Triumph Language School
Triumph Language School မှ သင်ကြားပေးနေသောအတန်းများအားလုံးကို အချိန်အကန့်အသတ်မရှိရပ်ဆိုင်းထားပါသည်ခဗျာ။ ကျောင်းသား ကျောင်းသူများမေးမြန်းထားသော မေးခွန်းများကိုလည်း ဖြေဆိုပေးနိုင်ခြင်းမရှိပါ။
ကျေးဇူးတင်ပါသည်။
ပြန်ဖွင့်ရင် ပြန်လည်ကြေညာပေးပါမည်။
28/05/2024
ကမ္ဘာ့အဆင့် တက္ကသိုလ်တွေက TOEFL iBT အမှတ်ဘယ်လောက်တောင်းကြလဲ။
TOEFL iBT အမှတ်ကို တစ်ကမ္ဘာလုံးက ကျောင်းတိုင်းနီးပါးလက်ခံကြတာကို သိပြီးဖြစ်မယ်ထင်ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်တွေကရော ဘယ်လောက်နဲ့ လက်ခံကြမလဲ။ ကြည့်ရအောင်…
1. Harvard University (USA): TOEFL iBT 100-110
World Ranking: #4 (2024 QS world ranking data)
2. Stanford University (USA): TOEFL iBT 100-110
World Ranking: #5 (2024 QS world ranking data)
3. Massachusetts Institute of Technology (MIT) (USA): TOEFL iBT 90-100
World Ranking: #1 (2024 QS world ranking data)
4. University of Cambridge (UK): TOEFL iBT 100-110
World Ranking: #2 (2024 QS world ranking data)
5. University of Oxford (UK): TOEFL iBT 100-110
World Ranking: #3 (2024 QS world ranking data)
6. California Institute of Technology (Caltech) (USA): TOEFL iBT 100-110
World Ranking: #15 (2024 QS world ranking data)
7. University College London (UCL) (UK): TOEFL iBT 100-110
World Ranking: #9 (2024 QS world ranking data)
8. ETH Zurich - Swiss Federal Institute of Technology (Switzerland): TOEFL iBT 100-110
World Ranking: #7(2024 QS world ranking data)
9. University of Chicago (USA): TOEFL iBT 100-110
World Ranking: #11(2024 QS world ranking data)
10. Imperial College London (UK): TOEFL iBT 100-110
World Ranking: #6(2024 QS world ranking data)
ကျွန်တော်တို့ Triumph school က သင်ကြားပေးခဲ့သမျှ TOEFL iBT students တွေထဲမှာ အမြင့်ဆုံး 113 မှတ်ထိရရှိထားပါတယ်။ တကယ်ပဲ မှန်ကန်တဲ့ သင်ကြားသင်ယူမှု၊ ကိုယ်ပိုင်ဖန်တီးထားတဲ့ သင်ရိုးနဲ့ ကမ္ဘာ့အဆင့်မီ သင်ခန်းစာ၊ လုံလောက်တဲ့လေ့ကျင့်ချိန် နဲ့ ပြန်လှန်စစ်ဆေးခြင်း အစရှိတဲ့ အစိတ်အပိုင်းတွေ အချိုးကျ ပါဝင်တဲ့ သင်ကြားမှု ပုံစံနဲ့ သင်ယူဖို့ဆို အခုပဲ ကျွန်တော်တို့နဲ့ ဆက်သွယ်လိုက်ပါခဗျာ။
20/05/2024
TOEFL iBT (Home Edition) ကို ဖြေဆိုသင့်တဲ့ အကြောင်းအရင်းများ
ကျောင်းလျှောက်ဖို့၊ ပညာသင်ဆုလျှောက်ဖို့ English Proficiency Test တစ်ခုခုကိုဖြေရတော့မယ်ဆို ဘယ်တစ်ခုကို ဖြေသင့်လဲ။
အများစုက Duolingo or IELTS ကိုရွေးကြမှာပါ။ တစ်ခုချင်းစီမှာ အားသာချက်၊ အားနည်းချက်တွေရှိမှာဖြစ်ပြီး ဒီနေ့ မျှဝေပေးချင်တာက အများစု ရွေးချယ်လေ့မရှိကြပေမဲ့ ရွေးချယ်သင်တဲ့ test တစ်ခုဖြစ်တဲ့ TOEFL iBT (Home Edition) အကြောင်းပဲ ဖြစ်ပါတယ်။
TOEFL test တွေကို ဘယ်ကစစ်ဆေးတာလဲ။
TOEFL iBT (Home Edition) ကို English Testing Service (ETS) က စစ်ဆေးအကဲဖြတ်တာဖြစ်ပါတယ်။
English Testing Service (ETS) ဟာTOEFL (Test of English as a Foreign Language) နှင့် GRE (Graduate Record Examinations) အစရှိသော test များကို ဖန်တီးစစ်ဆေးပေးခြင်းအတွက် နာမည်ကျော်ကြားသော အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ 1947 ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ETS သည် ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြု language proficiency test များကို ပံ့ပိုးပေးခြင်းဖြင့် ပညာရေးဆိုင်ရာအဖွဲ့အစည်းများ၊ အလုပ်အကိုင်အခွင့်အလမ်းများနှင့် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းစဉ်များကို လွယ်ကူချောမွေ့စေရန် လုပ်ဆောင်ပေးလျက်ရှိသည်။ အမေရိကန် အခြေစိုက်ဖြစ်ပြီး ရုံးချုပ်ကို Princeton, New Jersey မှာထားရှိပါတယ်။ ဒါကြောင့်ပဲ အမေရိကန် တက္ကသိုလ်နဲ့ ကောလိပ်များက IELTS ထက် TOEFL ကိုပိုပြီး တောင်းတတ်ကြတာဖြစ်ပါတယ်။
TOEFL iBT (Home Edition) Test Format
Four skills လုံးကိုစစ်ဆေးတဲ့ test ဖြစ်ပါတယ်။ အရင်က ၃ နာရီကြာခဲ့ပေမဲ့ အခုတော့ ၂ နာရီပဲကြာပါတော့တယ်။
🔷Reading - စာလုံးရေ ၇၀၀ ဝန်းကျင် ရှိတဲ့ passage ၂ ပုဒ်ဖတ်ရပါတယ်။ တစ်ပုဒ်ကို မေးခွန်း ၁၀ ပုဒ် MCQ ပါ။
🔷Listening - lecture နဲ့ conversation ၂ မျိုး၊ တစ်မျိုးစီကို ၃ ပုဒ်ကနေ ၄ပုဒ်အထိနားထောင်ရနိုင်ပါတယ်။ recording တစ်ကြိမ်သာလာပြီး recording မပြီးသေးဘဲ မေးခွန်းမမြင်ရပါဘူး။ lecture မှာ မေးခွန်း ၆ ပုဒ်၊ conversation မှာ မေးခွန်း ၅ ပုဒ်လာပါတယ်။ MCQ ပါပဲ။
🔷Speaking - task ၄ ခု၊ ကိုယ်နဲ့ အမေးအဖြေလုပ်မဲ့ examiner မရှိပါဘူး။ ချပေးထားတဲ့ မေးခွန်းကို သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ recording လုပ်ရုံပါပဲ။ examiner နဲ့ဆို nervous ဖြစ်ပြီး ပြောမထွက်တဲ့သူတွေအတွက်သင့်လျော်ပါတယ်။
🔷Writing - task ၂ ခုပဲရှိပါတယ်။ ပထမတစ်ခုက မိနစ် ၂၀ နဲ့ ဒုတိယတစ်ခုက ၁၀ မိနစ်ပဲကြာပါမယ်။ ယခင်က မိနစ် ၃၀ ကြာတဲ့ essay ဖြစ်ခဲ့တာပါ။ နောက်ဆုံး update အပြီးမှာ ပြောင်းလဲလိုက်ပြီး အခုဆို total test duration က ၂ နာရီဝန်းကျင်ပဲရှိပါတော့တယ်။
TOEFL iBT (Home Edition) ကိုဘာကြောင့်ရွေးချယ်သင့်လဲ။
🔷မိမိအိမ်ကနေ ဖြေလို့ရပါတယ်။ (သတ်မှတ်ထားတဲ့ requirement ပြည့်မီရင် အိမ်ကနေ ဖြေလို့ရပါတယ်။ မိမိနဲ့အနီးတဝိုက်မှာ test center မရှိတဲ့ ကျောင်းသားတွေအတွက် ပိုမိုအဆင်ပြေစေပါတယ်။)
🔷ဖြေဆိုချိန် ၂ နာရီသာကြာပါတယ်။
မိမိကြိုက်တဲ့ အချိန်ကို ဘိုကင်ကိုယ်တိုင်လုပ်ပြီး ဖြေဆိုနိုင်ပါတယ်။(ကိုယ်ပိုင် credit card မရှိရင်လည်း ကျွန်တော်တို့က ဘိုကင်တင်ပေးပါတယ်။)
🔷TOEFL iBT (Home Edition) score ကိုလက်မခံတဲ့ကျောင်း မရှိသလောက်ရှားပါတယ်။
🔷ပြင်ဆင်ချိန်အများကြီးမလိုပါဘူး။ ကျွန်တော်တို့ဆီမှာဆို ပုံမှန် strategy နာရီ ၂၀၊ practice နာရီ ၂၀ စုစုပေါင်း နာရီ ၄၀ သင်ကြားပြီးတာနဲ့ တန်းဖြေရင်ဖြေ မဖြေချင်လည်း ဆက်ပြီး self study လုပ်နေလို့ရပါတယ်။
🔷American English နဲ့ အသားကျနေပြီးသားသူတွေအတွက် သင့်လျော်ပါတယ်။ ဖတ်ရမဲ့ အကြောင်းအရာတွေ နားထောင်ရမဲ့ လေယူလေသိမ်းတွေက မြောက်အမေရိကား သင်ရိုးကို အခြေခံထားတာဖြစ်ပါတယ်။
🔷Academic ဆန်လွန်းတာပါ။ ကိုယ်ကပြည်ပကို ပညာသင်ကြားဖို့သွားမှာဖြစ်လို့ TOEFL iBT မှာနားထောင်ရတဲ့ ဖတ်ရတဲ့ social science, life science, science subject က ကိုယ့်အတွက်လိုအပ်တဲ့ အခြေခံကို ဖြည့်ပေးသလိုပါပဲ။ listening မှာပါတဲ့ lecture ကလည်း တကယ့် professor တစ်ယောက်က ကိုယ့်ကို စာသင်ပေးနေသလို ခံစားရအောင် လုပ်ပေးထားပါတယ်။ conversation ကလည်း ကျောင်းမှာပြောလေ့ပြောထရှိတဲ့ စကားပြောခန်းတွေကိုထည့်ပေးထားတာပါ။ ဥပမာ libarian ကို ကိုယ်လိုချင်တဲ့ document ရှာခိုင်းတာ၊ professor ကိုစာသွားမေးတာ အဲ့လိုမျိုးပါ။ speaking နဲ့ writing က လည်း ထိုနည်းလည်းကောင်းပါပဲ။
ဒီလောက်ဆို TOEFL iBT (Home Edition) အကြောင်းကို နားလည်ပြီလို့ထင်ပါတယ်။
တကယ်လို့ ဖြေဆိုဖို့ စိတ်ကူးထားတယ် သင်တန်းတက်ရောက်ချင်တယ်ဆို ပေ့ချ် မက်ဆင်ဂျာကို ဆက်သွယ်နိုင်သလို 09420250342 ကိုဖုန်းဆက်ပြီးမေးမြန်းနိုင်ပါတယ်။
TOEFL iBT အမှတ် တစ်ရာကျော်တာနဲ့ fully-funded စကောလာပေးအပ်သွားမဲ့ အမေရိကန် တက္ကသိုလ်
----------------
Hello!!
အခုတစ်ခေါက် sharing လုပ်ပေးသွားမဲ့ ပညာသင်ဆုကတော့ အမေရိကန်မှ ... See more
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Thone Kwa Quarter, No. 2 Main Road, South Dagon Tsp
Yangon
Opening Hours
| Monday | 09:00 - 21:00 |
| Tuesday | 09:00 - 21:00 |
| Wednesday | 09:00 - 21:00 |
| Thursday | 09:00 - 21:00 |
| Friday | 09:00 - 21:00 |
| Saturday | 09:00 - 21:00 |
| Sunday | 09:00 - 21:00 |