Doctor’s Notes

Doctor’s Notes

Share

07/02/2023

🎙မေး- ဒေါက်တာရေ သွေးတွင်း အချိုဓာတ်ကျတာ စိတ်ပူရလား?
ဖြေ- စိတ်ပူ ရပါတယ်လို့ ပြောချင်ပါတယ် ⚠️

🔹တော်တော် များများက ဆီးချို တက်တာကိုဘဲ အရေးကြီးတယ် ထင်ကြတယ် အဲ့တာလဲ ဟုတ် သလို
ဆီးချို ကျ တာ ကလဲ အသက်အန္တရာယ်ရှိပါတယ်⚠️

🎙 ဆီးချိုကျနေတာ ဘယ်လို သိနိုင်မလဲဒေါက်တာ?
🔹ချွေးအရမ်းထွက်လာမယ်
ရင်တုန် မယ်
ကတုန်ကရင် တွေ ဖြစ်လာမယ်
ခေါင်းမူးလာမယ်
ခေါင်းကိုက်တတ်တယ် အဲ့ထက် အရမ်းဆိုးလာရင် ⚠️ သတိလစ်တာ . တက်တာ တွေ ထိ ဖြစ်ပီး အသက်အန္တရာယ် ဆုံးရှုံး ⚠️တဲ့ အထိ ဖြစ်တတ်ပါတယ် (ဒေါက်တာတို့ ဆေးရုံ တွေမှာဆို လူနာ သတိလစ်နေတာ တွေ့ရင် အချိုဓာတ် စစ်ကြည့်ရပါတယ် )

🎙ဘယ်လို လူတွေမှာဖြစ်တတ်လဲဒေါက်တာ?
🔹 ဆီးချို သမားတွေ မှာဘဲ ပိုတွေ့ရတတ်တယ်
ဘာလို့လဲဆိုတော့ ဆီးချိုဆေး သောက်နေရတာ ဆေးသောက်ပီး အစားမစားမိတာ insulin ထိုးနေတဲ့သူတွေဆိုရင်လဲ insulin ပမာဏထိုးမိတာ များတာတွေ ကြောင့် ဖြစ်တတ်တယ်.

🎙ဒါဆို ဆီးချို သမားမဟုတ်ရင် အချို ဓာတ် မကျဘူးပေါ့ ဒေါက်တာ?
🚫Nooooo……………
ကျနိုင်တဲ့ အကြောင်းအရာ များစွာရှိပါတယ်.

🔹Pictuitary failure လို့ခေါ်တဲ့ glucose ထွက်အောင်လုပ်ပေးတဲ့ hormones ထုတ်တဲ့ organ လေးပျက်နေရင်လဲ ဖြစ်နိုင်တယ်
🔹insulinoma. လို့ခေါ်တဲ့ insulin အရမ်းထုတ်တဲ့ ရောဂါရှိတဲ့သူတွေ
🔹အသည်းမကောင်းတဲ့သူ
🔹အရက်အရမ်းသောက်တဲ့သူ
🔹body builders သမားတွေ ( ပိန်အောင် stamina ကောင်းအောင် သောက်တဲ့ တချို့ supplements တွေ ကလဲ အချိုဓာတ်ကျစေပါတယ်)

🎙ဒါဆို အချိုဓာတ် ဘယ်လောက်ဆို အန္တရာယ်ရှိလဲ ဒေါက်တာ ?
🔹⛔️Glucose 60 mg /dl (3mmol/l) အောက်ရောက်ရင် အန္တရာယ်ရှိပါတယ် ( အရေးပေါ်ဆေးရုံ သွားရပါမယ်)
🔹Glucose level ဒီလောက်ထိ မရောက်လဲ ရောဂါလက္ခဏာ တွေ ပြနေရင်လဲ မပေါ့ပါနဲ့ .

🎙 အဲ့လို ဖြစ်ရင်ဘာလုပ်ရမလဲ ဒေါက်တာ ?
အရေးပေါ် အချို တစ်ခုခု စားပါ carbohydrate များတာ စားပေးရပါမယ်
မသက်သာရင်တော့ glucose ကို အကြောထဲသွင်းပေးရပါမယ် ( ဆေးရုံ ဆေးခန်း သွားရပါမယ် ).
သတိလစ်တာ တက်တာ ဆိုရင်တော့ ဆေးရုံ တက်ကို တက်ရပါမယ် ⛔️( ခြေမချိုးတာ ရေဖြန်းတာ မရဘူးနော် 🤧 ကြိုမှာထားတာ )

🎙 ဟုတ်ကဲ့ ဒေါက်တာ ဒီလောက်ဆို သွေးတွင်း အချိုဓာတ် ကျတာ ဘယ်လောက်အရေးကြီးလဲ သိပါပီ .😌
🔹 ကဲ ဒီလောက်ဆို အချိုဓာတ်ကျလျှင်မပေါ့ဘဲ သတိထားပါလို့ မှာချင်ပါတယ်နော်
နောက်လဲ 🔔ဆရာမတို့ Doctor’s Notes မှ ဆေးပညာ ဆိုင်ရာ ကျွမ်းကျင်သော ဆရာဝန်များရေးသားမဲ့ ကျန်းမာရေး အသိပညာ ဆောင်းပါးလေးတွေကို ဖတ်ပေးကြပါဦးနော် 🔔

“Notes from your trusted doctors”
Dr.Saw 👩‍⚕️
M.B.B.,S (Ygn).

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Culinary Team

Attire

Telephone

Website

Address


Yangon