Team
TK Team
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |