Wellbeing Memo

Wellbeing Memo

Share

31/07/2025

"ကိုယ့်ဘေးကို တိတ်တဆိတ်ရောက်နေတဲ့ Energy Vampires တွေ..."

"Energy vampires" ဆိုတာ ဘေးကလူရဲ့ စိတ်ခံစားမှု၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာစွမ်းအင်တွေကို စုပ်ယူသွားတဲ့လူ ဒါမှမဟုတ် အခြေအနေတွေကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ သူတို့နဲ့ စကားပြောဆိုဆက်ဆံရတာကိုက ကိုယ့်ရဲ့ စိတ်ခံစားမှုနဲ့ စိတ်စွမ်းအင်တွေကို စုပ်ယူသွားပြီး သူတို့နဲ့ ပတ်သတ်မိရင် အလိုလို အားအင်ကုန်ခမ်းပြီး စိတ်ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေပါတယ်။ ဆေးဘက်ဆိုင်ရာအသုံးအနှုန်းမဟုတ်ပေမဲ့ ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးကိုဖော်ပြတဲ့နိမိတ်ပုံအသုံးအနှုန်းတစ်ခုလည်းဖြစ်ပါတယ်။ Energy Vampires အမျိုးအစားတွေကို အခုလို ခွဲခြားသတ်မှတ်နိုင်ပါတယ်။

*The Constant Complainer(အမြဲငြင်းခုန်ပြဿနာရှာသူ)
အမြဲတမ်းအဆိုးဘက်ကမြင်တတ်ပြီး ပြဿနာတစ်ခုခုဖြစ်လာရင် အဖြေရှာဖို့ထက် ပြဿနာပေါ်ပဲ အာရုံစိုက်ပြီး ခံစားချက်တွေ ဆိုးဝါးစေတတ်သူကိုပါ ခေါ်တာပါ။

*The Drama Magnet(ဒရာမာကွင်း၊ ဒရာမာကင်း)
ပြဿနာလို့ မယ်မယ်ရရမဖြစ်ခင် အဆိုးဘက်ကတွေးပြီး စိတ်ညစ်ညူးစရာတွေ ရှာကြံခံစား၊ ဘေးလူတွေကိုပါ လိုက်ပြီး စိတ်ညစ်စရာတွေ ပြောပြ၊ ဝမ်းနည်းစရာတွေဝေမျှ၊ တကမ္ဘာလုံးမှာ တယောက်ထဲ စုပြုံစိတ်ညစ် သနားစရာပုံပေါက်နေတဲ့ ကာရိုက်တာမျိုးကို ခေါ်တာ ဖြစ်ပါတယ်။

*The Narcissist (ကိုယ့်ကိုယ်ကိုပဲဗဟိုပြုသူ)
သူတပါးကို မစာနာတတ်သူ၊ သနားညှာတာမှုကင်းမဲ့သူ၊ ပတ်ဝန်းကျင်ရဲ့ဂရုစိုက်မှုကို လိုချင်ပြီး သူများတွေကိုလည်း သူတို့လိုချင်တဲ့ပုံစံမျိုး သွင်းလို့မရရင် ရန်ပြုတတ်သူတွေပါ။

*The Victim (နစ်နာသူဇာတ်ကောင်)
ကိုယ့်ကို ဟိုလူက ဘယ်လိုပြဿနာရှာတာ၊ ဒီလူက ဘယ်လိုယုတ်မာတာစသဖြင့် နစ်နာသူနေရာက အမြဲခံစားပြီး ကိုယ့်ရဲ့နစ်နာမှုတွေကိုပဲ တွေးပြီး Why Always Me ဆိုပြီး သူ့ကိုယ်သူ နစ်နာသူနေရာက အမြဲတွေးနေတတ်တဲ့သူမျိုးပါ။ (Drama Magnet နဲ့ခပ်ဆင်ဆင်ပေါ့)

*The Criticizer (ဝေဖန်ပြစ်တင်သူ)
ရပ်ကွက်ထဲက cctv အဒေါ်ကြီးတွေနဲ့ခပ်ဆင်ဆင်ပါပဲ။ ဘယ်သူ့ကိုမဆို ဘယ်အရာကိုမဆို အပြစ်ရအောင်ရှာကြံပြီး ဝေဖန်ပြစ်တင်ရှုတ်ချတတ်သူတွေပါ။ သူတို့ရှေ့မှာ လူမပြောနဲ့ ဟင်းတခွက်၊ မုန့်တထုပ်ကအစ အဆိုးဘက်ကမြင်ပြီး အပြစ်ရအောင်တင်တတ်သူတွေပေါ့။ Negative Energy အရမ်းများလို့ သူတို့နားနေရင် နားတင်မကဘူး ရင်ပါပူတတ်ပါတယ်။ (Social Media မှာလည်း ဒီလို အကောင့်တွေ ပေ့ချ်တွေရှိပါတယ်)

*The Clingy Friend (တွယ်ကပ်နေတတ်တဲ့သူငယ်ချင်း)
အလွန်အကျွံမှီခိုပြီး တောက်လျှောက်ကိုယ့်ဆီက အကူအညီ၊ အကြံညဏ်၊ ထောက်ခံမှုတွေ ရယူပြီး ခင်လွန်းတာကို အကြောင်းပြပြီး စည်းတွေ ဘောင်တွေ ကျော်တတ်သူပေါ့။ ကိုယ့်ကို အားကိုးတာ အတိုင်းအတာတခုထိပဲကောင်းပြီး အရာရာ လိုက်မှီခိုနေရင်တော့ ဒါဟာ ကိုယ့်အတွက် ဝန်ထုပ်ဝန်ပိုး တခုဖြစ်လာစေပါတယ်။

ကိုယ့်အနားမှာ ကိုယ့်ရဲ့ စိတ်ချမ်းသာမှုတွေကို စုပ်ယူသွားနိုင်တဲ့ Energy Vampireတွေ ဘယ်နှစ်ယောက်လောက်များ ရောက်နေပြီလဲ။ ကိုယ်တိုင်ကရော သူများကို ဒုက္ခပေးတတ်တဲ့ Energy Vampire တွေဖြစ်နေပြီလားဆိုတာ ဒီစာလေးဖတ်ပြီး ဆန်းစစ်လို့ရပါပြီ။ Energy Vampire တွေနဲ့ ကိုယ်တွေ့ကြုံဖူးတဲ့သူတွေကတော့ ဒီပို့စ်အောက်မှာ တခုခုမန့်သွားပေးပါဦး။

Ref: https://health.clevelandclinic.org/energy-vampire, https://www.oprah.com/omagazine/protect-yourself-from-energy-vampires/all

Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon