Law For All

Law For All

Share

05/05/2026

စာချုပ်စာတမ်းများကို မှတ်ပုံတင်ရန်လိုကြောင်း ပြောနေကြပါသည် ။ စာချုပ်တိုင်းကို မှတ်ပုံတင်ရန် လိုပါ သလား ။ ဘယ်ရုံးမှာ မှတ်ပုံတင်ရမလဲ ။ စာချုပ်စာချုပ်ရုံးဆိုတာ ဘယ်ရုံးကို ပြောတာပါလဲ ။
===================

စာချုပ်စာတမ်းတွေကို မှတ်ပုံတင်ရန် လိုအပ်ပါတယ်။ လိုတယ်ဆိုတဲ့အကြောင်းကို ၂၀၁၈ ခုနှစ် မတ်လ ၁၀ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဌာန်းလိုက်တဲ့ စာချုပ်စာတမ်းများမှတ်ပုံတင်ဥပဒေပေါ့ ။ အဲ့ဒီမှာ ပုဒ်မ ( ၁၆ ) ဆိုလို့ရှိရင် အောက်ပါ စာချုပ်စာတမ်းများကို ဥပဒေနဲ့အညီမှတ်ပုံတင်ရမည်ဆိုရင် မရွှေ့ မပြောင်းနိုင်တဲ့ ပစ္စည်းတွေကို အပိုင်ပေးတဲ့စာချုပ်၊ အရောင်းအဝယ်လုပ်တဲ့စာချုပ်၊ ကြော်ငြာတဲ့စာချုပ် စသည် အားဖြင့်ပေါ့ ။ နောက်ကတ္တိမမွေးစားတဲ့စာချုပ် စသည်အားဖြင့် အဲ့ဒီစာချုပ်တွေအားလုံးကို မှတ်ပုံတင်ရမယ်လို့ ( က ) နေ( ဆ ) အထိ ပြဋ္ဌာန်းထားပါတယ်။

နောက်တစ်ချက်က အဲ့ဒီဥပဒေပုဒ်မ ( ၁၇ ) မှာပဲ စာချုပ်စာတမ်းများကို မှတ်ပုံတင်လိုက တင်နိုင်ပါတယ်။ မတင်ပဲလည်း နေနိုင်တယ်ဆိုတဲ့ စာချုပ်မျိုးပေါ့ ။ အဲ့ဒါတွေက ဘယ်လိုစာချုပ်မျိုးလဲဆိုတော့ တန်ဖိုးငွေ ကျပ် တစ်သိန်းအောက် မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေကို ရောင်းချတဲ့စာချုပ်တွေဟာ မှတ်ပုံတင်ရုံးမှာ တင်နိုင်ပါ တယ်။ မတင်ဘဲလည်း နေနိုင်ပါတယ်။ နောက် အပေါင်တန်ဖိုးငွေ ကျပ်တစ်သိန်းအောက်မှာရှိတဲ့ ပေါင်နှံတဲ့ စာချုပ်စာတမ်းတွေဆိုရင်လည်း မှတ်ပုံမတင်ဘဲ နေနိုင်ပါတယ်။

နောက်တစ်ခါ မရွှေ့ပြောင်းနိင်တဲ့ပစ္စည်းတွေကို တစ်နှစ်ပဲငှားရမ်းတယ်ဆိုရင် မှတ်ပုံမတင်ပဲနေနိုင်ပါတယ်။ သေတမ်းစာတွေကို မှတ်ပုံမတင်ပဲ နေနိုင်ပါတယ်၊ နောက်တစ်ခါ မိသားစုစီမံခန့်ခွဲမှု စာချုပ်စာတမ်းတွေကို လည်း မှတ်ပုံမတင်ပဲနေလို့ရပါတယ်။တင်လိုကလဲတင်နိုင်တယ်။ တရားရုံးက ချမှတ်တဲ့ ဒီဂရီတွေ၊ အမိန့်တွေ အနုညာတခုံလူကြီးက ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်တွေကို မှတ်ပုံတင်တင်လိုက တင်နိုင်ပါတယ်။ မတင်ဘဲ လည်း နေနိုင်ပါတယ်ဆိုပြီးတော့ပေါ့။ ပုဒ်မခွဲ ( က ) နေ ( ည ) အထိ အချက် ( ၁၀ ) ချက်ပြဋ္ဌာန်းထားတာရှိပါတယ်။

စာချုပ်စာတမ်းတွေကို မှတ်ပုံတင်ဖို့ကတော့ အခုကတော့ သက်ဆိုင်ရာမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီးဌာန။ မြို့နယ်တွေမှာတော့အဲ့ဒီအတိုင်းပဲ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးကို တာဝန်ပေးထားပါ တယ်။ ဥပမာ- ရန်ကုန်တိုင်းဆိုရင်တော့ ရန်ကင်းမြို့နယ်မှာရှိတဲ့ ရန်ကုန်မြို့စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံး ဆိုတာရှိပါတယ်။ အဲ့ဒီရုံးမှာ သွားပြီးတော့တင်ရမှာပါ။ နယ်တွေမှာကတော့ လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်း အင်းဦးစီးဌာနတွေကို စာချုပ်စာတမ်းမှတ်ပုံတင်ရုံးအဖြစ် တာဝန်ပေးထားတာရှိပါတယ်။ အဲ့ဒါကြောင့်မို့လို့ သက်ဆိုင်ရာမြို့နယ်တွေက လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီးဌာနမှာ သွားပြီးတော့ မှတ်ပုံတင်နိုင် ပါတယ် ။

Dvblawlab

(Zawgyi)

စာချုပ်စာတမ်းများကို မှတ်ပုံတင်ရန်လိုကြောင်း ပြောနေကြပါသည် ။ စာချုပ်တိုင်းကို မှတ်ပုံတင်ရန် လိုပါ သလား ။ ဘယ်ရုံးမှာ မှတ်ပုံတင်ရမလဲ ။ စာချုပ်စာချုပ်ရုံးဆိုတာ ဘယ်ရုံးကို ပြောတာပါလဲ ။
===================

စာချုပ်စာတမ်းတွေကို မှတ်ပုံတင်ရန် လိုအပ်ပါတယ်။ လိုတယ်ဆိုတဲ့အကြောင်းကို ၂၀၁၈ ခုနှစ် မတ်လ ၁၀ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဌာန်းလိုက်တဲ့ စာချုပ်စာတမ်းများမှတ်ပုံတင်ဥပဒေပေါ့ ။ အဲ့ဒီမှာ ပုဒ်မ ( ၁၆ ) ဆိုလို့ရှိရင် အောက်ပါ စာချုပ်စာတမ်းများကို ဥပဒေနဲ့အညီမှတ်ပုံတင်ရမည်ဆိုရင် မရွှေ့ မပြောင်းနိုင်တဲ့ ပစ္စည်းတွေကို အပိုင်ပေးတဲ့စာချုပ်၊ အရောင်းအဝယ်လုပ်တဲ့စာချုပ်၊ ကြော်ငြာတဲ့စာချုပ် စသည် အားဖြင့်ပေါ့ ။ နောက်ကတ္တိမမွေးစားတဲ့စာချုပ် စသည်အားဖြင့် အဲ့ဒီစာချုပ်တွေအားလုံးကို မှတ်ပုံတင်ရမယ်လို့ ( က ) နေ( ဆ ) အထိ ပြဋ္ဌာန်းထားပါတယ်။

နောက်တစ်ချက်က အဲ့ဒီဥပဒေပုဒ်မ ( ၁၇ ) မှာပဲ စာချုပ်စာတမ်းများကို မှတ်ပုံတင်လိုက တင်နိုင်ပါတယ်။ မတင်ပဲလည်း နေနိုင်တယ်ဆိုတဲ့ စာချုပ်မျိုးပေါ့ ။ အဲ့ဒါတွေက ဘယ်လိုစာချုပ်မျိုးလဲဆိုတော့ တန်ဖိုးငွေ ကျပ် တစ်သိန်းအောက် မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေကို ရောင်းချတဲ့စာချုပ်တွေဟာ မှတ်ပုံတင်ရုံးမှာ တင်နိုင်ပါ တယ်။ မတင်ဘဲလည်း နေနိုင်ပါတယ်။ နောက် အပေါင်တန်ဖိုးငွေ ကျပ်တစ်သိန်းအောက်မှာရှိတဲ့ ပေါင်နှံတဲ့ စာချုပ်စာတမ်းတွေဆိုရင်လည်း မှတ်ပုံမတင်ဘဲ နေနိုင်ပါတယ်။

