I N T E R V E R S E
31/10/2020
Top 10 Programming Language Part-2
ကျွန်တော်တို့ရဲ့ INTERVERSE Page ကနေ အရင်အပတ်က
Top 10 Programming Language Part-1 ကို တင်ထားပေးခဲ့ပြီးသားပါခင်ဗျာ
Part 1 ရဲ့ link လေးပါ မကြည့်ရသေးသူများလဲ ပြန်ကြည့်နိုင်ပါတယ်
https://m.facebook.com/story.php?story_fbid=109878064239843&id=107050927855890
Part 1 မှာ Top 10 to 6 ကို ဖော်ပြပေးဖြစ်ခဲ့ပါတယ်
ဒီတစ်ပတ် Part 2 မှာတော့ Top 5 to 1 ကို ဖော်ပြသွားပေးပါမယ်ခင်ဗျာ
ကဲ...ဘယ် Language တွေဖြစ်မလဲ ဆိုတာ ကြည့်ကြရအောင်ခင်ဗျာ။
23/10/2020
Top 10 Programming Language Part 1
မည်သည့်နယ်ပယ်အသီးသီးတွင်မဆို စံနှုန်းကိုယ်စီဖြင့် စံကာတင်စစ်ထားသည့်သော Top 10 list စာရင်းအသီးသီး ရှိကြသကဲ့သို့ Progamming Language တွင်လည်း လူအသုံးများသော Top 10 စာရင်းဝင် Language အသီးသီးရှိကြသည်။
ကဲ....မည်သည့်အရာများဖြစ်မလဲ ဆိုသည်ကို ပုံများအောက်တွင် ဆက်လက်လေ့လာကြပါစို့။
ကျွန်တော်Admin Xiao ပါ
https://www.facebook.com/kg.nyuntzwaex
20/10/2020
What is Progamming?
Computer Progamming ဆိုသည်မှာ
Computer ကို ခိုင်းစေခြင်းဖြင့် မိမိတို့ လိုချင်သော Websiteများ Software များ Program များ workflow များကို ဖန်တီးခြင်းပင် ဖြစ်သည်။
Programming တွင်Design ဆွဲခြင်း၊ တည်ဆောက်ခြင်းများ ၊
Coding ပိုင်းဆိုင်ရာများစသည် ကဏ္ဍများပြားစွာ ပါဝင်သည်။
Program တစ်ပုဒ်ဖြစ်မြောက်ဖို့ရန် Progamming Language များကို အသုံးပြု ပြီး တည်ဆောက်ရမည်။
ထို Progamming Language များသည် ယနေ့ခေတ်တွင်
မြောက်မြားစွာ ပေါ်ထွက်ထားပြီး ဖြစ်သည်။
Computer က နားလည်အောင်ရေးသားထား
သည့် Language ကို Low level Language(Machine Language) ဟုခေါ်ပြီး
ကျွန်တော်တို့ လူသားတွေနားလည်အောင်ရေးသားထားသော Progamming Language ကိုတော့
High Level Language ဟု ခေါ်သည်။
Progamming Language ကိုအသုံးပြုကာ
Website များကို လိုသလို တည်ဆောက်နိုင်မည် ဖြစ်သည်။
Website တင်လားဆိုတော့ မဟုတ်သေးပါ။
အပေါ်က ဆိုထားခဲ့သလို Software များ Application များကို
မိမိစိတ်ကြိုက် ရေးသားလို့ရသေးသည့်အပြင် ပိုမ်ိုကြီးထွားကျယ်ပြန့်သည့် AI များ Robot များ Apparatuses ပေါင်းမြောက်မြားစွာကို
ဖော်ထုတ်ပေးနိုင်မည့် Language ကြီး တစ်ခုဖြစ်သည်။
သို့သော် အသုံးပြုရာနေရာ ကွဲပြားသကဲ့သို့ အသုံးပြုရမည့် Language ခွဲ များလည်း မတူညီကြပါ။
Eg. Website ရေးသားမည်ဆိုပါက JavaScript,PHP,etc. .
အစရှိသရွေ့လေ့လာထားသင့် သလို Application ထုတ်မည့်ပိုင်း ဆိုပါက Java,Kotlin,Flutter,etc. . တို့ကို သိထားသင့်ပါသည်။
အကယ်၍ သင်ဟာ AI ဘက်ကို ဝါသနာပါပါက Python ကို လေ့လာဖို့ အကြံပေးပရစေ။
ထို့အတူ NASA နှင့် စစ်ဘက်ဆိုင်ရာITလိုင်းများတွင်လည်း သူ့နေရာသူ့ဒေသအလိုက် Progamming Language များကို
အသုံးပြု ကြသည်။
Progamming အမျိုးအစား 4 မျိုးရှိသည်။
1. Application
2. Utilities
3. Servers
4. System Program
လူအများ ရင်းနှီးကျွမ်းဝင်ထားတဲ့အတိုင်း Application ဆိုသည်မှာ
အသုံးချလို့ရသည့် Software တစ်မျိုးဖြစ်သည်။
Eg. Mobile Phone များထဲရှိ Applications များ
Computer Desktop ပေါ်ရှိ Software များ ဖြစ်သည်။
Utilities ကတော့ လုပ်ငန်းတစ်ခုအတွက် သီးသန့်ရေးထားသည့်
သီးသန့် Program အမျိုးအစားဖြစ်သည်။
Server ကတော့ System Server,Window Server,Database Server အစရှိသဖြင့် Server များကို
ထိန်းချုပ်ရန်အလို့ငှါ ရေးသားထားသော Program များဖြစ်သည်။
System ဆိုသည်ကတော့ Computerတစ်ခုလုံး လည်ပတ်Run နိင်ဖို့အတွက် ရေးသားထားသည့် Program ဖြစ်ပါသည်။
ယနေ့တိုးတက်ပြောင်းလဲနေသောခေတ်ကြီးတွင် Progamming Language သည် သင်ယူလေ့လာသင့်သည့် ဘာသာရပ်တစ်ခုဖြစ်လာပြီ။ အရာရာတိုင်းတွင် ထိန်းချုပ်ခြင်းများ၊ Data သိုလှောင်ခြင်းကွန်ယက်များစွာဖြင့် အနာဂတ်အတွက် အလုပ်လုပ်နေကြရခြင်းဖြစ်သည့်အတွက် ဒီ Language က လိုအပ်လာပြီဖြစ်သည်။ ကျွန်တော်တို့ INTERVERSE PAGE ကနေပြီးတော့ ထိုProgamming Language ဆိုင်ရာ Knowledge များ Tricks များ ကို
စဉ်ဆက်မပြတ် စီစဉ်တင်ဆက်သွားဖို့ရှိပါသည်ခင်ဗျာ။
အားလုံးကိုကျေးဇူးတင်ပါသည်။ နောက် post များတွင် ပြန်လည်ဆုံတွေ့ကြပါစို့ ။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
11181