Hanuman Myanmar

Hanuman Myanmar

Share

05/11/2024

သွေးပေါင်ကျ သွေးအားနည်းရောဂါ
🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺
သွေးတိုးခြင်း၏ဆန့်ကျင်ဘက်မှာ
သွေးပေါင်ကျရောဂါဖြစ်သည်။

နဂိုကတည်းက သွေးပေါင်ကျသူများမှာ ရောဂါမဟုတ်ပါ။

အချို့သွေးပေါင်ချိန်လျှင် သွေးဖိအား စံအဖြစ်ထားသော 120/80mmHg. အောက်တွင်သာရှိသည်။
အချို့မှာ 90/60mmHg.သာရှိသည်။

အမြဲထိုအနေအထားတွင် နေသားကျနေသူများရှိသည်။ နေကောင်းနေသည်။ ထိုသူများကိုသွေးပေါင်ကျရောဂါရှိသည်ဟု မသတ်မှတ်နိုင်ပါ။ သူတို့၏မွေးရာပါဖြစ်သည်။ ထို့ထက်တက်လျှင်ပင်သူတို့မခံနိုင်ကြပေ။

သို့သော်သွေးပေါင်ကျသူများပင် အဆီစားများလျှင်၊ အငန်စားများလျှင် လေဖြတ်နိုင်သည်ကိုတွေ့ရသည်။

သွေးတိုးမရှိဟု အငန်နှင့် လေစာများဖြစ်သော ( ခွေးတောက်၊တမာ၊ကြောင်လျှာ၊ကြက်ဟင်းခါး၊ဝက်သား၊မျှစ်၊မျှစ်ချဥ်..စသည်)အစာများကို အလွန်စားလျှင် သို့မဟုတ် နှစ်မျိုးတွဲစားမိလျှင် သို့မဟုတ် ရက်ဆက်စားမိလျှင် ရုတ်တရက်သွေးဆောင့်တိုးပြီး လေဖြတ်နိုင်သည်ကိုသတိပြုပါ။
နေထိုင်မကောင်းဖြစ်၍၊ အလုပ်ပင်ပန်း၍ သွေးပေါင်ကျသူများမှာ အနားယူဖို့လိုသည်။ အနားယူရာတွင် စိတ်ရောလူပါအနားယူလျှင် သွေးပေါင်ပုံမှန်ပြန်တက်လာနိုင်ပါသည်။
အချို့သူများ သွေးပေါင်ကျတိုင်း အားဆေးပုလင်းကြီးချိတ်လေ့ရှိသည်။ အစားကောင်းပေး၍လည်းမရ၊ အနားယူ၍လည်းမရ အားဆေးချိတ်မှစိတ်ကကျေနပ်သည်။ ထိုသို့အကျင့်ပါနေသူများတွေ့ရဘူးသည်။ ခန္ဓာကိုယ်သွေးကြောများအတွင်းသို့ ပြင်ပဆေးရည်များသွင်းတိုင်းမကောင်းသည်ကိုမသိကြ၍ဖြစ်သည်။

သွေးပေါင်ကျလျှင်

အိပ်ယာပေါ်တွင် (၈)နာရီပြည့်အောင် အနားယူပါ။
စိတ်ကိုလျှော့ထားပါ။ သာမဖတ်ပါနှင့်၊ ဖုန်းမကြည့်ပါနှင့်။ ပြင်ပအဆက်အသွယ်များဖြတ်ထားပါ။
အခန်းကို အလင်းရောင်လျှော့ထားပါ။လေဝင်လေထွက်တော့ကောင်းပါစေ။
အစာကြေလွယ်သောအစာများကိုသာစားသောက်ပါ။
နွားနို့ပူပူတခွက်မှာနနွင်းမှုန့်ကော်ဖီဇွန်းငယ်တစ်ဇွန်းထည့်ဖျော်သောက်ပါ။ သွေးပေါင်အမြန်တက်စေသည်။ နနွင်းသည်သွေးကိုအနွေးဓာတ်ပေးသောသတ္တိထူး ရှိသည်။
အိပ်မပျော်လျှင် နွားနို့ပူပူတခွက်မှာကံ့ကော်ဝတ်ဆံကို တစ်မတ်သားခန့်ထည့်ဖျော်သောက်လျှင် အိပ်ပျော်သည်။

တိုင်းရင်းဆေးအမှတ် (၁၆) အပူငြိမ်းသွေးဆေးတွင် ကံ့ကော်ဝတ်ပါသသည်။ ထိုသွေးဆေးကို သကြားတစ်ဇွန်းနှင့်ရောဖျော်သောက်လျှင် သွေးပေါင်တက်စေနိုင်သည်။
မုံလာဥနီ( ခါကျစ်ဥ) ကို ဖျော်ရည်လုပ်သောက်ပါ။ သွေးအားတိုးပါတယ်။
မနက်ခင်းနေရောင်ခြည်အောက်တွင် နေပူစာလှုံ ၍ လေကောင်းလေသန့်ရှူပေးခြင်းဖြင့် သွေးအားရော အရိုးအားပါကောင်းစေနိုင်ပါသည်။

ြည်လွင်မြင့် (မုဒြာ)

15/06/2024

ခါးနာတတ်သူများ ရှောင်ကို ရှောင်ရမည့် အနေထား (၅) ခု ‼️‼️‼️

Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon
11051