Coach By Treasure
ရည်းစားရှိလျှက်နဲ့ ဘာလို့ အလွယ်တကူ ဖောက်ပြန်ကြတာလဲ??
🤍 အားလုံးပဲ မင်္ဂလာပါရှင့်….
ဒီ video လေးမှာတော့Tr.Yadana ကရည်းစားရှိလျှက်နဲ့ ဖောက်ပြန်တတ်တယ့် အချက်လေးတွေကို မျှဝေပေးထားပါတယ်ရှင့် 🤍
စိတ်ပညာနဲ့ပတ်သက်တယ့် အကြောင်းအရာလေးတွေကိုလဲ ကျွန်မတို့ရဲ့ Coach By Treasure မှာ အပတ်စဉ်မျှဝေပေးမှာ ဖြစ်တယ့်အတွက် Page လေးကို Like & Follow လေး လုပ်ထားပေးဖို့ မမေ့နဲ့နော် 💕💕
12/05/2026
🚩 သင်ဟာ Emotional Manipulation (စိတ်ပိုင်းဆိုင်ရာ ချုပ်ကိုင်မှု) ခံနေရပြီလား?
အချစ်ရေးမှာပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်နဲ့ မိသားစုကြားမှာပဲဖြစ်ဖြစ် တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း အမှားလုပ်နေမိသလို၊ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တွေက ကိုယ့်အလိုဆန္ဒ မဟုတ်တော့သလို ခံစားနေရပြီလား?
ဒါဟာ တစ်ဖက်လူက သင့်အပေါ် Emotional Manipulation (စိတ်ပိုင်းဆိုင်ရာ ချုပ်ကိုင်မှု) လုပ်နေတာကြောင့် ဖြစ်နိုင်ပါတယ်။
Emotional Manipulation ခံနေရကြောင်း ပြသနေတဲ့ အချက်များ......
၁။ သင့်ကို အမြဲတမ်း အပြစ်ရှိသလို ခံစားရအောင် လုပ်ခြင်း (Guilt Tripping) 😔
သင်က ကိုယ့်အတွက် အချိန်တစ်ခုတောင်းတာမျိုး ဒါမှမဟုတ် ကိုယ်မကြိုက်တာကို ငြင်းလိုက်တဲ့အခါ တစ်ဖက်လူက "မင်းက ငါ့ကို မချစ်လို့ပဲ"၊ "ငါကတော့ မင်းအတွက် အကုန်လုပ်ပေးခဲ့တာ၊ မင်းကတော့ ဒါလေးတောင် မလုပ်ပေးနိုင်ဘူးလား" ဆိုပြီး သင့်မှာ အပြစ်ရှိသလို ခံစားရအောင် စကားလုံးနဲ့ ထိုးနှက်တာမျိုးပါ။ သင်က မမှားဘဲနဲ့ အမြဲတမ်း တောင်းပန်နေရပြီဆိုရင် ဒါဟာ Manipulation ပါပဲ။
၂။ သင့်ရဲ့ လက်တွေ့ဘဝကို သံသယဖြစ်အောင်လုပ်ခြင်း (Gaslighting) 🌫
ဒါက အဆိပ်အတောက် အဖြစ်ဆုံးအချက်ပါ။ သင်မြင်ခဲ့တာ၊ ကြားခဲ့တာတွေကို တစ်ဖက်လူက "မင်း စိတ်ထင်လို့ပါ"၊ "ငါ အဲ့လိုမပြောခဲ့ပါဘူး၊ မင်း မှတ်ဉာဏ်တွေ မှားနေတာ" ဆိုပြီး ငြင်းဆိုတာမျိုးပါ။ အချိန်ကြာလာတဲ့အခါ သင့်ကိုယ်သင် ယုံကြည်မှု ပျောက်ဆုံးလာပြီး တစ်ဖက်လူရဲ့ အမှန်တရားကိုပဲ အားကိုးလာရတတ်ပါတယ်။
၃။ မေတ္တာနဲ့ အပေးအယူလုပ်ခြင်း (Love Bombing & Withdrawal) 💣💔
အစပိုင်းမှာ သင့်ကို အလွန်အမင်း ဂရုစိုက်ပြ၊ ချစ်ပြပြီး သင့်ကို သူ မရှိရင် မဖြစ်တော့အောင် လုပ်ပါတယ်။ ဒါပေမဲ့ သင်က သူဖြစ်စေချင်တဲ့အတိုင်း မလုပ်တဲ့အခါမှာတော့ အချစ်တွေကို ရုတ်တရက် ရုပ်သိမ်းလိုက်တာ၊ စကားမပြောဘဲ နေတာ (Silent Treatment) မျိုးတွေ လုပ်ပြီး သင့်ကို အပြစ်ပေးတတ်ပါတယ်။
၄။ အမြဲတမ်း သူကပဲ "သားကောင်" (Victim) လုပ်ခြင်း 🎭
ဘယ်လို ပြဿနာမျိုးမှာမဆို သူကပဲ နာကျင်ရသူ၊ သူကပဲ အနစ်နာခံရသူ အဖြစ် ဟန်ဆောင်တတ်ပါတယ်။ သင်က သူ့ကို ကိုယ်မကြိုက်တာလေး ထောက်ပြရင်တောင် "မင်းက ငါ့ကို ဒီလောက်တောင် အထင်သေးတာလား" ဆိုပြီး ဇာတ်လမ်းဆင်ကာ သင့်ကိုပဲ ပြန်အပြစ်တင်တတ်ပါတယ်။
💡 Emotional Manipulation ခံနေရရင် ဘယ်လိုလုပ်မလဲ?
ကိုယ့်ခံစားချက်ကို ယုံကြည်ပါ - "တစ်ခုခုတော့ မှားနေပြီ" လို့ သင့်စိတ်က သတိပေးနေရင် အဲ့ဒါကို လျစ်လျူမရှုပါနဲ့။
Boundaries ထားပါ - ကိုယ် လက်မခံနိုင်တဲ့အရာကို "မရဘူး" လို့ ပြတ်ပြတ်သားသား ပြောတတ်အောင် လေ့ကျင့်ပါ။
တတိယလူနဲ့ တိုင်ပင်ပါ - ကိုယ့်အခြေအနေကို ဘက်မလိုက်ဘဲ ကြည့်ပေးနိုင်မယ့် ယုံကြည်ရသူ (သို့) ကျွမ်းကျင်သူနဲ့ ဆွေးနွေးပါ။
📩 Coach By Treasure မှာ သင့်ရဲ့ ဆက်ဆံရေး အဆင်မပြေမှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို လုံခြုံစိတ်ချစွာ လာရောက်ဆွေးနွေးနိုင်ပါတယ်ရှင့် 💚
သင်ရော... ကိုယ့်ပတ်ဝန်းကျင်မှာ ဒီလိုလူမျိုးတွေနဲ့ ကြုံတွေ့နေရလား? Comment မှာ မျှဝေပေးသွားပါဦးနော်။ 👇
30/04/2026
🛑 Relationship Boundaries
"နင်က ငါ့ချစ်သူပဲ... နင့်မှာ ဘာလျှို့ဝှက်ချက်မှ ရှိစရာမလိုဘူး"
"နင် ဘယ်သူနဲ့ စကားပြောနေတာလဲ?
ဖုန်း Password ပေးစမ်း..."
Relationship တစ်ခုမှာ အချစ်ကို အကြောင်းပြပြီး တစ်ဖက်လူရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့် (Privacy) ကို ကျူးကျော်မိနေပြီလား? တကယ်တော့ ကျန်းမာတဲ့ ဆက်ဆံရေးတိုင်းမှာ Boundaries (စည်းဘောင်) ရှိဖို့ လိုအပ်ပါတယ်။
🚩 Boundaries မရှိတဲ့အခါ ဘာဖြစ်တတ်လဲ?
• တစ်ယောက်ကိုတစ်ယောက် ထိန်းချုပ် (Control) ချင်လာမယ်။
• ကိုယ့်ရဲ့ ပျော်ရွှင်မှုက သူ့အပေါ်မှာပဲ ၁၀၀% မူတည်နေလို့ စိတ်ပင်ပန်းရမယ်။
• "ငါ" ဆိုတဲ့ Identity ပျောက်ဆုံးပြီး "သူဖြစ်စေချင်တဲ့အတိုင်း" လိုက်နေရလို့ Burnout ဖြစ်လာမယ်။
✅ ထားရှိသင့်တဲ့ Relationship Boundaries (၅) မျိုး
၁။ Emotional Boundary (စိတ်ခံစားချက်ဆိုင်ရာ စည်းဘောင်)
သူ့ရဲ့ စိတ်အလိုမကျမှုတိုင်း၊ သူ့ရဲ့ ဒေါသတိုင်းဟာ သင့်ကြောင့် မဟုတ်ပါဘူး။ တစ်ဖက်လူရဲ့ ခံစားချက်ကို ကိုယ်က တာဝန်ယူပေးလို့ မရသလို၊ ကိုယ့်ရဲ့ စိတ်မချမ်းသာမှုကိုလည်း သူ့အပေါ် ပုံချလို့ မရပါဘူး။ တစ်ယောက်ချင်းစီရဲ့ စိတ်အခြေအနေကို အပြန်အလှန် လေးစားပေးဖို့ လိုပါတယ်။
၂။ Time & Space Boundary (အချိန်နဲ့ နေရာဆိုင်ရာ စည်းဘောင်)
ချစ်သူဖြစ်ပေမယ့် တစ်ယောက်တည်း နေချင်တဲ့အချိန် (Me Time) ရှိပါစေ။ သူငယ်ချင်းတွေနဲ့ တွေ့တာ၊ ဝါသနာပါတာလေးတွေ လုပ်တာကို အပြန်အလှန် ခွင့်ပြုပေးတာဟာ ဆက်ဆံရေးကို ပိုပြီး လန်းဆန်းစေပါတယ်။
၃။ Digital & Privacy Boundary (ဖုန်းနှင့် ကိုယ်ပိုင်ကိစ္စဆိုင်ရာ စည်းဘောင်)
ဖုန်းစစ်တာ၊ Social Media Password တောင်းတာဟာ အချစ် မဟုတ်ပါဘူး။ ယုံကြည်မှုဆိုတာ တစ်ဖက်လူရဲ့ Privacy ကို လေးစားခြင်းကနေ စတင်တာပါ။ ကိုယ်ပိုင် Diary၊ ဖုန်းနဲ့ Message တွေကို ခွင့်ပြုချက်မရှိဘဲ မကြည့်တာဟာ အဆင့်အတန်းရှိတဲ့ အချစ်ပါ။
၄။ Physical Boundary (ရုပ်ပိုင်းဆိုင်ရာ စည်းဘောင်)
ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို ထိတွေ့မှုတိုင်းမှာ ကိုယ်က သက်သောင့်သက်သာ ဖြစ်ရဲ့လား? "မလုပ်ပါနဲ့" သို့မဟုတ် "ဒီနေ့တော့ ငါပင်ပန်းနေလို့ နားချင်တယ်" လို့ ပြောတာကို တစ်ဖက်လူက လေးလေးစားစား လက်ခံပေးရပါမယ်။
၅။ Communication Boundary (စကားပြောဆိုမှုဆိုင်ရာ စည်းဘောင်)
ရန်ဖြစ်တဲ့အခါ အော်ဟစ်ဆဲဆိုတာ၊ ရိုင်းရိုင်းစိုင်းစိုင်း ပြောတာမျိုးကို "လက်မခံနိုင်ဘူး" လို့ ပြတ်ပြတ်သားသား စည်းတားထားရပါမယ်။ အပြန်အလှန် လေးစားတဲ့ လေသံနဲ့ပဲ ပြဿနာကို ဖြေရှင်းရပါမယ်။
စည်းဘောင်တားတယ်ဆိုတာ တစ်ဖက်လူကို ဝေးသွားအောင် လုပ်တာမဟုတ်ဘဲ "ငါ့ကို ဘယ်လိုပုံစံနဲ့ ချစ်ပေးရင် ငါပိုပျော်မလဲ" ဆိုတာကို လမ်းညွှန်ပေးတာပါ။
📩 Coach By Treasure မှာ သင့်ရဲ့ ဆက်ဆံရေး အဆင်မပြေမှုတွေကို လုံခြုံစိတ်ချစွာ လာရောက်ဆွေးနွေးနိုင်ပါတယ်ရှင်။ 💚
သင်ရော... သင့်ရဲ့ Relationship မှာ "ဒါကတော့ ငါလက်မခံနိုင်တဲ့ စည်းပဲ" ဆိုတာမျိုး ရှိလား? Comment မှာ ဝေမျှခဲ့ပါဦးနော်။ 👇
30/04/2026
🌸 "စိတ်နှလုံး အေးချမ်းကြပါစေ... ကဆုန်လပြည့် ဗုဒ္ဓနေ့"
ဒီနေ့ဟာ မြတ်စွာဘုရားရှင်ရဲ့ ဖွား၊ ပွင့်၊ စံ ဆိုတဲ့ ထူးခြားတဲ့ သံဝေဂလေးဌာန ကြုံကြိုက်တဲ့ နေ့ထူးနေ့မြတ် ဖြစ်ပါတယ်။
Coach By Treasure ရဲ့ မိသားစုဝင် အပေါင်းတို့ရှင့်….
ဒီကနေ့ ကစပြီး အပူအပင်တွေ အကုန်ကင်းဝေးကာ ကိုယ်စိတ်နှစ်ပါး အေးချမ်းသာယာ ရှိကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ရှင့်
Click here to claim your Sponsored Listing.
Category
Contact the practice
Telephone
Website
Address
North Dagon (Myo Thit)
Yangon