Tip - Top Education
06/04/2026
ကျောင်းပိတ်ရက်မှာ Tip-Top Education နဲ့အတူ Web Design လောကထဲကို ခြေလှမ်းစလိုက်ရအောင်🚀
Web Design ဆိုတာ လွယ်လွယ်ပြောရရင် Website တစ်ခုကို ဘယ်လိုပုံစံလေး ဖြစ်စေချင်လဲဆိုတာကို ပုံဖော်ဝာာပဲ ဖြစ်ပါတယ်။
ဘယ်ကနေ စ သင်မလဲဆိုရင်
👩🏼💻𝐇𝐓𝐌𝐋 (𝐇𝐲𝐩𝐞𝐫𝐓𝐞𝐱𝐭 𝐌𝐚𝐫𝐤𝐮𝐩 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞)
HTML ဆိုတာ ဘာလဲကနေ Document Structure အကြောင်း နားလည်စေဖို့နဲ့ Essential HTML Elements (Text, Links, Images) တွေကို အသုံးပြုပြီး Webpageရဲ့ အကြောင်းအရာ ထည့်သွင်းပုံတွေကို သင်ကြားပေးသွားမှာဖြစ်ပါတယ်။
👩🏼💻 𝐂𝐒𝐒 (𝐂𝐚𝐬𝐜𝐚𝐝𝐢𝐧𝐠 𝐒𝐭𝐲𝐥𝐞 𝐒𝐡𝐞𝐞𝐭𝐬)
Website တစ်ခုကို ဘယ်လိုအလှဆင်ကြမလဲ❔ Colors,Fonts,Layouts,Buttons,Animations တွေကို ဘယ်လိုလှလှပပ ဖန်တီးရမလဲဆိုတာတွေကို လက်တွေ့နဲ့အတူ သင်ပေးသွားမှာလည်း ဖြစ်ပါတယ်။
သားသားမီးမီးလေးတို့က ဘာကြောင့် Tip-Top Education မှာ သင်သင့်တာလဲ💭
✅Fun Learning Environment သင်ကြားမှုပုံစံနဲ့အတူ သားသားမီးမီးလေးတို့ရဲ့ စိတ်ကူးထဲက design လေးတွေကိုအကောင်အထည်ဖော်ခွင့် ရရှိခြင်း၊
✅သင်ကြားပေးမဲ့ ဆရာ၊ဆရာမတွေက IT နဲ့ သင်ကြားမှုနယ်ပယ်မှာ အတွေ့အကြုံရင့်တဲ့အပြင် အတန်းလေးကို
လူဦးရေကန့်သတ်ချက်နဲ့ လက်ခံထားခြင်း၊
✅သူငယ်ချင်းအသစ်တွေနဲ့ idea လေးတွေ ဖလှယ်ကြရင်း group work skills ၊ communication skills တွေပါ တိုးတက်လာစေခြင်းတွေကြောင့်ပဲ ဖြစ်ပါတယ်။
ဒါဆို ဘယ်လိုသားသားမီးမီးလေးတွေ တက်ရောက်သင့်လဲ👩🏼💻
✅အသက် (၁၁) နှစ်ကနေ (၁၅) နှစ်အတွင်းရှိပြီး နည်းပညာကို စိတ်ဝင်စားတဲ့ သားသားမီးမီးလေးတွေ၊
✅ ဖုန်းကြည့်တာ၊ ဂိမ်းဆော့တာထက် ပိုပြီး အကျိုးရှိတဲ့အရာတစ်ခုခုကို ဖန်တီးချင်တဲ့ သားသားမီးမီးလေးတွေ၊
✅ Design ပိုင်းကို ဝါသနာပါပြီး အနာဂတ်မှာ IT နယ်ပယ်ထဲကို ခြေလှမ်းလှမ်းချင်တဲ့ သားသားမီးမီးလေးတွေ တက်ရောက်လို့ရပါတယ်။
အသေးစိတ် ဆွေးနွေးချင်တာလေးတွေအတွက် Tip-Top Education ရဲ့ messenger/viber/telegram ကနေတဆင့် ဆက်သွယ်မေးမြန်းလို့ ရပါတယ်။📩
#
28/03/2026
𝗛𝗧𝗠𝗟, 𝗖𝗦𝗦 𝘃𝘀. 𝗝𝗮𝘃𝗮𝗦𝗰𝗿𝗶𝗽𝘁: ဘာတွေကွာခြားသလဲ?
𝗪𝗲𝗯 𝗗𝗲𝘃𝗲𝗹𝗼𝗽𝗺𝗲𝗻𝘁 နယ်ပယ်ကို စတင်လေ့လာမယ်ဆိုရင် အခြေခံအကျဆုံး အုတ်မြစ် (၃) ခုဖြစ်တဲ့ 𝗛𝗧𝗠𝗟, 𝗖𝗦𝗦 နဲ့ 𝗝𝗮𝘃𝗮𝗦𝗰𝗿𝗶𝗽𝘁 တို့ရဲ့ အခန်းကဏ္ဍကို အရင်ဆုံး သိထားဖို့ လိုအပ်ပါတယ်။
ဒါဟာ 𝗪𝗲𝗯𝘀𝗶𝘁𝗲 တစ်ခု ဘယ်လို အလုပ်လုပ်သလဲဆိုတာကို နားလည်ဖို့အတွက် အရေးအကြီးဆုံး အပိုင်း ဖြစ်ပါတယ်။
𝟭. 𝗛𝗧𝗠𝗟: အကြောင်းအရာနှင့် တည်ဆောက်ပုံ (𝗖𝗼𝗻𝘁𝗲𝗻𝘁 & 𝗟𝗮𝘆𝗼𝘂𝘁)
𝗛𝗧𝗠𝗟 (𝗛𝘆𝗽𝗲𝗿𝘁𝗲𝘅𝘁 𝗠𝗮𝗿𝗸𝘂𝗽 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲) ဆိုတာ 𝗪𝗲𝗯𝘀𝗶𝘁𝗲 တစ်ခုရဲ့ အခြေခံအဆောက်အအုံ (𝗕𝘂𝗶𝗹𝗱𝗶𝗻𝗴 𝗕𝗹𝗼𝗰𝗸𝘀) ကို ဖန်တီးပေးတဲ့ ဘာသာစကား ဖြစ်ပါတယ်။
𝗕𝗿𝗼𝘄𝘀𝗲𝗿 (𝗖𝗵𝗿𝗼𝗺𝗲/𝗦𝗮𝗳𝗮𝗿𝗶) မှာ 𝗪𝗲𝗯𝘀𝗶𝘁𝗲 တစ်ခုကို ဘယ်လိုပြသမလဲဆိုတာကို 𝗛𝗧𝗠𝗟 က သတ်မှတ်ပေးပါတယ်။
🔹ဘာတွေလုပ်နိုင်သလဲ:
𝗪𝗲𝗯𝘀𝗶𝘁𝗲 တစ်ခုရဲ့ အခြေခံ 𝗦𝘁𝗿𝘂𝗰𝘁𝘂𝗿𝗲 ကို တည်ဆောက်နိုင်ပါတယ်။
ဥပမာ - စာသားတွေကို စာလုံးအမည်း (𝗕𝗼𝗹𝗱) တင်တာ၊ ပုံတွေထည့်တာ၊ 𝗟𝗶𝗻𝗸 တွေ ချိတ်ဆက်တာမျိုးတွေကို 𝗛𝗧𝗠𝗟 နဲ့ လုပ်ဆောင်ရတာပါ။
🔹ဘာကြောင့် အရင်လေ့လာသင့်သလဲ:
𝗛𝗧𝗠𝗟 ဟာ ရိုးရှင်းပြီး ထိရောက်မှုရှိတဲ့ ဘာသာစကားတစ်ခု ဖြစ်ပါတယ်။ သူ့ကို 𝗖𝗦𝗦 နဲ့ 𝗝𝗮𝘃𝗮𝗦𝗰𝗿𝗶𝗽𝘁 တို့က ထပ်ဆင့် အားဖြည့်ပေးတာ ဖြစ်လို့ 𝗪𝗲𝗯 𝗗𝗲𝘃𝗲𝗹𝗼𝗽𝗲𝗿 တစ်ယောက် ဖြစ်ဖို့ဆိုရင် 𝗛𝗧𝗠𝗟 ကို အရင်ဆုံး စတင်လေ့လာသင့်ပါတယ်။
𝟮. 𝗖𝗦𝗦: အလှအပနှင့် အပြင်အဆင် (𝗦𝘁𝘆𝗹𝗶𝗻𝗴 𝗮𝗻𝗱 “𝗟𝗼𝗼𝗸 & 𝗙𝗲𝗲𝗹”)
𝗖𝗦𝗦 (𝗖𝗮𝘀𝗰𝗮𝗱𝗶𝗻𝗴 𝗦𝘁𝘆𝗹𝗲 𝗦𝗵𝗲𝗲𝘁𝘀) ဆိုတာ 𝗛𝗧𝗠𝗟 နဲ့ တည်ဆောက်ထားတဲ့ အခြေခံတွေကို ပိုမိုလှပလာအောင် ပြုလုပ်ပေးတဲ့ ဘာသာစကား ဖြစ်ပါတယ်။
𝗪𝗲𝗯𝘀𝗶𝘁𝗲 ရဲ့ "𝗟𝗼𝗼𝗸 𝗮𝗻𝗱 𝗙𝗲𝗲𝗹" တစ်ခုလုံးကို 𝗖𝗦𝗦 က တာဝန်ယူပါတယ်။
🔹ဘာတွေလုပ်နိုင်သလဲ:
𝗪𝗲𝗯𝘀𝗶𝘁𝗲 တစ်ခုလုံးကို မြင်ရုံနဲ့ ဆွဲဆောင်မှုရှိအောင် ဖန်တီးနိုင်ပါတယ်။ စာလုံးအရောင်၊ စာလုံးဒီဇိုင်း၊ နောက်ခံ (𝗕𝗮𝗰𝗸𝗴𝗿𝗼𝘂𝗻𝗱𝘀) နဲ့ နေရာချတာ (𝗟𝗮𝘆𝗼𝘂𝘁) တွေကို စိတ်ကြိုက် ထိန်းချုပ်နိုင်သလို၊ ရိုးရှင်းတဲ့ 𝗔𝗻𝗶𝗺𝗮𝘁𝗶𝗼𝗻 လေးတွေကိုပါ ဖန်တီးနိုင်ပါတယ်။
🔹𝗕𝗿𝗮𝗻𝗱 𝗔𝗲𝘀𝘁𝗵𝗲𝘁𝗶𝗰𝘀:
ကိုယ့်ရဲ့ 𝗕𝗿𝗮𝗻𝗱 နဲ့ ကိုက်ညီတဲ့ ခေတ်မီပြီး စတိုင်ကျတဲ့ 𝗪𝗲𝗯𝘀𝗶𝘁𝗲 တစ်ခု ဖြစ်ဖို့အတွက် 𝗖𝗦𝗦 ကို အသုံးပြုရပါတယ်။
𝟯. 𝗝𝗮𝘃𝗮𝗦𝗰𝗿𝗶𝗽𝘁:အပြန်အလှန် အလုပ်လုပ်နိုင်မှု (𝗜𝗻𝘁𝗲𝗿𝗮𝗰𝘁𝗶𝘃𝗲 𝗘𝗹𝗲𝗺𝗲𝗻𝘁𝘀)
𝗝𝗮𝘃𝗮𝗦𝗰𝗿𝗶𝗽𝘁 ကတော့ 𝗪𝗲𝗯𝘀𝗶𝘁𝗲 တစ်ခုကို ပိုမိုအသက်ဝင်လာအောင် လုပ်ဆောင်ပေးတဲ့ အဆင့်မြင့် 𝗣𝗿𝗼𝗴𝗿𝗮𝗺𝗺𝗶𝗻𝗴 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 ဖြစ်ပါတယ်။ 𝗪𝗲𝗯𝘀𝗶𝘁𝗲 တစ်ခုလုံး 𝗟𝗼𝗮𝗱 ဖြစ်ပြီးသွားတဲ့နောက်မှာတောင် 𝗛𝗧𝗠𝗟 နဲ့ 𝗖𝗦𝗦 အစိတ်အပိုင်းတွေကို လိုအပ်သလို ပြောင်းလဲပစ်နိုင်တဲ့ စွမ်းအား ရှိပါတယ်။
🔹ဘာတွေလုပ်နိုင်သလဲ:
𝗪𝗲𝗯𝘀𝗶𝘁𝗲 ကို အသုံးပြုသူ (𝗨𝘀𝗲𝗿) နဲ့ အပြန်အလှန် အလုပ်လုပ်နိုင်အောင် ဖန်တီးပေးပါတယ်။ ဥပမာ - မီနူးခလုတ်ကို နှိပ်လိုက်ရင် ဘေးကနေ မီနူးတန်းလေး ထွက်လာတာမျိုး၊ 𝗖𝗮𝗹𝗰𝘂𝗹𝗮𝘁𝗼𝗿 တစ်ခု တည်ဆောက်တာမျိုး၊ ဒါမှမဟုတ် စာမျက်နှာကို အောက်ကိုဆွဲချ (𝗦𝗰𝗿𝗼𝗹𝗹) လိုက်တဲ့အခါ 𝗔𝗻𝗶𝗺𝗮𝘁𝗶𝗼𝗻 တွေ ပေါ်လာတာမျိုးတွေဟာ 𝗝𝗮𝘃𝗮𝗦𝗰𝗿𝗶𝗽𝘁 ရဲ့ အလုပ်တွေပဲ ဖြစ်ပါတယ်။
