Mix247 Myanmar - App

Mix247 Myanmar - App

Share

21/06/2022

💏 ပါရမီဖြည့်ဖက် 💏

ကိုယ်လိုအပ်လို့ သူ့ကိုချစ်တာထက်
သူ့ လိုအပ်ချက်တွေကို
ဖြည်းဆည်းပေး နိုင်ဖို့အတွက်
သူ့ကို ချစ်ရင် ပိုမှန်ပါလိမ့်မယ်။

သူ့အားနည်းချက်ကို
လက်ညိုးထိုး အပြစ်ဖွဲ့ဖို့ထက်
လက်ခံ နိုင်အောင် ကြိုးစားနေခြင်းက
သူ့အတွက် ပါရမီဖြည့်ပေးခြင်းမျိုးပါ။

ပါရမီဖြည့်ခြင်းမှာ
ယောက်ျား၊မိန်းမရယ်လို့
မခွဲခြားထားပါဘူး
တစ်ယောက်နဲ့တစ်ယောက်
လဲနေရင် တွဲကူလို့
အေးအတူ ၊ပူအမျှ
ဖေးမရင်းက ဘဝတစ်ခုကို
သာယာစွာ လျှောက်လှမ်းနိုင်ခြင်းမျိုးပါ။

သူမှားတယ်၊ငါမှန်တယ်လို့
အပြစ်ဖွဲ့နေတာထက်
အမှားကို အမှန်ပြင်ပေးခြင်းဖြင့်
တစ်ဦးနဲ့တစ်ဦး နားလည်မှု ကိုယ်စီထား
မှသာလျှင် သာယာတဲ့
ဘဝခရီးကို အတူတူဖြတ်သန်းနိုင်မှာပဲ
ဖြစ်ပါတယ်။

MayHsu.....
7.8.2019

21/06/2022

ဖောက်ပြန်တတ်တဲ့ စိတ်ရှိတဲ့လူတစ်ယောက်ကို
ဘယ်လို အရာတွေနဲ့ပဲ ချည်နှောင်ထားပါစေ
အဲ့ဒီ့လူရဲ့ နဂိုဗီဇ ကိုထိန်းချုပ်နိုင်ဖို့ခဲယဉ်းတယ်။

တစ်ဦးတစ်ယောက်ကိုချစ်မိရင် တစ်သက်လုံး
ရိုးမြေကျရမယ်ဆိုတဲ့စိတ်မရှိသ၍
သားသမီးဘယ်နှစ်ယောက်ရှိရှိ ၊ ချစ်သူသက်တမ်းဘယ်လောက်ကြာကြာ
ဖောက်ပြန် မှုကို စက္ကန့်ပိုင်းအတွင်းပြုလုပ်ဖို့ဝန်မလေးတတ်ကြဘူး။

လူချင်းဝေးနေပြီး အချစ်တွေတည်မြဲနေတယ်ဆိုတာ
နှစ်ယောက်စလုံးရဲ့ နှလုံးသား ထဲမှာ
ဖောက်ပြန်တတ်စိတ်ကင်းဝေးနေတာကြောင့်ဖြစ်တယ်။

လူချင်းနီးပြီးနှလုံးသားချင်းဝေးကွာသွားတာတွေက
တစ်ယောက် ကိုတစ်ယောက် သစ္စာမဲ့ကြလို့ပဲဖြစ်တယ်။

နီးချင်းဝေးချင်းဆိုတာထက် နှလုံးသားချင်းထပ်တူကြပြီး
ဖောက်ပြန်တတ်တဲ့စိတ်ကင်းဝေးတယ်ဆိုရင်
သကြားမင်းဆင်းဖြတ်တောင်ပြတ်ကြမှာမဟုတ်ဘူး။

Crd.....poe

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Address


Yangon