နောက်တစ်ခါ မရွှေ့ပြောင်းနိင်တဲ့ပစ္စည်းတွေကို တစ်နှစ်ပဲငှားရမ်းတယ်ဆိုရင် မှတ်ပုံမတင်ပဲနေနိုင်ပါတယ်။ သေတမ်းစာတွေကို မှတ်ပုံမတင်ပဲ နေနိုင်ပါတယ်၊ နောက်တစ်ခါ မိသားစုစီမံခန့်ခွဲမှု စာချုပ်စာတမ်းတွေကို လည်း မှတ်ပုံမတင်ပဲနေလို့ရပါတယ်။တင်လိုကလဲတင်နိုင်တယ်။ တရားရုံးက ချမှတ်တဲ့ ဒီဂရီတွေ၊ အမိန့်တွေ အနုညာတခုံလူကြီးက ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်တွေကို မှတ်ပုံတင်တင်လိုက တင်နိုင်ပါတယ်။ မတင်ဘဲ လည်း နေနိုင်ပါတယ်ဆိုပြီးတော့ပေါ့။ ပုဒ်မခွဲ ( က ) နေ ( ည ) အထိ အချက် ( ၁၀ ) ချက်ပြဋ္ဌာန်းထားတာရှိပါတယ်။

စာချုပ်စာတမ်းတွေကို မှတ်ပုံတင်ဖို့ကတော့ အခုကတော့ သက်ဆိုင်ရာမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီးဌာန။ မြို့နယ်တွေမှာတော့အဲ့ဒီအတိုင်းပဲ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးကို တာဝန်ပေးထားပါ တယ်။ ဥပမာ- ရန်ကုန်တိုင်းဆိုရင်တော့ ရန်ကင်းမြို့နယ်မှာရှိတဲ့ ရန်ကုန်မြို့စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံး ဆိုတာရှိပါတယ်။ အဲ့ဒီရုံးမှာ သွားပြီးတော့တင်ရမှာပါ။ နယ်တွေမှာကတော့ လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်း အင်းဦးစီးဌာနတွေကို စာချုပ်စာတမ်းမှတ်ပုံတင်ရုံးအဖြစ် တာဝန်ပေးထားတာရှိ်ပါတယ်။ အဲ့ဒါကြောင့်မို့လို့ သက်ဆိုင်ရာမြို့နယ်တွေက လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီးဌာနမှာ သွားပြီးတော့ မှတ်ပုံတင်နိုင် ပါတယ် ။

06/04/2026

မြေကိစ္စများအတွက် ပုံစံ ၁၀၅၊ ပုံစံ ၁၀၆ က
ဘာလို့အရေးကြီးတာလဲ?

မြေနဲ့ပတ်သက်လို့ ရောင်းဝယ် လွှဲပြောင်း ပေးကမ်း ပြုလုပ်ကြရာမှာ စာချုပ် စာတမ်း မှတ်ပုံတင် အက်ဥပဒေ ပုဒ်မ ၂၁ အရ မရွှေ့ပြောင်းနိုင်သော ပစ္စည်း ရောင်းဝယ်/ ပေးကမ်း/ စွန့်လွှတ် စသည့် စာချုပ်များ မှတ်ပုံတင် ချုပ်ဆို လျှင် "မြေပုံ/မြေရာဇဝင်" မပါရှိခဲ့လျှင် လက်ခံချုပ်ဆိုခြင်း မပြုရလို့ ပါရှိပါတယ်။

"မြေပုံ မြေရာဇဝင်"ဆိုတာက အများ သိတဲ့ ပုံစံ ၁၀၅၊ ၁၀၆ ဖြစ်ပြီး နှစ်စဉ်အမြဲ "ပြောင်းလဲ အတည်ပြုရေးဆွဲ နေရတဲ့ "မြေစာရင်း/ မြို့တော်စည်ပင်/ အိုး အိမ်"ဌာနတို့ရဲ့ ဌာနရှိမှတ်တမ်း စားရင်းများအရ မူရင်းအပေါ်မှာ ကောက်နုတ် ရေးဆွဲပေးထားသော မိတ္တူ ဖြစ်ပါတယ်။ မြေနဲ့ပတ်သက်လို့ မှန်ကန်မှု ရှိ/မရှိဆိုတာကို ဒီဌာန တွေကသာ တိုက်ဆိုင်စစ်ဆေး အတည်ပြုပေးနိုင် ပါတယ်။ ဒါကြောင့် ပုံစံ ၁၀၅၊ ၁၀၆ ဟာ စစ်မှန်မှုအတွက် အရေးပါလာရပါတယ်။