* ** 𝗹𝗶𝗺𝗶𝘁𝗹𝗲𝘀𝘀 𝗽𝗼𝘀𝘀𝗶𝗯𝗶𝗹𝗶𝘁𝗶𝗲𝘀:** 𝗞𝗲𝘆𝗯𝗼𝗮𝗿𝗱 𝘀𝗵𝗼𝗿𝘁𝗰𝘂𝘁𝘀 တွေ ဖန်တီးတာကအစ၊ ရှုပ်ထွေးတဲ့ လုပ်ဆောင်ချက်တွေအထိ 𝗝𝗮𝘃𝗮𝗦𝗰𝗿𝗶𝗽𝘁 နဲ့ လုပ်ဆောင်နိုင်ပါတယ်။
𝗖𝗼𝗱𝗶𝗻𝗴 အကြောင်း အများကြီး မသိသေးရင်တောင် ဒီဘာသာစကား (၃) ခုရဲ့ ကွာခြားချက်ကို သိထားခြင်းအားဖြင့် 𝗪𝗲𝗯𝘀𝗶𝘁𝗲 တစ်ခု ဘယ်လို တည်ဆောက်ထားသလဲဆိုတာကို ပိုမိုနားလည်လာမှာပါ။
#
24/03/2026
အကုန် 𝗙𝗿𝗲𝗲 သင်ယူရမယ်ဆိုရင် သားသားမီးမီးလေးတို့က ဘယ် 𝗖𝗼𝗱𝗶𝗻𝗴 အတန်းလေးကို တက်ချင်ကြလဲ💭
ဂိမ်းလေးတွေဆော့ရင်း သင်ယူရတာကိုလား၊
Website အကြောင်းလေ့လာရတာကိုလား။
ဒီတစ်ခေါက်မှာလည်း 𝐓𝐢𝐩-𝐓𝐨𝐩 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 ရဲ့ ရွေးချယ်စရာအစုံဆုံး 𝗙𝗿𝗲𝗲 𝗖𝗼𝗱𝗶𝗻𝗴 𝗖𝗹𝗮𝘀𝘀𝗲𝘀 တွေ ပြန်ရောက်ရှိလာပါပြီနော်📢
🚀 𝐓𝐢𝐩-𝐓𝐨𝐩 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 မှာ ဘာတွေ အခမဲ့ သင်ယူနိုင်မှာလဲ။
ကျောင်းပိတ်ရက်လေးမှာ ကလေးတို့ စိတ်ကြိုက်ရွေးချယ်ဖို့ (၅) မျိုးတောင် ပြင်ဆင်ပေးထားပါတယ်နော်
🔰𝐂𝐨𝐦𝐩𝐮𝐭𝐞𝐫 𝐒𝐜𝐢𝐞𝐧𝐜𝐞 𝐅𝐨𝐫 𝐊𝐢𝐝𝐬 (𝟕 𝐲𝐞𝐚𝐫𝐬-𝟗 𝐲𝐞𝐚𝐫𝐬)
နည်းပညာရဲ့ အခြေခံ အုတ်မြစ်တွေကို Code.org မှာ
ဂိမ်းလေးတွေကစားရင်း သင်ယူချင်တယ်ဆိုရင် ဒီအတန်းလေး တက်ရောက်လို့ရပါတယ်။
🔰𝐒𝐜𝐫𝐚𝐭𝐜𝐡 𝐂𝐨𝐝𝐢𝐧𝐠 𝐅𝐨𝐫 𝐊𝐢𝐝𝐬 (𝟖 𝐲𝐞𝐚𝐫𝐬-𝟏𝟑 𝐲𝐞𝐚𝐫𝐬)
ဂိမ်းလေးတွေ၊ Animation လေးတွေကို Block လေးတွေဆက်ပြီး သင်ယူချင်ရင် ဒီအတန်းလေးကို ရွေးချယ်လို့ရပါတယ်။
🔰𝐖𝐞𝐛 𝐃𝐞𝐬𝐢𝐠𝐧 𝐅𝐨𝐫 𝐊𝐢𝐝𝐬
