Mon Mon Myint
ထိုင်းနိုင်ငံဘုရင်မင်းမြတ်၏သမီးတော်မင်းသမီး Bajrakitiyabha Narendiradebyavati ကွယ်လွန်ခြင်းအတွက်ဝမ်းနည်းခြင်းသဝဏ်လွှာကို
ပြည်သူ့ရှေ့ဆောင်ပါတီ 🅿🅿🅿
ဗဟိုတွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်မွန်မွန်မြင့်သည်
မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံရုံးသို့သွားရောက်၍လက်မှတ်ရေးထိုးခဲ့ပါသည်။
06/06/2026
ပြည်သူ့ရှေ့ဆောင်ပါတီ 🅿🅿🅿 ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ပါတီရုံးသစ် ဖွင့်လှစ်ခြင်း၊ ဆိုင်းဘုတ်တင်ပွဲနှင့် လှူဒါန်းမှုအခမ်းအနား ကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ် (၅၃) ရပ်ကွက်တွင် ပြည်သူ့ရှေ့ဆောင်ပါတီ 🅿🅿🅿 မြို့နယ်ရုံးခန်း နေရာပြောင်းရွှေ့ဖွင့်လှစ်ခြင်းနှင့် မြို့နယ်ပါတီရုံးသစ် ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ် ဇွန်လ (၆) ရက်နေ့၌ ရုံးသစ်ဖွင့်လှစ်သည့် နေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဘုရားအမှူးရှိသော သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး သံဃာတော်များထံမှ ဩဝါဒစကားများ နာယူကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ထို့နောက် မြို့နယ်ပါတီရုံးသစ် ဆိုင်းဘုတ်တင်ပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး ပါတီ၏ လုပ်ငန်းစဉ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးနှင့် ပြည်သူလူထုအား ဝန်ဆောင်မှုပေးနိုင်ရေးအတွက် ရုံးသစ်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ဗဟို အလုပ်အမှု့ဆောင်ဒုတိယဥက္ကဋ္ဌ (၂) ဦး ဦးတင်မောင်ညီ၊ ဗဟိုတွဲဖက်အထွေထွေအတွင်းရေးမှူး ( ၃)၊ ဗဟိုအမျိုးသမီးရေးရာဥက္ကဋ္ဌ၊ ဒေါ်မွန်မွန်မြင့် ၊ လွှတ်တော်ကိုယ်စားလှယ်များ၊
တိုင်းဒေသကြီးပါတီဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ပါတီတာဝန်ရှိသူများ၊ ပါတီဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
04/06/2026
!! I got it.
၄ ကြိမ်မြောက်ဘွဲ့ယူရန်အတွက် MPA တက်ခွင့်ရပါပြီ 🎓🎓🎓
ဘာဘဲလုပ်လုပ်ရည်ရွယ်ချက်ကို မရောက်မချင်းကြိုးစားခဲ့တဲ့ဇွဲဆုပါ။
စီးပွားရေးလုပ်ငန်းရှင်တစ်ဦးမို့ ဘဝအတွက် Carrier ဖြစ်စေမဲ့ MBA ဘွဲ့ရရှိဘို့ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ ၃ ကြိမ်တိုင်တိုင်ဖြေခဲ့ရပြီး MBA ဘွဲ့ကိုရရှိခဲ့ပါတယ်။
ဘဝတဆစ်ချိုးမှာ ကျွန်မနိုင်ငံရေးလောကကိုရောက်ရှိလာတော့ နိုင်ငံရေးသမားတစ်ယောက်အတွက်ပိုပြီးသင့်တော်မဲ့ Carrier Development ဖြစ်စေသော MPA ဘွဲ့ရရှိဘို့လိုအပ်လာသောကြောင့်
ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ ပထမအကြိမ် ရေးဖြေအောင်ခဲ့ပေမဲ့ Interview မှာ မအောင်မြင်ခဲ့ပါဘူး၊ ဒုတိအကြိမ်မှာလဲမရခဲ့ပါဘူး။
ယခု သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်က ဝင်ခွင့်ခေါ်ယူလို့ ဝေးရင်ဝေးပါစေ တက်ရောက်ရဘို့ဘဲလိုလို့
သံလျှင်ထိသွားဖြေခဲ့ပါတယ်။
ယခုတော့ ကျွန်မကြိုးစားမှု ဇွဲဆုအဖြစ် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်မှာဖွင့်လှစ်မဲ့ MPA 1st Batch ကိုတက်ရောက်ရပါတော့မယ်။
🎓🎓🎓🎓🎓💃💃💃💃
Click here to claim your Sponsored Listing.
Category
Website
Address
Yangon