Teacher Zar Chi

Teacher Zar Chi

Share

15/05/2026

#ဘယ်ကျောင်းကပိုကောင်းသလဲ။
ဖြေရခက်တဲ့မေးခွန်းပါ။
ကျောင်းတိုင်းဟာ သူတို့ရထားတဲ့
ပမာဏနဲ့ သင့်လျော်တဲ့ facilities တွေ ပြန်ပေးဖို့
အမြဲကြိုးစားကြပါတယ်။ဒါက သူတို့စီးပွါးရေးမလို့ပါ။
ဒီလိုပေးကြတဲ့အခါ မိဘတွေအတွက် မြင်သာတဲ့ရလဒ်
ဖြစ်တာကို ပိုဦးစားပေးကြပါတယ်။
ကျောင်းတိုင်းမှာ အားသာချက်၊အားနည်းချက်ရှိကြစမြဲပါ။
ကိုယ်နိုင်တဲ့ ပမာဏနဲ့ ကိုယ်လိုချင်တဲ့ အချက်များများရှိ
တဲ့ကျောင်းကိုသာရွေးကြရမှာဖြစ်ပါတယ်။
တီချယ်တွေမေးလည်း အတိအကျသိရမှာ
မဟုတ်ပါဘူး။
ခန့်မှန်းယုံလောက်တော့သိနိုင်ပါလိမ့်မယ်။
သင်ဖူးတဲ့ကလေးအနည်းငယ်က တစ်ကျောင်းလံုးကို
ကိုယ်စားမပြုပါဘူး။

ဘယ်လောက်ပဲကျောင်းကောင်းကောင်းရွေး
လည်း မိဘ supporting ကတော့မရှိမဖြစ်လိုအပ်တာပါပဲ။
ကျောင်းဟာအများစုအတွက်မို့ မိမိကလေးတစ်ဦးချင်း
အတွက်အထူးဖြည့်ဆည်းချင်တာကိုတော့ထပ်မံပံ့ပိုး
ရတာပဲဖြစ်ပါတယ်။
ကလေးတော်နေပြီဆို ကြည့်လိုက်ရင် ၁၀၀မှာ ၇၀လောက်က
မိဘ supporting ကောင်းလို့ပါ။
ဘယ်ကျောင်းကိုရွေးရမယ်။
ဘယ်သင်တန်းကိုတက်သင့်တယ်။
ဘယ်အချိန်နားရမယ်။
ဘယ်အချိန်ကစားရမယ် ။
ဘယ်အချိန်စာကြည့်ရမယ်။
စသဖြင့်လမ်းညွှန်ပေးကြရမှာပါ။
ကလေးဉာဏ်ရည်ကဘယ်လောက်။
ကြိုးစားအားထုတ်မှုကဘယ်လောက်စတာတွေလည်း
ပါပါသေးတယ်။

မိဘထောက်ပံ့မှုအားကောင်းပေမယ့် ကလေးမတိုးတက်တာ
ကတော့ခြွင်းချက်ပေါ့။စာမှာမတိုးတက်ပေမယ့်လည်း
တခြားနယ်ပယ်တွေမှာ တိုးတက်ထူးချွန်န်ိိုင်သေးတာလည်း
မေ့ထားလို့မရပါဘူး။

ဆက်ရရင် ကျောင်းကောင်းထားလည်းမထူးဘူးလား
ဆိုရင် သိပ်ထူးပါတယ်။
၁၀၀ယူထားတဲ့ကျောင်းက ၄၀ဖိုး quality ပေးရင်
၁၀၀၀ယူထားတဲ့ကျောင်းက ၄၀၀ဖိုးပေးနိုင်မှာပါ။
နောက်ထပ်ဖြည့်ဆည်းချင်တာကိုတော့ မိဘတို့က
ထပ်မံဖြည့်ဆည်းရမှာသာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ #၁၀နှစ်ဝန်းကျင်က ထိပ်တန်းကျောင်း၅ကျောင်း
ထဲမှာ ပါတဲ့၊အခုလဲပါနေဆဲ ကျောင်းတစ်ကျောင်းက
ကလေးတစ်ယောက်ရဲ့ ကျုရှင်စားရိတ်ဟာ တစ်လ
သိန်း၂၀ကျော်ဝန်းကျင်ဆိုတာသိခဲ့ရပါတယ်။

ဒါကိုကြည့်ရင် ကျောင်းအကောင်းစားကြီးထားလိုက်ယုံနဲ့
လည်း အရာအားလုံးပြီးပြည့်စုံသွားတာမျိုးတော့
မဟုတ်တာသေချာပါတယ်။

07/05/2026

group classes(6 students)
(section 2)
အတန်းတိုင်းအတွက် သက်ဆိုင်ရာ သင်ရိုးအပြင်
ထပ်ဆောင်းလေ့ကျင့်ခန်းများ
မေးခွန်းဟောင်းများဖြင့်လေ့ကျင့်သင်ကြားပေးပါသည်။

