Happy Friday
03/03/2026
🟥 ရောင်းချင်တဲ့ ပစ္စည်းပုံတွေနဲ့ စျေးနှုန်းပါတဲ့ Post တစ်ခု တင်ပြီး အရောင်းရမယ်လို့ ထင်ပါသလား?
ဒီမေးခွန်းရဲ့ အဖြေကတော့ စျေးက အရင်းနားနီးနီးချရောင်းမှသာ ရောင်းရနိုင်ခြေများမှာပါ။ ဒီတော့ Boosting မလုပ်ခင် သိထားသင့်တဲ့ အချက်လေး (၃) ချက်ကို ဖော်ပြပေးလိုက်ရပါတယ်။
🔻 Customer Pain
Customer Pain ဆိုတာက အရင်လာဝယ်ဖူးတဲ့ (သို့မဟုတ်) မေးမြန်းဖူးတဲ့ လူတွေရဲ့ မေးမြန်းချက်တွေထဲက ဘယ်အချက်ကြောင့် ကိုယ့်ဆီမှာ ဝယ်သွားသလဲ? ဘယ်အချက်ကို မေးမြန်းပြီးရင် သူတို့ လှည့်ပြန်သွားသလဲ? ဒီအချက်တွေက Boost လုပ်မယ့် Post ဖန်တီးရာမှာ ထိပ်တန်းက ထည့်သွင်းရမယ့် အချက်တွေ ဖြစ်ပါတယ်။ တချို့သော Customer တောင်းဆိုမှုတွေက လုပ်ငန်းရဲ့ Profit Margin ပေါ်ချိန်ညှိပြီး ပြောင်းလဲပေး ရတာမျိုးတွေလည်း ရှိတာကြောင့် Customer တွေရဲ့ ခံစားချက်တွေ Feedback တွေကလည်း လုပ်ငန်း ရောင်းအားကောင်းဖို့အတွက် အလွန်အရေးပါပါတယ်။
🔻 Post Quality
Post တစ်ခုရဲ့ Quality ကိုကြည့်ရင်တော့ အပိုင်း (၂) ပိုင်းခွဲကြည့်ပါတယ်။ Boost လုပ်မယ့် Post လည်းဖြစ်တာကြောင့် အရည်အသွေး ကောင်းကောင်းဖန်တီးဖို့လိုပါတယ်။ ဒီတော့ အပိုင်း (၂) ပိုင်းခွဲတဲ့အခါမှာ Text အပိုင်းကို အရင်ပြောရပါမယ်။ စာရေးတဲ့အခါ အပေါ်မှာ ပြောထားတဲ့ Customer Pain တွေကို ပြန်လည် ပြင်ဆင်ထားတဲ့ ဝန်ဆောင်မှု (or) ကုန်ပစ္စည်း တစ်ခုခု အကြောင်းနဲ့ စတာမျိုးဖြစ်ဖြစ် ရေးသင့်ပါတယ်။ ပထမဆုံး စကြောင်းအစမှာ ထူးခြားတဲ့ အရောင်ရှိတဲ့ Emoji တစ်ခုနဲ့ စတင်ပြီး အမြင်အာရုံကို ဆွဲဆောင်တာကလည်း အသုံးဝင်စေပါတယ်။
ပုံနဲ့ပတ်သက်ရင်တော့ အရောင်းအတွက် ပေးချင်တဲ့ Message ကို ရှင်းရှင်းလင်းနဲ့ ရောက်စေမယ့် စာသားကို ဦးစားပေးဖော်ပြသင့်ပါတယ်။ Product တွေအများကြီးကို ပုံတွေ အများကြီးသုံးပြီး Boost အတွက် Post ဖန်တီးတတ်တာဟာ လုပ်ငန်းရှင် တော်တော်များများ လုပ်လေ့ ရှိတဲ့ အမှားဖြစ်ပါတယ်။ ပုံနည်းလေ ထည့်သုံးတဲ့ Budget က သုံးတဲ့ ပုံအပေါ်ပိုရောက်လေ ဖြစ်တာကြောင့်ပါ။ အမှန်တကယ် Information များနေရင် Budget မြှင့်သုံးပြီး ပုံများများသုံး ကြော်ငြာတာက ထိရောက်တဲ့ နည်းလမ်းဖြစ်ပါတယ်။
🔻 Location
ကိုယ့်ဆီမှာ လာဝယ်နေတဲ့ Cus တွေက ဘယ်နေရာတွေက အားပေးနေတယ် ဆိုတာကလည်း မှတ်ထားရမယ့် အချက်တချက်ပါပဲ။ Boost လုပ်တဲ့အခါ ဘယ်နေရာတွေကိုပဲ Boost မယ်ဆိုတဲ့ Option က Boost Budget ကို တော်တော်လေး Effective ဖြစ်စေပါတယ်။ ဒီလို Effective ဖြစ်ဖို့အတွက်ကလည်း ကိုယ် ရောင်းချနိုင်တဲ့ နေရာမျိုးတွေကိုဘဲ ရွေးချယ်တာထက် ကိုယ့် Cus တွေ ဘယ် Location က အများဆုံးလာသလဲဆိုတာ ပေါ်မှုတည်ပြီး သိနေတာက ပိုအလုပ်ဖြစ်စေပါတယ်နော်။
01/02/2026
🔴 Happy Friday ရဲ့ Boosting Service ကို အသုံးပြုလိုက်တာနဲ့ လက်ရှိ မိမိရဲ့ Page အခြေအနေကို ထင်သာ မြင်သာရှိပြီး ပြောင်းလဲသင့်တဲ့ အရာတွေ မြင်တွေသွားနိုင်မယ့် Page Analysis Report တစ်ခုကို အခမဲ့ ရရှိသွားမှာပဲ ဖြစ်ပါတယ်။
👉🏼 လူကြီးမင်းတို့ အနေနဲ့ နားလည်ထားရမှာက Page or Post ကို Boosting လုပ်လိုက်တာနဲ့ Message တွေ Phone တွေ ဝင်လာတာ မဟုတ်ပါဘူး။ လူကြီးမင်းတို့ဘက်က မှန်ကန်ပြီး ထိရောက်မှု ရှိစေတဲ့ Information ကို ဖြန့်ဝေလို့သာ အခုလို လာရောက် စုံစမ်းမေးမြန်းတာ ဖြစ်ပါတယ်။ ဒါ့ကို Direct Response Marketing လုပ်တယ်လို့ ခေါ်ပါတယ်။
👉🏼 ဒီတော့ Facebook ပေါ်မှာ Boosting လုပ်မယ်ဆိုရင် လူကြီးမင်းရဲ့ page နဲ့ Facebook Post တွေက သိပ်အရေးကြီးပါတယ်။ ဒီနေရာတွေမှာ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း၊ Brand တစ်ခု ရှိသင့် ရှိထိုက်တာတွေ ပြယုဂ်တွေ ရှိမနေခဲ့ဘူးဆိုရင် …..
❤ လူကြီးမင်းဆီ လူတွေ လာမေးအောင် ပြုလုပ်ထားတဲ့ Direct Response Marketing က “လာမေးတဲ့ အဆင့်” မှာပဲ ရပ်သွားပြီး Customer အနေနဲ့ Buying Decision မလုပ်တော့ပါဘူး။ ဒီတော့ “တောင်းမှာ အကွပ်၊ လူမှာ အဝတ်” ဆိုသလိုပဲ လူကြီးမင်းတို့ရဲ့ Brand အတွက် Happy Friday မှာ Boosting အပ်ရင်း Brand ရဲ့ Position ကို သိစေနိုင်မယ့် Page Analysis Report လေကို အခမဲ့ ရယူဖို့ မမေ့ပါနဲ့နော်။
12/05/2025
❓ အခုလို အရာရာခက်ခဲ နေတဲ့ကာလမျိုးမှာ မိတ်ဆွေတို့လုပ်ငန်းရဲ့ လက်ရှိရောင်းအားကို Level မြှင့်လိုပါသလား..?
လက်ရှိအခြေအနေမှာ မိတ်ဆွေတို့ လုပ်ငန်းရဲ့ ရောင်းအားကို မြှင့်တင်ဖို့၊ အရောင်းသွက်ပြီး ပုံမှန်ရောင်းအားထက် (၂) ဆ တိုးဖို့ Happy Friday ရဲ့ ဈေးသင့်တင့်တဲ့ Packages တွေလာပါပြီခင်ဗျာ။
🔺 အသက်သာဆုံးဈေးနှုန်းနဲ့
🔺 တိကျမှန်ကန်ပြီး နည်းစနစ်ကျတဲ့ အထိရောက်ဆုံး Marketing Strategic တွေနဲ့ ဝန်ဆောင်မှုပေးနေတာ ကျွန်တော်တို့ Happy Friday ပါပဲ ခင်ဗျာ။
👉 အခုဆိုရင် Packages အားလုံးကို 15% off ပေးထားတာကြောင့် အတန်ဆုံးဈေးနှုန်းနဲ့ အမြန်ဆုံး အရောင်းမြှင့်တင်လိုက်ပါနော်။ 👈
Happy Friday ရဲ့ Packagesတွေကတော့ …
🔸 SME Package
🔸 Business Expert Package
🔸 Business Professional Package ဆိုပြီး သတ်မှတ်ပေးထားတာဖြစ်လို့ မိတ်ဆွေတို့လုပ်ငန်းရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး ကိုက်ညီမှုရှိတာကို အမြန်ဆုံးလာရောက်ဆွေးနွေးနိုင်ပါတယ်။
💯 သင့်တင့်တဲ့ ဈေးနှုန်းနဲ့ အထိရောက်ဆုံး Marketing ပိုင်း နည်းစနစ်တွေသုံးပြီး ဝန်ဆောင်မှုပေးနေတဲ့ Happy Friday ရဲ့ Packages တွေနဲ့ဆို မိတ်ဆွေတို့ လုပ်ငန်းရဲ့ ရောင်းအားတက်စေဖို့ အာမခံချက် အပြည့်ပေးနိုင်ပါတယ်ခင်ဗျာ။
🤝 ဒီတော့ Happy Friday နဲ့ လက်တွဲရင်း တိကျသေချာတဲ့ Marketing Plan တစ်ခု ရေးဆွဲနိုင်ဖို့ အခုပဲ ဆက်သွယ်လိုက်တော့နော်။
Phone - +959 254 344 325, +959 4216 65 990
Address - No.2, Room 404, 7 Wards, Pazundaung Garden Housing, Pazundaung Township, Yangon, Myanmar.
02/05/2025
🔴 ပုံမှန် Post တင် Boost ထိုးပြီး ရောင်းနေရင်း Sales (အရောင်း) ကျလာပြီဆိုရင်တော့ တိကျသေချာတဲ့ Setting နဲ့ Boost ရတော့မယ်ဆိုတာ အသေအချာပါပဲ။
👉🏼 Boost ရုံနဲ့အရောင်း ရလားဆိုတော့ ... မထင်ပါနဲ့။ Content Strategy ကလည်း သိပ်ကို အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ဒီတော့ မိတ်ဆွေတို့အနေနဲ့ Boosting လုပ်ရင်း Content Strategy ပါ ထပ်ဆောင်းပေးသွားမယ့် Happy Friday မှာ Boost ရင် စိတ်ချရမှာပါ အသေအချာပါပဲနော်။
❤ ဒီတော့ အကောင်းဆုံး ရလဒ်တွေကို ပိုင်ဆိုင်နိုင်ဖို့ Happy Friday နဲ့အခုပဲ လက်တွဲလိုက်ပါတော့နော်။
Phone - +959 254 344 325, +959 951 771 718
Address - No.2, Room 404, 7 Wards, Pazundaung Garden Housing, Pazundaung Township, Yangon, Myanmar.
01/05/2025
မေလ (၁) ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို Happy Friday Digital Agency မှ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။
မြန်မာနိုင်ငံတဝှမ်းမှာရှိတဲ့ အလုပ်သမားများအားလုံးလည်း အခွင့်အရေး တန်းတူ ညီမျှရကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။
12/02/2025
🔴 ယနေ့မှာ ကျရောက်တဲ့ (၇၈) နှစ်မြောက် “ ပြည်ထောင်စုနေ့” အား မြန်မာနိုင်ငံသူ၊ နိုင်ငံသားများနဲ့အတူ Happy Friday Digital Agency မှ ဂုဏ်ပြုကြိုဆိုအပ်ပါတယ်။
Click here to claim your Sponsored Listing.
Category
Website
Address
No. 2, Room 404, 7 Wards, Pazundaung Garden Housing, Pazundaung Township
Yangon
11161