Summr Gold

Summr Gold

Share

Photos from Summr Gold's post 24/02/2022

တကိုယ်ရည်/ မိသားစု ကျန်းမာရေးမှစလို့ တိုင်းပြည်နိုင်ငံတစ်ခု တည်ဆောက်သည်အထိ အခြေခံအားဖြင့် အစားအသောက်ဟာ အင်မတန်မှအရေးကြီးလှပါတယ်။
ဒုတိယ ကမ္ဘာစစ်ကြီးအပြီးမှာ ဂျပန်နိုင်ငံဟာ အခြေခံစားသောက်မှုပုံစံကို တစ်ယောက်ချင်းစီမှစ၍ တနိုင်ငံလုံး အတိုင်းအတာအထိ ပြောင်းလဲခဲ့ကြတယ်။ အကျိုးရလဒ်အနေနဲ့ ယခုအချိန်မှာ အရပ်ရှည်ဖွံ့ထွားသော လူမျိုးများအဖြစ် ပြောင်းလဲလာခဲ့ပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့်လဲ တစ်နေ့တာလိုအပ်သော အစားအသောက်အာဟာရ အကြောင်းများကို သိရှိနားလည်ထားခြင်းဖြင့် ပိုမိုကျန်းမာသော လူနေမှုဘဝများကို ဖန်တီးတည်ဆောက်နိုင်မှာ ဖြစ်ပါတယ်..
ဒါကြောင့် "စွမ်းအားတိုးမယ့် Summr Gold” မှ နေ့စဉ်ပြည့်ဝ အာဟာရ များ အကြောင်းကို ဗဟုသုတ အနေဖြင့် မျှဝေပေးလိုက်ပါတယ်.....
ပထမဦးဆုံး အခြေခံ အနေဖြင့် အာဟာရ အုပ်စုကြီး ၅-ခု နဲ့ မိတ်ဆက်ပေးပါရစေ။
နေ့စဉ် စားသောက်မှုမှရရှိသော အာဟာရများကို အဓိကအားဖြင့်
၁။ ကဆီဓာတ်
၂။ အသားဓာတ်
၃။ ရေဓာတ်
၄။ ဗီတာမင်နှင့် သတ္တုဓာတ်
၅။ အဆီဓာတ်
ဆိုပြီး အုပ်စုကြီး ၅-ခု ခွဲခြားနိုင်ပါတယ်။..
နောက်ရက်တွေမှာတော့ အာဟာရဓာတ် တစ်မျိုးချင်းစီရဲ့ အကြောင်းများကို တင်ဆက်ပေးသွားမှာမို့ Summr Gold page ကို Like & Follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။

21/02/2022

"ဆုံးဖြတ်နိုင်စွမ်း" တိုးတက်စေသော နည်းလမ်း (၄) သွယ်....
၄။ မိမိကိုယ်ကို ဂရုစိုက်ခြင်း..
လူတစ်ယောက်ဟာ နေ့စဉ် အလုပ်တာဝန်၊ ဝတ္တရားတွေနဲ့ မွန်းကျပ်ပြီး လှောင်ပိတ်နေမိတတ်ပါတယ်။ ဘယ်လောက် အလုပ်တွေများများ ကိုယ့်ရဲ့ ကျန်းမာရေးအတွက်တော့ အချိန်လေးတစ်ခု ပေးသင့်ပါတယ်။ အပြင်ထွက်ပြီးတော့ လမ်းမြန်မြန်လေး လျှောက်ကြည့်မလား? … နေ့ခင်းဘက် တစ်မှေးလောက်လေး မှေးမလား? အသက်ပြင်းပြင်းရှုခြင်း၊ ခြေဆန့်လက်ဆန့်ပြုလုပ်ခြင်း၊ အချိန်တခုပေးပြီးတော့ မိမိစိတ်ကိုမိမိ သတိလေးထားပြီးတော့စောင့်ကြည့်ခြင်း တွေဟာဆိုရင်လဲ ကိုယ့်ရဲ့ ဦးနှောက်နဲ့ စိတ်ကလေးကို အနားပေးရာ ရောက်ပြီးတော့ စိတ်ရှင်းရှင်းနဲ့ ဆုံးဖြတ်ချက်တွေချနိုင်ဖို့ အားအင်တွေ ပြန်လည် ရရှိလာမှာဖြစ်ပါတယ်။..
မိဘပြည်သူများ သတိပြုသင့်တာကတော့ အချိန်လေးနည်းနည်းပေးပြီး မိမိရဲ့ အလေ့အကျင့်လေးတွေကို တဖြေးဖြေးချင်း သတိထားပြီး ပြုပြင်ပြောင်းလဲသွားမယ်ဆိုရင် ဆုံးဖြတ်ရတာတွေများလွန်းတာကြောင့် ဖြစ်ရတဲ့ စိတ်ဖိစီးမှုတွေ၊ ပင်ပန်းနွမ်းနယ်မှုတွေ လျော့ကျနိုင်ပြီး မိမိရဲ့ စိတ်ကျန်းမာရေးကိုပါ အထောက်အကူပြုနိုင်ပါကြောင်း ဗဟုသုတ ဝေမျှပေးလိုက်ပါတယ်။....
Summr Gold မှ နေ့စဉ်လိုအပ်သော ဗီတာမင်နှင့် သတ္တုဓာတ်များ သာမက
ဦးနှောက်နှင့် နှလုံးသား အာဟာရအတွက် ဗဟုသုတများကို
အမြဲတစေ မျှဝေပေးနေမှာ ဖြစ်လို့
Summr Gold page လေးကို
👍Like & Follow လုပ်ထားဖို့ တိုက်တွန်းပါတယ်နော်။