23/04/2026

Maths online group classes

, ်းအတွက်
Section 2 ,June လမှာစဖွင့်ပါမယ်။
(section 2)
10:00-11:15 am
, 6:30-7:45 pm

(section 2)
-10:00-11:15 am
, 7:45-9:00pm

Secondary 1 ကတော့ တစ်ယောက်ထပ်join
လို့ရပါဦးမယ်။ section 2 #ထပ်မဖွင့်ဖြစ်ပါ။

သင်ရိုးစာအုပ်+ထပ်ဆောင်းလေ့ကျင့်ခန်းများ+
သင်ခန်းစာကျေညက်မှု စစ်ဆေးရန် မေးခွန်းဟောင်းများ
ဖြင့်လေ့ကျင့်သင်ကြားပါတယ်။

#ကျုရှင်ဆိုတာ
စာမရတဲ့သူတွေအတွက်ပဲမဟုတ်ပါဘူး။
ရပြီးသားပိုကျေညက်အောင်၊
တတ်ပြီးသားကိုတော်အောင်၊
အခြေခံပိုခိုင်အောင်၊
ပိုမြန်မြန်စဉ်းစားနိုင်အောင်၊
အဆင့်မြင့်မေးခွန်းတွေလေ့လာနိုင်အောင်၊
Good အခြေနေနဲ့မရပ်ပဲ better,best ဖြစ်အောင်
ကြိုးစားချင်လို့တက်ကြတာပါ။
ဒါကြောင့်….
ကျုရှင်တက်တယ်ဆိုတာ
နောက်ကျနေလို့မဟုတ်ပဲ
ရှေ့ဆက်တိုးချင်လို့လဲတက်ကြပါတယ်။

Photos from Teacher Zar Chi's post 20/03/2026

ကလေးဘဝတုန်းက ခက်ခဲတဲ့ ပုစ္ဆာတွေဟာ ကြီးတော့ ဘာလို့နားလည်လွယ်သွားရတာလဲ။ (၁)

ဥပမာနဲ့ပြောရရင် ၁+၄ ,၃+၂ စသဖြင့်ပုစ္ဆာတွေဟာ စသင်ခါစသူငယ်တန်း၊၁တန်း ကလေးတွေအတွက်ခက်နေပေမယ့် ၃တန်းလောက်ကြရင်ကို တွက်စရာမလိုပဲ တန်းပြောနိုင်ကြပါတယ်။
ဘာကြောင့်ပါလဲ။

ဒီလိုစဉ်းစားကြည့်ရအောင်။
ပထမဆုံးသင်္ချာ စသင်တဲ့ကလေးဉီးနှောက်ကို ဘာလမ်းကြောင်းမှမရှိတဲ့ လယ်ကွင်းပြင်ကြီးတစ်ခုလို့ယူဆလိုက်မယ်။အဲ့ဒီလယ်ကွင်းဟာမြက်ပင်တွေလဲဖုံးလွှမ်းလို့ပေါ့။
သူတို့စပြီးစဉ်းစားပြီးဆိုတာနဲ့ အဲ့ဒီမြက်ခင်းပေါ်မှာ လမ်းကြောင်းလေးတွေပေါ်လာပါတယ် ။ (အဲ့ဒါဟာ neurons (brain cells) တစ်ခုနဲ့တစ်ခုကြားမှာ ဆက်သွယ်မှုကွန်ယက်ပေါ်လာတာပါ။)
အဲ့ဒီလမ်းကြောင်းလေးကနေ လမ်းလျှေက်သွားပြီးထွက်ပေါက်ကိုတွေ့တာဟာ သင်္ချာပုစ္ဆာတွက်ပြီးအဖြေမှန်ရသွားတာနဲ့ဆင်တူတာပေါ့။
ဒါပေမယ့် ပထမတစ်ကြိမ်နဲ့တော့ လမ်းကြောင်းဟာ လူသွားလမ်းအဖြစ်ထင်ရှားသေးမှာမဟုတ်ပါဘူး။ ခဏခဏသွားပါများမှ မြက်ရိုင်းတွေရှင်းလင်းတဲ့ လူသွားလမ်းအဖြစ်ထင်ရှားခိုင်မာလာတာပါ။
အဲဒီအချိန်ရောက်ရင်တော့ ပုစ္ဆာကိုစဉ်းစားလိုက်တာနဲ့ အခိုင်အမာရှိပြီးသား လမ်းကြောင်းကနေ ထွက်ပေါက်ကိုလွယ်လွယ်ကူကူရှာတွေ့သွားတော့တာပါ။
ဒါကြောင့် brain pathway တွေ သန်မာလာအောင် practiceများများလုပ်၊ စဉ်းစားခိုင်းပြီး လေ့ကျင့်ပေးရတာပါ။ဒီလိုတွက် ၊ဒီလိုတွက်ဆိုပြီးဘေးနားက အဖြေပြောပြရတာမဟုတ်ပါဘူး.။သူတို့ကိုယ်တိုင် မစဉ်းစားရင် အပေါ်မှာပြောပြခဲ့တဲ့ neurons 2ခုကြားက connection network တွေဘာမှထွက်လာမှာမဟုတ်ပါဘူး။

ဒီလိုဆိုတော့ သူငယ်တန်း၊၁တန်းတုန်းက လက်ချိုးပြီးတွက်ခဲ့ရတဲ့ ပုစ္ဆာတွေဟာ ၄တန်း၅တန်းမှာ တွက်စရာမလိုပဲ ဘာကြောင့်သိနေရလဲ ဆိုတဲ့ ဉီးနှောက်လုပ်ဆောင်ချက်ကို သိပြီပေါ့.။

ဒါဆိုရင် ကလေးတို့ သင်္ချာပုစ္ဆာအသစ်ကိုတွေ့လို့ စဉ်းစားနေချိန်ဟာ ဉီးနှောက်ထဲမှာ network building လုပ်နေချိန်ဆိုတာသတိပြုရပါမယ်။လမ်းကြောင်းမှားသည်ဖြစ်စေ၊မှန်သည်ဖြစ်စေ သူတို့ကိုစဉ်းစားပြီးတည်ဆောက်ခွင့်ပေးလိုက်ပါ။

18/03/2026

y6 primary checkpoint

CAIE ကစီစဉ်တဲ့ International Assessment ဖြစ်ပါတယ်။
Primary level ကို ဘယ်အဆင့်ထိ သိရှိနားလည်ခဲ့လဲဆိုတာကို international standard နဲ့ တိုင်းတာစစ်ဆေးတာဖြစ်ပါတယ်။
Year 7 (lower secondary) ကို တက်ဖို့ အဆင်သင့်ဖြစ်ရဲ့လားစစ်ဆေးတာပါ။
အောင်/ရှုံး မရှိပေမယ့် ကိုယ့်ကလေး international standard မှာဘယ်level ရှိလဲ သိခွင့်ရမှာဖြစ်ပါတယ်။
School report ထဲမှာဆိုရင် ဘယ်အပိုင်းကို ကလေးပြန်ဖြည့်ဖို့လိုလဲဆိုတာ ရေးပေးရပါတယ်။
Paper 2ခုဖြေရပြီး။ Paper 1ခုကို အမှတ် 40 ပေးပါတယ်။Total 80 marks (Raw marks).
Results ကိုတော့(0-50) scale နဲ့ပြပါတယ်။
ကြာချိန် paper 1 ခုကို 45minsပါ။

Question Style ကတော့
1.Number skill
2.Concept Understanding(reasoning)
3.Problem Solving
Problem solving ကိုအဓိကထားပြီးသင်ဖို့လိုပါတယ်။ကလေးတွေဟာ number skill ရတာများကြပါတယ်။ multi- step problem solving ကို များများလေ့ကျင့်ထားဖို့လိုပါတယ်။
Teacher’s Guide နဲ့ Cambridge support FAQ ထဲမှာကိုက ဖတ်စာအုပ်ဟာ Framework ကိုပြထားတာဖြစ်ပြီး skill တက်ဖို့ ထပ်ဆောင်းလေ့ကျင့်ခန်းတွေ သုံးရမယ်လို့ဆိုပါတယ် ။
ဒီ့အပြင် လက်တွေ့လုပ်ရမယ့် hands on activities တွေကို မချန်ထားခဲ့သင့်ပါဘူး။
ကျွန်မအတန်းတွေမှာတော့ တတ်နိုင်သလောက်အချိန်ရရင်ရသလို hands on activities တွေလုပ်လေ့ရှိပါတယ်။
ဆိုတော့
Secondary တန်းတက်ဖို့အတွက် ကိုယ့်ကလေးကို
Primary တန်းစာတွေကျေညက်အောင် ဖတ်စာအုပ်အခြေခံပြီး လိုအပ်တဲ့ထပ်ဆောင်းလေ့ကျင့်ခန်းတွေနဲ့ ကလေးlevel အလိုက် လေ့ကျင့်ပေးပါ။

Secondary တန်းအတွက် ပါသွားရမယ့် topics တွေကိုပြောပြနိုင်အောင်ကလေးအတွက် ကြိုလေ့လာပါ။knowledge ပေးပါ။ (ကလေးအစွမ်းရှိသလောက် သူ့power တွေအကုန်ထုတ်သုံးနိုင်အောင်ကူညီပေးပါ။)

မေးခွန်းဟောင်းတွေနဲ့ လေ့ကျင့်ဖို့လည်းမမေ့ပါနဲ့။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon