Easy Boost
17/07/2020
အွန်လိုင်းရှော့ အသေးစားလေးလုပ်နေတဲ့ အိမ်ထောင်ရှင်မတွေရဲ့ အပိုဝင်ငွေကနေ အဓိကအားထားရတဲ့စီးပွားရေးလုပ်ငန်းဖြစ်အောင် လုပ်နည်း 💲💲💲
မင်းသား၊ မင်းသမီးတွေတောင် ဈေးရောင်းနေကြတဲ့ ခေတ်မှာ
ကိုယ်ကသူများတွေလို Page လည်း မဖွင့်တတ်၊ Page လေးဖွင့်ထားတဲ့ သူတွေကလည်း ဘာမှဆက်မလုပ်တတ်လို့ ဒီတိုင်းပဲ ထိုင်ကြည့်နေရတယ်။
ကိုယ်ပိုင် Acc နဲ့ ဈေရောင်းတဲ့ သူတွေကလည်း နောက်နှစ်တွေမှာကိုယ့်ပြိုင်ဘက်တွေကို ကျော်တက်ချင်တယ်ဆိုရင် ဒီသင်တန်းကို လာတတ်ပါနော်။
သင်တန်းမတက်ခင် အရင်ဆုံးပြောချင်တာက
💯ဝင်ငွေတကယ်ကောင်းချင်မှ လာတက်ပါ။
💯တကယ်ရောင်းကောင်းချင်မှ လာတက်ပါ။
💯သင်တန်းမှာ သင်ပေးလိုက်တာတွေ အကုန်လုံး လိုက်နာမယ်ဆိုမှ လာတက်ပါ လို့ပြောချင်ပါတယ်။
ဘာတွေ သင်ပေးမှာလည်းဆိုတော့
page™ ထောင်နည်း အစ - အဆုံး
ကြော်ညာလုပ်နည်း အစ - အဆုံး
ဖောက်သည်တွေ အများကြီးရစေမယ့် လှို့ဝှက်ချက်များပဲ ဖြစ်ပါတယ်။
ခေါင်းစဉ်ပေါင်း (၂၁) ခုတောင်ရှိတဲ့အတွက် အဝသင်၊ စိတ်ကြိုက်သင်၊ နားမလည်မချင်း သင်လို့ရတယ်။
01-Page ကို စနစ်တကျ ဖွင့်နည်း
02-Setting မှန်မှန်ချိန်နည်း
03-ပုံတွေ၊ စာတွေ၊ ဗီဒီယိုတွေ လွယ်လွယ်တင်နည်း
04-လူသုံးနည်းနေသေးတဲ့ List နဲ့ တင်နည်း
05-ဘယ်ဟာကြိုက်လဲ မဲပေးခိုင်းဖို့ Poll လုပ်နည်း
06-နေရာကောင်းမှာ ပေါ်မယ့် My Day တင်နည်း
07-Cele တွေအသုံးများတဲ့ Watch partyတင်နည်း
08-ပွဲတွေရှိရင် ကြော်ငြာထားဖို့ Event ဆောက်နည်း
09-ကိုယ်လိုင်းပေါ်မရှိလည်း အော်တို ပို့စ်တင်ပေးမယ့် Schedule post တင်နည်း
10-ကိုယ့်ဝယ်သူတွေ ကိုယ့်ကိုအလွယ်တကူ ဆက်သွယ်လို့ရမယ့် Send message နဲ့ပိုစ့်တင်နည်း
11-chatbox ရောက်လာတာနဲ့ နွေးထွေးပျူငှာ နှုတ်ခွန်းဆက်မယ့် Welcome message အကြောင်း
12-မကြော်ငြာခင် သိကိုသိရမယ့် လိုက်နာရန် Policy ၁၃ ချက်
13-အလန်းစား ဒီဇိုင်းပုံတွေ မပြင်ခင် ဘာကို အရင်စစ်ရမလဲ
14-ဘာလဲဟဲ့ Visa Card
15-Facebook™ နဲ့ ငွေရေးကြေးရေး ဘယ်လိုရှင်းကြမလဲ
16-ဝယ်သူဆီ တည့်တည်ထိမယ့် Audience ကို Ads Managerနဲ့ ရွေးနည်း
17-အော်ဒါတွေ တက်တယ်ဆိုတဲ့လူတွေ သုံးတဲ့ Get message နဲ့ boost နည်း
18-ဆရာကျတဲ့လူတွေ အတွက် Page Manager က boost နည်း
19-အလွယ်ကူဆုံး Facebook™ ကနေ boost လုပ်နည်း
20-ဆရာကြီးတွေ သုံးတဲ့ Ads Manager ကနေboost လုပ်နည်း
21-ကြော်ငြာပြီးရင် တကယ်ကောင်းမကောင်း Report ဖတ်နည်း
ကြာချိန်
- သင်တန်းစတက်တဲ့ရက် ကနေနောက် acc မပျက်ခင်အထိ Private Group ထဲမှာ ထားပေးမှာ ဖြစ်ပြီး Admin Team ကို ကြိုက်တဲ့အချိန်လာဆွေးနွေးလို့ရပါတယ်။ 🤗
ဘယ်လို သင်မလဲ?
- သင်တန်းစတာနဲ့ သင်တန်း Private Group ထဲမှာထည့်ပေးမှာ ဖြစ်ပြီး Video သင်ခန်းစာများကို မြန်မာလို တိကျရှင်းလင်းစွာ သင်ကြားပေးမှာ ဖြစ်ပါတယ်။
ဘာတွေလိုမလဲ?
ဖုန်းတစ်လုံးပဲ လိုပါတယ်။ 📱
သင်တန်းကြေး 💲
- 30,000
ဒီကာလမှာ အားလုံးအဆင်မပြေ ဖြစ်နေကြတဲ့အတွက် တစ်ခါမှမလုပ်ဖူးတဲ့ အထူးအခွင့်အရေးလေး လုပ်ပေးထားပါတယ်။ 20.7.2020 မတိုင်ခင်မှာ သင်တန်း အပ်မယ်ဆိုရင်
အထူးသင်တန်းကြေး
- 15,000 ပဲပေးရမှာ ဖြစ်ပါတယ်။ 👇👇👇
#လုံးဝမတတ်သေးသူတွေကိုအဓိကဦးစားပေးပြီးသင်ပေးမှာဖြစ်လို့နားမလည်မှာလုံးဝစိတ်ပူစရာမလိုပါဘူး
အခုပဲ Message ပို့ပြီး သင်တန်းအပ်လိုက်ပါ။
10/07/2020
သင့်ကို ထာဝရ ဆင်းရဲနေစေမည့် အမူအကျင့် (၁) ခု
သင့်ကို ထာဝရဆင်းရဲနေစေမည့် အမူအကျင့်တစ်ခုက ဘာများ ဖြစ်မလဲ?
အဖြေကို မပြောပြခင်မှာ သင့်ကို မေးခွန်းတစ်ခု မေးချင်ပါတယ်။
ဘာကြောင့် သင် ပိုက်ဆံ ပိုလိုချင်တာလဲ?
အောက်က comment မှာ အဖြေကို ရေးသွားလိုက်ပါ။
ဘာ့ကြောင့် သင် ပိုက်ဆံပိုလိုချင်တာလဲ?
ဒီမေးခွန်းကို မေးလိုက်ရင် များသောအားဖြင့် ကျွန်တော်က အိမ်ပိုင်လေး တစ်လုံးလောက်လိုချင်လို့ပါ။ ကျွန်မက ခြံလေးတစ်ခြံလောက် လိုချင်လို့ပါ။ ကားတစ်စီးလောက် လိုချင်လို့ပါ။ အဝတ်အစားအသစ်လေး ဝယ်ချင်လို့ပါ။ ချောင်ချောင်လည်လည်လေး နေချင်လို့ပါ။ အကြွေးဆပ်ချင်လို့ပါ။ ကျွန်တော်လုပ်ချင်တာကို လုပ်လို့ရအောင်လို့ပါ။ တစ်ချို့ကျတော့ မှီခိုနေရတာ အဆင်မပြေလို့ လွတ်လပ်ချင်လို့ပါ။ အသက်ကြီးနေတဲ့ အဖေ့ကို ဘုရားဖူးလိုက်ပို့ချင်လို့ပါ။ မိသားစုရဲ့ စားဝတ်နေရေးကို ကူညီပေးချင်လို့ပါ။ အမေ့ရောဂါကို ကုပေးချင်လို့။
အောက်မှာ comment မန့်လိုက်ပါ။ ဘာကြောင့် ပိုက်ဆံပိုလိုချင်တာလဲ။
လူတိုင်းမှာ ပိုက်ဆံပိုလိုတဲ့ အကြောင်းပြချက် ကောင်းကောင်းရှိမယ်လို့ ထင်တယ်။ အဲဒီအကြောင်းပြချက်ကပဲ သင့်ဘဝရဲ့ အကြီးမားဆုံးသော အပြောင်းအလဲ ဖြစ်လာမယ်ဆိုတာ သေချာတယ်။ ပိုက်ဆံရဲ့ အရေးပါမှုကို နေရာတိုင်းမှာ မြင်တွေ့နိုင်တယ်။ ငယ်ငယ်တုန်းက ကလေးဘဝမှာတောင် အဲဒီအရုပ်လေး လိုချင်တယ်၊ ဒီ ကျောပိုးအိတ်၊ ဒီ ကွန်ပါဘူး စသည့်ဖြင့် မိဘကို ပူဆာဖူးကြမှာပါ။ အမေက “မရဘူး။ငါတို့ကို နှိုက်မကုန်တဲ့ ရွှေတွင်းများ မှတ်နေလား၊ ငါတို့ကို ဘဏ်တိုက်များမှတ်နေလား” ဆိုပြီး ပြန်ပြောတာမျိုး ကြုံဖူးတယ် မလား။
နိုင်ငံခြားမှာ ကျောင်းသွားတက်ချင်တာလဲ ဖြစ်နိုင်တယ်၊ မြန်မာနိုင်ငံ အနှံ့ဘုရားဖူးထွက်ချင်တာလည်း ဖြစ်နိုင်တယ်။ ဆိုင်ကယ် အသစ်ဝယ်စီးချင်တာလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် လုံလောက်တဲ့ ပိုက်ဆံမရှိဘူး။ အဲ့ဒါကို မရှာနိုင်ဘူး ဖြစ်နေတယ်။ နေ့တိုင်းနေ့တိုင်း ဒီဂျင်းဘောင်းဘီလေးနဲ့ပဲ ရုံးသွားနေရတာမျိုး၊ နေ့တိုင်းနေ့တိုင် ပျက်နေတဲ့ ဖိနပ်လေးကိုပဲ ပြင်ပြီး စီးနေရတာမျိုး။ ရည်းစားက ပိုက်ဆံမရှိလို့ ပစ်သွားတာမျိုး။ အမေ့မှာ အကြွေးတွေ အများကြီးရှိနေတာမျိုး။ အကြွေးရှင်တွေက လကုန်တိုင်း ဖုန်းဆက်ပြီး ပြောနေတာမျိုး။ ကိုယ်က စီးပွားရေး လုပ်ငန်းသေးလေး စလုပ်ကာမှ အလိမ်ခံလိုက်ရတာမျိုး။ အကြွေးတွေ သိန်းချီတင်သွာတာမျိုး။
အဲဒီအချိန်မှာ သင်တွေးမယ်။ ငါ ပိုက်ဆံရှာရမယ်။ ပိုက်ဆံပိုရှာမှ ဖြစ်မယ်ဆိုပြီး သင်တွေးလိမ့်မယ်။
ပိုက်ဆံမရှိခြင်း = နာကျင်မှု
ပိုက်ဆံမရှိခြင်းက သင့်ဆီကို စိတ်ပျက်စရာတွေ၊ နာကျင်စရာတွေ ယူဆောင်လာပါလိမ့်မယ်။
ပိုက်ဆံမရှိခြင်း = မလုံခြုံမှု
ပိုက်ဆံမရှိလို့ Mask အကောင်းစား မတပ်နိုင်ဘူး။ အမှုအခင်းတွေ ရှုံးရတယ်။ သန့်ရှင်းတဲ့ အဆင့်မြင့် စားသောက်ဆိုင်တွေမှာ မစားနိုင်ဘူး။
ပိုက်ဆံမရှိခြင်း = မိသားစု ပြဿနာများ
ပိုက်ဆံမရှိခြင်းကြောင့် မိသားစုမှာ ပြဿနာတွေ တက်လာတယ်။ ငွေကြေးပြဿနာ၊ လူမှုရေး ပြဿနာ။
ပိုက်ဆံလိုချင်ရတဲ့ အကြောင်းအရင်းကို comment မှာ ရေးထားတယ်မလား။ ပြန်စဉ်းစားကြည့်ပါသင့်ကို ထာဝရ ဆင်းရဲနေစေတဲ့ အကျင့်တစ်ခု ရှိပါတယ်။ သေချာ ပြန်စဉ်းစားကြည့်ပါ။ ပိုက်ဆံလိုချင်တယ်။ လိုချင်တယ်ဆိုပြီး ကြိုးစားရှာတယ်။ ပိုက်ဆံလေး နည်းနည်းရလာတဲ့အခါ၊ စီးပွားရေး လုပ်ငန်းလေး နည်းနည်း အောင်မြင်တဲ့အခါမှာ ကြွားပါတယ်။ ဟေ့ မြင်လား… ငါ သုံးနိုင်တယ်၊ ငါရှာထားတဲ့ စီးပွားရေးကွ၊ ငါ ဒါဝယ်နိုင်တာကို မြင်လား ဆိုပြီး စကြွားပါတော့တယ်။ ဒီမှာ ကားအသစ် ဝယ်စီးတာ။ ငါ့ရဲ့ စီးပွားရေး လုပ်ငန်းက တစ်လကို သိန်း ၂၀ ဝင်တာ။ မရှိတာကနေ ရှိလာတဲ့အခါမှာ ရှိတဲ့အကြောင်းအရမ်းပြချင်တဲ့ အတွက် ကြွားဝါတတ်လာတယ်။
သင်ဘာလို့ ပိုက်ဆံလိုချင်ခဲ့လဲ ဆိုတာကို ပြန်စဉ်းစားပါ။ ဘာလို့ လိုချင်ခဲ့တာလည်း။ အများအမြင်မှာ တင့်တယ်ဖို့၊ ဘာလုပ်ဖို့ ညာလုပ်ဖို့ ဆိုပြီး သင်ဝယ်နေတဲ့ အရာတွေက သင်တကယ် လိုအပ်တဲ့ အရာမဟုတ်ပါဘူး။ မလိုအပ်တဲ့ စိတ်ခံစားချက်လေးတွေ၊ သူများတွေ အထင်ကြီးဖို့ ဆိုပြီး သင်ကြိုးစားတယ်၊ သင့်ပိုက်ဆံကို အဲဒီနေရာမှာ သုံးတယ်။ ဒါပေမယ့် သင်လိုချင်တဲ့ စိတ်ခံစားချက်ကို မရဘူး။ ပိုကောင်းတဲ့ အရာမှာ သင်လိုချင်တဲ့ ခံစားချက်ရမယ် ထင်တယ်။ ဝယ်ဖို့ ကြိုးစားပြန်တယ်။ မဟုတ်သေးပြန်ဘူး။ လူတွေရဲ့ ချမ်းသာမှုက ဒီနေရာမှာတင် ရပ်တန့်သွားတယ်။
သင်ဝယ်သမျှ ပစ္စည်းတိုင်းက သင့်ကို ပိုကောင်းတယ်ဆိုတဲ့ ခံစားချက်ကို ရဖို့ပါပဲ။ တစ်ခြားလူတွေ ထင်နေတာ မှားတယ် ဆိုတာကို သက်သေပြဖို့။ သူတို့ထက် ကိုယ်က ပိုချမ်းသာကြောင်းပြဖို့ ကြိုးစားခြင်းကပဲ သင့်ကို ဆင်းရဲစေတာပါ။ သင်လိုချင်တဲ့ ပိုမို မြင့်မားတဲ့ ရည်ရွယ်ချက်တွေ၊ ခမ်းနားကြီးကျယ်တဲ့ စိတ်ကူးတွေနဲ့ ပိုမိုဝေးကွာစေတာပါပဲ။ သင်ကတော့သင့် လမ်းကြောင်းပေါ်ရောက်နေပြီး ထင်မှာပဲ။ ဒါပေမယ့် တကယ် ပြန်စဉ်းစားကြည့်ရင် သင်ဒီနေရာမှာပဲ ရပ်တန့်နေတာကို တွေ့ရလိမ့်မယ်။
အမှန်အတိုင်း စဉ်းစားပါ။ သင့်ဘဝမှာ သူများ အထင်ကြီးစေဖို့၊ သူများ ကို ကြွားဝါဖို့ ပိုက်ဆံဘယ်လောက်သုံးခဲ့ပြီးပြီလဲ။ ရိုးရိုးသားသား ဖြေပါ။ သူများအထင်ကြီးဖို့ လုပ်နေမယ့်အစား ကိုယ့်ကိုယ်ကို ရင်းနှီးမြုပ်နှံပါ။ သူများ အထင်ကြီးဖို့ မဟုတ်ပဲ စီးပွားရေးမှာ ကျွမ်းကျင်အောင် လုပ်ပါ။ သင်တန်းတွေ တက်ပါ။ သင့်ကိုယ်သင် တိုးတက်အောင် လုပ်တာ သင့်ကို စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာမှာပါ တဖြည်းဖြည်း တိုးတက်လာစေမှာပါ။
ပိုက်ဆံနဲ့ ကိုယ့်ကိုယ်ကို ရင်းနှီးမြုပ်နှံပါ။
ပိုက်ဆံကို မဖြုန်းပါနဲ့။
03/07/2020
အခုမှ စလုပ်တဲ့ OS ကို လက်လီ လက်ကားရောင်းရအောင် ဘယ်လိုလုပ်မလဲ?
ဒီမေးခွန်းကတော့ Online Shop လုပ်နေတဲ့ အသေးစားလုပ်ငန်းရှင်လေးတွေ အမေးများတဲ့မေးခွန်း ဖြစ်ပါတယ်။
ဘယ်လိုလုပ်ရမလဲဆိုတာကို အောက်မှာ ဆက်ကြည့်လိုက်ရအောင်...👇👇👇
Click here to claim your Sponsored Listing.
Website
Address
Yangon
11111