19/02/2022

"ဆုံးဖြတ်နိုင်စွမ်း တိုးတက်စေသော နည်းလမ်း (၄) သွယ်"..
၂။ ဦးစားပေးလုပ်ဆောင်ရမည့် အရာများကို ချရေးထားခြင်း..
မိမိ၏ ဦးနှောက်ထဲမှာ လုပ်မယ်ဆိုတဲ့အရာတွေ၊ ကြံစည်စဉ်းစားထားတာတွေ ကို ချရေးထားသင့်ပါတယ်။ နေ့စဉ် မှတ်တမ်းများရေးခြင်းက စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ပြီး စိတ်ဓာတ်ကြံ့ခိုင်မှု၊ စိတ်အပင်ပန်းခံနိုင်မှုတွေကိုလဲ တိုးတက်စေနိုင်ပါတယ်။ အလုပ်လုပ်ရာမှာ ပိုမိုစနစ်ကျလာပြီးတော့ စိတ်ပူပန်ကြောင့်ကြမှုတွေ လျော့နည်းစေနိုင်ပါတယ်။ နေ့တိုင်း ကြိုးစားပြီးတော့ ကိုယ့်အတွက် အရေးအကြီးဆုံးဖြစ်မယ့် အချက်(၃)ချက် (ဒါမှမဟုတ်) အရေးတကြီး ဆုံးဖြတ်ချက် ချမှတ်ရမယ့် ကိစ္စရပ်(၃)ရပ်ကို ချရေးထားကြည့်ပါ။ အဲဒီ အရေးကြီးတဲ့အချက်တွေ ပြီးသွားတိုင်း အမှန်တွေဖြစ်သွားမယ် ဆိုရင် မိမိကိုယ်ကို ယုံကြည်မှုတွေ ပိုတက်လာပြီးတော့ အကျိုးရှိတဲ့အလုပ်တွေ ပိုပြီး လုပ်လာနိုင်မှာဖြစ်ပါတယ်။....
Summr Gold မှ နေ့စဉ်လိုအပ်သော ဗီတာမင်နှင့် သတ္တုဓာတ်များ သာမက
ဦးနှောက်နှင့် နှလုံးသား အာဟာရအတွက် ဗဟုသုတများကို
အမြဲတစေ မျှဝေပေးနေမှာ ဖြစ်လို့
Summr Gold page လေးကို
👍Like & Follow လုပ်ထားဖို့ တိုက်တွန်းပါတယ်နော်။