ဌာနက ထုတ်ပေးတဲ့ ပုံစံ ၁၀၅ သည်မြေပုံ / ပုံစံ ၁၀၆ သည်မြေရာဇဝင်၊ ဒီနှစ်ရွက်ပေါင်းကို မြေပုံ/မြေရာဇဝင်လို့ ခေါ်ပါတယ်။ မြို့နယ် မြေစာရင်း/မြို့တော်စည်/အိုးအိမ် ဌာနတို့က ထုတ်ပေးတဲ့ မြေပုံကလေးပါတဲ့ မြေပုံကို ပုံစံ ၁၀၅၊ မြေရာဇဝင်ပါတဲ့စာရွက်ကို မြေရာဇဝင် ပုံစံ ၁၀၆ လို့ခေါ်ပြီး ၂ ရွက်ပေါင်းလိုက်တော့ မြေပုံ/မြေရာဇဝင် ဖြစ်သွားပါတယ်။

ပုံစံ ၁၀၅၊ ၁၀၆ ကို အရောင်းဝယ်စာချုပ် မှတ်ပုံတင်ပြုလုပ်ရာမှာ အသုံးပြုရုံတင် မဟုတ်ပါဘူး၊ အိမ် အသစ် ဆောက််ရင်/ အကြီးစားပြင်ရင်/ အဝီစိတွင်းတူးရင်/ မြေကွက်ခွဲရင်/ ခြံစည်းရိုးခတ်ချင်ရင်/ မှတ်တမ်းအဖြစ် သိမ်းထားချင်ရင်/ လယ် ယာမြေ လုပ်ပိုင်ခွင့်လျောက်ရင်/ ရောင်းချရင်/ အခြားသော မြေယာ ကိစ္စရပ်တွေမှာ အသုံးပြုရပါတယ်။ ပုံစံ ၁၀၅၊ ၁၀၆ ရှိနေရုံနဲ့ မြေပိုင်တာတော့ မဟုတ်ပါဘူး။ မြေနဲ့ပတ်သက်တဲ့ အကြောင်းအရာ အချက်အလက်တွေကို မှန်မှန်ကန်ကန် သိနိုင်အောင် အသုံးပြုတာပါ။

ပုံစံ ၁၀၅၊ ၁၀၆ လိုချင်ရင် မြို့နယ် မြေစာရင်း/ မြို့တော်စည်ပင်/ အိုးအိမ် ဌာနများမှာ လျှောက်ထား ရယူနိုင် ပါတယ်။ ဌာန သုံးခုဖြစ်နေရတာက မြေနေရာအပေါ်မူတည်ပြီး စီမံတဲ့ ဌာန ကွဲသွားလို့ ဖြစ်ပါတယ်။ မြို့တော် စည်ပင်သာယာ နယ်နမိတ်အတွင်းမှာ နေရင် "မြို့တော်စည်ပင်"၊ အိုးအိမ်ဌာန စီမံခန့်ခွဲတဲ့ မြေမှာဆိုရင် "အိုးအိမ်ဌာန"၊ ကျန်မြို့များမှာဆိုရင် "မြေစာရင်း/လယ်စီအင်း" ဌာနများမှာ ပုံစံ ၁၀၅၊ ၁၀၆ ကို လျှောက် ထားရယူနိုင်ပါတယ်။
credit original uploader

06/04/2026

''မယားကစွန့်ပစ် ၁နှစ်

လင်စွန့်ပစ် ၃နှစ် ကြာရင်အလိုလိုကွာရှင်းပြီးသားဖြစ်သွာြး

ပီလေ ''ဆိုသောအရပ်စကားအပေါ်အထင်အမြင်ရှင်းလ

င်းစေရန်.......

လင်မယား အဆက်အသွယ် အထောက်အပံ့မရှိလဲ တရားဝင် မကွာရှင်းသေးသ၍ လင်မယားအရာ မပျက်ယွင်းပါ။

လင်ဖြစ်သူ နေအိမ်မှစွန့်ခွာပြီး ၃ နှစ်တိုင်အောင် အဆက်အသွယ် အထောက်အပံ့ မရှိရင်သော်၎င်း နောက်အိမ်ထောင် ပြု ရင်သော်၎င်း မယား၏ ကိုယ်စိတ်နှစ်ပါး ဆင်းရဲစေရန် နေ့စဉ်နဲ့အမျှ နှိပ်စက်နေရင်သော်၎င်း မယားအား လက်ရောက်မှု တစ်ကြိမ် ကျူ းလွန်ယုံမျှဖြင့်၎င်း (မယားမှ တရားရုံးမှာ ကွာရှင်းခွင့် လျှောက်ထားနိုင်ပါသည်)။

ကျိူ းကြောင်းဆီလျော်မှုမရှိသော အကြောင်းပြချက်နဲ့ မယားသည် နေအိမ်မှစွန့်ခွာကာ ၁ နှစ်တိုင် အဆက်အသွယ်မလုပ် / ပြန်ပေါင်းရန် မကြို းစားလျှင်၄င်း အိမ်ထောင်ရေး ဖောက်ပြန်လျှင်သော်၄င်း (လင်ဖြစ်သူဖက်မှ တရားရုံးတွင် ကွာရှင်းခွင့် တောင်းနိုင်ပါသည်။)

လင်မယားအရာမြောက်ဖို့ လက်ထပ်စာချူ ပ်လုပ်ရန်/ မင်္ဂလာဆွမ်းကျွေး/ မင်္ဂလာဆောင်ကျင်းပ စတာတွေမလိုဘဲ ပတ်ဝန်းကျင်မှာ လင်မယားလို အထင်အရှား ပေါင်းသင်းနေထိုင်ရုံနဲ့ တရားဝင် လင်မယားအရာ မြောက်ပါသည်။

ရပ်/ ကျေးရုံး / ရှေ့နေ စသူတို့ရှေ့၌ (ကွာရှင်းခြင်းကတိစာခူ ပ်) မဟုတ်သော စာချူ ပ်လက်မှတ်ရေးထိုး ကွာရှင်းခြင်းသည် ဥပဒေအရ တရားမဝင်သော်လည်း သက်သေအဖြစ် တင်ပြခွင့်ရှိသည်။

သတင်းစာထဲတွင် တဖက်သတ် ကွာရှင်းပြတ်စဲကြောင်း ကြေငြာခြင်းများသည် ကာယကံရှင်နှင့် ၎င်းတို့ပတ်ဝန်းကျင် သိစေရန်မျှသာဖြစ်ပြီး ဥပဒေအရ တရားမဝင်ပါ။

viber /messanger/ voice record စတာတွေနဲ့ အိမ်ထောင်ရေးဖောက်ပြန်ကြောင်း သက်သေတွေဟာ သက်သေခံ တင်ပြခွင့်ရှိပေမယ့် ခိုင်မာမှုမရှိတဲ့အပြင် တဖက်မှ ချေပဖို့ အခွင့်အလမ်းများစွာ ရှိနေတာကို ဂရုပြုရပါမယ်။ active ဖြစ်တဲ့ video file သာလျှင် မိမိဖက်က အသာစီးရနိုင်မယ့် သက်သေဖြစ်သည်။

ကွာရှင်းပြီးသော လင်မယားတို့သည် ပြန်လည်ပေါင်းသင်းပါက လူသိ/ နတ်ကြား ပေါင်းသင်းရမှာဖြစ်ပြီး ဆိတ်ကွယ်ရာအရပ်များတွင် အလျဉ်းသင့်သလို ဆက်ဆံရုံမျှဖြင့် ယခင်ကွာရှင်းထားသော စာချူ ပ်အား အလိုအလျောက် မပျက်ပြယ်နိုင်ပါ (အချု ပ်အားဖြင့်) မြန်မာ့ထုံးတမ်းအရ မြန်မာ/ ဗုဒ္ဓဘာသာဝင်များသည် လင်မယားကွာရှင်းထြင်း ကိစ္စများ၌ စာချူ ပ်/ စာတမ်းမလို ကာယကံရှင် ၂ ဦး၏ လွတ်လပ်သော ဆန္ဒသာအဓိကဟု စီရင်ထုံးများစွာမှာ ဖော်ပြထားသော်လည်း စီရင်ထုံးဆိုသည်ကား ပြဌာန်းဥပဒေ မဟုတ်သည့်အတွက် အငြင်းပွားစရာဖြစ်လာပါက နစ်နာမှုများစွာ ကြုံတွေ့ရမှာဖြစ်၏။ တလင်တမယားစနစ် ကျင့်သုံးရေး ဥပဒေဟူသော (ငရဲ ဥပဒေ) တည်မြဲနေစဉ်အတွင်း ကွာရှင်းမည်ဆိုပါက တရားရုံးများတွင်သာ စိတ်အချရဆုံးဖြစ်၏။

လင်မယား အတူမနေ/မထောက်ပံ့/အဆက်အသွယ်မလုပ်ပါက နှစ်ဘယ်လောက်ကြာရင် အလိုအလျောက် ပြတ်စဲပါသလဲ ဟူသော အများစု သိချင်သည့်မေးခွန်းအား ၎င်းလင်မယား ၂ ယောက်ထဲမှ တစ်ယောက်ယောက် တမလွန်ခရီး နှင်မှသာ အလိုလို ပျက်စဲမှာဖြစ်ပါကြောင်း cb မှ မကြာခဏ မေးတတ်လွန်းသူများအား ဖြေကြားပေးလိုက်ပါသည်။

Crd

Want your practice to be the top-listed Law Practice in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon
11041