SPK Delivery

SPK Delivery

Share

22/08/2022

အမေး - ကြက်ရိုး ပြုတ်ရည် နှင့် ဝက်ရိုး ပြုတ်ရည် မှာ ဘယ်ဟာက ပိုပြီး အာဟာရပိုရှိလဲ?

အဖြေ

နှစ်ခုစလုံး အသားပါမှ အာဟာရဖြစ်ပါတယ်။

ကျွန်တော်တို့ လူမမာ ကို နေမကောင်းရင် ကြက်စွပ်ပြုတ် ဝက်စွပ်ပြုတ် အမဲရိုး ဆိတ်ရိုး စွပ်ပြုတ် စတာတွေ တိုက်ကြပါတယ်။

ဒီ စွပ်ပြုတ်တွေ က အသားမပါဘူးဆိုရင် ရိုးတွင်းချဉ်ဆီ ထဲ က အဆီဓါတ် တချို့ သာ စွပ်ပြုတ်ထဲပါပါတယ်။ အရသာ ခပ်ထားတော့ ဆားဓါတ်ပါပါတယ်။ အသားဓါတ် များများ စားစား မပါတော့ အာဟာရ မပြည့်ပါဘူး။ လူမမာကို တိုက်ပြန်ရင် လဲ ဗိုက်ပြည့်သွားပြီး တခြား အာဟာရ ဓါတ် မယ်မယ်ရရ မရပါဘူး။

ဒါဆိုရင် လူမမာ အသားသိပ်မစားနိုင်ဘူးဆိုရင် စွပ်ပြုတ် ကို အသားနူးနေအောင်ပြုတ်ပါ။ အသားနူးပြဲ နေရင် အသားတွေ နွှင်ပြီး ထပ်ပြုတ်ပါ။ အသားတွေ အတော်အတန်လေး ဟင်းချို နှင့် တသားတည်း နီးပါး ဖြစ်လာပြီ ဆိုရင် တော့ ဒီစွပ်ပြုတ်ဟာ အတော်လေး အာဟာရ ဓါတ် ကြွယ်ဝလာပါပြီ။

အဲ့လိုမျိုးကျွေးပါ။

ကြက်တကောင်လုံးပေါင်းပြီး အရည်လေးပဲ တိုက်တာ၊ အရိုး စွပ်ပြုတ် တိုက်တာဟာ အာဟာရ သိပ်မပါတော့ လူနာ အတွက် နာလန်ထ ဖို့လဲ မလွယ်ပါဘူး။

အသား ဘာအသား သုံးရမလဲ ဆိုရင် တော့

အဖြူရောင် အသား ငါး၊ ကြက်သား ပိုသုံးစေချင်ပါတယ်။

အနီရောင်အသား ဝက်သား၊ အမဲသား၊ ဆိတ်သား ကတော့ တပါတ် နှစ်ရက် ဆိုရင် တောင် လုံလောက်ပါတယ်(မစားလဲ ရပါတယ်)

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်



Photo >> Google

SPK ဈေးစာရင်း - Google Drive 28/10/2021

👨‍🌾အိမ်ရှင်မတို့ရေ ဒီနေ့အတွက် စျေးစာရင်း📝အသစ်လေးတင်ပေးလိုက်ပြီနော်🙏
စျေးနှုန်း အပြောင်းလဲ နဲ့ ပစ္စည်း အသစ် ထပ်တိုးတာလေးတွေရှိတာမို့ အခုပဲစျေးစာရင်းလေးကြည့်ပြီးမှာလိုက်ကြပါအုံးနော်🙏

👇👇👇

SPK ဈေးစာရင်း - Google Drive

06/08/2021

ခုလိုရောဂါအန္တရယ် ဆိုးဝါးနေတဲအချိန်မှာ
အားလုံးပဲ ကျန်းမာရေး ကို ဂရုစိုက်ကြပါနော်
အားရှိဖိုအတွက် အစားများများစားဖို့လဲ မမေ့နဲ့အုံးနော်👩‍🍳

👩‍🌾ဒီတစ်ခါတော့ ကြိုက်တက်သူတွေအတွက် ခံတွင်းတွေ့စေမဲ့ ပဲခေါက်ဆွဲ🍝လုပ်နည်းလေး မျှဝေပေးလိုက်တယ်နော်

👇👇👇

` ကိုရီးယား ပဲခေါက်ဆွဲ´🍝

ပါ၀င်သောပစ္စည်း

၀က်သား - အနည်းငယ်
ကိုရီးယားပဲအနှစ် (Choonjang) - စားပွဲတင်ဇွန်း ၄ဇွန်း
ဆီ - စားပွဲတင်ဇွန်း ၄ဇွန်း
သကြား - စားပွဲတင်ဇွန်း ၂ဇွန်း
ခရုဆီ - စားပွဲတင်ဇွန်း ၁ဇွန်း
ပြောင်းဖူးမှုန့် သို့ ကော်မှုန့်- စားပွဲတင်ဇွန်း ၂ဇွန်း
ကြက်သွန်နီ - ၂လုံး
Zucchini - ၁လုံး
အာလူး - ၂လုံး
ဂျပန်သခွားသီး - အနည်းငယ်
ရေ - အနည်းငယ်