Website တစ်ခုကို ဘယ်လိုအလှဆင်ရမလဲဆိုတာဝါသနာပါရင် ဒီအတန်းလေးမှာ သင်ယူလို့ရပါတယ်။
🔰𝐏𝐲𝐭𝐡𝐨𝐧 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐦𝐢𝐧𝐠 𝐅𝐨𝐫 𝐊𝐢𝐝𝐬
ကမ္ဘာသုံး Programming Language ကို အခြေခံကနေ စတင်ထိတွေ့ထားချင်ရင် ဒီအတန်းလေးက ရွေးချယ်ဖို့ အသင့်တော်ဆုံးပါနော်
🔰𝐌𝐢𝐜𝐫𝐨:𝐛𝐢𝐭
ဒီအတန်းလေးကတော့ လက်ဖဝါးအရွယ် ကွန်ပျူတာအသေးစားလေးတစ်ခုနဲ့ ဆင်တူပြီး ကလေးငယ်တွေကို အခြေခံ Coding နဲ့ Programming ကျွမ်းကျင်မှုတွေ သင်ပေးမဲ့ အတန်းလေးဖြစ်ပါတယ်။
🔥 ဘာကြောင့် 𝐓𝐢𝐩-𝐓𝐨𝐩 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 ကို ရွေးချယ်သင့်လဲဆိုရင်
✅Hands-on Learning နဲ့ zoom ကနေ face to face သင်ယူရမှာဖြစ်ပါတယ်။ ဒါ့အပြင် အတန်းတိုင်းကို လူဦး
ရေကန့်သတ်ချက်နဲ့ လက်ခံထားတာဖြစ်တဲ့အတွက် နည်းပညာကို ကလေးငယ်တို့က ထိထိရောက်ရောက် သင်ယူနိုင်မှာဖြစ်ပါတယ်။
အခုခေတ်မှာ အသုံးပြုနေကြတဲ့ App လေးတွေ၊ ဂိမ်းလေးတွေကနောက်ကွယ်မှာ ဘယ်လိုအလုပ်လုပ်လဲဆိုတာ စိတ်၀င်စားရင် အခုဖွင့်လှစ်ပေးထားတဲ့ အခမဲ့ Coding အတန်းလေးတွေက အုတ်မြစ်တစ်ခုဖြစ်စေမှာပါနော်။✨
📢ဘယ်လိုတက်ရောက်လို့ရမလဲဆိုရင်တော့
comment မှာ "တက်ရောက်ချင်ပါတယ်" လို့မန့်ခဲ့ပေးရုံပါပဲရှင့်။
အတန်းချိန်လေးတွေနဲ့ အသေးစိတ်ကို messenger ကနေ ပို့ပေးပါ့မယ်ရှင့်
14/03/2026
👧👦 သားသားမီးမီတွေရဲ့ စိတ်ကူးကို 𝟯𝗗 ပုံရိပ်တွေအဖြစ် ပုံဖေါ်နိုင်မယ့် 𝗧𝗶𝗻𝗸𝗲𝗿𝗖𝗔𝗗 ကို လေ့လာသင့်တဲ့ အကြောင်းတွေက?
