MN Update News 2
28/03/2026
ကလေးဘဝ ကတည်းက ဆိုရှယ်မီဒီယာ စွဲခဲ့လို့ Meta နဲ့ YouTube တို့ကို တရားစွဲတာ အနိုင်ရ
မတ်လ ၂၆ - ၂၀၂၆
ကလေးဘဝကတည်းက ဆိုရှယ်မီဒီယာ စွဲခဲ့ရတယ်ဆိုပြီး Meta နဲ့ YouTube တို့ကို တရားစွဲဆိုခဲ့တဲ့ အမျိုးသမီးငယ် တဦးဟာ လော့စ်အိန်ဂျလိစ် ဂျူရီတရားသူကြီးတွေရဲ့ ဆုံးဖြတ်ချက်နဲ့ အတူ မကြုံ စဖူး ထူးခြားစွာ အနိုင်ရရှိသွားပါတယ်။
Instagram၊ Facebook နဲ့ WhatsApp တို့ကို ပိုင်ဆိုင်တဲ့ Meta နဲ့ YouTube ရဲ့ ပိုင်ရှင် Google တို့ဟာ သူတို့ရဲ့ ပလက်ဖောင်းတွေကို စွဲလမ်းစေမယ့် ပုံစံမျိုးနဲ့ တမင်ရည်ရွယ် တည်ဆောက်ခဲ့ကြပြီး အခု အသက် ၂၀ အရွယ် အမျိုးသမီးငယ်ရဲ့ စိတ်ကျန်းမာရေးကို ထိခိုက် စေခဲ့တယ်လို့ ဂျူရီလူကြီး တွေက ဆုံးဖြတ်ခဲ့ကြပါတယ်။
Kaley ဆိုတဲ့ အဲဒီ အမျိုးသမီးဟာ နစ်နာကြေးအဖြစ် ဒေါ်လာ ၃ သန်း ရရှိခဲ့ပါတယ်။
ဒီရလဒ်ဟာ အမေရိကန် တရားရုံးတွေမှာ စစ်ဆေးဆဲဖြစ်တဲ့ အလားတူ အမှုပေါင်း ရာနဲ့ချီ အတွက် လည်း သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။
Meta နဲ့ Google တို့ကတော့ ဒီစီရင်ချက်ကို သဘောမတူကြောင်းနဲ့ အယူခံ ဝင်သွားမယ်လို့ အသီးသီး ပြောဆိုခဲ့ကြပါတယ်။
Meta ဘက်ကတော့ "ဆယ်ကျော်သက်တွေရဲ့ စိတ်ကျန်းမာရေး ဆိုတာ အရမ်းကို ရှုပ်ထွေးတဲ့ ကိစ္စဖြစ်ပြီး အက်ပလီကေးရှင်း တခုတည်းနဲ့ ချိတ်ဆက်လို့ မရပါဘူး" လို့ တုံ့ပြန်ခဲ့ ပါတယ်။
"အမှုတခုချင်းစီက တခုနဲ့တခု မတူတာကြောင့် ကျွန်တော်တို့ အနေနဲ့ အပြည့်အဝ ခုခံ ကာကွယ် သွားမှာပါ။ ဆယ်ကျော်သက်တွေကို အွန်လိုင်းမှာ ကာကွယ်ပေး နိုင်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ မှတ်တမ်းတွေ အပေါ်မှာလည်း ယုံကြည်မှုအပြည့် ရှိပါတယ်" လို့လည်း ဆိုပါတယ်။
ဖေဖော်ဝါရီလ အတွင်း တရားရုံးမှာ ထွက်ဆိုခဲ့စဉ်တုန်းက Meta ရဲ့ ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘတ် ကတော့ သူတို့ ကုမ္ပဏီ အနေနဲ့ အသက် ၁၃ နှစ်အောက် ကလေးတွေကို အသုံးပြုခွင့် မပေးတဲ့ မူဝါဒကို ကျင့်သုံး နေတာကြာပြီ ဖြစ်ကြောင်းသာ အဓိကထား ပြောကြားခဲ့ ပါတယ်။
Google ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကတော့ "ဒီအမှုဟာ YouTube ကို မှားယွင်းစွာ နားလည်တာပါ။ YouTube ဆိုတာ တာဝန်ယူမှု ရှိရှိ တည်ဆောက် ထားတဲ့ ပလက်ဖောင်း တခုသာ ဖြစ်ပြီး ဆိုရှယ် မီဒီယာ မဟုတ်ပါဘူး" လို့ ပြောကြားခဲ့ပါတယ်။
ဂျူရီလူကြီးတွေရဲ့ ဆုံးဖြတ်ချက်အရ တရားလိုရဲ့ နစ်နာမှုမှာ Meta က ၇၀ ရာခိုင်နှုန်း တာဝန်ရှိပြီး YouTube က ၃၀ ရာခိုင်နှုန်း တာဝန်ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် နစ်နာကြေးရဲ့ အများစုကို Meta က ပေးဆောင်ရမှာပါ။
နောက်ထပ် ပေးဆောင်ရမယ့် ပြစ်ဒဏ်ခတ် နစ်နာကြေး ကိုတော့ တရားရုံးက ဆက်လက် ဆုံးဖြတ် ရဦးမှာ ဖြစ်ပါတယ်။
ပြည်နယ်ဥပဒေအရ ဆိုရင် ဒီပမာဏဟာ ဒေါ်လာ ၃၀ သန်း အထိ ရှိလာနိုင်ပါတယ်။
Kaley ရဲ့ အမှုမှာ မပါဝင်ပေမဲ့ သူတို့ရဲ့ ကလေးတွေလည်း ဆိုရှယ် မီဒီယာကြောင့် နစ်နာခဲ့ရတယ်လို့ ဆိုကြတဲ့ တခြား မိဘတွေဟာလည်း ငါးပတ်ကြာ စစ်ဆေးခဲ့တဲ့ တရားခွင်မှာ တလျှောက်လုံး တရားရုံး အပြင်ဘက်မှာ အမြဲရှိနေခဲ့ကြ တာပါ။
စီရင်ချက်ထွက်လာတဲ့ အခါမှာတော့ Amy Neville လို့ အမည်ရတဲ့ မိဘတဦးနဲ့ အတူ တခြား မိဘတွေ၊ ဝန်းရံသူတွေဟာ ဝမ်းသာအားရ အောင်ပွဲခံခဲ့ကြပြီး အချင်းချင်း ပွေ့ဖက်ခဲ့ကြတာကို တွေ့ရပါတယ်။
Kaley ဟာ အသက် ၉ နှစ်မှာ Instagram ကို စတင်သုံးစွဲခဲ့ကာ ၆ နှစ်သမီးအရွယ်မှာ YouTube ကို စတင်သုံးစွဲခဲ့တာ ဖြစ်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ အချိန်တွေ အကုန်သုံး နေမိတာကြောင့် မိသားစုနဲ့ လည်း ဝေးကွာသွားခဲ့ရ ပါတယ်" ဆိုပါတယ်။
သူမ အသက် ၁၀ နှစ်အရွယ်မှာ စိုးရိမ်ပူပန်မှုတွေနဲ့ စိတ်ဓာတ်ကျတဲ့ ဝေဒနာတွေကို စတင် ခံစားခဲ့ ရတာ ဖြစ်ပြီး နောက်ပိုင်းနှစ်တွေ မှာတော့ ဆရာဝန်က သူမမှာ စိတ်ဝေဒနာ ခံစားနေရကြောင်း အတည်ပြုခဲ့ ပါတယ်။
Kaley ဟာ လက်ရှိမှာ ကိုယ့်ရုပ်ရည်ကိုယ် အလိုမကျဖြစ်တဲ့ ရောဂါ body dysmorphia ကို ခံစား နေရကြောင်း ရောဂါရှာဖွေ တွေ့ရှိထားပါတယ်။
ဒီရောဂါဟာ ကိုယ့်ရဲ့ ရုပ်ရည်အသွင်အပြင်နဲ့ ပတ်သက်ပြီး အလွန်အမင်း စိုးရိမ်ပူပန်စေကာ တခြားသူတွေ မြင်သလိုမျိုး ကိုယ့်ကိုယ်ကိုယ် မမြင်နိုင်တော့တဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။
Instagram ရဲ့ infinite scroll အဆုံးမရှိ အောက်ကို ဆွဲကြည့်လို့ရတဲ့ စနစ်ဟာ လူတွေကို စွဲလမ်း သွားအောင် တမင်ပုံဖေါ် ထုတ်ထားတာ ဖြစ်တယ်လို့ သူမရဲ့ ရှေ့နေတွေက စောဒက တက်ခဲ့ကြ ပါတယ်။
ဂျူရီလူကြီးတွေရဲ့ စီရင်ချက်ဟာ ကျွန်ုပ်တို့ရဲ့ ကလေးတွေနဲ့ ပတ်သက်လာရင် ဘယ်ကုမ္ပဏီမှ တာဝန်ယူမှု၊ တာဝန်ခံမှု ကနေ ကင်းလွတ်ခွင့်မရှိဘူး ဆိုတဲ့ ပြတ်သားတဲ့ သတင်းစကားကို ပေးလိုက်တာ ဖြစ်တယ်လို့ Kaley ရဲ့ ရှေ့နေတွေက ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။
ဇွန်လအတွင်း ကယ်လီဖိုးနီးယား ဖက်ဒရယ် တရားရုံးမှာလည်း Meta နဲ့ တခြား ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေ အပေါ် တရားစွဲထားတဲ့ နောက်ထပ်အမှု တခု စတင်တော့မှာ ဖြစ်ပါတယ်။
ref: bbc
---------------------------
THN Public Media
-
27/03/2026
ဥပဒေသစ်တွေထုတ်လိုက်ပြီနော်....
အားလုံးဆင်ခြင်နိုင်ကြပါစေ...
ယာဉ်နံပါတ်မထင်ရှား = ကျူးလွန်သည့်ပုဒ်မ(၈၄-က)။ အရေးယူသည့်ပုဒ်မ-၉၄ = ဒဏ်ငွေသုံးသိန်း. ထောင် သုံးလ။
အခြားနံပါတ်တပ် = ကျူးလွန်သည့်ပုဒ်မ(၈၄-ခ)။ အရေးယူသည့်ပုဒ်မ-၉၄ = ဒဏ်ငွေ သုံးသိန်း.
ထောင်သုံးလ။
ယာဉ်နံပါတ်ပြားမတပ်= ကျူးလွန်သည့်ပုဒ်မ(၈၄-ဂ)။ အရေးယူသည့်ပုဒ်မ-၉၄ = ဒဏ်ငွေ
သုံးသိန်း. ထောင် သုံးလ။
ဝှီးတက်သက်တမ်းကုန် = ကျူးလွန်သည့်ပုဒ်မ(၈၀)။ အရေးယူသည့်ပုဒ်မ-၉၁ = ဒဏ်ငွေ
တစ်သိန်း. ထောင် တစ်လ။
ယဉ်မောင်းလိုင်စင်မရှိ = ကျူးလွန်သည့်ပုဒ်မ(၈၁-က)။အရေးယူသည့်ပုဒ်မ-၉၁ = ဒဏ်ငွေတစ်သိန်း. ထောင် တစ်လ။
တခြားသူ၏ယာဉ်မောင်းလိုင်စင်သုံး = ကျူးလွန်သည့်ပုဒ်မ(၈၁-ဂ)။ အရေးယူသည့်ပုဒ်မ-၉၁။ဒဏ်ငွေတစ်သိန်း. ထောင် တစ်လ။
ယာဉ်မဆင်မခြင်မောင်း =ကျူးလွန်သည့်ပုဒ်မ(၈၁-င)။ အရေးယူသည့်ပုဒ်မ ၉၁ = ဒဏ်ငွေ တစ်သိန်း. ထောင် တစ်လ။
မူးယစ်ဆေးဝါးသုံးအရက်အမူးလွန်းမောင်း ပုဒ်မ(၈၁-ဇ)။ အရေးယူသည့်ပုဒ်မ ၉၁ = ဒဏ်ငွေ တစ်သိန်း. ထောင် တစ်လ
ယဉ်မောင်းလိုင်စင်မပါ ပုဒ်မ(၇၅-က)။ အရေးယူသည့်ပုဒ်မ-၈၆ = ဒဏ်ငွေ သုံးသောင်း။
ယဉ်မောင်းလိုင်စင်သက်တမ်းလွန် = ကျုးလွန်
သည့်ပုဒ်မ(၇၅-ဂ)။ အရေးယူသည့်ပုဒ်မ- ၈၆ = ဒဏ်ငွေ သုံးသောင်း။
မီးပိုတပ် = ကျုးလွန်သည့်ပုဒ်မ(၇၅-ဆ)။
အရေးယူသည့်ပုဒ်မ-၈၆ = ဒဏ်ငွေ သုံးသောင်း။
ယာဉ်မောင်းစဉ်ဖုန်းအသုံးပြု = ကျုးလွန်သည့်ပုဒ်မ(၇၅-ဋ)။ အရေးယူသည့်ပုဒ်-၈၆ = ဒဏ်ငွေ
သုံးသောင်း။
ဘက်မှန်မပါ = ကျူးလွန်သည့်ပုဒ်မ(၇၆-က)။ အရေးယူသည့်ပုဒ်မ ၈၇ = ဒဏ်ငွေ သုံးသောင်း။
ရှေ့မီးအနိမ့်နေ့/ညဖွင့်မောင်းရန်ပျက်ကွက် = ကျူးလွန်သည့်ပုဒ်မ(၇၆-ခ)။
အရေးယူသည့်ပုဒ်မ ၈၇ = ဒဏ်ငွေသုံးသောင်း။
ပါဝါအိတ်ဇောအသံထိန်းမပါ = ကျူးလွန်သည့်ပုဒ်မ(၇၆-က)။
အရေးယူသည့်ပုဒ်မ ၈၇ = ဒဏ်ငွေ သုံးသောင်း။
ဦးထုပ်မဆောင်း =ကျူးလွန်သည့်ပုဒ်မ(၇၆-ဂ)။ အရေးယူသည့်ပုဒ်မ ၈၇= ဒဏ်ငွေသုံးသောင်း။
တို့ဖြစ်သည်။
သိထားတော့ဆောင်ရန်ရှောင်ရန်နားလည်ထားတာပေါ့_စေတနာဖြင့်အသိပေးအပ်ပါသည်။
ရှေ့နေမလေး ခိုင်ဖြူလွင်
𝐊𝐊𝐡𝐚𝐢 Page မှ ပြန်လည်မျှဝေတင်ဆက်သည်။
#𝐊𝐊𝐡𝐚𝐢
#𝐊𝐊𝐡𝐚𝐢𝐄𝐯𝐞𝐧𝐭
#စာပေဗဟုသုတများ
26/03/2026
တောင်ကိုရီးယားနိုင်ငံ က စက်ရုံလုပ်ငန်းခွင်မှာ ပြင်းထန်ဒဏ်ရာရခဲ့တဲ့ မြန်မာအလုပ်သမား ကိုစန်းယူအတွက် အားလုံးက ဆုတောင်းပေးနေကြတာမို့ သူ့ရဲ့ အခြေအနေကို ဒီအရေး လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ကိုဇော်မိုးအောင်က ပြောပြလာပါတယ်။
လက်ရှိမှာ ကိုစန်းယုကို အရေးပေါ်ဌာနမှာ အောက်ဆီဂျင်စက်ဖြင့် အသက်ကို ဆက်ထားတာပါ။ မတ်လ ၂၅ ရက်နေ့ နေ့ခင်းမှာ ပါမောက္ခ ဆရာဝန်ကြီး ရောက်ရှိလာလို့ ကိုစန်းယုကို စစ်ဆေးရာမှာ ဦးခေါင်းရှိ အရိုး ၃နေရာမှာ ကျိုးနေပြီး ပြင်းထန်ဒဏ်ရာတွေကြောင့် ခွဲစိတ်ကုသပါကလည်း အသက်ပြ-န်ရှ-င်လာစရာ မရှိဘူးလို့ ဆိုပါတယ်။
လက်ရှိ အသက်ရှင်နေတာဟာ အောက်ဆီဂျင်စက်ကြောင့်ဖြစ်ပြီး အောက်ဆီဂျင်စက်ကို ဖြုတ်လိုက်တာနဲ့ ကိုစန်းယုရဲ့ အသက် ဇိဝိန်လည်း ချုပ်သွားမှာ ဖြစ်ပါတယ်။ ကိုရီးယားမှာက အဲ့လိုလုပ်ခွင့်အတွက် ကိုစန်းယုရဲ့ မိသားစုအရင်းထဲက တစ်ဦးဦးရဲ့ ဆုံးဖြတ်ချက်ရဖို့ လိုအပ်နေတာပါ။
ကိုစန်းယုရဲ့ ဇနီးနဲ့ အမတို့ ကိုရီးယားလိုက်သွားဖို့ကို စက်ရုံတာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေကြတာဖြစ်ပြီး ဗီဇာရမှပဲ လိုက်သွားခွင့်ရမှာဖြစ်ပါတယ်။
အခုလို လုပ်ငန်းခွင်မတော်တဆမှုအတွက် ကိုရီးယားစက်ရုံက ကိုစန်းယု ရသင့်ရထိုက်တဲ့ အာမခံကြေး၊ လျော်ကြေးတွေကို ဥပဒေအရပေးအပ်သွားမှာဖြစ်သလို လက်ရှိ ဆေးကုသမှုတွေအတွက်လည်း အကုန်ကျခံဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Yangon