ပဲခေါက်ဆွဲ ပြုလုပ်နည်း

ပထမဆုံး ဒယ်အိုးထဲကိုဆီထည့်ပါ။ ကြက်သွန်နီတစ်လုံးကို ပါးပါးလှီးပြီး ကြက်သွန်နီ နီရဲပြီးကျွမ်းသွားတဲ့ အထိဆီသတ်ပေးပါ (အနံ့ပဲယူတာဖြစ်ပါတယ်)။ ကြက်သွန်နီအဖတ်များကို ဆယ်ထုတ်ပြီးလွင့်ပစ်လိုက်ပါ။ ပြီးနောက် ဆီထဲကို ကိုရီးယားပဲအမဲရောင်အနှစ် စားပွဲတင်ဇွန်း ၄ ဇွန်းထည့်ပြီး မီးအေးအေးနဲ့ နှံ့အောင်မွှေပေးပါ။ ပြီးရင်တော့ အိုးထဲက ဆီတွေကိုဇွန်းနဲ့အသာခပ်ထုတ်ပြီး ပန်းကန်လုံးတစ်ခုထဲ ထည့်ထားပါ။ အဲဒီနောက် ဒယ်အိုးထဲကို ပဲအနှစ်ထဲပြီး သကြားစားပွဲတင်ဇွန်း ၂ဇွန်းထည့် နှံ့အောင်မွှေပေးပြီး မီးပိတ်ထားပေးပါ။ ၀က်သားကိုလဲ သေးသေးလေးတွေတုံးပြီး ဖယ်ထားတဲ့ဆီကြာ်ပါ။ ဆီနည်းလျှင် ဆီထပ်ထည့်ပြီးကြော်ပေးပါ။ အသားနူးသွားပါက ပါ၀င်တဲ့ပစ္စည်းတွေဖြစ်တဲ့ (ကြက်သွန်နီ၊ Zucchini၊ အာလူး) တို့ကို အတုံးသေးလေးတွေတုံးပြီး အသားနဲ့ရောနယ်ပါ။ ခရုဆီ စားပွဲတင်ဇွန်း ၁ဇွန်းထည့်ပါ။ ပြီးနောက် ပြောင်းဖူးဖလာမှုန့် (ပြောင်းဖူးပုံပါတဲ့ အကြော်မှုန့်) မရှိပါက အခြားဂျုံမှုန့် ၂ဇွန်းကို ရေ ၃ ဇွန်းဖြင့် ဖျော်ပြီးထည့်ပေးပါ။ နောက်ဆုံးမှာ ဆီသတ်ထားတဲ့ ကိုရီးယားပဲအနှစ်ကို ရောထည့်ပြီးမွှေပေးပါ။ ရေအနည်းငယ်ထည့်ပြီး အရသာမြည်းကြည့်လို့ အာလူးနဲ့အသီးအနှံများနူးတာနဲ့ ပြုတ်ထားတဲ့ခေါက်ဆွဲပေါ်ကိုလောင်းထည့်ပြီး အသင့်စားသုံးနိုင်ပြီ ဖြစ်ပါတယ်။

SPK ဈေးစာရင်း - Google Drive 28/07/2021

🥦🥒🥬🍅ဒီနေ့တွက် စျေးနှုန်းလေးတွေ တင်ပေးလိုက်ပါပြီနော် 🍗🥩🥚စျေးစာရင်းလေးကြည့်ပြီး 🥔🐖🍅🥕🥓ခုပဲ updated စျေးနှုန်းလေးတွေနဲ့ မှာလို့ရပြီနော်👩‍🌾

SPK ဈေးစာရင်း - Google Drive

13/11/2020

🌭🥙🌮 အစားသောက်လေးတွေက🍔🍟🍤🍧 လူနဲ့တည့် ပါတယ်

ဒါပေမဲ့ သန့်ရှင်းလတ်ဆတ်ပြီး ကျန်မာရေး နဲ့ညီညွတ် ဖို့လည်း လိုတာပေါ့ နော်

ရောဂါကာကွယ်စေတဲ့ 🥬🌽🥦🥕အသီးအရွက်တွေလဲ🥒🍋🥗 စားပေးသင့်ပါတယ်နော်

အဆီအဆိမ့်၊အချို နဲ့ အငံ တို့ကိုလဲ အလွန်ကျွန် မစားမိဖို့ သတိပေးပါရစေ🙏

ဒီနေ့မှာလဲ အိမ်ရှင်မတို့ တွက် ကျန်မာရေးနဲ့ ညီညွတ်ပြီး အရသာအသစ်ဖြစ်စေမဲ့ ဟင်းပွဲ လေးတစ်ခု ရှာဖွေဖော်ပြပေးလိုက်ပါတယ်နော်🙏🙏

#ပိန္နဲသီးဆူးပုတ်ချက်

ပိန္နဲသီးကို ဆား နနွင်း ငပိ အားလုံးနဲနဲဆီပါရုံ ထည့်ပြီး ရေထည့်နူးအောင်တည်ပါ နူးလာရင် ကြက်သွန်ဖြူ လိုသလောက်ထောင်းထည့် ဆီ အနံ့ပါတယ်ဆိုရုံလေး ထည့် ပြန်အုပ်ထားပါ ရေနည်းနည်းကျန်ရင် ငါးနီတူခြောက်ထည့် နူးရင် ဆူးပုတ်ရွက်ထည့်ပါ
ငရုပ်ကြမ်းမှုန့် ငရုပ်သီးစိမ်း ကြိုက်ရင် ထည့်လို့ရပါတယ်

Credit : Shwe Htar

🛒စျေးမှာမယ်ဆိုရင်တော့
👇👇👇အောက်က link ထဲမှာ စျေးစာရင်းလေး📝လုပ်ပေးထားတယ်နော်🙏🙏🙏

last https://bit.ly/3kmiIPF

🛵🛵🛵🛵🛵

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Website

Address


Bagan Road
Yangon
11031

Opening Hours

Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00