Forward Education
27/01/2026
သီတင်းကောင်းပါးပါရစေ မေမေတို့ရှင့်❤
ကလေးတို့ရဲ့ နွေရာသီအားလပ်ချိန်ကို Forward Education နဲ့အတူအကျိုးရှိအောင် အသုံးချလိုက်ပါ!
အသက် ၆ နှစ်မှ ၁၃ နှစ်ကြား ကလေးများအတွက် နွေရာသီ ၃ လ အင်္ဂလိပ်စာ အခြေခံသင်တန်း ကို Forward Education တွင် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပါသည်။
လေ့လာသင်ယူနိုင်မည့်သင်္ခန်းစာများ
Phonics အသံထွက်မှန်ကန်အောင် စနစ်တကျ သင်ကြားပေးခြင်း
Vocabulary, Simple Sentences များကို လွယ်ကူစွာ နားလည်အောင် သင်ကြားပေးခြင်း
Speaking, Listening, Reading, Writing အခြေခံ ၄ မျိုးလုံးကို ညီမျှစွာ ဖွံ့ဖြိုးစေခြင်း
Game, Song, Activity များဖြင့် ကလေးများ စိတ်ဝင်စားပျော်ရွှင်စွာ သင်ယူနိုင်ခြင်း
သင်တန်းရဲ့ ရည်ရွယ်ချက်
အင်္ဂလိပ်စာကို ကြောက်ရွံ့မှုမရှိဘဲ အခြေခံခိုင်မာစွာ နားလည်အသုံးချနိုင်တဲ့ ကလေးများ ဖြစ်လာစေရန်ရည်ရွယ်ပါသည်။
သင်တန်းကာလ ၃ လ (နွေရာသီအတွင်း)
အခုဘဲ စာရင်းပေးသွင်းလိုပါက
ဖုန်း/Messanger /Viber တို့မှ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
09 778684886 / 09795258640
17/01/2026
Forward Education မှ မူကြိုကလေးအချို့၏လက်ရေးများဖြစ်ပါသည်။
Forward Education သည်ကလေးများ၏လက်ရေးကိုအထူးဂရုစိုက်သင်ကြားပေးလျက်ရှိပါသည်။
လက်ရေးလှအောင်သင်ကြားပေးရုံအပြင် Flash Card ဖြင့်သင်ခြင်း၊ ကဗျာသီဆို၍သင်ခြင်း၊ ဂိမ်းကစားနည်းဖြင့်သင်ခြင်း စသည်ဖြင့်ကလေးများ စိတ်ဝင်စားအောင်သင်ကြားရေးအပိုင်းကိုလဲ တိုးတတ်ပြောင်းလဲမှုနှင့်အတူသင်ကြားပေးလျက်ရှိပါသည်။
#ရှေ့သို့မူကြို
#ရွှေပြည်သာမြို့နယ်
မူကြိုကလေးများ၏အပြေးပြိုင်ပွဲ
04/01/2026
မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့သည် ကျွန်ုပ်တို့ပြည်သူအားလုံးအတွက် အလွန်အရေးပါသောနေ့တစ်နေ့ဖြစ်ပြီး လွတ်လပ်ရေးအတွက် အသက်၊ သွေး၊ ချွေး စွန့်လွှတ်ခဲ့ကြသော အမျိုးသားသူရဲကောင်းများကို ဂုဏ်ပြုအောက်မေ့သတိရရမည့်နေ့ဖြစ်ပါသည်။ လွတ်လပ်ရေး၏တန်ဖိုးကို နားလည်စွာ ထိန်းသိမ်းကာ နောင်လာမည့် မျိုးဆက်များအတွက် ငြိမ်းချမ်းသာယာသော နိုင်ငံတော်ကို တည်ဆောက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🇲🇲
Today's School Activity: မိသားစုသစ်ပင်လေးများ ဖန်တီးခြင်း!
ကလေးငယ်လေးတွေဟာ စိတ်ကူးရှိရှိနဲ့ မိသားစုသစ်ပင် ပုံလေးတွေကို ကော်ကပ်ဖန်တီးခဲ့ကြပါတယ်။ ဆရာမက ပုံသဏ္ဍာန်လေးတွေ ညှပ်ပေးထားတာကို ကလေးတွေက ကိုယ်တိုင်စိတ်ကြိုက်တွဲစပ်ပြီး လှပတဲ့ မိသားစုပုံလေးတွေ ဖန်တီးခဲ့ကြပါတယ်။ ဒီလို Activity မျိုးတွေက ကလေးတွေရဲ့ ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေးသလို မိသားစုအကြောင်းကိုလည်း ပျော်ရွှင်စွာနဲ့ သင်ယူစေပါတယ်။
Forward Education မှာ ကလေးတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေး၊ လက်တွေ့ဖန်တီးနိုင်စွမ်းနဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေကို အမြဲဦးစားပေးပါတယ်။
ဆက်သွယ်ရန်:
Telegram: https://t.me/forwardeducationpreschool
TikTok:
Facebook: Forward Education
Ph-09795258640,09764356017,09409671165
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
အမှတ် ၆၈၅၊ ဘိုကလေး ၁ လမ်း ၊ ၂၀ရပ်ကွက်၊ သံဒင်း၊ ရွှေပြည်သာ၊, No. 685. Bokalay (1) Street No. 20 Qtr. Thandin. Shwe Pyi Tha
Yangon