🧑💻ဒီနေ့ခေတ်မှာ ကလေးတွေကို နည်းပညာနဲ့ ဖန်တီးမှုစွမ်းရည် တိုးတက်လာအောင် သင်ပေးဖို့ အရေးကြီးလာပါတယ်။ အဲ့ဒီထဲမှာ 𝟯𝗗 𝗗𝗲𝘀𝗶𝗴𝗻 𝗧𝗼𝗼𝗹 ဖြစ်တဲ့ 𝗧𝗶𝗻𝗸𝗲𝗿𝗖𝗔𝗗 ကို လေ့လာစေခြင်းက ကလေးတွေ အတွက် အလွန်အသုံးဝင်ပါတယ်။
✨ 𝗧𝗶𝗻𝗸𝗲𝗿𝗖𝗔𝗗 ကို ဘာကြောင့် လေ့လာသင့်လဲ?
🔹အရာဝတ္ထုတွေကို 𝟯𝗗 ပုံစံနဲ့ ကိုယ်တိုင် ဖန်တီးနိုင်လို့ စိတ်ကူးစိတ်သန်း 𝗖𝗿𝗲𝗮𝘁𝗶𝘃𝗲 𝗧𝗵𝗶𝗻𝗸𝗶𝗻𝗴 တွေ ပိုပြီးတိုးတက်စေပါတယ်။
🔹𝗗𝗲𝘀𝗶𝗴𝗻 တစ်ခုလုပ်တဲ့အခါ အမှားတွေကို ပြန်စဉ်းစားပြီး ဖြေရှင်းရတာကြောင့် ပြဿနာဖြေရှင်းနိုင်စွမ်း 𝗣𝗿𝗼𝗯𝗹𝗲𝗺 𝗦𝗼𝗹𝘃𝗶𝗻𝗴 𝗦𝗸𝗶𝗹𝗹 တွေ တဆင့်ပြီးတဆင့် တိုးတက်စေပါတယ်။
🔹𝗦𝗰𝗶𝗲𝗻𝗰𝗲, 𝗧𝗲𝗰𝗵𝗻𝗼𝗹𝗼𝗴𝘆, 𝗘𝗻𝗴𝗶𝗻𝗲𝗲𝗿𝗶𝗻𝗴, 𝗠𝗮𝘁𝗵 (𝗦𝗧𝗘𝗠) ပညာရပ်တွေရဲ့ အခြေခံကို ပိုပြီး နားလည်လာစေတာမို့ 𝗦𝗧𝗘𝗠 𝗦𝗸𝗶𝗹𝗹 အခြေခံကောင်းလာတယ်။
🔹ကိုယ်ဒီဇိုင်းလုပ်ထားတဲ့ 𝗺𝗼𝗱𝗲𝗹 ကို 𝟯𝗗 𝗽𝗿𝗶𝗻𝘁𝗲𝗿 နဲ့ တကယ့်အရာဝတ္ထုအဖြစ် ထုတ်နိုင်တဲ့အထိ လေ့လာနိုင်တာမို့ 𝟯𝗗 𝗣𝗿𝗶𝗻𝘁𝗶𝗻𝗴 လောကကို မိတ်ဆက်ပေးနိုင်ပါတယ်။
🔹𝗘𝗻𝗴𝗶𝗻𝗲𝗲𝗿, 𝗗𝗲𝘀𝗶𝗴𝗻𝗲𝗿, 𝗔𝗿𝗰𝗵𝗶𝘁𝗲𝗰𝘁, 𝗚𝗮𝗺𝗲 𝗗𝗲𝘃𝗲𝗹𝗼𝗽𝗲𝗿 စတဲ့ အလုပ်အကိုင်တွေအတွက် အခြေခံကောင်းတစ်ခု ဖြစ်လာနိုင်တဲ့အတွက် 𝗙𝘂𝘁𝘂𝗿𝗲 𝗖𝗮𝗿𝗲𝗲𝗿 အတွက် အထောက်အကူဖြစ်စေပါတယ်။
