Passport Service Myanmar
QR ပြန်တင်လို့ရနေပြီ အမျိုးတို့ရေ မြန်မြန်တင်ကြ
27/02/2023
ပြန်ပိတ်ပါပြီတဲ့ အမျိူးတို့ရေ
အမျိုးမျိုးပဲနော် မမဆောင်းနဲ့ဘာတော်လဲ🤣
07/12/2021
Visa နဲ့Passport ဘာကွာသလဲ .🤔🤔🙄🙄 .?
Passport ဆိုတာကို နိုင်ငံကူးလက်မှတ်ရယ်လို့ မြန်မာလို ဘာသာပြန်ကြပါတယ်.။
Passport ဆိုတဲ့ စကားလုံးလေး ဖြစ်ပေါ်လာပုံကတော့ ... ဟိုးအရင်အချိန်က တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ခရီးသွားလာရေးမှာ ရေကြောင်းခရီးတစ်ခုထဲကိုသာ အသုံးပြုကြရပါတယ်..။ ( လေယာဉ်ပျံတွေမှ မပေါ်သေးတာကိုး .)
အဲဒီအခါမှာ ခရီးသည်က ရောက်တဲ့နိုင်ငံမှာ အလည်အပတ်ထွက်တဲ့အခါ သင်္ဘောဆိပ်ကမ်းကို ဖြတ်ဖို့အတွက် ဆိပ်ကမ်းဖြတ်သန်းခွင့်လက်မှတ်ကို ပြရပါတယ်.။ ဖြတ်သန်းခွင့် Pass နဲ့ ဆိပ်ကမ်း Port ဆိုတဲ့ စကားလုံးလေးတွေကတစ်ဆင့် ယနေ့နိုင်ငံတိုင်းမှာ တရား၀င် အသုံးပြုနေတဲ့ Passport ရယ်လို့ဖြစ်လာတာပါ.။
နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံသားတိုင်း Passport လျှောက်ထားခွင့် ရှိပါတယ်.။ အဲဒါဆို Passport ရှိရုံနဲ့ နိုင်ငံခြားသွားလို့ရပြီလား ဆိုရင်တော့ ရပါပြီ..။ လေယာဉ်လက်မှတ်၀ယ်ပြီးတာနဲ့ ကြိုက်တဲ့နိုင်ငံကို သွားလို့ရပါပြီ.။ ဒါပေမယ့် သက်ဆိုင်ရာ နိုင်ငံရဲ့ လေဆိပ်အထိပဲ သွားလို့ရနိုင်မှာပါ.။ လေဆိပ်ကိုကျောလွန်ပြီး နိုင်ငံအတွင်းကို ၀င်ချင်တယ် ဆိုရင်တော့ ပြည်၀င်ခွင့် ( Visa ) လိုအပ်ပါပြီ.။
Visa လျှောက်ရာမှာ သက်ဆိုင်ရာ သံရုံးမှာ ကြိုတင်လျှောက်ထားရတဲ့ visa မျိုး ရှိသလို ဟိုဘက်နိုင်ငံရဲ့လေဆိပ်ရောက်မှ ချက်ချင်းလျှောက်လို့ရတဲ့ ဆိုက်ရောက် Visa (Visa on Arrival) ဆိုတာမျိုးလဲ ရှိပါတယ်.။ ဒါ့အပြင် visa လုံး၀ယူစရာမလိုပဲ Passport စာအုပ် ရှိရုံနဲ့ သွားလို့ရတဲ့ Visa Free နိုင်ငံတွေလဲ ရှိပါသေးတယ် 👍👍.။
မြန်မာနိုင်ငံသားတွေအတွက်ကတော့ ယခုအချိန်မှာ visa မလိုပဲ passport တစ်ခုထဲနဲ့ သွားလို့ရတဲ့ visa free နိုင်ငံပေါင်း ၁၄ နိုင်ငံရှိပါတယ်.( အောက်ပါ ပုံလေးတွေမှာ နိုင်ငံအမည်တွေကို ကြည့်ရှုနိုင်ပါတယ်. ).။
........... ကဲ .. Passport နဲ့ Visa အကြောင်းလေး ရှင်းသွားပြီ ဆိုရင် လျှောက်ထားပုံလေးတွေ ပြောပြပေးချင်ပါတယ် .။
👉 Passport လျှောက်ထားမယ် ဆိုရင် ရန်ကင်းက မြန်မာနိုင်ငံ ဗဟိုဘဏ်ရှေ့က လ၀က ရုံးမှာ လျှောက်ထားရမှာ ဖြစ်ပါတယ်.။
👉 Visa လျှောက်ထားမယ် ဆိုရင်တော့ နီးစပ်ရာ Travel Agency များမှာ ကျွမ်းကျင်သူများနဲ့တိုင်ပင်ပြီး အလွယ်တကူ လျှောက်ထားနိုင်ပါတယ်။
30/10/2021
မြန်မာနိုင်ငံမှာရှိတဲ့ ပတ်စပို့ရုံးတွေရဲ့ လိပ်စာတွေကို
နယ်မှာရှိတဲ့သူတွေသိရအောင် ဝေမျှလိုက်ပါတယ်။
ဒါဆို နယ်ကလူတွေ အပင်ပန်းခံပြီး ရန်ကုန်ထိတက်လာစရာ မလိုတော့ပါဘူး
ရန်ကုန် -
ဆရာစံလမ်း နှင့် စက်မှု (၁)လမ်းထောင့်၊ ဗဟန်းမြို့နယ်။
နေပြည်တော် -
ပခ/၄ဝ-၄၁၊ နေပြည်တော်ကောင်စီလမ်း၊
ကံလှရပ်ကွက်၊ ပုဗ္ဗသီရိမြို့နယ်။
မန္တလေး -
အကွက် ၄၁၈၊ ၁၂ လမ်း၊ ၆၄ x ၆၆ ကြား၊ ဒေါနဘွားရပ်ကွက်၊ အောင်မြေသာဇံမြို့နယ်။
မကွေးတိုင်း -
ရွာသစ်ပွဲကြိုရပ်ကွက်၊
ဆေးရုံလမ်း အနောက်ဘက်၊ မကွေးမြို့။
ပဲခူးတိုင်း -
အမှတ် (၁၁၁)၊ ဗန္ဓုလလမ်း၊ ရုံးကြီးရပ်ကွက်၊ ပဲခူးမြို့။
ဧရာဝတီတိုင်း -
သစ္စာလမ်း၊ (၅)ရပ်ကွက်၊ ပုသိမ်မြို့။
စစ်ကိုင်းတိုင်း -
ရုံးကြီးလမ်း၊ ရုံးကြီးရပ်ကွက်၊ မုံရွာမြို့။
တနသာင်္ရီတိုင်း -
သစ်တောရုံးလမ်း၊ ဗျောတောဝရပ်ကွက်၊ ထားဝယ်မြို့။
မွန်ပြည်နယ် -
အရာတော်လမ်း၊ မောင်ငံရပ်ကွက်၊ မော်လမြိုင်မြို့။
ရခိုင်ပြည်နယ် -
လေဆိပ်လမ်း၊ စစ်တွေမြို့။
ကချင်ပြည်နယ် -
ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ သီတာရပ်ကွက်၊ မြစ်ကြီးနားမြို့။
ချင်းပြည်နယ် -
ပြည်နယ်မီးသတ်ရုံးလမ်း၊ စျေးသစ်ရပ်ကွက်၊ ဟားခါးမြို့။
ကယားပြည်နယ် -
ဆေးရုံလမ်း၊ မင်းစုရပ်ကွက်၊ လွိုင်ကော်မြို့။
ကရင်ပြည်နယ် -
သီရိလမ်း နှင့် အ.ထ.က (၄) ကျောင်းလမ်းထောင့်၊ (၄)ရပ်ကွက်၊ ဘားအံမြို့။
မြဝတီမြို့ -
ရန်ကင်းလမ်းသွယ်၊ (၄)ရပ်ကွက်၊ မြဝတီမြို့။
ကော့သောင်းမြို့ -
အမှတ် (၉ဝ)၊ ဗိုလ်ချုပ်လမ်း၊
အောင်သုခရပ်ကွက်၊ ကော့သောင်း။
တာချီလိတ်မြို့ -
အမှတ် (၁/ ၁၅၆)၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ တာချီလိတ်။
ရှမ်း/တောင် (တောင်ကြီး) -
အမှတ် (၂၉၁)၊ ဗိုလ်ချုပ်လမ်း၊
မြို့မရပ်ကွက်၊ တောင်ကြီးမြို့။
ရှမ်း/မြောက် (လာရှိုး) -
ရုံးကြီးလမ်း၊ နယ်မြေ (၇)၊ (၁)ရပ်ကွက်၊ လားရှိုးမြို့။
ရှမ်း/အရှေ့ (ကျိုင်းတုံ) -
တောင်ကြီးလမ်း၊ (၅) ရပ်ကွက်၊ ကျိုင်းတုံမြို့။
အဆင်ပြေကြပါစေ...
Crdပါ
Click here to claim your Sponsored Listing.
Category
Contact the practice
Telephone
Website
Address
Yangon