Photos from Summr Gold's post 18/02/2022

လူရယ်လို့ဖြစ်လာရင် ဆုံးဖြတ်ချက် အကြီး၊အငယ် များစွာကို ချမှတ်ကြရပါတယ်။ ဒီနေ့ “ဘာစားမယ်၊ ဘာဝတ်မယ်” ဆိုတာက စပြီးတော့ မိသားစုအရေး၊ စီးပွားရေးပါမကျန် ဆုံးဖြတ်ချက်တွေ ချကြရပါတယ်။ ဒီတော့ ဆုံးဖြတ်ချက်တွေကြောင့် ဖြစ်ရတဲ့ စိတ်သောကရောက်ရမှုတွေကလဲ ကြုံရတာ မထူးဆန်းလှတော့ပါဘူး။
ဒီလိုနဲ့ ဆုံးဖြတ်ချက်တွေကို ဆက်တိုက်ဆက်တိုက် ချလာရတဲ့အခါမှာ စိတ်ပင်ပန်းနွမ်းနယ်မှုတွေ ဖြစ်လာရပြီး စိတ်ခံစားမှုတွေကိုလဲ ထိခိုက်လာရပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ Decision Fatigue လို့ခေါ်တဲ့ ပင်ပန်းနွမ်းနယ်မှုတွေ၊ သောကဖိစီးမှုတွေ၊ ကြောင့်ကြမှုတွေ ခံစားရပြီးတော့ အကျိုးရှိတဲ့ ဆုံးဖြတ်ချက်တွေ ချဖို့အတွက် အချိန်ဆွဲတာတွေ (ဒါမှမဟုတ်) ဆုံးဖြတ်ချက်အမှားတွေကို ပြုလုပ်မိဖို့ ပိုများလာပါတယ် ဆိုပါတယ်။ ဒါ့ကြောင့် ပညာရှင်များက ဒီလို စိတ်သောကဖိစီးမှုတွေကို သက်သာနိုင်စေရန်အတွက် အောက်ပါ အချက်(၄)ချက်နဲ့ ပညာပေးထားပါတယ်။......
၁။ လွယ်ကူရိုးရှင်းတဲ့ အလေ့အထများကျင့်သုံးခြင်း..
ဆုံးဖြတ်ချက်တွေချတဲ့ အခါတိုင်း မိမိရဲ့အားအင်တွေ ကုန်ဆုံးနိုင်ပါတယ်။ ဒီတော့ လုပ်ရိုးလုပ်စဉ် လုပ်ငန်းတွေကို ရိုးရှင်းလွယ်ကူအောင် လုပ်ထားသင့်ပါတယ်။ ဥပမာအားဖြင့် မနက်စာကို တပတ်လုံး တမျိုးထဲစားခြင်း၊ ဝတ်ရမယ့် အဝတ်ကိုလဲ ည ကတည်းက ကြိုပြီးရွေးထားခြင်းမျိုး ပြုလုပ်သင့်ပါတယ်။ အဲဒီလို နိစ္စဓူဝ လုပ်ရိုးလုပ်စဉ်တွေကို တညီတညာထဲ ဖြစ်အောင် အသားချထားနိုင်ပြီးတော့ အလေ့အကျင့်တစ်ခု ဖြစ်လာမယ်ဆိုလို့ရှိရင် နေ့စဉ် ဆုံးဖြတ်ချရတာတွေ နည်းလာပါမယ်။ မိမိရဲ့ စွမ်းအားတွေကို ချွေတာရာရောက်ပြီး အလုပ်အကြီးကြီးတွေ၊ ဆုံးဖြတ်ချက်အကြီးကြီးတွေ ချမှတ်ဆုံးဖြတ်ဖို့အတွက် အဆင်သင့်ဖြစ်နေမှာ ဖြစ်ပါတယ်။..
Summr Gold မှ နေ့စဉ်လိုအပ်သော ဗီတာမင်နှင့် သတ္တုဓာတ်များ သာမက
ဦးနှောက်နှင့် နှလုံးသား အာဟာရအတွက် ဗဟုသုတများကို
အမြဲတစေ မျှဝေပေးနေမှာ ဖြစ်လို့
Summr Gold page လေးကို
👍Like & Follow လုပ်ထားဖို့ တိုက်တွန်းပါတယ်နော်။

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


6B, Dagon Tower, Shwegondine Junction, Bahan Township
Yangon
11201