📌 𝗧𝗶𝗻𝗸𝗲𝗿𝗖𝗔𝗗 က ကလေးတွေ အတွက် 𝗰𝗼𝗱𝗶𝗻𝗴 မသိသေးလည်း လေ့လာနိုင်တဲ့ အလွယ်ဆုံး 𝟯𝗗 𝗗𝗲𝘀𝗶𝗴𝗻 𝗧𝗼𝗼𝗹 ဖြစ်ပါတယ်။
👉 ဒါကြောင့် သားသားမီးမီတွေကို ဖုန်းသုံးပြီး 𝗴𝗮𝗺𝗲 ကစားနေချိန်ထက် နည်းပညာဖန်တီးမှုကို လေ့လာစေမယ်ဆိုရင် အနာဂတ်အတွက် အကျိုးရှိတဲ့ 𝘀𝗸𝗶𝗹𝗹 တစ်ခု ပိုင်ဆိုင်လာပါလိမ့်မယ်။
🧑💻 𝗞𝗶𝗱𝘀 𝗖𝗼𝗺𝗽𝘂𝘁𝗲𝗿 𝗕𝗮𝘀𝗶𝗰 𝗙𝗿𝗲𝗲 𝗖𝗹𝗮𝘀𝘀 (𝟭 𝗠𝗼𝗻𝘁𝗵)
သားသားမီးမီးတွေကို 𝗖𝗼𝗺𝗽𝘂𝘁𝗲𝗿 𝗕𝗮𝘀𝗶𝗰 𝗦𝗸𝗶𝗹𝗹 လေးတွေ သင်ပေးမယ့် 𝗙𝗿𝗲𝗲 𝗖𝗹𝗮𝘀𝘀 (𝟭 𝗠𝗼𝗻𝘁𝗵) လေး ဖွင့်ပေးဖို့ စီစဉ်နေပါတယ်ရှင့်။
𝗖𝗼𝗺𝗽𝘂𝘁𝗲𝗿 ကို အခြေခံကနေစပြီး
⌨️ 𝗠𝗼𝘂𝘀𝗲 အသုံးပြုပုံ
📂 𝗙𝗶𝗹𝗲/𝗙𝗼𝗹𝗱𝗲𝗿 အသုံးပြုပုံ
📝 𝗦𝗶𝗺𝗽𝗹𝗲 𝘁𝘆𝗽𝗶𝗻𝗴 & 𝗯𝗮𝘀𝗶𝗰 𝘀𝗸𝗶𝗹𝗹𝘀
စတဲ့ ကလေးတွေ အတွက် အခြေခံ 𝗖𝗼𝗺𝗽𝘂𝘁𝗲𝗿 𝗦𝗸𝗶𝗹𝗹 လေးတွေကို သင်ပေးမှာဖြစ်ပါတယ်။
တက်ချင်တဲ့ သားသားမီးမီးတွေရှိရင် 𝗖𝗼𝗺𝗺𝗲𝗻𝘁 လေး မန့်ပေးခဲ့ပါနော် 👇
စိတ်ဝင်စားသူတွေများရင် 𝗖𝗹𝗮𝘀𝘀 လေးကို မကြာခင် ဖွင့်ပေးပါမယ်ရှင့် 💙
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |