SHWE
၂၇- ၁၂-၂၀၂၅ မှစ၍ ထားဝယ်ဆေးကုခန်းကို ခေတ္တပိတ်ထားပါသည်
04/03/2022
အရက်ကို ဘေးကင်းတဲ့သောက်နည်း၊ ဆေးဖြစ်ဝါးဖြစ်သောက်နည်း ဆိုတာ မရှိပါ။ နည်းနည်းဖြစ်စေ၊ များများဖြစ်စေ၊ ခဏဖြစ်စေ၊ ရေရှည်ဖြစ်စေ ဘယ်လိုသောက်သောက် သူ့အိုးနဲ့သူ့ဆန် ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေး ထိခိုက်မှု ရှိနိုင်ပါတယ်။ "တရက်တလေပဲသောက်တာပါ"ဆိုရင်တောင် အရက်သောက်ပြီး နောက်တနေ့ Hang-over(အရက်နာကျ)ကာလမှာ ပြန်သက်သာဖို့ အချိန်ယူရပါတယ်။ နေ့စဥ်ရက်ဆက် အရက်သောက်နေရင်တော့ အချိန်ကြာလာတာနဲ့အမျှ ကျန်းမာရေး မလွဲမသွေထိခိုက်လာမှာပါ။
အရက်ကိုရှောင်နိုင်တာ အကောင်းဆုံးပေမယ့် မရှောင်နိုင်ခဲ့ရင်တော့.......ဘေးအန္တရာယ်နည်းစေနိုင်မယ့် အပြုအမူနည်းလမ်းများဖြင့် မိမိကိုယ်မိမိထိန်းသိမ်းကာ အရက်သောက်ပါ။
🥃 ကိုယ်သောက်မည့် အရက်ပမာဏကို ကန့်သတ်ပါ၊ သတ်သတ်မှတ်မှတ်ထားပါ(တနေ့ကို ၂ခွက်ထက်ပိုမသောက်ဘူး၊ တပတ်ကို အနည်းဆုံး ၂ရက် အရက်လုံးဝရှောင်မယ်)။
🥃 သောက်နေတဲ့အချိန်မှာ ဖြည်းဖြည်းနဲ့နည်းနည်းချင်းစီသောက်ပါ။
🥃 အရက်ချည်းပဲ မသောက်ပဲ ရေ/အရက်မဟုတ်သောအရည်များ ဖျော်ရည်များ ရောသောက်ပါ။
🥃 ပြင်းသော အရက်ကြမ်းများကို ရှောင်ပြီး သန့်စင်သော အရက်ကို ချင့်ချိန်သောက်ပါ။
🥃 အမြည်းကောင်းကောင်းစား၍ သောက်ပါ။
🥃 ကိုယ်ဘယ်နေ့က ဘယ်လောက်သောက်တယ်ဆိုတာကို သတိချပ်ပါ။
🥃 အရက်များများသောက်မိဖို့ အကြောင်းဖန်လာနိုင်တဲ့၊ တိုက်တွန်းတဲ့ အခြေအနေ/မိတ်ဆွေများကိုရှောင်ကြဥ်ပါ။
🥃 လူမှုဘဝ အခက်အခဲပြဿနာများ၊ စိတ်ခံစားချက်နှင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများကို အရက်သောက်ခြင်း/မူးယစ်ဆေးသုံးခြင်းဖြင့် မဖြေရှင်းပါနှင့် (အခက်အခဲများ ပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့ရလျှင် ပြဿနာကို မြင်အောင်ကြည့်ပြီး လက်တွေ့ကျကျဖြေရှင်းနိုင်ဖို့ကြိုးစားပါ၊ စိတ်ပိုင်းဆိုင်ရာပြဿနာအခက်အခဲများနှင့် ကြုံတွေ့ရလျှင် ကျွမ်းကျင်ပညာရှင်များထံမှ အကူအညီ ရယူပါ)။
မပြင်းထန်သော အပျော့စား အရက်စွဲခြင်းများကို လူနာကိုယ်တိုင်၏ အရက်ဖြတ်လိုသည့်ဆန္ဒ အပါအဝင် မိသားစုပတ်ဝန်းကျင်၏ ကူညီစောင့်ရှောက်မှုဖြင့် ကျော်လွှားနိုင်ပါတယ်။
အရက်စွဲလန်းမှုပြင်းထန်ပြီး ကိုယ်ပိုင်းဆိုင်ရာ အရက်ပြတ်လက္ခဏာများပါ ရှိနေပါက စိတ်ဆရာဝန်ဖြင့်ပြသ၍ ဆေးကုသမှသာ ဘေးအန္တရာယ်ကင်းစွာဖြင့် အရက်ဖြတ်နိုင်မည်ဖြစ်သည်။
👇👇အရက်စွဲရောဂါအကြောင်းဖတ်ရန်👇👇
https://www.facebook.com/176048877240751/posts/484002836445352/
#စိတ်အထူးကုဆရာဝန်ပြောပြတဲ့စိတ်ကျန်းမာရေးအကြောင်း
လူနာ ပုံမှန် ၁၅၀၀-ဝန်းကျင်ရှိ (ရွာသာကြီး)ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီးမှာ ဆေးရုံတက်ရောက်ကာ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူရသူတွေရဲ့ သုံးပုံတပုံက အရက်စွဲရောဂါနှင့် အရက်ကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲစိတ်ရောဂါများကြောင့် ဆေးရုံတက်ရသူများဖြစ်ပါတယ်။ ဒီအချက်အလက်မှာ အခြားပြည်နယ်တိုင်းဒေသကြီးများရှိ စိတ်ဆေးရုံ/စိတ်ကျန်းမာရေးဌာနများ မပါဝင်သေးသည့်အပြင် ၂၀၂၀ ခုနှစ်အထိ အချက်အလက်များသာဖြစ်ပါတယ် (ယခုအခါ ရွာသာကြီး၌ နာတာရှည်/အနေကြာ စိတ်ရောဂါလူနာ ၁၀၀၀-ဝန်းကျင်သာ အတွင်းလူနာများအဖြစ် ကျန်ရှိပါတယ်)။ မြန်မာပြည်အပါအဝင် တကမ္ဘာလုံးမှာ အရက်ကြောင့်ထိခိုက်ဖြစ်ပေါ်လာတဲ့ ကိုယ်ပိုင်းဆိုင်ရာ/စိတ်ပိုင်းဆိုင်ရာရောဂါတွေအပြင် မတော်တဆမှု၊ ရာဇဝတ်မှုတွေပါ မရေတွက်နိုင်အောင် ရှိနေဆဲပါ။
စိတ်ကိုပြောင်းလဲစေတတ်သော သောက်သုံးစရာများအပါအဝင် မူးယစ်ဆေးဝါးများကို တရားဝင်သုံးစွဲခွင့်ရှိခြင်း/မရှိခြင်းသည် နိုင်ငံတနိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ်မူတည်သည့်အပြင် တရားဥပဒေစိုးမိုးမှုအပေါ်လည်း မူတည်ပါတယ်။ "အရက်"သည် ကမ္ဘာအနှံ့အပြားမှာ တရားဝင်ခွင့်ပြုထားတဲ့ တခုတည်းသော စိတ်ကိုပြောင်းလဲစေနိုင်တဲ့ အဖျော်ယမကာ ဖြစ်ပါတယ်။ ဘီယာနှင့်ဝိုင်များတွင်လည်း အရက်ပါဝင်သောကြောင့် အရက်နှင့်တန်းတူ တွက်ဆသတ်မှတ်ပါတယ်။
ဒီလို အပန်းဖြေအဖျော်ယမကာအနေနဲ့ တွင်ကျယ်စွာသောက်သုံးကြတဲ့ အရက်ရဲ့ နောက်ဆက်တွဲ ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေး ဆိုးကျိုးများကို ဆေးပညာရှုထောင့်မှ မှန်ကန်စွာ သိထားသင့်ပါတယ်။
ကိုယ်ကျန်းမာရေးအနေဖြင့်...
အရက်အလွန်အကျွံသောက်သုံးခြင်းကြောင့် အသည်းရောင်/အဆီဖုံး/ခြောက်/ကျွမ်း၊ နှလုံးရောင်/သွေးကြောပိတ်၊ ဦးနှောက်သွေးကြောပေါက်/ပိတ်၊ အစာအိမ်အူလမ်းကြောင်းသွေးကြောထုံး-ပေါက်၊ ပန်းသေပန်းညှိုး အစရှိတဲ့ များပြားလှသော ကိုယ်ပိုင်းဆိုင်ရာ ဝေဒနာရောဂါများ ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် အရက်သည် အခြားဆေးဝါးများ၏အာနိသင်ကို လျော့စေ-တိုးစေခြင်းများလည်းရှိသည်(ဥပမာ- ပိုးသတ်ဆေးအာနိသင် ပြင်းထန်လွန်း သို့မဟုတ် ဆေးမတိုးခြင်း၊ အိပ်ဆေးအာနိသင်ပြင်းထန်ပြီး အသက်အန္တရာယ်ရှိစေနိုင်ခြင်း)။
စိတ်ကျန်းမာရေးအနေဖြင့်...
အရက်ကို အလွန်အကျွံသောက်သုံးလျှင် (သို့) အလွန်အကျွံမသောက်သော်လည်း အချိန်ကာလကြာရှည်စွာ နေ့စဥ်ရက်ဆက်နီးပါး သောက်သုံးလျှင်-
👉အရက်စွဲခြင်းနှင့်အရက်စွဲရောဂါ
👉စိတ်ကျရောဂါ https://www.facebook.com/176048877240751/posts/290268729152098/
👉စိတ်ကြွစိတ်ကျရောဂါ https://www.facebook.com/176048877240751/posts/295969401915364/
👉စိတ်ဖောက်ပြန်ခြင်းနှင့်စိတ်ကစဥ့်ကလျားရောဂါ https://www.facebook.com/176048877240751/posts/399168674928769/
👉အသိမှတ်ဥာဏ်ထိခိုက်ချို့ယွင်းလာသောရောဂါ https://www.facebook.com/176048877240751/posts/445333330312303/
စသည့်စိတ်ရောဂါများ နောက်ဆက်တွဲအနေနှင့် အဖြစ်များပါတယ်။
🥃အရက်စွဲခြင်းနှင့်အရက်စွဲရောဂါ🍺
တစ်နှစ်ကျော်ကာလအတွင်းမှာ
🍾အရက်သောက်ဖို့စိတ်ဆန္ဒပြင်းပြနေခြင်း
🍾အရက်ကိုမျှော်မှန်းထားသည်ထက် ပို၍သောက်မိခြင်း
🍾အရက်ဖြတ်ချင်ပေမယ့်ဖြတ်မရခြင်း
🍾အရက်သောက်ခြင်း၌ အချိန်ကုန်တတ်လာခြင်း
🍾အလုပ်အကိုင်ထိခိုက်လာသည်အထိ အရက်သောက်မိခြင်း
🍾အရက်ကြောင့်ဖြစ်ပေါ်လာတဲ့ လူမှုစီးပွား မိသားစုပြဿနာများရှိလာပြီး ရှိမှန်းသိသိရက်နှင့် အရက်ကိုဆက်လက်သောက်နေခြင်း
🍾မတော်တဆအန္တရာယ်ရှိနိုင်သည့်အခြေအနေများပါမရှောင် အရက်သောက်တတ်လာခြင်း(ဥပမာ- အရက်သောက်ကာ ကားမောင်းခြင်း)
🍾ရေချိန်တက်လာခြင်း/အရက်ကိုတိုး၍ပို၍ သောက်လာခြင်း
🍾အရက်ပြတ်လက္ခဏာများရှိလာခြင်း(နှလုံးခုန်၊ ရင်တုန်၊ ချွေးစီးပြန်၊ လက်တုန်၊ မူးဝေအော့အန်၊ အိပ်မပျော်၊ စိုးရိမ်ထိတ်လန့်၊ မရှိသည်ကိုအရှိဟု မြင်/ကြား/သိခြင်း၊ တက်၍သတိလစ်ခြင်း)
လူနာကိုယ်တိုင်၏ အရက်ဖြတ်လိုသည့်ဆန္ဒ အပါအဝင် မိသားစုပတ်ဝန်းကျင်၏ ကူညီစောင့်ရှောက်မှုဖြင့် မပြင်းထန်သော အပျော့စား အရက်စွဲခြင်းများကို ကျော်လွှားနိုင်ပါတယ်။
ရောဂါအဆင့်အထိ အရက်စွဲလန်းမှုပြင်းထန်ပြီး ကိုယ်ပိုင်းဆိုင်ရာ အရက်ပြတ်လက္ခဏာများပါ ရှိနေပါက စိတ်ဆရာဝန်ဖြင့်ပြသ၍ လူနာ၏ကိုယ်ပိုင်းစိတ်ပိုင်းအခြေအနေကို စနစ်တကျတွက်ဆလျက် ဆေးဝါးများဖြင့်ကုသမှသာ ဘေးအန္တရာယ်ကင်းစွာဖြင့် အရက်ဖြတ်နိုင်မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အရက်စွဲခြင်းတွင် ကိုယ်ပိုင်းဆိုင်ရာစွဲလန်းမှုက အဓိကဖြစ်ပြီး (စိတ်ကြွရူးသွပ်ဆေးများနှင့်ဆေးခြောက်တို့ကဲ့သို့ စိတ်ပိုင်းဆိုင်ရာစွဲလန်းမှုက အဓိကမဟုတ်ချေ) ဆေးဝါးဖြင့်ကုသမှုမရှိပဲ အရက်ဖြတ်ပါက တက်ခြင်း၊ နှလုံးရပ်ခြင်း စသည်တို့ကြောင့် အသက်ဆုံးရှုံးနိုင်ရှိသည်။ ဒါ့အပြင် အရက်စွဲရောဂါနှင့်အတူ စိတ်ကျခြင်း ၊ စိတ်ကြွခြင်း ၊ စိတ်ဖောက်ပြန်ခြင်း၊ အသိမှတ်ဥာဏ်ထိခိုက်ချို့ယွင်းလာခြင်းများ ရှိပါက စိတ်ဆရာဝန်ဖြင့် အမြန်ဆုံးပြသရန် လိုအပ်ပါတယ်။
👇👇 ရှောင်နိုင်လျှင်အကောင်းဆုံး.....မရှောင်နိုင်လျှင် ဘေးအန္တရာယ်နည်းအောင် ဘယ်လိုသောက်မလဲ 👇👇 https://www.facebook.com/176048877240751/posts/484004519778517/
#စိတ်အထူးကုဆရာဝန်ပြောပြတဲ့စိတ်ကျန်းမာရေးအကြောင်း
Click here to claim your Sponsored Listing.
Category
Contact the practice
Telephone
Website
Address
3/306, Gandamar Road, Waibargi, N Okkalapa
Yangon
11031