Pumpkin Bakery Yangon
16/06/2026
Durian lava cake လုပ်ဖို့ဝယ်ရင်း ခွဲဘူးလေး ၁ ဘူးစာ အပိုထွက်လို့ မင်မင် ၁ သောင်းနဲ့ ရောင်းပေးပါမယ်ရှင်
ချိုပြီး အသားထူပါတယ် မှည့်တယ်ဆိုပေမယ့် ပျော့ပြဲမနေပါဘူးရှင့်
ယူမယ်ဆို cb အမြန်လေး လာပေးပါနော်
05/06/2026
မော်လမြိုင်သွားမယ့် ပဲမုန့် မွှေးမွှေးလေးတွေပါ ✨🫶 အခု (၄၀) တစ်ယောက်ထဲ အော်ဒါ.. အမြဲမှာစားနေကျ customer ရဲ့ နယ်ကဆွေမျိုးတွေအတွက် လက်ဆောင်ပါတဲ့ရှင် 😍
09 799 272 935
05/06/2026
နေ့တိုင်း အသစ်ထွက်တဲ့ ပဲမုန့်မွှေးမွှေးလေးတွေပါ... အနည်းဆုံး ၂ ဘူး မှာယူပေးပါနော်
🥰 ၃ ခုပါ ၁ ဘူး - ၂၅၀၀ ထဲပါရှင့် 🥰
တာရှည်ခံဆေးမပါ
ဆေးသကြား လုံးဝ လုံးဝ မသုံးပါ
အလှူ/ အိမ်တက်များအတွက်လည်း အော်ဒါအများ လက်ခံပါတယ်ရှင် ...
09 799 272 935
31/05/2026
Hello guys!!
Pumpkin ရဲ့ Founder ပါ ... အမြဲ online ကပဲ order မှာနေရတော့ trust လည်းဖြစ်အောင် ပြောပြစရာလေးလည်းရှိလို့ ပုံလေးပါ အလင်းပြလိုက်တာပါ 🫶
ကျွန်မတို့ Home Bakery လေးက (၅)နှစ် သက်တမ်းရှိပါပြီ ...
ဒီ (၅)နှစ်တာ ကာလမှာ bad review အနည်းဆုံးဖြစ်အောင်ရယ်...new cus တွေဆို ကိတ်မှာတဲ့အခါအကြံပေးတာလေးကအစ... loyalty cus တွေရဲ့ မှာလေ့မှာထရှိတဲ့ design နဲ့ အရသာတွေအဆုံး မင်တို့ အသေးစိတ် သေချာမှတ်သားပြီး customer care လုပ်ပေးခဲ့ပါတယ် ...
(Cus honest review လေးတွေလည်း အရမ်းတန်ဖိုးထားပြီး မျှဝေပေးဖြစ်ခဲ့ပါတယ်)
🥲တစ်ခါတစ်လေ ဝမ်းနည်းရတာလေးက
- ဈေးမသက်သာဘူး ဘယ်နေရာမှာ ဝယ်ရင် ဘယ်ဈေးနဲ့ရတယ်တို့
- Cake price မှာ cream ကဘယ်လောက်ဖိုး jam ကဘယ်လောက်ဖိုး ပါတာလဲတို့
- ဈေးမလျော့တော့ဘူးလားတို့ deli free မပေးဖူးလားတို့
- မြို့ထဲကို ဘာလို့ deli ခ များတာလဲတို့
စသည် စသည် အများကြီးပေါ့နော် ... 🥹
✨Founder တစ်ယောက်အနေနဲ့ ကိုယ်ထုတ်မယ့် မုန့်တွေအတွက် အရင်ဆုံး ကိုယ့်အရည်အချင်းကို မြှင့်တင်ပါတယ် ..
အဲ့ Trust လေးကို ကျွန်မ customer တွေရင်ထဲရောက်စေချင်မိလို့ ကျွန်မသင်ကြားတတ်မြောက်ထားသမျှ မုန့်ပုံလေးတွေ collect ပြီး ပြထားပေးပါတယ်
✨ကျွန်မလည်း တခြားဆိုင်သွားရင် customer ပါပဲ အဲ့ဒါကြောင့် ကိုယ့်မုန့်လေးတွေ ထုတ်တိုင်း ကိုယ်ချင်းစာပြီး တွေးဖြစ်ပါတယ်...
အခုခေတ် မြင့်မားနေတဲ့ကုန်ဈေးနှုန်းအရ ပေးရတဲ့ဈေးနဲ့ ပြန်ရတဲ့ အရသာတန်နေစေချင်ပါတယ်.. ဒီ (၅)နှစ်တာလုံးမှာ ပစ္စည်းကောင်းတွေကိုပဲ မခိုမကပ်သုံးပေးခဲ့တဲ့ စေတနာကြောင့် အခုချိန်ထိ Pumpkin ကိုပဲ စွဲစွဲမြဲမြဲ မှာယူအားပေးကြလို့ တကယ်လည်း ကျေးဇူးတင်ပါတယ်🙏
💔ဝမ်းနည်းရတဲ့ မေးခွန်းတချို့ကိုတော့ ဒီလိုလေးပဲဖြေပေးချင်ပါတယ်
📍သင်ယူထားတဲ့ ပညာတွေ အချိန်တွေ ငွေတွေရှိတာမို့ မုန့်လေးတွေကို ပေါပေါပဲပဲ လုပ်ထားတာ တစ်ခုမှ မရှိပါဘူးရှင်
(ပညာ မသေးပါဘူးရှင်)
📍မုန့်တန်ဖိုးကို ဈေးလိုက်မနှိုက်ပဲ သင်ယူကြည့်စေချင်ပါတယ် တန်ဖိုးတစ်ခုရှိလာဖို့ တည်ဆောက်ယူရတာဖြစ်လို့ပါ
📍ဒီခေတ်မှာ နံနံပင်တောင်ဈေးဆစ်လို့မရပါဘူး
ဈေးအရမ်းဆစ်တာ မရမကလက်ဆောင်အတင်းတောင်းတာဆို လုံးဝမပေးပါဘူးရှင်
သိတတ်မှုလေးနဲ့ပဲ ယဉ်ကျေးစွာရောင်းချချင်ပါတယ်ရှင်
(မှာနေကျ customer တွေဆို ကြုံသလို discount နဲ့လက်ဆောင်လေးတွေ ရဖူးကြပါတယ်)
📍မြို့ထဲ Deli ခလေးကတော့ မင်္ဂလာဒုံမြို့နယ် ခရေပင်လမ်းခွဲအနီးကနေ ပို့တာဆိုတော့ အကွာအဝေးနဲ့ အချိန်/ပင်ပန်းမှုတွေထည့် တွက်ရင်ကို ပေးရတဲ့ deli ခက တန်ပါတယ်လို့ပဲ ဖြေပေးချင်ပါတယ်ရှင်
အချိန်ပေးပြီး ဖတ်ပေးကြလို့ ကျေးဇူးပါရှင်❤️
မွေးနေ့ကိတ်အပြင် အလှူမှာကျွေးလို့ရတဲ့ assorted dessert လေးတွေ ၊
ပဲမုန့်လေးလည်း အသစ်ထွက်ထားကြောင်း၊
ပန်းစည်းမျိုးစုံ ၊
surprise gift မျိုးစုံလည်း အားပေးလို့ရကြောင်းလည်း လက်တို့လိုက်ပါရစေ🥰
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon